×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 18 September 2019

"ကန္ထရိုက္တိုက္ေဆာက္လုပ္ေရးတစ္ခုမွာ အေစာင့္လုပ္ရင္းနဲ႕ နိုင္ငံေက်ာ္ဂစ္တာသမားအျဖစ္သို႔"

"ကန္ထရိုက္တိုက္ေဆာက္လုပ္ေရးတစ္ခုမွာ အေစာင့္လုပ္ရင္းနဲ႕ နိုင္ငံေက်ာ္ဂစ္တာသမားအျဖစ္သို႔" google.com

<<< Zawgyi Version >>>

ဂီတမ်ိဳးရိုးမွ ဆင္းသက္လာသူတစ္ေယာက္ မဟုတ္ေပမယ့္ က်ယ္ေျပာလွတဲ့ ဂီတနယ္ပယ္မွာ ျမန္မာနိုင္ငံရဲ႕ ဂီတသမိုင္းမွာ ဂစ္တာသူရဲေကာင္းအျဖစ္ မွတ္တိုင္စိုက္ထူနိုင္ခဲ့တဲ့ ဂီတသမားတစ္ေယာက္အျဖစ္ ရပ္တည္ နိုင္ခဲ့သူကေတာ့ ဂစ္တာ နိုင္ေဇာ္ပဲ ျဖစ္ပါတယ္။

ဂီတသမားဘဝတစ္ေယာက္တြင္ ဂစ္တာဘက္ကုိ စတင္ေရြးခ်ယ္ခဲ့တာမဟုတ္ပဲ ေလမွဳတ္တူရိယာကုိ စျပီး ဝါသနာပါခဲ့သူတစ္ေယာက္ပါ။ အ.ထ.က(၄)ပုဇြန္ေတာင္မွာ ေက်ာင္းတက္စဥ္ ဘင္ခရာတပ္ဖြဲ႕ သို႔ဝင္ခဲ့ျပီး ေလမွဳတ္တူရိယာေလးေတြ သင္ခဲ့ပါတယ္။ ေနာက္တြင္ ဂစ္တာသူငယ္ခ်င္းတစ္ေယာက္က သင္တန္းတက္ ရင္းနဲ႕ သူတတ္ထားသမ်ွ ျပန္ၾကြားရင္းနဲ႕ သူ႔ဆီက ျပန္သင္ရင္းနဲ႕ ဂစ္တာဘက္ကို ေရာက္သြားတာပါ။

အဲ့အခ်ိန္မွာေတာ့ လမ္းသရဲတူရိယာဆုိျပီးေတာ့ ေတာ္ေတာ္မ်ားမ်ားက ဂစ္တာကို မၾကိဳက္ၾကဘူး။ ဂစ္တာ တီးရင္းနဲ႕ ခြဲျခမး္စိတ္ျဖာသြားတာ ဂစ္တာရမ္သမ္လည္း တီးေနတာပဲ။ တီးေနရင္းနဲ႕ အေဖက ရမ္သမ္တီး တာမၾကိဳက္ဘူး။ မင္းတို႔ ဂစ္တာသံက တစ္ျဗန္းျဗန္းနဲ႕ ၾကိဳးေတြပဲတီးေနတာပဲတဲ့ နားေထာင္ရတာ ျပတ္ျပတ္သားသား မရွိဘူး မယ္လုိဒီ မပါဘူးတဲ့။ တစ္ရက္ ဆရာၾကီးပီမိုးနင္းရဲ႕ လိစ္ဂစ္တာတီးနည္း ဆိုတဲ့ စာအုပ္ေလးဝယ္လာျဖစ္တယ္။

 

လိစ္တီးနည္းမွာက နုတ္ေလးပါတယ္။ ရမ္သမ္တီးေပးတဲ့ သူငယ္ခ်င္းက လည္း သူကရမ္သမ္ပဲတတ္ေတာ့ ရမ္သမ္ပဲ သင္ေပးတယ္။ ဘင္ခရာသင္တန္းမွာလည္း နုတ္ကြ်မ္းခဲ့ေတာ့ အဲ့ႏွစ္ခုေပါင္းျပီး တီးၾကည့္တဲ့အခါက်ေတာ့ မယ္လိုဒီေပၚလာတယ္။

အဲဒါနဲ႕ ဂစ္တာသီခ်င္းေလးေတြ ေရာင္းတဲ့ စာအုပ္ေလးေတြ ယူၾကည့္ျပီး တီးရင္းတီးရင္းနဲ႕ မယ္လိုဒီအသံထြက္လာတယ္။ အိမ္မွာ တီးၾကည့္ ရင္းနဲ႕ အေဖက အခုတီးတာကိုေတာ့ ၾကိဳက္တယ္တဲ့။ လိစ္အသံက အသံပီတယ္ ရမ္သမ္က်ေတာ့ လံုးေထြး ေနတာေပါ့။ အဲ့လုိနဲ႕ လိစ္သမားျဖစ္ေအာင္ ျဖည္းျဖည္းခ်င္း ဆက္လက္ေလ့လာရင္းနဲ႕ လိစ္ဂစ္တာ တီးခတ္တာကို ရင္းနွီးလာပါတယ္။


ဒီလိုခ်စ္ျမတ္နိုးခဲ့တဲ့ ဂစ္တာကို ေနာက္တစ္ၾကိမ္ မျမင္ခ်င္ေတာ့ေလာက္ေအာင္ စိတ္ဓာတ္က်ခဲ့ရတဲ့ အခ်ိန္ ေတြ ဂီတသမားဘဝကို ခါးသီးခဲ့တဲ့အခ်ိန္ေတြ ရွိခဲ့ဖူးပါတယ္။

ကိုယ္က တက္သစ္စ ၾကိဳးစားေနတဲ့အခ်ိန္မွာ ဒုကၡေပးတဲ့သူေတြက မ်ားလြန္းအားၾကီးေတာ့ ဂစ္တာကို စိတ္နာတဲ့ဘဝေတာင္ ေရာက္တယ္။

ဒါေၾကာင့္ စာနယ္ဇင္းပြဲေတြမွာ မိတ္ဆက္စကားေျပာတယ္ဆိုတာ အစ္ကုိတို႔တုန္းက အသစ္ေတြကို ခါးခါးသီးသီး ဒုကၡ ေပးဒဏ္ခံခဲ့ရလို႔ ေနာက္မ်ိဳးဆက္သစ္ေတြ အဲ့လိုမျဖစ္ေအာင္ ေပါင္းကူတံတားအေနနဲ႕ အမွတ္တရ စိတ္ဓာတ္ပုိင္းဆိုင္ရာ စကားေလးေတြ ေျပာေပးျဖစ္ပါတယ္။

NZ.jpg

 

စိတ္ဓာတ္ေတြက်ခဲ့ေပမယ့္လည္း အစ္ကိုမွာ ေမြးကတည္းက ေလ့လာခ်င္တဲ့စိတ္တစ္ခုပဲ ၾကီးစိုးေနတာ။ နာမည္ၾကီးခ်င္တာ စင္ေပၚမွာ တက္တီးျပီး နာမည္လုိခ်င္တာမ်ိဳး မရွိဘူး။

ဂစ္တာကို တီးရသည္ျဖစ္ေစ၊ မတီးရသည္ျဖစ္ေစ ဂစ္တာနဲ႕ ပက္သက္တဲ့စာအုပ္ေတြ ေလ့လာျဖစ္တယ္။ တစ္ခ်ိန္လံုး ကိုယ္က ဂစ္တာ ကို သင္ယူေနတာ။ ၾကိဳး ၆ ၾကိဳးထဲကေန ထြက္လာတာက အမ်ားၾကီးေလ။ ေလ့လာလို႔ မကုန္နိုင္ဘူး ဂစ္တာဆို ပလပ္ကင္ရွိတယ္၊ ဘင့္ေတြ ရွိတယ္၊ ဂ်ပ္ေတြ ရွိမယ္ အမ်ားၾကီးေပါ့။

စိတ္ဓာတ္က်တဲ့အခ်ိန္ဆိုလည္း စိတ္ဓာတ္က်သမ်ွကုိ ဂစ္တာထဲမွာ ထည့္ျပီးတီးလိုက္တယ္။ ရွိုးပြဲေတြျပီး လို႔ ဆိုင္ေတြဘာေတြမွာ စုျပီး ေအာင္ပြဲသြားခံတယ့္ခ်ိန္ေတြဆို မလိုက္ျဖစ္ဘူး ေအာင္ပြဲခံစရာရွိရင္လည္း ဂစ္တာနဲ႕ပဲ ေအာင္ပြဲခံတယ္။

 

အိမ္ျပန္ေရာက္ရင္ အရင္ဆံုးပါဝါဖြင့္တယ္။ computer ဆို ထံုစံအတိုင္းပဲ ဖြင့္လုိက္ရင္ Run ေနျပီေလ။ ဆရာ ကံခြ်န္ေျပာတဲ့ စာအုပ္တစ္အုပ္ထဲမွာ ရွိတယ္။

အလုပ္လုပ္ရတာ စိတ္မဝင္စားဘူးဆိုတာ အလုပ္နဲ႕ ပက္သက္တဲ့ ပစၥည္းေတြကို စနစ္တက်မထားလို႔တဲ့။ အလုပ္နဲ႕ ပက္သက္တဲ့ ပစၥည္းဆိုတာ တစ္ခ်က္ထိ လိုက္တာနဲ႕ အကုန္အဆင္သင့္ျဖစ္မယ္ဆိုရင္ အလုပ္လုပ္ရတာ အရမ္းအဆင္ေျပတယ္။ စတူဒီယိုမွာဆို လည္း ခလုတ္နွိပ္လုိက္တာနဲ႕ တစ္ခ်က္တည္းပြင့္ေအာင္ အကုန္လံုးကို ON ထားတယ္။ အလုပ္လုပ္တဲ့အခါ တန္းျပီးလုပ္လို႔ရတာေပါ့။

 

လူငယ္ေတြကိုေျပာခ်င္တာက ရွံုးတာနိုင္တာ ေခါင္းထဲမထည့္နဲ႕ ဂစ္တာကို တကယ္ခ်စ္ရင္ ဂစ္တာနဲ႕ပဲ ဖက္ျပီးေတာ့ ေအာင္ပြဲခံ။

ကုိယ့္ရင္ထဲက ဆံုးရွံဳးမွဳကိုလည္း ဂစ္တာထဲမွာပဲ ထည့္လိုက္။ ဂစ္တာက သက္မဲ့ ပါ။ ဒါေပမယ့္ သက္ရွိတစ္ေယာက္လို ကုိယ္ကလည္းခ်စ္ရင္ သူကလည္း ကိုယ့္ကို ျပန္ခ်စ္လာမယ္လို႔ ဥပမာေပးခ်င္ပါတယ္။

ဘဝမွာ ကုိယ့္ကုိကူညီေပးခဲ့တဲ့ ဆရာေတြလည္း အမ်ားၾကီး ရွိပါတယ္။ အဓိက ကိုခင္ေမာင္ျမင့္တို႔၊ ကိုခိုင္ေက်ာ္တို႔ဆိုတာ ကိုယ့္ဘဝမွာ ထိပ္ဆံုးထားရမယ့္ ပုဂၢိဳလ္ေတြပါ။

စိတ္ဓာတ္ေတြက်ေနတဲ့အခ်ိန္မွာ ကုိခင္ေမာင္ျမင့္က ညီေလးနိုင္ေဇာ္ မင္းငါ့ဆီလာခဲ့ သင္ေပးမယ္ဆိုျပီး စနစ္တက် သင္ေပးတယ္။ ဂစ္တာ တီးနည္းတင္မဟုတ္ဘူး စိတ္ေနစိတ္ထားေကာ လူေတြကို ဘယ္လုိကူညီရမလဲ နာမည္ၾကီးသြားခဲ့ရင္ အဲ့လိုလူမ်ိဳး အဲ့လုိလုပ္ရပ္မ်ိဳး မလုပ္ဖို႔ သူကေသခ်ာသင္ေပးတယ္။

pg-37-054_2.jpg

 

အရင္ကတည္းက တီးဝိုင္းတစ္ဝိုင္းဖြဲ႕ခ်င္တယ့္ စိတ္ကူးရွိတယ္။ ရပ္ကြက္ထဲက သူငယ္ခ်င္းေတြနဲ႕ေပါ့။ သူငယ္ခ်င္းေတြကို ျပန္သင္ေပးတယ္။

ကိုယ္က ဂစ္တာက်င့္တယ္ သူတို႔က မက်င့္ဘူးေလွ်ာက္သြားေန တယ္။ သီခ်င္းတိုက္ရင္ လည္းအမွား။ အဲ့အခါ ကိုယ္ကစိတ္ေတြဆိုး ေနာက္ဆံုးက်ေတာ့ ကိုခင္ေမာင္ျမင့္က ဘာေျပာလဲဆုိေတာ့ မင္းအဲ့ဝိုင္းကို ဖ်က္လိုက္ေတာ့တဲ့။

ကိုယ္ကလည္း သူငယ္ခ်င္းေတြနဲ႕ သံေယာဇဥ္ရွိတဲ့ အခါက်ေတာ့ မဖ်က္ခ်င္ဘူးဆိုေတာ့ ကြ်န္ေတာ့္ကိုေျပာတဲ့ ဆံုးမစကားေလး အရမ္းေကာင္းပါတယ္ မင္းေအာင္ျမင္မွဳတစ္ခုေပၚတက္မယ္ဆုိရင္ အေနွာင္ဖြဲ႕ေတြကို ျဖဳတ္ခ်ရမွာ အေနွာင္ဖြဲ႕ေတြစြဲျပီးတက္ရင္ ဘယ္လိုမွ ေရာက္မွာမဟုတ္ဘူးတဲ့။ မင္းကိုယ္မင္း အေပါ့ပါးဆံုးျဖစ္ေအာင္ လုပ္ျပီးမွတက္တဲ့။

မင္းတကယ္ ေစတနာရွိရင္ အေပၚကေန ၾကိဳးျပန္ခ်ေပး ဆြဲတင္လိုက္။ ဒါပဲရွိတယ္။ သူတို႔နဲ႕ တူတူတက္ရင္ မင္းပါျပဳတ္ က်သြားလိမ့္မယ္ ေျပာျပီး သူလုပ္ခိုင္းတာက ဒီတီးဝိုင္းကုိ ဖ်က္လိုက္။ တကယ္လုပ္ရမွာက professional ေတြဆီမွာ သြားျပီး တပည့္ခံရမွာတဲ့။ သူတို႔နဲ႕တီးနိုင္မွ မင္းက အညံဆံုးျဖစ္မွ မင္းကတိုးတက္မွာတဲ့။

သူတို႔ ၾကားထဲမွာ အေတာ္ဆံုးျဖစ္ေနရင္ မင္းဘာမွ ျဖစ္လာမွာ မဟုတ္ဘူးတဲ့။ သူေျပာတဲ့ အဆိုမိန္႔ေတြက ကို္ယ့္ဘဝမွာ အေကာင္းဆံုး စကားေတြပါပဲ။

 

ကိုယ္ျဖစ္ခ်င္တဲ့ဘဝဆီသြားဖို႔ ပထမေျခလွမ္းက အျမဲတမး္ခက္ခဲၾကမ္းတမ္းေနမွာပဲ။ ဂစ္တာသမား တစ္ေယာက္ျဖစ္လာဖုိ႔အတြက္ ကန္ထရိုက္ေတြမွာ တိုက္ေစာင့္နဲ႕ မန္ေနဂ်ာလို႔ အမည္ခံထားေပမယ့္ တကယ္တမ္းေတာ့ စတိုခန္းေစာင့္တာပါ။ ဒီလိုမ်ိဳးဝင္လုပ္ခဲ့ရတယ္။ အဲ့မွာပဲ ဂစ္တာေလ့က်င့္ခဲ့ရတယ္။ ေတာင္ငူမွာရွိတဲ့ စတိတ္ရွိဳးၾကီးတစ္ခုမွာ ဂစ္တာသမားလိုတယ္။

တီးမလားဆိုတာနဲ႕ လုိက္သြားျပီး တီးခဲ့ တယ္။ အဲ့တုန္းက လြတ္လပ္ေရးေန႔ ေတာင္ငူမွာ ေဘာလံုးကြင္းထဲမွာ က်င္းပတယ္။ ျပန္ေတာ့ ဒကၡေရာက္ ေရာ။ ပိုက္ဆံလည္းတစ္ျပားမွ မရွိဘူး အျပန္မွာ ထမင္းစားစရာေတာင္ မရွိဘူး။

d531970b61477c0b2740809a8bf42e37876c2341.jpg

 

ေျပာခ်င္တာက ဘဝက အဲ့လိုစရတယ္။ ပိုက္ဆံရတဲ့အလုပ္ကတစ္ခု မရတဲ့အလုပ္ကတစ္ခု။ မရတဲ့အလုပ္ အတြက္ ရတဲ့အလုပ္ကိုလည္း စြန္႔လႊတ္ရတယ္။

ထမင္းလည္း ငတ္ခဲ့တယ္။ ၾကိဳးစားမယ္ဆုိရင္ ကန္ထရိုက္ ေလာကမွာသာ တစ္သက္လံုးေနမယ္ဆိုရင္ နာမည္ၾကီး ကန္ထရိုက္တာတစ္ေယာက္ျဖစ္သြားနိုင္တယ္။

ဒါေပမယ့္ ဂစ္တာသမား ျဖစ္မလာနိုင္ေတာ့ဘူး။ လူငယ္ေတြကိုေျပာခ်င္တာက ကိုယ္ဝါသနာပါတာအတြက္ ဆင္းရဲနိုင္တယ္။ ငတ္နိုင္တယ္။

အဲဒီဒဏ္ေတြ ခံနုိင္မွ ေအာင္ျမင္မွာ။ ပိုက္ဆံရတဲ့အလုပ္ကေန ဝါသနာပါတဲ့ အလုပ္ကိုခ်ိန္းနိုင္တဲ့အခ်ိန္မွာ ပညာကို ေလာေလာဆယ္မွာရွာ။ ပိုက္ဆံရတာလုပ္။ ပိုက္ဆံရတဲ့အလုပ္နဲ႕ ကိုယ့္ဘဝကို မျပီးသြားေစနဲ႕။ အခ်ိန္တိန္ ေအာင္ျမင္မွဳရတဲ့ လမ္းေၾကာင္းကို ေလွ်ာက္မယ္ဆိုရင္ ပိုက္ဆံ ရတဲ့အလုပ္ကို ရဲရဲၾကီး စြန္႔လႊတ္ရဲမွသာ ေအာင္ျမင္မယ္လို႔ ေျပာခ်င္ပါတယ္။

 

<<< Unicode Version >>>

ဂီတမျိုးရိုးမှ ဆင်းသက်လာသူတစ်ယောက် မဟုတ်ပေမယ့် ကျယ်ပြောလှတဲ့ ဂီတနယ်ပယ်မှာ မြန်မာနိုင်ငံရဲ့ ဂီတသမိုင်းမှာ ဂစ်တာသူရဲကောင်းအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ ဂီတသမားတစ်ယောက်အဖြစ် ရပ်တည် နိုင်ခဲ့သူကတော့ ဂစ်တာ နိုင်ဇော်ပဲ ဖြစ်ပါတယ်။
ဂီတသမားဘဝတစ်ယောက်တွင် ဂစ်တာဘက်ကို စတင်ရွေးချယ်ခဲ့တာမဟုတ်ပဲ လေမှုတ်တူရိယာကို စပြီး ဝါသနာပါခဲ့သူတစ်ယောက်ပါ။ အ.ထ.က(၄)ပုဇွန်တောင်မှာ ကျောင်းတက်စဉ် ဘင်ခရာတပ်ဖွဲ့ သို့ဝင်ခဲ့ပြီး လေမှုတ်တူရိယာလေးတွေ သင်ခဲ့ပါတယ်။ နောက်တွင် ဂစ်တာသူငယ်ချင်းတစ်ယောက်က သင်တန်းတက် ရင်းနဲ့ သူတတ်ထားသမျှ ပြန်ကြွားရင်းနဲ့ သူ့ဆီက ပြန်သင်ရင်းနဲ့ ဂစ်တာဘက်ကို ရောက်သွားတာပါ။

အဲ့အချိန်မှာတော့ လမ်းသရဲတူရိယာဆိုပြီးတော့ တော်တော်များများက ဂစ်တာကို မကြိုက်ကြဘူး။ ဂစ်တာ တီးရင်းနဲ့ ခွဲခြမ်းစိတ်ဖြာသွားတာ ဂစ်တာရမ်သမ်လည်း တီးနေတာပဲ။ တီးနေရင်းနဲ့ အဖေက ရမ်သမ်တီး တာမကြိုက်ဘူး။ မင်းတို့ ဂစ်တာသံက တစ်ဗြန်းဗြန်းနဲ့ ကြိုးတွေပဲတီးနေတာပဲတဲ့ နားထောင်ရတာ ပြတ်ပြတ်သားသား မရှိဘူး မယ်လိုဒီ မပါဘူးတဲ့။ တစ်ရက် ဆရာကြီးပီမိုးနင်းရဲ့ လိစ်ဂစ်တာတီးနည်း ဆိုတဲ့ စာအုပ်လေးဝယ်လာဖြစ်တယ်။

လိစ်တီးနည်းမှာက နုတ်လေးပါတယ်။ ရမ်သမ်တီးပေးတဲ့ သူငယ်ချင်းက လည်း သူကရမ်သမ်ပဲတတ်တော့ ရမ်သမ်ပဲ သင်ပေးတယ်။ ဘင်ခရာသင်တန်းမှာလည်း နုတ်ကျွမ်းခဲ့တော့ အဲ့နှစ်ခုပေါင်းပြီး တီးကြည့်တဲ့အခါကျတော့ မယ်လိုဒီပေါ်လာတယ်။

အဲဒါနဲ့ ဂစ်တာသီချင်းလေးတွေ ရောင်းတဲ့ စာအုပ်လေးတွေ ယူကြည့်ပြီး တီးရင်းတီးရင်းနဲ့ မယ်လိုဒီအသံထွက်လာတယ်။ အိမ်မှာ တီးကြည့် ရင်းနဲ့ အဖေက အခုတီးတာကိုတော့ ကြိုက်တယ်တဲ့။ လိစ်အသံက အသံပီတယ် ရမ်သမ်ကျတော့ လုံးထွေး နေတာပေါ့။ အဲ့လိုနဲ့ လိစ်သမားဖြစ်အောင် ဖြည်းဖြည်းချင်း ဆက်လက်လေ့လာရင်းနဲ့ လိစ်ဂစ်တာ တီးခတ်တာကို ရင်းနှီးလာပါတယ်။


ဒီလိုချစ်မြတ်နိုးခဲ့တဲ့ ဂစ်တာကို နောက်တစ်ကြိမ် မမြင်ချင်တော့လောက်အောင် စိတ်ဓာတ်ကျခဲ့ရတဲ့ အချိန် တွေ ဂီတသမားဘဝကို ခါးသီးခဲ့တဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။

ကိုယ်က တက်သစ်စ ကြိုးစားနေတဲ့အချိန်မှာ ဒုက္ခပေးတဲ့သူတွေက များလွန်းအားကြီးတော့ ဂစ်တာကို စိတ်နာတဲ့ဘဝတောင် ရောက်တယ်။

ဒါကြောင့် စာနယ်ဇင်းပွဲတွေမှာ မိတ်ဆက်စကားပြောတယ်ဆိုတာ အစ်ကိုတို့တုန်းက အသစ်တွေကို ခါးခါးသီးသီး ဒုက္ခ ပေးဒဏ်ခံခဲ့ရလို့ နောက်မျိုးဆက်သစ်တွေ အဲ့လိုမဖြစ်အောင် ပေါင်းကူတံတားအနေနဲ့ အမှတ်တရ စိတ်ဓာတ်ပိုင်းဆိုင်ရာ စကားလေးတွေ ပြောပေးဖြစ်ပါတယ်။

NZ.jpg

 

စိတ်ဓာတ်တွေကျခဲ့ပေမယ့်လည်း အစ်ကိုမှာ မွေးကတည်းက လေ့လာချင်တဲ့စိတ်တစ်ခုပဲ ကြီးစိုးနေတာ။ နာမည်ကြီးချင်တာ စင်ပေါ်မှာ တက်တီးပြီး နာမည်လိုချင်တာမျိုး မရှိဘူး။

ဂစ်တာကို တီးရသည်ဖြစ်စေ၊ မတီးရသည်ဖြစ်စေ ဂစ်တာနဲ့ ပက်သက်တဲ့စာအုပ်တွေ လေ့လာဖြစ်တယ်။ တစ်ချိန်လုံး ကိုယ်က ဂစ်တာ ကို သင်ယူနေတာ။ ကြိုး ၆ ကြိုးထဲကနေ ထွက်လာတာက အများကြီးလေ။ လေ့လာလို့ မကုန်နိုင်ဘူး ဂစ်တာဆို ပလပ်ကင်ရှိတယ်၊ ဘင့်တွေ ရှိတယ်၊ ဂျပ်တွေ ရှိမယ် အများကြီးပေါ့။

စိတ်ဓာတ်ကျတဲ့အချိန်ဆိုလည်း စိတ်ဓာတ်ကျသမျှကို ဂစ်တာထဲမှာ ထည့်ပြီးတီးလိုက်တယ်။ ရှိုးပွဲတွေပြီး လို့ ဆိုင်တွေဘာတွေမှာ စုပြီး အောင်ပွဲသွားခံတယ့်ချိန်တွေဆို မလိုက်ဖြစ်ဘူး အောင်ပွဲခံစရာရှိရင်လည်း ဂစ်တာနဲ့ပဲ အောင်ပွဲခံတယ်။

အိမ်ပြန်ရောက်ရင် အရင်ဆုံးပါဝါဖွင့်တယ်။ computer ဆို ထုံစံအတိုင်းပဲ ဖွင့်လိုက်ရင် Run နေပြီလေ။ ဆရာ ကံချွန်ပြောတဲ့ စာအုပ်တစ်အုပ်ထဲမှာ ရှိတယ်။

အလုပ်လုပ်ရတာ စိတ်မဝင်စားဘူးဆိုတာ အလုပ်နဲ့ ပက်သက်တဲ့ ပစ္စည်းတွေကို စနစ်တကျမထားလို့တဲ့။ အလုပ်နဲ့ ပက်သက်တဲ့ ပစ္စည်းဆိုတာ တစ်ချက်ထိ လိုက်တာနဲ့ အကုန်အဆင်သင့်ဖြစ်မယ်ဆိုရင် အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ စတူဒီယိုမှာဆို လည်း ခလုတ်နှိပ်လိုက်တာနဲ့ တစ်ချက်တည်းပွင့်အောင် အကုန်လုံးကို ON ထားတယ်။ အလုပ်လုပ်တဲ့အခါ တန်းပြီးလုပ်လို့ရတာပေါ့။

လူငယ်တွေကိုပြောချင်တာက ရှုံးတာနိုင်တာ ခေါင်းထဲမထည့်နဲ့ ဂစ်တာကို တကယ်ချစ်ရင် ဂစ်တာနဲ့ပဲ ဖက်ပြီးတော့ အောင်ပွဲခံ။

ကိုယ့်ရင်ထဲက ဆုံးရှုံးမှုကိုလည်း ဂစ်တာထဲမှာပဲ ထည့်လိုက်။ ဂစ်တာက သက်မဲ့ ပါ။ ဒါပေမယ့် သက်ရှိတစ်ယောက်လို ကိုယ်ကလည်းချစ်ရင် သူကလည်း ကိုယ့်ကို ပြန်ချစ်လာမယ်လို့ ဥပမာပေးချင်ပါတယ်။

ဘဝမှာ ကိုယ့်ကိုကူညီပေးခဲ့တဲ့ ဆရာတွေလည်း အများကြီး ရှိပါတယ်။ အဓိက ကိုခင်မောင်မြင့်တို့၊ ကိုခိုင်ကျော်တို့ဆိုတာ ကိုယ့်ဘဝမှာ ထိပ်ဆုံးထားရမယ့် ပုဂ္ဂိုလ်တွေပါ။

စိတ်ဓာတ်တွေကျနေတဲ့အချိန်မှာ ကိုခင်မောင်မြင့်က ညီလေးနိုင်ဇော် မင်းငါ့ဆီလာခဲ့ သင်ပေးမယ်ဆိုပြီး စနစ်တကျ သင်ပေးတယ်။ ဂစ်တာ တီးနည်းတင်မဟုတ်ဘူး စိတ်နေစိတ်ထားကော လူတွေကို ဘယ်လိုကူညီရမလဲ နာမည်ကြီးသွားခဲ့ရင် အဲ့လိုလူမျိုး အဲ့လိုလုပ်ရပ်မျိုး မလုပ်ဖို့ သူကသေချာသင်ပေးတယ်။

pg-37-054_2.jpg

 

အရင်ကတည်းက တီးဝိုင်းတစ်ဝိုင်းဖွဲ့ချင်တယ့် စိတ်ကူးရှိတယ်။ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ပေါ့။ သူငယ်ချင်းတွေကို ပြန်သင်ပေးတယ်။

ကိုယ်က ဂစ်တာကျင့်တယ် သူတို့က မကျင့်ဘူးလျှောက်သွားနေ တယ်။ သီချင်းတိုက်ရင် လည်းအမှား။ အဲ့အခါ ကိုယ်ကစိတ်တွေဆိုး နောက်ဆုံးကျတော့ ကိုခင်မောင်မြင့်က ဘာပြောလဲဆိုတော့ မင်းအဲ့ဝိုင်းကို ဖျက်လိုက်တော့တဲ့။

ကိုယ်ကလည်း သူငယ်ချင်းတွေနဲ့ သံယောဇဉ်ရှိတဲ့ အခါကျတော့ မဖျက်ချင်ဘူးဆိုတော့ ကျွန်တော့်ကိုပြောတဲ့ ဆုံးမစကားလေး အရမ်းကောင်းပါတယ် မင်းအောင်မြင်မှုတစ်ခုပေါ်တက်မယ်ဆိုရင် အနှောင်ဖွဲ့တွေကို ဖြုတ်ချရမှာ အနှောင်ဖွဲ့တွေစွဲပြီးတက်ရင် ဘယ်လိုမှ ရောက်မှာမဟုတ်ဘူးတဲ့။ မင်းကိုယ်မင်း အပေါ့ပါးဆုံးဖြစ်အောင် လုပ်ပြီးမှတက်တဲ့။

မင်းတကယ် စေတနာရှိရင် အပေါ်ကနေ ကြိုးပြန်ချပေး ဆွဲတင်လိုက်။ ဒါပဲရှိတယ်။ သူတို့နဲ့ တူတူတက်ရင် မင်းပါပြုတ် ကျသွားလိမ့်မယ် ပြောပြီး သူလုပ်ခိုင်းတာက ဒီတီးဝိုင်းကို ဖျက်လိုက်။ တကယ်လုပ်ရမှာက professional တွေဆီမှာ သွားပြီး တပည့်ခံရမှာတဲ့။ သူတို့နဲ့တီးနိုင်မှ မင်းက အညံဆုံးဖြစ်မှ မင်းကတိုးတက်မှာတဲ့။

သူတို့ ကြားထဲမှာ အတော်ဆုံးဖြစ်နေရင် မင်းဘာမှ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ သူပြောတဲ့ အဆိုမိန့်တွေက ကိုယ့်ဘဝမှာ အကောင်းဆုံး စကားတွေပါပဲ။

ကိုယ်ဖြစ်ချင်တဲ့ဘဝဆီသွားဖို့ ပထမခြေလှမ်းက အမြဲတမ်းခက်ခဲကြမ်းတမ်းနေမှာပဲ။ ဂစ်တာသမား တစ်ယောက်ဖြစ်လာဖို့အတွက် ကန်ထရိုက်တွေမှာ တိုက်စောင့်နဲ့ မန်နေဂျာလို့ အမည်ခံထားပေမယ့် တကယ်တမ်းတော့ စတိုခန်းစောင့်တာပါ။ ဒီလိုမျိုးဝင်လုပ်ခဲ့ရတယ်။ အဲ့မှာပဲ ဂစ်တာလေ့ကျင့်ခဲ့ရတယ်။ တောင်ငူမှာရှိတဲ့ စတိတ်ရှိုးကြီးတစ်ခုမှာ ဂစ်တာသမားလိုတယ်။

တီးမလားဆိုတာနဲ့ လိုက်သွားပြီး တီးခဲ့ တယ်။ အဲ့တုန်းက လွတ်လပ်ရေးနေ့ တောင်ငူမှာ ဘောလုံးကွင်းထဲမှာ ကျင်းပတယ်။ ပြန်တော့ ဒက္ခရောက် ရော။ ပိုက်ဆံလည်းတစ်ပြားမှ မရှိဘူး အပြန်မှာ ထမင်းစားစရာတောင် မရှိဘူး။

d531970b61477c0b2740809a8bf42e37876c2341.jpg

 

ပြောချင်တာက ဘဝက အဲ့လိုစရတယ်။ ပိုက်ဆံရတဲ့အလုပ်ကတစ်ခု မရတဲ့အလုပ်ကတစ်ခု။ မရတဲ့အလုပ် အတွက် ရတဲ့အလုပ်ကိုလည်း စွန့်လွှတ်ရတယ်။

ထမင်းလည်း ငတ်ခဲ့တယ်။ ကြိုးစားမယ်ဆိုရင် ကန်ထရိုက် လောကမှာသာ တစ်သက်လုံးနေမယ်ဆိုရင် နာမည်ကြီး ကန်ထရိုက်တာတစ်ယောက်ဖြစ်သွားနိုင်တယ်။

ဒါပေမယ့် ဂစ်တာသမား ဖြစ်မလာနိုင်တော့ဘူး။ လူငယ်တွေကိုပြောချင်တာက ကိုယ်ဝါသနာပါတာအတွက် ဆင်းရဲနိုင်တယ်။ ငတ်နိုင်တယ်။

အဲဒီဒဏ်တွေ ခံနိုင်မှ အောင်မြင်မှာ။ ပိုက်ဆံရတဲ့အလုပ်ကနေ ဝါသနာပါတဲ့ အလုပ်ကိုချိန်းနိုင်တဲ့အချိန်မှာ ပညာကို လောလောဆယ်မှာရှာ။ ပိုက်ဆံရတာလုပ်။ ပိုက်ဆံရတဲ့အလုပ်နဲ့ ကိုယ့်ဘဝကို မပြီးသွားစေနဲ့။ အချိန်တိန် အောင်မြင်မှုရတဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် ပိုက်ဆံ ရတဲ့အလုပ်ကို ရဲရဲကြီး စွန့်လွှတ်ရဲမှသာ အောင်မြင်မယ်လို့ ပြောချင်ပါတယ်။

 

Source: mizzimaburmese

sayar.com.mm

Read times
Rate this articles
(0 votes)