×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Thursday, 12 September 2019

"Scholarship အတြက္ ျပင္ဆင္ရာတြင္အေထာက္အကူ ျဖစ္ေစမည့္ နည္းလမ္း (၈) ခု"

"Scholarship အတြက္ ျပင္ဆင္ရာတြင္အေထာက္အကူ ျဖစ္ေစမည့္ နည္းလမ္း (၈)  ခု" google.com


စေကာ္လားရွစ္ေလၽွာက္ခ်င္သူမ်ားတြက္ စေကာ္လား႐ွစ္နဲ႔ပတ္သက္ၿပီး သိထားသင့္တဲ့ အေျခခံလိုအပ္ခ်က္တစ္ခ်ိဳ႕ပါ။

Scholarship ရၿပီး ေက်ာင္းတက္ရျခင္းဟာ ဘဝရဲ႕ milestone တစ္ခု၊ achievement တစ္ခုပါ။ သိန္းရာခ်ီတဲ့ ေက်ာင္းလခေတြ ကင္းလြတ္ခြင့္နဲ႔ လစဥ္ေထာက္ပံ့ေၾကးေတြ ရမယ့္အျပင္ မိမိရဲ႕ ပညာေရး၊ အေတြ႕အၾကံဳ၊ မိတ္ေဆြ စသည္တို႔ကို ေသခ်ာေပါက္ တိုးတက္ေစပါလိမ့္မယ္။ Scholarship ရဖို႔ Step by Step ဘယ္လိုျပင္ဆင္သင့္တယ္ဆိုတာ မၽွေဝေပးပါရေစ။


(၁) ဘယ္သူေတြ Scholarship ရေလ့ရွိသလဲ

Scholarship ေတြဟာ English အရမ္းေကာင္းတဲ့သူေတြ၊ Work Experience အမ်ားႀကီးရွိတဲ့သူေတြ၊ Bachelor Degree Transcript မွာ အမွတ္ေတြ မိုးပ်ံေနတဲ့သူေတြပဲ ရႏိုင္တယ္လို႔ထင္ရင္ ခ်က္ခ်င္းေမ့လိုက္ပါ။ လံုးဝ မဟုတ္ပါဘူး။

အေသခ်ာဆံုးကေတာ့ Scholarship ရခ်င္ရင္ ေလၽွာက္ရပါမယ္။ မရႏိုင္လို႔ထင္ၿပီး မေလၽွာက္ရင္ ဘယ္ေတာ့မွ ရမွာမဟုတ္ပါ။ Application is Our Duty, Selection is Their Duty လို႔ ယူဆၿပီးေလၽွာက္ပါ။


(၂) English Proficiency

IELTS or TOEFL အမွတ္ရွိဖို႔ အရင္စလုပ္ပါ။ IELTS 7 မွတ္ႏွင့္အထက္ or TOEFL 600 အထက္ ရရင္ေတာ့ အေကာင္းဆံုးေပါ့။ မရရင္လည္း စိတ္မပ်က္ပါနဲ႔။

Scholarship or University က ေတာင္းဆိုတဲ့ Minimum Required Score ရရင္ OK ပါတယ္။ အမ်ားအားျဖင့္ IELTS 6.5 or TOEFL 575 ဆိုရင္ ေတာ္ေတာ္မ်ားမ်ား လက္ခံပါတယ္။ ေနာက္ဆံုး English Score မရွိရင္ေတာင္ ေလၽွာက္လို႔ရတဲ့ Scholarship ေတြ ရွိပါတယ္။

(e.g. Australia Award, Fulbright)။ သို႔ေသာ္ ကိုယ္ကအေကာင္းဆံုး ျပင္ဆင္သင့္သလို Score ျမင့္ေလ ကိုယ့္အတြက္ ပိုေကာင္းေလပါ။ International Scholarships အမ်ားစုက Competition မ်ားသလို အေတာ္ဆံုးေက်ာင္းသားကို ဦးစားေပးေရြးခ်ယ္ၾကတာ မ်ားပါတယ္။


(၃) ဘာသာရပ္ေရြးခ်ယ္ျခင္းႏွင့္ Scholarship မ်ားရွာေဖြျခင္း

Scholarship ေတြက အမ်ိဳးမ်ိဳးရွိပါတယ္။ Scholarship Body ေတြက ေပးတာ၊ ေက်ာင္းက ေပးတာ ရွိတယ္။ ေက်ာင္းဝင္ခြင့္ Admission Letter နဲ႔ တြဲေလၽွာက္ရတာရွိတယ္၊ Scholarship Body ေတြက ေရြးခ်ယ္ၿပီးမွ ေက်ာင္းေလၽွာက္ေပးတာ ရွိတယ္။ Partial Scholarship ေတြရွိတယ္၊ Full Scholarship ေတြရွိတယ္။

ကိုယ္က ဘယ္ဘာသာရပ္ကို စိတ္ဝင္စားတယ္ဆိုတာ ေရြးခ်ယ္ပါ။ Online မွာ ရွာေဖြပါ။ ၿပီးရင္ တစ္ခုၿပီး တစ္ခု တန္းစီေလၽွာက္ပါ။


(၄) Essays

ေလၽွာက္တဲ့သူေတြ အမ်ားစုရဲ႕ လုပ္ငန္းအေတြ႕အၾကံဳနဲ႔ English Score ေတြက သိပ္မကြာၾကပါဘူး။ သိသိသာသာကြာမွာက Essay ေတြပါ။

ကိုယ္ေရးထားတာကို ဖတ္တဲ့သူက စိတ္ဝင္စားရင္ Interview ပါဖို႔မ်ားၿပီ။ Essay ေရးရင္ ကိုယ့္လုပ္ငန္းအေတြ႕အၾကံဳနဲ႔ ခ်ိတ္ဆက္ေရးပါ။ ဒီလိုလုပ္ရတာ ဒီအားနည္းခ်က္ေတြ ရွိတယ္။

ဒါ့ေၾကာင့္ ပုိေကာင္းလာေအာင္ ဘယ္လိုလုပ္ေပးခ်င္တယ္၊ အဲလိုလုပ္ေပးႏိုင္ဖို႔ ဒါေတြသင္ခ်င္တယ္ေပါ့။ အေရးႀကီးဆံုးက အေၾကာင္းအရာက Specific ျဖစ္ဖို႔နဲ႔ လက္ေတြ႕က်ဖုိ႔ပါ။

Essay ေတြဟာ Scholarship ရဖို႔ အေရးႀကီးဆံုးပါပဲ။ ဒါေပမယ့္ လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးဆိုေတာ့ ေရးသူအႀကိဳက္နဲ႔ ဖတ္သူအႀကိဳက္တူဖို႔လည္း လိုတာေပါ့။

အဓိက က ကိုယ့္ရဲ႕စိတ္ကူးနဲ႔ေရးရပါတယ္ ကိုယ့္ပတ္ဝန္းက်င္ကိုယ့္ႏိုင္ငံမွာ ျဖစ္ေနတဲ့အေၾကာင္းအရာေတြကိုလည္း အမွန္တိုင္းထင္သာေအာင္ေရးရပါမယ္( ကိုယ္ေလၽွာက္တဲ့ဘာသာရပ္ေပၚမူတည္ၿပီး ဆက္စပ္မႈ႐ွိေအာင္ေရးဖို႔ အေရးႀကီးပါတယ္)။

 


(၅) Recommendation Letters

Scholarship ေလၽွာက္တဲ့သူေတြ စိတ္ညစ္ရတာ ဒီ Recommedation ေတြပါပဲ။ ခဏခဏေတာင္းရတာေၾကာင့္ အားနာရပါတယ္။

အေရးႀကီးဆံုးက ကိုယ့္ကို ေသခ်ာသိၿပီး ေကာင္းေကာင္းေရးေပးမယ့္သူ၊ Email ပံုမွန္သံုးတဲ့သူ ျဖစ္ဖို႔ပါပဲ။ Recommender ရဲ႕ ရာထူးအဆင့္က အဲဒီေလာက္ အေရးမႀကီးပါဘူး။

 ေနာက္တစ္ခုက ခဏခဏေတာင္းရတာကို အားမနာပါနဲ႔။ ဘယ္ေလာက္အလုပ္မ်ားမ်ား ကိုယ့္တပည့္ or ကိုယ့္ Supervisee ရဲ႕ Career အတြက္ နာရီဝက္ေလာက္ အခ်ိန္ေပးရတာကို Recommender ေတြက ဝန္မေလးၾကပါဘူး။ Recommendation မွာလည္း ကိုယ္က ဘယ္လိုႀကိဳးစားခဲ့လဲ စတာေတြကိုေဖာ္ျပရာမွာ ေၾကာင္းက်ိဴးဆီေလ်ာ္မႈ႐ွိဖို႔ လိုပါတယ္။


(၆) Curriculum Vitae (CV)

စေကာ္လာေလၽွာက္ရာမွာ CV ဆိုတဲ့ ကိုယ္ေရးအခ်က္အလက္ေဖာင္ကလည္း စေကာ္လား႐ွစ္ေဖာင္ေတြနဲ႔ တြဲတင္ေပးရတာမို႔ အရမ္းအေရးႀကီးပါတယ္။

ကိုယ္ရဲ႕အေတြ႔အၾကံဳေတြ ကိုယ္လုပ္ခဲ့တာေတြကို သပ္ရပ္စြာ ႏွစ္၊ လ၊ ရက္ အလိုက္ တစ္ခုခ်င္းေဖာ္ျပေပးရတာပါ။ အလုပ္ဆိုတဲ့ေနရာမွာ Volunteer လုပ္ခဲ့ဖူးတာလည္း အလုပ္ဘဲမို႔ အားလံုးထည့္လို႔ရပါတယ္။

ကိုယ္လုပ္ခဲ့တဲ့အလုပ္နဲ႔ ကိုယ္ေလၽွာက္မယ့္ ဘာသာရပ္က ဆက္စပ္မႈ႐ွိရင္ ကိုယ့္အတြက္ စေကာ္လား႐ွစ္ရ ဖို႔အခြင့္လမ္းပိုမ်ားပါတယ္။ CV ျဖည့္နည္းကို အြန္လိုင္းေပၚကေန ၾကည့္လို႔ရပါတယ္။


(၇) Interview

Interview ပါၿပီဆိုရင္ ရဖို႔ Chance ေတာ္ေတာ္မ်ားၿပီ။ Interview မွာ အေရးႀကီးဆံုးက ရိုးသားဖို႔၊ ကိုယ္ေျပာတာနဲ႔ ကိုယ့္ Essay ေတြနဲ႔ ထပ္တူက်ဖို႔၊ ကိုယ့္ရဲ႕ စိတ္အားထက္သန္မႈကို ျပႏိုင္ဖို႔ပါပဲ။


(၈) Dreams Come True

Scholarship ရဖို႔ ကံေကာင္းဖို႔လည္းလိုပါတယ္။ Essay ေတြမွာ ကိုယ့္အႀကိဳက္နဲ႔ ေရြးသူအႀကိဳက္တူရင္ အေျခအေနေကာင္းဖို႔မ်ားၿပီ။

Application တင္ရင္ Deadline မတိုင္ခင္ တင္ပါ။ အကယ္၍ အစဥ္လိုက္ဖတ္တယ္ဆိုရင္ ကိုယ့္ Application က အရင္ျဖစ္ပါလိမ့္မယ္။ ကိုယ့္ရဲ႕ တက္ႂကြမႈကိုလည္း ျပႏိုင္တာေပါ့။


Essays မေတာင္းတဲ့ စေကာ္လား႐ွစ္ေတာ္ေတာ္မ်ားလည္း ႐ွိပါတယ္။ အဲလိုစေကာ္လား႐ွစ္ေတြဆိုရင္ အေတြ႔ၾကံဳကို ဦးစားေပးၾကည့္ပါတယ္။ အဲဒီေတာ့ CV နဲ႔ IELTS score ကိုအဓိကထားၾကည့္ႏိုင္ပါတယ္။

 

Sources : Ko Thu & Hsu Mon PhooPhoom

 

>>> Unicode ဖြင့်ဖတ်ရန် <<<<

စကော်လားရှစ်လျှောက်ချင်သူများတွက် စကော်လားရှစ်နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အခြေခံလိုအပ်ချက်တစ်ချို့ပါ။

Scholarship ရပြီး ကျောင်းတက်ရခြင်းဟာ ဘဝရဲ့ milestone တစ်ခု၊ achievement တစ်ခုပါ။ သိန်းရာချီတဲ့ ကျောင်းလခတွေ ကင်းလွတ်ခွင့်နဲ့ လစဉ်ထောက်ပံ့ကြေးတွေ ရမယ့်အပြင် မိမိရဲ့ ပညာရေး၊ အတွေ့အကြုံ၊ မိတ်ဆွေ စသည်တို့ကို သေချာပေါက် တိုးတက်စေပါလိမ့်မယ်။ Scholarship ရဖို့ Step by Step ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာ မျှဝေပေးပါရစေ။


(၁) ဘယ်သူတွေ Scholarship ရလေ့ရှိသလဲ

Scholarship တွေဟာ English အရမ်းကောင်းတဲ့သူတွေ၊ Work Experience အများကြီးရှိတဲ့သူတွေ၊ Bachelor Degree Transcript မှာ အမှတ်တွေ မိုးပျံနေတဲ့သူတွေပဲ ရနိုင်တယ်လို့ထင်ရင် ချက်ချင်းမေ့လိုက်ပါ။ လုံးဝ မဟုတ်ပါဘူး။

အသေချာဆုံးကတော့ Scholarship ရချင်ရင် လျှောက်ရပါမယ်။ မရနိုင်လို့ထင်ပြီး မလျှောက်ရင် ဘယ်တော့မှ ရမှာမဟုတ်ပါ။ Application is Our Duty, Selection is Their Duty လို့ ယူဆပြီးလျှောက်ပါ။


(၂) English Proficiency

IELTS or TOEFL အမှတ်ရှိဖို့ အရင်စလုပ်ပါ။ IELTS 7 မှတ်နှင့်အထက် or TOEFL 600 အထက် ရရင်တော့ အကောင်းဆုံးပေါ့။ မရရင်လည်း စိတ်မပျက်ပါနဲ့။

Scholarship or University က တောင်းဆိုတဲ့ Minimum Required Score ရရင် OK ပါတယ်။ အများအားဖြင့် IELTS 6.5 or TOEFL 575 ဆိုရင် တော်တော်များများ လက်ခံပါတယ်။ နောက်ဆုံး English Score မရှိရင်တောင် လျှောက်လို့ရတဲ့ Scholarship တွေ ရှိပါတယ်။

(e.g. Australia Award, Fulbright)။ သို့သော် ကိုယ်ကအကောင်းဆုံး ပြင်ဆင်သင့်သလို Score မြင့်လေ ကိုယ့်အတွက် ပိုကောင်းလေပါ။ International Scholarships အများစုက Competition များသလို အတော်ဆုံးကျောင်းသားကို ဦးစားပေးရွေးချယ်ကြတာ များပါတယ်။


(၃) ဘာသာရပ်ရွေးချယ်ခြင်းနှင့် Scholarship များရှာဖွေခြင်း

Scholarship တွေက အမျိုးမျိုးရှိပါတယ်။ Scholarship Body တွေက ပေးတာ၊ ကျောင်းက ပေးတာ ရှိတယ်။ ကျောင်းဝင်ခွင့် Admission Letter နဲ့ တွဲလျှောက်ရတာရှိတယ်၊ Scholarship Body တွေက ရွေးချယ်ပြီးမှ ကျောင်းလျှောက်ပေးတာ ရှိတယ်။ Partial Scholarship တွေရှိတယ်၊ Full Scholarship တွေရှိတယ်။

ကိုယ်က ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုတာ ရွေးချယ်ပါ။ Online မှာ ရှာဖွေပါ။ ပြီးရင် တစ်ခုပြီး တစ်ခု တန်းစီလျှောက်ပါ။


(၄) Essays

လျှောက်တဲ့သူတွေ အများစုရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ English Score တွေက သိပ်မကွာကြပါဘူး။ သိသိသာသာကွာမှာက Essay တွေပါ။

ကိုယ်ရေးထားတာကို ဖတ်တဲ့သူက စိတ်ဝင်စားရင် Interview ပါဖို့များပြီ။ Essay ရေးရင် ကိုယ့်လုပ်ငန်းအတွေ့အကြုံနဲ့ ချိတ်ဆက်ရေးပါ။ ဒီလိုလုပ်ရတာ ဒီအားနည်းချက်တွေ ရှိတယ်။

ဒါ့ကြောင့် ပိုကောင်းလာအောင် ဘယ်လိုလုပ်ပေးချင်တယ်၊ အဲလိုလုပ်ပေးနိုင်ဖို့ ဒါတွေသင်ချင်တယ်ပေါ့။ အရေးကြီးဆုံးက အကြောင်းအရာက Specific ဖြစ်ဖို့နဲ့ လက်တွေ့ကျဖို့ပါ။

Essay တွေဟာ Scholarship ရဖို့ အရေးကြီးဆုံးပါပဲ။ ဒါပေမယ့် လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ရေးသူအကြိုက်နဲ့ ဖတ်သူအကြိုက်တူဖို့လည်း လိုတာပေါ့။

အဓိက က ကိုယ့်ရဲ့စိတ်ကူးနဲ့ရေးရပါတယ် ကိုယ့်ပတ်ဝန်းကျင်ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်း အမှန်တိုင်းထင်သာအောင်ရေးရပါမယ်( ကိုယ်လျှောက်တဲ့ဘာသာရပ်ပေါ်မူတည်ပြီး ဆက်စပ်မှုရှိအောင်ရေးဖို့ အရေးကြီးပါတယ်)။


(၅) Recommendation Letters

Scholarship လျှောက်တဲ့သူတွေ စိတ်ညစ်ရတာ ဒီ Recommedation တွေပါပဲ။ ခဏခဏတောင်းရတာကြောင့် အားနာရပါတယ်။

အရေးကြီးဆုံးက ကိုယ့်ကို သေချာသိပြီး ကောင်းကောင်းရေးပေးမယ့်သူ၊ Email ပုံမှန်သုံးတဲ့သူ ဖြစ်ဖို့ပါပဲ။ Recommender ရဲ့ ရာထူးအဆင့်က အဲဒီလောက် အရေးမကြီးပါဘူး။

နောက်တစ်ခုက ခဏခဏတောင်းရတာကို အားမနာပါနဲ့။ ဘယ်လောက်အလုပ်များများ ကိုယ့်တပည့် or ကိုယ့် Supervisee ရဲ့ Career အတွက် နာရီဝက်လောက် အချိန်ပေးရတာကို Recommender တွေက ဝန်မလေးကြပါဘူး။ Recommendation မှာလည်း ကိုယ်က ဘယ်လိုကြိုးစားခဲ့လဲ စတာတွေကိုဖော်ပြရာမှာ ကြောင်းကျိူးဆီလျော်မှုရှိဖို့ လိုပါတယ်။


(၆) Curriculum Vitae (CV)

စကော်လာလျှောက်ရာမှာ CV ဆိုတဲ့ ကိုယ်ရေးအချက်အလက်ဖောင်ကလည်း စကော်လားရှစ်ဖောင်တွေနဲ့ တွဲတင်ပေးရတာမို့ အရမ်းအရေးကြီးပါတယ်။

ကိုယ်ရဲ့အတွေ့အကြုံတွေ ကိုယ်လုပ်ခဲ့တာတွေကို သပ်ရပ်စွာ နှစ်၊ လ၊ ရက် အလိုက် တစ်ခုချင်းဖော်ပြပေးရတာပါ။ အလုပ်ဆိုတဲ့နေရာမှာ Volunteer လုပ်ခဲ့ဖူးတာလည်း အလုပ်ဘဲမို့ အားလုံးထည့်လို့ရပါတယ်။

ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ ကိုယ်လျှောက်မယ့် ဘာသာရပ်က ဆက်စပ်မှုရှိရင် ကိုယ့်အတွက် စကော်လားရှစ်ရ ဖို့အခွင့်လမ်းပိုများပါတယ်။ CV ဖြည့်နည်းကို အွန်လိုင်းပေါ်ကနေ ကြည့်လို့ရပါတယ်။


(၇) Interview

Interview ပါပြီဆိုရင် ရဖို့ Chance တော်တော်များပြီ။ Interview မှာ အရေးကြီးဆုံးက ရိုးသားဖို့၊ ကိုယ်ပြောတာနဲ့ ကိုယ့် Essay တွေနဲ့ ထပ်တူကျဖို့၊ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပြနိုင်ဖို့ပါပဲ။


(၈) Dreams Come True

Scholarship ရဖို့ ကံကောင်းဖို့လည်းလိုပါတယ်။ Essay တွေမှာ ကိုယ့်အကြိုက်နဲ့ ရွေးသူအကြိုက်တူရင် အခြေအနေကောင်းဖို့များပြီ။

Application တင်ရင် Deadline မတိုင်ခင် တင်ပါ။ အကယ်၍ အစဉ်လိုက်ဖတ်တယ်ဆိုရင် ကိုယ့် Application က အရင်ဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ တက်ကြွမှုကိုလည်း ပြနိုင်တာပေါ့။

Essays မတောင်းတဲ့ စကော်လားရှစ်တော်တော်များလည်း ရှိပါတယ်။ အဲလိုစကော်လားရှစ်တွေဆိုရင် အတွေ့ကြုံကို ဦးစားပေးကြည့်ပါတယ်။ အဲဒီတော့ CV နဲ့ IELTS score ကိုအဓိကထားကြည့်နိုင်ပါတယ်။

 

Sources : Ko Thu & Hsu Mon PhooPhoom

sayar.com.mm

Read times Last modified on Thursday, 12 September 2019 17:37
Rate this articles
(2 votes)