×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 12 September 2019

ေက်ာင္းသားမ်ားကို စာသင္ၾကားတဲ့အခါ စိတ္၀င္စားမႈရွိေအာင္ ဘယ္လိုသင္ၾကားၾကမလဲ?

ဆရာ၊ ဆရာမတုိင္း စာသင္ခန္းထဲ ၀င္လိုက္တာနဲ႔ ေမ်ာက္ရႈံးေအာင္ ကစားေနတဲ့ ကေလးေတြနဲ႔ ႀကံဳဖူးမယ္ ထင္ပါတယ္။

ဘယ္လိုပဲ ေျပာေျပာ၊ ဘယ္လုိပဲ ဆူဆူ၊ ဘယ္ေလာက္ရိုက္ရိုက္ ကစားၿမဲ ကစားတဲ့ ကေလးေတြကို စာသင္ခန္းထဲမွာ စိတ္ပါေအာင္ သင္ၾကားေပးႏုိင္တဲ့ နည္းလမ္းေတြ သိထားသင့္တယ္နာ္....။

သင္က စာသင္ရတာကို စိတ္မ၀င္စားရင္ သင္ရဲ႕ ေက်ာင္းသားေတြကလည္း စာသင္ၾကားေရးကို စိတ္၀င္စားမွာ မဟုတ္ပါဘူး။ ဒီေတာ့ သင္ကိုယ္တုိင္ စိတ္၀င္စားမႈရွိေအာင္ သင္ဖုိ႔က ပိုအေရးႀကီးတယ္။

 

၁. ေက်ာင္းသားတုိင္းကို ပူးေပါင္းပါ၀င္ခြင့္ေပးပါ

စာသင္ေနတဲ့အခါ ဆရာကပဲ တတြတ္တြတ္သင္ေနတဲ့ သင္ၾကားနည္းကို အသုံးျပဳမယ္ဆုိရင္ေတာ့ ကေလးေတြက စိတ္ပါ၀င္စားမႈ လုံး၀မရွိေတာ့ဘူး။

ဒါေလး လုိက္မွတ္ ဒါက အေရးႀကီးတယ္ ဒါက်က္ဆုိတာ လုံး၀ (လုံး၀) မျပဳလုပ္ပါနဲ႔၊ သင့္အေနနဲ႔ ဒီလုိသင္ေနတယ္ဆုိရင္ သင္ စာသင္ေနတဲ့အခန္းက ၿငီးေငြ႕စရာ ျဖစ္ေနပါလိမ့္မယ္။

ကေလးေတြကလည္း အဲလုိသင္တာ မႀကိဳက္ပါဘူးေနာ္...။

ေက်ာင္းသားနဲ႔ ဆရာ အျပန္အလွန္ေဆြးေႏြးမယ္၊ ဗဟုသုတေတြ ေျပာျပမယ္၊ ဟာသေလးေတြ ထည့္ေျပာမယ္ဆုိရင္ေတာ့ ကေလးေတြကို စိတ္၀င္စားေအာင္ ဆြဲေခၚသင္ယူႏုိင္မွာ ေသခ်ာပါတယ္။

ဒီေတာ့ စာသင္ခန္းအတြင္းမွာ ေက်ာင္းသားကို ဗဟုိျပဳ သင္ၾကားျခင္းဟာ အေကာင္းဆုံး နည္းလမ္းတစ္ခုျဖစ္ပါတယ္။

 

၂. စာသင္ခန္းအတြင္း ေပ်ာ္စရာေကာင္းေအာင္ ဖန္တီးပါ

သင့္အတန္းကို အမွတ္ရစရာေတြ၊ ကစားပြဲေတြ၊ ၿပိဳင္ပြဲေတြ ျပဳလုပ္ေပးပါ။ လူတိုင္းဟာ ၿပိဳင္ပြဲေတြကို ႏွစ္သက္ ေပ်ာ္ရႊင္ဖြယ္ျဖစ္ၿပီး သင္ယူျခင္းကိုပါ တစ္ၿပိဳင္နက္တည္း ျဖစ္ေပၚေနေစေအာင္ အခြင့္အေရးေတြ ဖန္တီးေပးႏိုင္ပါတယ္။ ဥပမာ - ေက်ာင္းသားတုိင္းရဲ႕ အႀကိဳးဆုံးကစားနည္းကေတာ့ ဂိမ္းကစားပဲျဖစ္တယ္ေနာ္။

 

၃. အခ်ိဳ႕အရာေတြကို ဘာေၾကာင့္ လုပ္ရသလဲဆိုတာကို ေသခ်ာ ရွင္းျပပါ

ေက်ာင္းသားမ်ားကို ဖတ္စာအုပ္ဖြင့္ၿပီး စာမ်က္ႏွာ တစ္ခုမွ ေလ့က်င့္ခန္းကို လုပ္ပါလုိ႔ ခုိင္းတာေလာက္ ပ်င္းစရာေကာင္းတာ မရွိဘူး။

စာလုပ္ခိုင္းၿပီဆုိရင္ေတာ့ ေက်ာင္းသားအမ်ားစုက ဟင္ ဟာနဲ႔ အလုိလို ၿငီးတြားတတ္ၾကတယ္၊။

အဲလုိ လုပ္ခိုင္းေတာ့မယ္ဆုိရင္ အဲဒီေလ့က်င့္ခန္းက ဘာေၾကာင့္ အေရးႀကီးေၾကာင္းနဲ႕ ဘယ္လို အက်ိဳးေက်းဇူးေတြရမလဲ ဆိုတာကိုပါ ရွင္းျပေပးဖို႔ လုိအပ္ပါတယ္။

READ >>> "စာဖတ္ျခင္းရဲ႕ အက်ိဳး (၁၀) ခ်က္"

 

၄. မတူညီတဲ့ သင္ၾကားေရးပစၥည္းမ်ားကို အသုံးျပဳပါ

ေက်ာင္းသားမ်ားဟာ စာအုပ္ကို ၾကည့္ရတာထက္ ျမင္ကြင္းက်ယ္ screen ကို ၾကည့္ရတာကို ပိုမို ႏွစ္သက္ၾကပါတယ္။

ဆရာတစ္ေယာက္အေနနဲ႔ စာသင္ခန္းထဲကို အက်ိဳးေက်းဇူးေတြ သယ္ေဆာင္လာေပးမယ့္ သင္ၾကားေရး အေထာက္အကူအသစ္ေတြကို ရွာေဖြယူေဆာင္လာဖို႔ လိုအပ္ပါတယ္။

စာသင္ခန္းထဲကိုလည္း နည္းပညာအသစ္ေတြကို ယူေဆာင္လာျခင္းကလည္း ေက်ာင္းသားမ်ားကို စိတ္အားထက္သန္ေအာင္ ျပဳလုပ္ေပးျခင္း နည္းတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

 

၅. ေက်ာင္းသားမ်ားကို မၾကာခဏ ခ်ီးမြမ္းေပးပါ

ေက်ာင္းသားေတြရဲ႕ လုပ္ေဆာင္မႈ တစ္ခုၿပီးတုိင္း သူတို႔ရဲ႕ အေျဖေတြက မမွန္ဘူးဆုိရင္ေတာင္ အထူးသျဖင့္ အားနည္းတဲ့ ေက်ာင္းသားမ်ားအတြက္ ေတာ္လိုက္တာ တို႔၊ ေျဖေပးတာ ေက်းဇူးပဲ ဆုိတဲ့ စကားေတြနဲ႔ မွတ္ခ်က္ေပးၿပီး ခ်ီးမြမ္းေပးတာဟာ သူတို႔ရဲ႕ ယုံၾကည္မႈကို တိုးပြားေစပါတယ္။

ဘယ္လုိပဲျဖစ္ျဖစ္ လူတုိင္းကေတာ့ ခ်ီးမြမ္းတာဆုိ သိပ္ႀကိဳက္တယ္ေလ။ အဲေတာ့ သင့္တပည့္ေလးေတြကိုလည္း မၾကာခဏ ခ်ီးမြမ္းစကား ေျပာေပးဖို႔ မေမ့ပါနဲ႔ေနာ္.။

READ >>>> "ရန်ကုန်မြို့တွင်းမှ စာအုပ်အဟောင်းဆိုင်များ"

 

>>> Unicode ဖြင့်ဖတ်ရန် <<<

 

ဆရာ၊ ဆရာမတိုင်း စာသင်ခန်းထဲ ဝင်လိုက်တာနဲ့ မျောက်ရှုံးအောင် ကစားနေတဲ့ ကလေးတွေနဲ့ ကြုံဖူးမယ် ထင်ပါတယ်။

ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ ဆူဆူ၊ ဘယ်လောက်ရိုက်ရိုက် ကစားမြဲ ကစားတဲ့ ကလေးတွေကို စာသင်ခန်းထဲမှာ စိတ်ပါအောင် သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေ သိထားသင့်တယ်နာ်....။

သင်က စာသင်ရတာကို စိတ်မဝင်စားရင် သင်ရဲ့ ကျောင်းသားတွေကလည်း စာသင်ကြားရေးကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒီတော့ သင်ကိုယ်တိုင် စိတ်ဝင်စားမှုရှိအောင် သင်ဖို့က ပိုအရေးကြီးတယ်။

 

၁. ကျောင်းသားတိုင်းကို ပူးပေါင်းပါဝင်ခွင့်ပေးပါ

စာသင်နေတဲ့အခါ ဆရာကပဲ တတွတ်တွတ်သင်နေတဲ့ သင်ကြားနည်းကို အသုံးပြုမယ်ဆိုရင်တော့ ကလေးတွေက စိတ်ပါဝင်စားမှု လုံးဝမရှိတော့ဘူး။

ဒါလေး လိုက်မှတ် ဒါက အရေးကြီးတယ် ဒါကျက်ဆိုတာ လုံး၀ (လုံးဝ) မပြုလုပ်ပါနဲ့၊ သင့်အနေနဲ့ ဒီလိုသင်နေတယ်ဆိုရင် သင် စာသင်နေတဲ့အခန်းက ငြီးငွေ့စရာ ဖြစ်နေပါလိမ့်မယ်။

ကလေးတွေကလည်း အဲလိုသင်တာ မကြိုက်ပါဘူးနော်...။

ကျောင်းသားနဲ့ ဆရာ အပြန်အလှန်ဆွေးနွေးမယ်၊ ဗဟုသုတတွေ ပြောပြမယ်၊ ဟာသလေးတွေ ထည့်ပြောမယ်ဆိုရင်တော့ ကလေးတွေကို စိတ်ဝင်စားအောင် ဆွဲခေါ်သင်ယူနိုင်မှာ သေချာပါတယ်။

ဒီတော့ စာသင်ခန်းအတွင်းမှာ ကျောင်းသားကို ဗဟိုပြု သင်ကြားခြင်းဟာ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

၂. စာသင်ခန်းအတွင်း ပျော်စရာကောင်းအောင် ဖန်တီးပါ

သင့်အတန်းကို အမှတ်ရစရာတွေ၊ ကစားပွဲတွေ၊ ပြိုင်ပွဲတွေ ပြုလုပ်ပေးပါ။ လူတိုင်းဟာ ပြိုင်ပွဲတွေကို နှစ်သက် ပျော်ရွှင်ဖွယ်ဖြစ်ပြီး သင်ယူခြင်းကိုပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေစေအောင် အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ - ကျောင်းသားတိုင်းရဲ့ အကြိုးဆုံးကစားနည်းကတော့ ဂိမ်းကစားပဲဖြစ်တယ်နော်။

 

၃. အချို့အရာတွေကို ဘာကြောင့် လုပ်ရသလဲဆိုတာကို သေချာ ရှင်းပြပါ

ကျောင်းသားများကို ဖတ်စာအုပ်ဖွင့်ပြီး စာမျက်နှာ တစ်ခုမှ လေ့ကျင့်ခန်းကို လုပ်ပါလို့ ခိုင်းတာလောက် ပျင်းစရာကောင်းတာ မရှိဘူး။

စာလုပ်ခိုင်းပြီဆိုရင်တော့ ကျောင်းသားအများစုက ဟင် ဟာနဲ့ အလိုလို ငြီးတွားတတ်ကြတယ်၊။

အဲလို လုပ်ခိုင်းတော့မယ်ဆိုရင် အဲဒီလေ့ကျင့်ခန်းက ဘာကြောင့် အရေးကြီးကြောင်းနဲ့ ဘယ်လို အကျိုးကျေးဇူးတွေရမလဲ ဆိုတာကိုပါ ရှင်းပြပေးဖို့ လိုအပ်ပါတယ်။

READ >>> "စာဖတ်ခြင်းရဲ့ အကျိုး (၁၀) ချက်"

 

၄. မတူညီတဲ့ သင်ကြားရေးပစ္စည်းများကို အသုံးပြုပါ

ကျောင်းသားများဟာ စာအုပ်ကို ကြည့်ရတာထက် မြင်ကွင်းကျယ် screen ကို ကြည့်ရတာကို ပိုမို နှစ်သက်ကြပါတယ်။

ဆရာတစ်ယောက်အနေနဲ့ စာသင်ခန်းထဲကို အကျိုးကျေးဇူးတွေ သယ်ဆောင်လာပေးမယ့် သင်ကြားရေး အထောက်အကူအသစ်တွေကို ရှာဖွေယူဆောင်လာဖို့ လိုအပ်ပါတယ်။

စာသင်ခန်းထဲကိုလည်း နည်းပညာအသစ်တွေကို ယူဆောင်လာခြင်းကလည်း ကျောင်းသားများကို စိတ်အားထက်သန်အောင် ပြုလုပ်ပေးခြင်း နည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

 

၅. ကျောင်းသားများကို မကြာခဏ ချီးမွမ်းပေးပါ

ကျောင်းသားတွေရဲ့ လုပ်ဆောင်မှု တစ်ခုပြီးတိုင်း သူတို့ရဲ့ အဖြေတွေက မမှန်ဘူးဆိုရင်တောင် အထူးသဖြင့် အားနည်းတဲ့ ကျောင်းသားများအတွက် တော်လိုက်တာ တို့၊ ဖြေပေးတာ ကျေးဇူးပဲ ဆိုတဲ့ စကားတွေနဲ့ မှတ်ချက်ပေးပြီး ချီးမွမ်းပေးတာဟာ သူတို့ရဲ့ ယုံကြည်မှုကို တိုးပွားစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ ချီးမွမ်းတာဆို သိပ်ကြိုက်တယ်လေ။ အဲတော့ သင့်တပည့်လေးတွေကိုလည်း မကြာခဏ ချီးမွမ်းစကား ပြောပေးဖို့ မမေ့ပါနဲ့နော်.။

READ >>> "ရန်ကုန်မြို့တွင်းမှ စာအုပ်အဟောင်းဆိုင်များ"

 

EDGE

sayar.com.mm

Read times Last modified on Thursday, 12 September 2019 10:59
Rate this articles
(0 votes)