×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Tuesday, 17 September 2019

"မိမိ ကိုယ္ မိမိယံုၾကည္မႈ (Self – Confidence ) ကိုဘယ္လိုတည္ေဆာက္ၾကမလဲ"

"မိမိ ကိုယ္ မိမိယံုၾကည္မႈ (Self – Confidence ) ကိုဘယ္လိုတည္ေဆာက္ၾကမလဲ" google.com

<< Zawgyi Version >> 

ယံုၾကည္​မႈဆိုတာ လူတစ္ေယာက္​မွာလိုအပ္​တဲ႔၊ ကိန္​း​ေအာင္​းတည္​႐ွိ​ေနတဲ့အရာတစ္​ခုျဖစ္​ပါတယ္​။

ယံုၾကည္​မႈဆိုတဲ့ အရာ႐ွိ​ေနျခင္​းက ကိုယ္​့အတြက္​အကၽိဳးျဖစ္​ထြန္​းႏိုင္​တဲ႔တြန္းအားတစ္​ခုျဖစ္​ပါတယ္​။ ကိုယ္႔ကိုယ္ကိုယံုၾကည္မႈတည္ေဆာက္တဲ့အခါ

အဓိကသိ႐ွိထားရမွာကေတာ့ “မိမိကိုယ္​ကိုယံုၾကည္​မႈ႐ွိ​ေနလၽွင္​ ဘယ္အရာမဆိုေအာင္ျမင္နိုင္တယ္”​ ဆိုတဲ့ အခၽက္ပဲ​ျဖစ္​ပါတယ္​။

လူတိုင္​းလူတိုင္​းက ကိုယ္လုပ္ခၽင္တဲ႔အရာေတြမလုပ္ရတဲ႔အခါ၊ ကိုယ္​မလုပ္​ခၽင္​တဲ႔အရာ​ေတြလုပ္​​ေနရတဲ႔အခါ ဒါမွမဟုတ္ ကိုယ္လုပ္ေနရတာေတြအေပၚမေပၽာ္တဲ့အခါ စိတ္ဓာတ္ကၽတတ္ပါတယ္။

ထိုကဲ႔သို႔လူတစ္​ဦးက မိမိေရာက္​႐ွိ​ေနတဲ႔အ​ေျခအ​ေနနဲ႔ပတ္​သက္​ၿပီး ​ေပၽာ္​ရႊင္​မႈ​ေတြ​ေပၽာက္​ဆံုးတာမၽိဳးျဖစ္လာရင္ ထိုလူရဲ႕ လုပ္​ရည္​ကိုင္ရည္​​ေတြကၽဆင္​းလာပါတယ္​။

ဥပမာ - လုပ္ငန္းခြင္မွာလုပ္ေနတဲဲ႔သူေတြဆို Target ေတြ၊ Productivity ေတြ ကၽလာနိုင္ၿပီး အလုပ္​ကိုလာခၽင္​စိတ္​​ေတြလည္း ​ေလၽာ႔ကၽနိုင္ပါတယ္။

ထိုကဲ႔သို႔အ​ေျခ​အ​ေန​ ခဏခဏျဖစ္လာလၽွင္​ အလုပ္မွာအဆင္မေျပျဖစ္လာနိုင္ပါတယ္။ ထိုအခါ မိမိ၏စိတ္​ဓာတ္​ကၽဆင္​းမႈက ​ေဘးပတ္​ဝန္​းက်င္​ကိုပါထိခိုက္​လာႏိုင္​ၿပီး ေနာက္​ဆံုးမိမိကိုယ္​တိုင္​နစ္​ျမႇဳပ္​သြားႏိုင္​ပါတယ္​။

ထိုကဲ႔သို႔ မိမိ၏ကိုယ္​ပိုင္​ယံုၾကည္​မႈ​ေပၽာက္​ဆံုးျခင္​း၊ ယံုၾကည္​မႈမ႐ွိျခင္​း မျဖစ္​လာ​ေစရန္​ မိမိကိုယ္​တိုင္​ႀကိဳးစားလုပ္​​ေဆာင္​သင္​့ပါတယ္​။

လူတိုင္​းသည္​ ကိုယ့္ရဲ႕ကိုယ္ပိုင္အရည္အေသြးကိုသိလာတဲ႔အခါ အဲ့ဒီအရည္အေသြးကို ေကာင္းမြန္သထက္ေကာင္းမြန္ေအာင္ႀကိဳးစားရင္း အတိုင္းအတာတစ္ခုထိေရာက္လာတဲ႔အခါ မိမိကိုယ္မိမိယံုၾကည္မႈရွိလာႏိုင္ပါတယ္။

ထို​ေၾကာင္​့ ကိုယ္​႔ကိုယ္ကိုယံုၾကည္မႈတည္ေဆာက္ဖို႔အတြက္...

 

၁။ မိမိကိုယ္ကို Challenge လုပ္ၾကည္႔ပါ

ဥပမာ-ေနရာတစ္ေနရာသြားမယ္ဆိုရင္ အရင္ကသူငယ္ခၽင္းမိတ္ေဆြအေပါင္းအသင္း၊ မိဘေတြနဲ႔သြားခဲ့ေပမယ္႔ အခုေတာ႔တစ္ေယာက္တည္းသြားရေတာ့မယ္။

အဲ႔လိုတစ္ေယာက္​တည္​းသြားရတာကို “ငါေတာ႔မလုပ္နိုင္ဘူး၊ မသြားရဲေလာက္ဘူး” လို႔စိတ္ထဲမွာျဖစ္ေနပါလိမ့္မယ္။

အဲ့ဒီလိုျဖစ္လာရင္ “ငါတစ္ေယာက္တည္းလည္းမရရေအာင္သြားမယ္။ ငါသြားနိုင္ရမယ္။” လို႔မိမိကိုယ္ကိုအားေပးၾကည္႔လိုက္ပါ​။

တကယ္လည္းတစ္​​ေယာက္​တည္​းသြားႏိုင္တဲ႔အခါ ငါလုပ္ႏိုင္ပါလားဆိုၿပီး မိမိရဲ႕ Self-Confidence ပိုမိုရရွိလာတာကိုေတြ႔ရမွာပါ။

 

၂။​ေျကာက္တဲ့စိတ္ေတြကိုဖယ္ေဖ်ာက္ပါ

လူ​ေတြက ကိုယ္ေၾကာက္တ့ဲအရာေတြဆို ထိပ္​တိုက္​ရင္​ဆိုင္​ရမွာ ​ေၾကာက္​တတ္​ၾကပါတယ္​ တစ္​ခါတစ္​ေလ ကိုယ္​​ေၾကာက္​တယ္ထင္​တဲ႔အရာ​ေတြ ​(​ဥပမာ-​ေရ​ေၾကာက္​တဲ့သူဆိုလၽွင္​ေရကူးသင္​ျခင္​း) ကို တမင္လုပ္ပစ္လိုက္​ျခင္​းသည္လည္း​ မိမိ၏​​ေၾကာက္​စိတ္၊ သိမ္​ငယ္​စိတ္​​ကို ကိုယ္တိုင္ခၽိဳးႏွိမ္လိုက္ရာေရာက္ပါတယ္။

 

၃။မိမိက်ြမ္းက်င္တျ့အရာတစ္ခုကို ပိုျပီးေလ့က်င့္ပါ

ကိုယ္ဝါသနာပါတာ ေသးေသးေလးပဲျဖစ္ျဖစ္၊ ကိုယ့္မွာပါရမီပါတယ္လို႔ထင္တာတစ္ခုခုျဖစ္ျဖစ္ အဲ႔ဒီအရာကိုပိုကြၽမ္းကၽင္ပိုင္ႏိုင္လာေအာင္ေလ့ကၽင္႔ပါ။

ဥပမာ - အသံေကာင္းရင္ သီခၽင္းေကာင္းေကာင္းဆိုတတ္ေအာင္ေလ႔ကၽင္ၾကည္႔ပါ။ ပံုဆြဲတတ္ရင္ ကြၽမ္းကၽင္စြာဆြဲႏိုင္တဲ႔ထိ သင္တန္းတက္ၿပီးသင္ယူပါ။ တူရိယာတစ္ခုခု သို႔မဟုတ္ အားကစားတစ္မ်ိဳးမ်ိဳးမွာဝါသနာပါတယ္ဆိုရင္ ကြၽမ္းကၽင္ေအာင္သင္ယူေလ႔ကၽင္႔ပါ။

ဤကဲ႔သို႔တစ္ခုခုကိုသာမန္ထက္ပိုၿပီးကြၽမ္းကၽင္လာရင္ ကိုယ္႔ကိုယ္ကိုအလိုလို ယံုၾကည္​ခၽက္႐ွိလာပါတယ္။

မိမိကိုယ္​ကို ဘာမွမကြၽမ္​းကၽင္​ဘူးလို႔ထင္ေနရင္​ မိမိလုပ္​ႏိုင္​မယ္႔အလုပ္​ကို႐ွာ​ေဖြပါ။ ထိုအလုပ္​ကို ကြၽမ္​းကၽင္ပိုင္ႏိုင္​​ေအာင္​လုပ္​ပါ။ ဒါ႔အျပင္​မိမိကိုယ္​ကို ငါက႐ုပ္မေခၽာ ေပမယ့္...ငါကမခၽမ္းသာေပမယ့္...ငါကစာအရမ္းမေတာ္ေပမယ္႔... ငါ့မွာေတာ႔ဘာ႐ွိတယ္...ငါကေတာ႔ဘာကြၽမ္းတယ္… ဆိုတာမၽိဳး စိတ္ထဲမွာ Level တစ္ခုတက္လာေအာင္ကၽင္႔ယူလို႔ရပါတယ္။

 

၄။ ကိုယ္​႔ကိုခြန္​အားျဖစ္​​ေစမယ္​႔စာမၽားမၽားဖတ္​ပါ၊ ႐ုပ္​႐ွင္ေတြ​ၾကည္​႔ပါ

ပတ္​ဝန္​းကၽင္​က​ေလးစားအားကၽရတဲ႔သူ​ေတြကို Inspiration ယူပါ။ တစ္ခါတစ္ခါမနက္​တိုင္​း မွန္​ထဲကျမင္​ရတဲ့ကိုယ္႔ပံုရိပ္​ကိုၾကည့္ရင္း "Hey, you can do it" ဆိုၿပီး အၿပံဳး​ေလးနဲ႔ကိုယ့္ကုိယ္​ကိုအား​ေပးပါ​...ကိုယ္​႔ကိုယ္​ကိုခၽစ္​ပါ။

အဓိကက​ေတာ႔ ကိုယ္​႔စိတ္​ကိုခိုင္​မာ​ေစမယ္​႔ ခြန္အားျဖစ္​​ေစမယ္​႔အရာ​ေတြပဲ​ေတြးရင္​းလုပ္​ရင္​း ပတ္​ဝန္​းကၽင္​ရဲ႕ ႐ိုက္​ခတ္​မႈကို​ေတာ႔ အတတ္​ႏိုင္​ဆံုးေမ့ထားဖို႔ႀကိဳးစားရပါမယ္​။

အေရးႀကီးဆံုးကေတာ့ ကိုယ္႔ကိုယ္ကိုယံုၾကည္မႈကမိမိကိုယ္မိမိခၽစ္တတ္တာကေနစတင္ပါတယ္။

ကိုယ္႔ကိုယ္ကိုခၽစ္ျမတ္နိုးၿပီးေလးစားမႈရွိရင္ ယံုၾကည္မႈတည္ေဆာက္ဖို႔ဆိုတာမခက္ခဲေတာ႔ပါဘူး။

Change your mind and believe in yourself…

 

>>> Unicode Version <<<

ယုံကြည်မှုဆိုတာ လူတစ်ယောက်မှာလိုအပ်တဲ့၊ ကိန်းအောင်းတည်ရှိနေတဲ့အရာတစ်ခုဖြစ်ပါတယ်။

ယုံကြည်မှုဆိုတဲ့ အရာရှိနေခြင်းက ကိုယ့်အတွက်အကျိုးဖြစ်ထွန်းနိုင်တဲ့တွန်းအားတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်တဲ့အခါ

အဓိကသိရှိထားရမှာကတော့ “မိမိကိုယ်ကိုယုံကြည်မှုရှိနေလျှင် ဘယ်အရာမဆိုအောင်မြင်နိုင်တယ်” ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

လူတိုင်းလူတိုင်းက ကိုယ်လုပ်ချင်တဲ့အရာတွေမလုပ်ရတဲ့အခါ၊ ကိုယ်မလုပ်ချင်တဲ့အရာတွေလုပ်နေရတဲ့အခါ ဒါမှမဟုတ် ကိုယ်လုပ်နေရတာတွေအပေါ်မပျော်တဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်။

ထိုကဲ့သို့လူတစ်ဦးက မိမိရောက်ရှိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုတွေပျောက်ဆုံးတာမျိုးဖြစ်လာရင် ထိုလူရဲ့ လုပ်ရည်ကိုင်ရည်တွေကျဆင်းလာပါတယ်။

ဥပမာ - လုပ်ငန်းခွင်မှာလုပ်နေတဲ့သူတွေဆို Target တွေ၊ Productivity တွေ ကျလာနိုင်ပြီး အလုပ်ကိုလာချင်စိတ်တွေလည်း လျော့ကျနိုင်ပါတယ်။

ထိုကဲ့သို့အခြေအနေ ခဏခဏဖြစ်လာလျှင် အလုပ်မှာအဆင်မပြေဖြစ်လာနိုင်ပါတယ်။ ထိုအခါ မိမိ၏စိတ်ဓာတ်ကျဆင်းမှုက ဘေးပတ်ဝန်းကျင်ကိုပါထိခိုက်လာနိုင်ပြီး နောက်ဆုံးမိမိကိုယ်တိုင်နစ်မြှုပ်သွားနိုင်ပါတယ်။

ထိုကဲ့သို့ မိမိ၏ကိုယ်ပိုင်ယုံကြည်မှုပျောက်ဆုံးခြင်း၊ ယုံကြည်မှုမရှိခြင်း မဖြစ်လာစေရန် မိမိကိုယ်တိုင်ကြိုးစားလုပ်ဆောင်သင့်ပါတယ်။

လူတိုင်းသည် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးကိုသိလာတဲ့အခါ အဲ့ဒီအရည်အသွေးကို ကောင်းမွန်သထက်ကောင်းမွန်အောင်ကြိုးစားရင်း အတိုင်းအတာတစ်ခုထိရောက်လာတဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုရှိလာနိုင်ပါတယ်။
ထိုကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်...

 

၁။ မိမိကိုယ်ကို Challenge လုပ်ကြည့်ပါ

ဥပမာ-နေရာတစ်နေရာသွားမယ်ဆိုရင် အရင်ကသူငယ်ချင်းမိတ်ဆွေအပေါင်းအသင်း၊ မိဘတွေနဲ့သွားခဲ့ပေမယ့် အခုတော့တစ်ယောက်တည်းသွားရတော့မယ်။

အဲ့လိုတစ်ယောက်တည်းသွားရတာကို “ငါတော့မလုပ်နိုင်ဘူး၊ မသွားရဲလောက်ဘူး” လို့စိတ်ထဲမှာဖြစ်နေပါလိမ့်မယ်။

အဲ့ဒီလိုဖြစ်လာရင် “ငါတစ်ယောက်တည်းလည်းမရရအောင်သွားမယ်။ ငါသွားနိုင်ရမယ်။” လို့မိမိကိုယ်ကိုအားပေးကြည့်လိုက်ပါ။

တကယ်လည်းတစ်ယောက်တည်းသွားနိုင်တဲ့အခါ ငါလုပ်နိုင်ပါလားဆိုပြီး မိမိရဲ့ Self-Confidence ပိုမိုရရှိလာတာကိုတွေ့ရမှာပါ။

 

၂။ကြောက်တဲ့စိတ်တွေကိုဖယ်ဖျောက်ပါ

လူတွေက ကိုယ်ကြောက်တဲ့အရာတွေဆို ထိပ်တိုက်ရင်ဆိုင်ရမှာ ကြောက်တတ်ကြပါတယ် တစ်ခါတစ်လေ ကိုယ်ကြောက်တယ်ထင်တဲ့အရာတွေ (ဥပမာ-ရေကြောက်တဲ့သူဆိုလျှင်ရေကူးသင်ခြင်း) ကို တမင်လုပ်ပစ်လိုက်ခြင်းသည်လည်း မိမိ၏ကြောက်စိတ်၊ သိမ်ငယ်စိတ်ကို ကိုယ်တိုင်ချိုးနှိမ်လိုက်ရာရောက်ပါတယ်။

 

၃။မိမိကျွမ်းကျင်တြ့အရာတစ်ခုကို ပိုပြီးလေ့ကျင့်ပါ

ကိုယ်ဝါသနာပါတာ သေးသေးလေးပဲဖြစ်ဖြစ်၊ ကိုယ့်မှာပါရမီပါတယ်လို့ထင်တာတစ်ခုခုဖြစ်ဖြစ် အဲ့ဒီအရာကိုပိုကျွမ်းကျင်ပိုင်နိုင်လာအောင်လေ့ကျင့်ပါ။

ဥပမာ - အသံကောင်းရင် သီချင်းကောင်းကောင်းဆိုတတ်အောင်လေ့ကျင်ကြည့်ပါ။ ပုံဆွဲတတ်ရင် ကျွမ်းကျင်စွာဆွဲနိုင်တဲ့ထိ သင်တန်းတက်ပြီးသင်ယူပါ။ တူရိယာတစ်ခုခု သို့မဟုတ် အားကစားတစ်မျိုးမျိုးမှာဝါသနာပါတယ်ဆိုရင် ကျွမ်းကျင်အောင်သင်ယူလေ့ကျင့်ပါ။

ဤကဲ့သို့တစ်ခုခုကိုသာမန်ထက်ပိုပြီးကျွမ်းကျင်လာရင် ကိုယ့်ကိုယ်ကိုအလိုလို ယုံကြည်ချက်ရှိလာပါတယ်။

မိမိကိုယ်ကို ဘာမှမကျွမ်းကျင်ဘူးလို့ထင်နေရင် မိမိလုပ်နိုင်မယ့်အလုပ်ကိုရှာဖွေပါ။ ထိုအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်ပါ။ ဒါ့အပြင်မိမိကိုယ်ကို ငါကရုပ်မချော ပေမယ့်...ငါကမချမ်းသာပေမယ့်...ငါကစာအရမ်းမတော်ပေမယ့်... ငါ့မှာတော့ဘာရှိတယ်...ငါကတော့ဘာကျွမ်းတယ်… ဆိုတာမျိုး စိတ်ထဲမှာ Level တစ်ခုတက်လာအောင်ကျင့်ယူလို့ရပါတယ်။


၄။ ကိုယ့်ကိုခွန်အားဖြစ်စေမယ့်စာများများဖတ်ပါ၊ ရုပ်ရှင်တွေကြည့်ပါ

ပတ်ဝန်းကျင်ကလေးစားအားကျရတဲ့သူတွေကို Inspiration ယူပါ။ တစ်ခါတစ်ခါမနက်တိုင်း မှန်ထဲကမြင်ရတဲ့ကိုယ့်ပုံရိပ်ကိုကြည့်ရင်း "Hey, you can do it" ဆိုပြီး အပြုံးလေးနဲ့ကိုယ့်ကိုယ်ကိုအားပေးပါ...ကိုယ့်ကိုယ်ကိုချစ်ပါ။

အဓိကကတော့ ကိုယ့်စိတ်ကိုခိုင်မာစေမယ့် ခွန်အားဖြစ်စေမယ့်အရာတွေပဲတွေးရင်းလုပ်ရင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကိုတော့ အတတ်နိုင်ဆုံးမေ့ထားဖို့ကြိုးစားရပါမယ်။

အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကမိမိကိုယ်မိမိချစ်တတ်တာကနေစတင်ပါတယ်။

ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးပြီးလေးစားမှုရှိရင် ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာမခက်ခဲတော့ပါဘူး။

Change your mind and believe in yourself…

 

Sources : Myworld

sayar.com.mm

 

Read times
Rate this articles
(0 votes)