<<< Zawgyi >>>
၀တၳဳစာအုပ္တစ္အုပ္ကုိ ဖတ္ၿပီးသြားလို႔ ဒီစာအုပ္ကေန မင္းဘာသိလိုက္လဲ ေမးရင္ အထူးအေထြ ၿပန္ေၿဖစရာရယ္ မရွိဘူး။
သုတစာေပစာရင္း၀င္ စာအုပ္ေတြမွာေတာ့ ကုိးကားစရာ အခ်က္အလက္ေတြ၊ မွတ္သားစရာ ဗဟုသုတေတြ၊ အသံုးခ်စရာ အသိပညာေတြက နင့္ေနေအာင္ ပါေနတတ္ပါတယ္။
ေခတ္ကလည္း အရမ္းကုိၿမန္ဆန္လာတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ဟာ သတင္းအခ်က္အလက္ေတြေနာက္ကုိသာ အသည္းအသန္လိုက္ရင္း ဦးေႏွာက္ခြန္အားေတြ ၿဖည္႔ေနၾကတယ္။
စိတ္ဓါတ္နဲ႔ ႏွလံုးသားကို အာဟာရၿဖည္႔ဖို႔ေတာ့ သတိမရၾကဘူး။ စာကို လက္ေတြ႔ခ်က္ခ်င္း ၿပန္အသံုးခ်ဖို႔ကလြဲရင္ သီးသန္႔အခ်ိန္ေပး မဖတ္ၿဖစ္ၾကေတာ့ဘူး။
တကယ္ေတာ့ ရသစာေပဆုိတာ သစ္ပင္စုိက္ရသလိုပါပဲ၊ ခ်က္ခ်င္းေတာ့ မထူးၿခားေပမဲ့ စြဲစြဲၿမဲၿမဲလုပ္ရင္း အခ်ိန္တစ္ခုၾကာလာတဲ့အခါ သူရဲ႔တန္ဖိုးက ထင္ရွားလာတတ္ပါတယ္…။
(၁) ဘ၀မွာ အမွားနည္းလာၿခင္း
ေတြးေခၚပညာရွင္တစ္ေယာက္က ေၿပာဖူးပါတယ္
“ “တၿခားလူေတြရဲ႔ အမွားကေန သင္ခန္းစာယူပါ။ သင့္အေနနဲ႔ အမွားေတြအားလံုးကို ကုိယ္တုိင္လုိက္လုပ္ၾကည္႔ေနဖုိ႔အတြက္ အခ်ိန္လံုလံုေလာက္ေလာက္ မရွိပါဘူး” “
တကယ္လည္း ေရွ႔လူေတြရဲ႔ အမွားေတြကုိ သင္ခန္းစာယူၿပီး ေနာက္လူေတြက ၾကိဳတင္ၿပင္ဆင္ႏုိင္ခဲ့လို႔သာ ကမာၻၾကီးမွာ ဒီလုိတုိးတက္ေၿပာင္းလဲမႈေတြ ေပၚလာခဲ့ရတာ ၿဖစ္ပါတယ္။
‘အေတြ႔အၾကံဳက အေကာင္းဆံုးေသာ ဆရာ’ဆုိတဲ့ေခတ္ ကုန္သြားပါၿပီ။ သူမ်ားအေတြ႔အၾကံဳေတြ၊ အမွားေတြကို သင္ခန္းစာအၿဖစ္ ေလ့လာၿပီး ၾကိဳတင္ၿပင္ဆင္ထားႏုိင္တဲ့သူကသာ ဆရာ ၿဖစ္တဲ့ေခတ္ ေရာက္ေနပါၿပီ။
၀တၳဳေတြဖတ္ရင္း အဲဒီထဲက ဇာတ္ေကာင္ေတြရဲ႔ အမွားေတြကို သိလာမယ္၊ အေပါင္းအသင္းမွားလို႔ ဒုကၡေရာက္ၾကရတာ၊ စိတ္အလိုလုိက္မိလို႔၊ အိမ္ေထာင္ဖက္အေရြးမွားလို႔၊ မၿပတ္သားလို႔၊ အတၱၾကီးလုိ႔ ဘ၀ရဲ႔ တန္ဖုိးရွိတဲ့ အခြင့္အလမ္းေတြ ဆံုးရံႈးလုိက္ရတာ၊ ဒါေတြကို သတိထားမိလာႏုိင္ပါတယ္။
တကယ္ေတာ့ ေအာင္ၿမင္ဖုိ႔အတြက္ ဘာလိုလဲဆုိရင္ လုပ္ရမဲ့အရာေတြ လုပ္တတ္ဖုိ႔နဲ႔ မလုပ္ရမဲ့အရာေတြကို ေရွာင္ႏုိင္ဖုိ႔ပဲ လုိပါတယ္။ ဒါေတြကို ၀တၳဳထဲက ဇာတ္ေကာင္ေတြဆီကေန နမူနာယူလုိ႔ ရပါတယ္။
(၂) စိတ္ႏွလံုး ႏူးညံ႔ေပ်ာ့ေပ်ာင္းေစၿခင္း
၀တၳဳက ရသ ကုိေပးႏုိင္ပါတယ္။ အဲဒီ ရသ က စိတ္ႏွလံုးကို ေပ်ာ္ရႊင္ေစတယ္၊ ႏူးညံ႔ေစတယ္၊ ေပ်ာ့ေပ်ာင္းေစပါတယ္။
တကယ္ေတာ့ စစ္မွန္တဲ့ေပ်ာ္ရႊင္မႈဆိုတာ သူတစ္ပါးကိုကူညီေပးလိုက္ရတဲ့အခ်ိန္မွာ ခံစားလုိက္ရတဲ့ ရင္ထဲက ခံစားမႈပဲ ၿဖစ္ပါတယ္။
အဲဒီလိုမဟုတ္ဘဲ ေပးရတာထက္ ယူရတာကိုမွ ေပ်ာ္ႏုိင္ၾကမယ္ဆုိရင္ ဘ၀မွာ ဘယ္ေလာက္ပဲၿပည္႔စံုေနပါေစ၊ စိတ္ခ်မ္းသာရမွာ မဟုတ္ပါဘူး။
တကယ္ေတာ့ ပရဟိတ ဆုိတာ သူ႔အသက္ ကိုယ့္အသက္ လဲရဲမွ၊ ဘ၀တစ္ခုလံုး ၿမွပ္ႏွံၿပီး လုုပ္ေနေတာ့မွ ပရဟိတေခၚတာ မဟုတ္ပါဘူး။ ကုိယ္လုပ္ေနတဲ့ ကုိယ့္ရဲ႔အသက္ေမြး၀မ္းေက်ာင္းအလုပ္မွာကိုပဲ ေစတနာေရွ႔ထားၿပီး အလုပ္လုပ္ၾကမယ္ဆုိရင္ အဲဒါဟာ ပရဟိတပါပဲ။
လူတစ္ေယာက္ရဲ႔တန္ဖိုးကို သူ’ဘာ’လုပ္သလဲဆုိတာထက္ သူ႔အလုပ္ကိုသူ ‘ဘယ္လုိ’လုပ္ေနသလဲဆုိတာကပဲ အဓိကဆံုးၿဖတ္ေပးတာ ၿဖစ္ပါတယ္။
(၃) ကိုယ္ခ်င္းစာတတ္လာၿခင္း
စာဖတ္သူဆုိတာ ၀တၳဳထဲ ေဖာ္ၿပထားတဲ့ ဇာတ္လမ္းၾကီးတစ္ခုလံုးကို ေဘးကရပ္ၾကည္႔ေနတဲ့သူ ၿဖစ္ပါတယ္။ ဒီေတာ့ ဒီဘက္က ဇာတ္ေကာင္ရဲ႔အၿဖစ္သနစ္ေတြတင္မကဘူး၊
ဟုိဘက္က ဇာတ္ေကာင္ရဲ႔ အေၾကာင္းေတြပါ သိေနရတယ္။ ဒီအခါ အဲယားကြန္းခန္းထဲမွာ ထုိင္ေနတဲ့ သူေဌးမွာလည္း သူ႔အတုိင္းအတာနဲ႔သူ စိတ္ဖိစီးစရာေတြ၊ စိန္ေခၚမႈေတြ ရွိေနတတ္သလို၊ ေန႔စားအလုပ္သမားေတြရဲ႔ဘ၀မွာလည္း ဘယ္လုိခါးသီးမႈေတြရွိေနတယ္ဆုိတာ သေဘာေပါက္လုိက္ရတယ္။ တစ္သက္လံုးက သေဘာေကာင္းလာတဲ့သူ စိတ္ရႈပ္ေနတဲ့အခုိက္အတန္႔ေလး ရင့္ရင့္သီးသီး တံု႔ၿပန္မိလိုက္တာမ်ိဳးေတြလည္း သတိထားမိလိုက္တယ္။
ဘ၀မွာေတာ့ ကုိယ္ကိုယ္တုိင္က ဇာတ္ေကာင္တစ္ေယာက္အၿဖစ္ ပါ၀င္ကၿပေနရတယ္။
ဒီအခါမွာ ဟုိဘက္ဇာတ္ေကာင္ေတြရဲ႔ ဘ၀ကို မၿမင္ႏုိင္ၾကဘူး။ ေနရာတုိင္းမွာ ကုိယ္သာအမွန္လို႔ ထင္တယ္။ ကုိယ့္ကုိယ္ကုိသာ ဗဟုိၿပဳစဥ္းစားတတ္ၾကတယ္။ အဲဒါဟာ လူမႈဆက္ဆံေရးမွာ တကယ့္ကို အတားအဆီးၿဖစ္လာေတာ့တယ္။
ရသစာေပေတြကိုဖတ္ရင္းနဲ႔ ဘ၀ေတြမတူရင္ စဥ္းစားပံုေတြမတူဘူးဆုိတာ သိလာတယ္၊ ကိုယ့္ကို ရင့္ရင့္သီးသီး တံု႔ၿပန္သြားတဲ့သူေတြအေပၚမွာလည္း ၿဖည္႔ေတြးၿပီး ခြင့္လႊတ္ေပးတတ္လာတယ္။
ဒါေၾကာင့္လည္း ဟင္နရီဖုိ႔ဒ္က ေၿပာခဲ့တာပါ။
“ “ဘ၀မွာေအာင္ၿမင္ဖုိ႔ နည္းေကာင္းတစ္ခုရွိတယ္ဆုိရင္ အဲဒီနည္းက အၿခားသူရဲ႔ အယူအဆကို ထည္႔စဥ္းစား၊ သူ႔ဘက္ကိုယ့္ဘက္ ႏွစ္ဘက္စလံုး ၾကည္႔ၿပီးမွ ဆံုးၿဖတ္ႏုိင္ေသာ အရည္အခ်င္းပဲ ၿဖစ္တယ္” “
အဲဒီအရည္အခ်င္းကို ရသစာေပေတြကေန ရႏုိင္ပါတယ္။
(၄) ဘ၀ကိုရင္ဆုိင္ဖို႔ သတၱိခြန္အားမ်ား ရလာၿခင္း
ဘ၀မွာ ေအာင္ၿမင္ေနတဲ့သူေတြဟာ မရံႈးနိမ့္ဖူးတဲ့သူေတြ မဟုတ္ပါဘူး။ အရံႈးမေပးဖူးတဲ့သူေတြပဲ ၿဖစ္ပါတယ္။
‘ပါပီလြန္နဲ႔ဗင္ကုိ’ လို၊ ‘ဓါးေတာင္ကုိေက်ာ္၍ မီးပင္လယ္ကုိၿဖတ္မည္’ လုိ စာအုပ္မ်ိဳးေတြက အၾကိမ္ၾကိမ္လဲက်သြားလည္း အၾကိမ္ၾကိမ္ကုန္းရုန္းထၿပီး အသစ္က ၿပန္စဖုိ႔အတြက္ သတၱိကုိ ေပးပါတယ္။
ကုိယ့္ရဲ႔ဘာမဟုတ္တဲ့ အခက္အခဲေလးကို ညည္းညဴမိေတာ့မဲ့အခ်ိန္တုိင္း သူတုိ႔ေတြကို အားနာတတ္လာတယ္၊ သူတို႔ေတာင္ၿဖစ္ေသးရင္ ငါလည္း ၿဖစ္ရမယ္ဆုိတဲ့ စိတ္ေတြ ရလာတယ္။
‘ၾကယ္စင္မ်ားက ၾကည္႔ေနသည္’လို၊ စာနယ္ဇင္းသမားမ်ားရဲ႔ အသည္းစြဲ ‘ကြိ’လို၊ ဆရာ၀န္ေတြ ႏွစ္ၿခိဳက္ၾကတဲ့’ ရဲတုိက္’ လို၀တၳဳမ်ိဳးေတြက မတရားမႈေတြကုိ တြန္းလွန္ရဲတဲ့ သတၱိေတြ၊ ၿငင္းဆန္ရဲတဲ့ သတၱိေတြ၊ ကုိယ္သာမွန္ေနရင္ တစ္ေယာက္တည္းအထီးက်န္ ၿဖစ္ေနရလည္း၊ ဘယ္သူကမွ အသိအမွတ္မၿပဳလည္း ေခါင္းမာရဲတဲ့ သတၱိေတြ ရလာပါတယ္။
(၅) ဇာတ္ေကာင္ရဲ႔ အက်င့္စရုိက္မ်ား ကူးစက္လာၿခင္း
လူငယ္ေတြမွာ စံၿပပုဂိၢဳလ္ (Role model) ရွိဖုိ႔ လိုပါတယ္။ ရွိဖုိ႔လိုသလို ရွိတဲ့ စံၿပပုဂၢိဳလ္ကလည္း ဟစ္တလာလို လူစားၿဖစ္ေနလို႔ေတာ့ မရပါဘူး။
နာမည္ၾကီး စာေရးဆရာဆရာ၀န္တစ္ေယာက္ၿဖစ္တဲ့ ကၽြန္ေတာ္တို႔ရဲ႔ ဆရာတစ္ေယာက္ဟာ ငယ္ငယ္က ဆရာၾကီးတကၠသိုလ္ဘုန္းႏုိင္ရဲ႔ ၀တၳဳေတြကို မက္မက္စက္စက္ ဖတ္ခဲ့ဖူးတယ္။
ဆရာၾကီးရဲ႔ ဇာတ္ေဆာင္ေတြက ဆရာ၀န္၊ စာေရးဆရာ၊ ဒါမွမဟုတ္ ေက်ာင္းဆရာ တစ္ခုမဟုတ္တစ္ခု ၿဖစ္ေနတတ္ေတာ့ ဒါကို အစြဲၾကီးစြဲေနခဲ့တဲ့ ဆရာဟာ ငယ္ငယ္ေလးကတည္းက ဒီလုိဘ၀မ်ိဳးေတြကို အားက်တဲ့စိတ္၊ ၿဖစ္ခ်င္စိတ္ေတြ ကူးစက္လာခဲ့ၿပီး နမူနာထား ၾကိဳးစားလိုက္တာ အခုလက္ေတြ႔ဘ၀မွာလည္း သူအိပ္မက္မက္ခဲ့တဲ့ ဘ၀(၃)မ်ိဳးလံုး တကယ္ၿဖစ္လာခဲ့ပါတယ္။
(၆) ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္လာၿခင္း
အေမရိကန္သမၼတေဟာင္း သီအုိဒို ရုစဗဲ့ဟာ သူ႔ဆီကို ဘယ္သူပဲေရာက္လာလာ၊ ႏြားေက်ာင္းသားမွအစ ႏုိင္ငံေရးသမားအဆံုး ဘယ္သူနဲ႔မဆုိ စကားေၿပာႏုိင္တယ္၊ ဘယ္သူ႔ကုိ ဘယ္စကားေၿပာရမလဲ သိတယ္လို႔ ဆုိၾကပါတယ္။
အေၾကာင္းကေတာ့ စာဖတ္ၿခင္းေၾကာင့္ပါပဲ။ စာဖတ္မ်ားတဲ့သူဟာ ဘ၀ေတြအေၾကာင္း သိတယ္၊ ဗဟုသုတ က်ယ္ၿပန္႔တယ္။ အၾကားအၿမင္မ်ားတယ္။
ဟုိဘက္ဒီဘက္လည္း ထည္႔စဥ္းစားေပးႏုိင္တယ္။ သည္းခံေပးႏုိင္တယ္။ ဒါေၾကာင့္လည္း မိတ္ေဆြနဲ႔ ခ်စ္သူခင္သူေတြ ေပါမ်ားတတ္ၾကပါတယ္။
ေပါင္းသင္းဆက္ဆံေရး ေကာင္းတဲ့သူဟာ သူ႔ဘ၀တုိးတက္ဖုိ႔အတြက္ ေလွကားတစ္စင္း အပိုင္ရထားလိုက္သလိုပါပဲ။ Stanford Research Institute ကေန ေဖာ္ၿပဖူးပါတယ္။
“ “ဘယ္အလုပ္မွာမဆုိ ရသမွ်ေငြေၾကးအားလံုးရ႔ဲ ၁၂.၅%ဟာ လုပ္ငန္းပုိင္းဆုိင္ရာ ပညာေၾကာင့္ၿဖစ္ၿပီးေတာ့ က်န္တဲ့ ၈၇.၅ ရာခုိင္ႏႈန္းကေတာ့ လူေတြနဲ႔ ညွိႏိႈင္းေဆာင္ရြက္တတ္တဲ့ အရည္အခ်င္းေၾကာင့္ ၿဖစ္ပါတယ္” “
(၇) စီမံခန္႔ခြဲမႈနဲ႔ ေခါင္းေဆာင္မႈစြမ္းရည္မ်ား တုိးတက္လာၿခင္း
ႏုိဘယ္ၿမန္မာ စာေပေဆြးေႏြးပြဲမွာတုန္းက ေလးစားရတဲ့ ဆရာတစ္ေယာက္က ေၿပာခဲ့ဖူးပါတယ္။ “ “ဘ၀မပါတဲ့ အႏုပညာဟာ ဆားမပါတဲ့ဟင္းလုိ ‘ေပါ့’ေနတတ္တယ္၊ အဲဒီလိုပဲ၊ အႏုပညာမပါတဲ့ ဘ၀ဟာလည္း ရာထူးအထက္ပုိင္းေရာက္လာတဲ့အခါမွာ သိပ္သိသာတတ္ပါတယ္” “တဲ့။
စီမံခန္႔ခြဲတယ္ဆုိတာ သိပၸံပညာလို႔လည္း ေၿပာလုိ႔ရသလို၊ သိပ္လည္း အႏုပညာဆန္ပါတယ္။ စာအုပ္ထဲက သီအုိရီေတြအတုိင္းပဲ လုပ္ေနလုိ႔ မရပါဘူး။
လူေတြကို နားလည္ေပးႏုိင္ရတယ္၊ ဘ၀ေတြကို ၀င္ခံစားေပးႏုိင္ရတယ္၊ သည္းခံသင့္တဲ့အခါ သည္းခံၿပီး ၿပတ္သားသင့္တဲ့အခါ ၿပတ္သားရတယ္။ သတၱိလည္း ရွိရသလို၊ ေပ်ာ့ေပ်ာင္းမႈလည္း ရွိဖုိ႔လိုတယ္။
Knowledge ဆိုတာ ဘာလုပ္ရမယ္ဆုိတာကုိ သိၿခင္း (Knowing what to do) ပါ။ Skill ဆိုတာကေတာ့ ဘယ္လုိလုပ္ရမလဲဆုိတာကို သိၿခင္း (Knowing how to do) ၿဖစ္ပါတယ္။
ရာထူးနိမ့္နိမ့္မွာ ဘယ္လုိလုပ္ရမလဲ သိရံုနဲ႔ရပါတယ္။ ရာထူးၾကီးၾကီးလိုခ်င္တယ္၊ ေခါင္းေဆာင္ပုိင္းေနရာအထိ တက္လွမ္းခ်င္တယ္ဆုိရင္ေတာ့ ဘာလုပ္ရမလဲဆုိတာကိုပါ သိဖုိ႔လိုလာပါတယ္။
အဲဒီ ကုိယ္သိေနတဲ့ ဘာလုပ္ရမလဲ ဆိုတာကို ေနာက္လိုက္ေတြကပါ ပူးေပါင္းေဆာင္ရြက္လာေအာင္ စည္းရံုးေၿပာဆုိႏုိင္ဖုိ႔လည္း လိုပါတယ္။ ေနာက္လိုက္ေတြပါမလာဘဲ ေခါင္းေဆာင္လုပ္ခ်င္လုိ႔မရပါဘူး။
ဒါေၾကာင့္ ေခါင္းေဆာင္လုပ္တဲ့သူဟာ ဦးေႏွာက္တင္မကဘဲ ႏွလံုးသားပါ အားေကာင္းဖုိ႔လုိပါတယ္။
(၈) စာဖတ္ၿခင္းမွာ ေမြ႔ေလ်ာ္လာၿခင္း
၀တၳဳေတြဟာ သုတစာေပေလာက္ ဖတ္ရတာ မေလးဘူး၊ စိတ္ကုိလည္း အပန္းေၿပေစတယ္။ အဲဒီလိုနဲ႔ ဖတ္ပါမ်ားလာတဲ့အခါ စာဖတ္တဲ့အလုပ္မွာ ေပ်ာ္လာတယ္။ အက်င့္ၿဖစ္လာတယ္။
တုိင္းၿပည္တစ္ၿပည္ တုိးတက္ဖုိ႔ အလုပ္သင့္ဆံုး ရင္းႏွီးၿမွပ္ႏွံမႈဟာ ပညာေရးဆုိရင္ လူတစ္ေယာက္အေနနဲ႔လည္း ကုိယ့္ကုိကုိယ္တုိးတက္ဖုိ႔ မတြန္႔မတုိ ရင္းႏွီးၿမွပ္ႏွံသင့္တဲ့ေနရာဟာ ‘ဦးေႏွာက္’ပဲ ၿဖစ္ပါတယ္။
စာဖတ္သူတုိင္း မေအာင္ၿမင္ႏုိင္ၾကေပမဲ့ ေအာင္ၿမင္သူတုိင္းကေတာ့ စာဖတ္ေလ့ ရွိၾကပါတယ္။ ေအာင္ၿမင္သူေတြရဲ႔ ဘ၀တုိးတက္ရာ လမ္းေၾကာင္းကို ၿပန္လိုက္ၾကည္႔လုိက္ရင္လည္း သူတို႔ဘ၀ကို ေၿပာင္းလဲေစခဲ့တဲ့ အရာေတြထဲမွာ ရသစာေပေတြက ေနရာယူေနေလ့ရွိတာကို ေတြ႔ရမွာပါ။
ေဒါက္တာျဖိဳးသီဟ
<<< Unicode >>>
၀တ္ထုစာအုပ်တစ်အုပ်ကို ဖတ်ပြီးသွားလို့ ဒီစာအုပ်ကနေ မင်းဘာသိလိုက်လဲ မေးရင် အထူးအထွေ ပြန်ဖြေစရာရယ် မရှိဘူး။
သုတစာပေစာရင်းဝင် စာအုပ်တွေမှာတော့ ကိုးကားစရာ အချက်အလက်တွေ၊ မှတ်သားစရာ ဗဟုသုတတွေ၊ အသုံးချစရာ အသိပညာတွေက နင့်နေအောင် ပါနေတတ်ပါတယ်။
ခေတ်ကလည်း အရမ်းကိုမြန်ဆန်လာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ သတင်းအချက်အလက်တွေနောက်ကိုသာ အသည်းအသန်လိုက်ရင်း ဦးနှောက်ခွန်အားတွေ ဖြည့်နေကြတယ်။
စိတ်ဓါတ်နဲ့ နှလုံးသားကို အာဟာရဖြည့်ဖို့တော့ သတိမရကြဘူး။ စာကို လက်တွေ့ချက်ချင်း ပြန်အသုံးချဖို့ကလွဲရင် သီးသန့်အချိန်ပေး မဖတ်ဖြစ်ကြတော့ဘူး။
တကယ်တော့ ရသစာပေဆိုတာ သစ်ပင်စိုက်ရသလိုပါပဲ၊ ချက်ချင်းတော့ မထူးခြားပေမဲ့ စွဲစွဲမြဲမြဲလုပ်ရင်း အချိန်တစ်ခုကြာလာတဲ့အခါ သူရဲ့တန်ဖိုးက ထင်ရှားလာတတ်ပါတယ်…။
(၁) ဘဝမှာ အမှားနည်းလာခြင်း
တွေးခေါ်ပညာရှင်တစ်ယောက်က ပြောဖူးပါတယ်
“ “တခြားလူတွေရဲ့ အမှားကနေ သင်ခန်းစာယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံးကို ကိုယ်တိုင်လိုက်လုပ်ကြည့်နေဖို့အတွက် အချိန်လုံလုံလောက်လောက် မရှိပါဘူး” “
တကယ်လည်း ရှေ့လူတွေရဲ့ အမှားတွေကို သင်ခန်းစာယူပြီး နောက်လူတွေက ကြိုတင်ပြင်ဆင်နိုင်ခဲ့လို့သာ ကမ္ဘာကြီးမှာ ဒီလိုတိုးတက်ပြောင်းလဲမှုတွေ ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။
‘အတွေ့အကြုံက အကောင်းဆုံးသော ဆရာ’ဆိုတဲ့ခေတ် ကုန်သွားပါပြီ။ သူများအတွေ့အကြုံတွေ၊ အမှားတွေကို သင်ခန်းစာအဖြစ် လေ့လာပြီး ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူကသာ ဆရာ ဖြစ်တဲ့ခေတ် ရောက်နေပါပြီ။
ဝတ္ထုတွေဖတ်ရင်း အဲဒီထဲက ဇာတ်ကောင်တွေရဲ့ အမှားတွေကို သိလာမယ်၊ အပေါင်းအသင်းမှားလို့ ဒုက္ခရောက်ကြရတာ၊ စိတ်အလိုလိုက်မိလို့၊ အိမ်ထောင်ဖက်အရွေးမှားလို့၊ မပြတ်သားလို့၊ အတ္တကြီးလို့ ဘဝရဲ့ တန်ဖိုးရှိတဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးလိုက်ရတာ၊ ဒါတွေကို သတိထားမိလာနိုင်ပါတယ်။
တကယ်တော့ အောင်မြင်ဖို့အတွက် ဘာလိုလဲဆိုရင် လုပ်ရမဲ့အရာတွေ လုပ်တတ်ဖို့နဲ့ မလုပ်ရမဲ့အရာတွေကို ရှောင်နိုင်ဖို့ပဲ လိုပါတယ်။ ဒါတွေကို ဝတ္ထုထဲက ဇာတ်ကောင်တွေဆီကနေ နမူနာယူလို့ ရပါတယ်။
(၂) စိတ်နှလုံး နူးညံ့ပျော့ပျောင်းစေခြင်း
ဝတ္ထုက ရသ ကိုပေးနိုင်ပါတယ်။ အဲဒီ ရသ က စိတ်နှလုံးကို ပျော်ရွှင်စေတယ်၊ နူးညံ့စေတယ်၊ ပျော့ပျောင်းစေပါတယ်။
တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ သူတစ်ပါးကိုကူညီပေးလိုက်ရတဲ့အချိန်မှာ ခံစားလိုက်ရတဲ့ ရင်ထဲက ခံစားမှုပဲ ဖြစ်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ ပေးရတာထက် ယူရတာကိုမှ ပျော်နိုင်ကြမယ်ဆိုရင် ဘဝမှာ ဘယ်လောက်ပဲပြည့်စုံနေပါစေ၊ စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။
တကယ်တော့ ပရဟိတ ဆိုတာ သူ့အသက် ကိုယ့်အသက် လဲရဲမှ၊ ဘဝတစ်ခုလုံး မြှပ်နှံပြီး လုပ်နေတော့မှ ပရဟိတခေါ်တာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်မှာကိုပဲ စေတနာရှေ့ထားပြီး အလုပ်လုပ်ကြမယ်ဆိုရင် အဲဒါဟာ ပရဟိတပါပဲ။
လူတစ်ယောက်ရဲ့တန်ဖိုးကို သူ’ဘာ’လုပ်သလဲဆိုတာထက် သူ့အလုပ်ကိုသူ ‘ဘယ်လို’လုပ်နေသလဲဆိုတာကပဲ အဓိကဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။
(၃) ကိုယ်ချင်းစာတတ်လာခြင်း
စာဖတ်သူဆိုတာ ဝတ္ထုထဲ ဖော်ပြထားတဲ့ ဇာတ်လမ်းကြီးတစ်ခုလုံးကို ဘေးကရပ်ကြည့်နေတဲ့သူ ဖြစ်ပါတယ်။ ဒီတော့ ဒီဘက်က ဇာတ်ကောင်ရဲ့အဖြစ်သနစ်တွေတင်မကဘူး၊
ဟိုဘက်က ဇာတ်ကောင်ရဲ့ အကြောင်းတွေပါ သိနေရတယ်။ ဒီအခါ အဲယားကွန်းခန်းထဲမှာ ထိုင်နေတဲ့ သူဌေးမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေ ရှိနေတတ်သလို၊ နေ့စားအလုပ်သမားတွေရဲ့ဘဝမှာလည်း ဘယ်လိုခါးသီးမှုတွေရှိနေတယ်ဆိုတာ သဘောပေါက်လိုက်ရတယ်။ တစ်သက်လုံးက သဘောကောင်းလာတဲ့သူ စိတ်ရှုပ်နေတဲ့အခိုက်အတန့်လေး ရင့်ရင့်သီးသီး တုံ့ပြန်မိလိုက်တာမျိုးတွေလည်း သတိထားမိလိုက်တယ်။
ဘဝမှာတော့ ကိုယ်ကိုယ်တိုင်က ဇာတ်ကောင်တစ်ယောက်အဖြစ် ပါဝင်ကပြနေရတယ်။
ဒီအခါမှာ ဟိုဘက်ဇာတ်ကောင်တွေရဲ့ ဘဝကို မမြင်နိုင်ကြဘူး။ နေရာတိုင်းမှာ ကိုယ်သာအမှန်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုစဉ်းစားတတ်ကြတယ်။ အဲဒါဟာ လူမှုဆက်ဆံရေးမှာ တကယ့်ကို အတားအဆီးဖြစ်လာတော့တယ်။
ရသစာပေတွေကိုဖတ်ရင်းနဲ့ ဘဝတွေမတူရင် စဉ်းစားပုံတွေမတူဘူးဆိုတာ သိလာတယ်၊ ကိုယ့်ကို ရင့်ရင့်သီးသီး တုံ့ပြန်သွားတဲ့သူတွေအပေါ်မှာလည်း ဖြည့်တွေးပြီး ခွင့်လွှတ်ပေးတတ်လာတယ်။
ဒါကြောင့်လည်း ဟင်နရီဖို့ဒ်က ပြောခဲ့တာပါ။
“ “ဘဝမှာအောင်မြင်ဖို့ နည်းကောင်းတစ်ခုရှိတယ်ဆိုရင် အဲဒီနည်းက အခြားသူရဲ့ အယူအဆကို ထည့်စဉ်းစား၊ သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်စလုံး ကြည့်ပြီးမှ ဆုံးဖြတ်နိုင်သော အရည်အချင်းပဲ ဖြစ်တယ်” “
အဲဒီအရည်အချင်းကို ရသစာပေတွေကနေ ရနိုင်ပါတယ်။
(၄) ဘဝကိုရင်ဆိုင်ဖို့ သတ္တိခွန်အားများ ရလာခြင်း
ဘဝမှာ အောင်မြင်နေတဲ့သူတွေဟာ မရှုံးနိမ့်ဖူးတဲ့သူတွေ မဟုတ်ပါဘူး။ အရှုံးမပေးဖူးတဲ့သူတွေပဲ ဖြစ်ပါတယ်။
‘ပါပီလွန်နဲ့ဗင်ကို’ လို၊ ‘ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်’ လို စာအုပ်မျိုးတွေက အကြိမ်ကြိမ်လဲကျသွားလည်း အကြိမ်ကြိမ်ကုန်းရုန်းထပြီး အသစ်က ပြန်စဖို့အတွက် သတ္တိကို ပေးပါတယ်။
ကိုယ့်ရဲ့ဘာမဟုတ်တဲ့ အခက်အခဲလေးကို ညည်းညူမိတော့မဲ့အချိန်တိုင်း သူတို့တွေကို အားနာတတ်လာတယ်၊ သူတို့တောင်ဖြစ်သေးရင် ငါလည်း ဖြစ်ရမယ်ဆိုတဲ့ စိတ်တွေ ရလာတယ်။
‘ကြယ်စင်များက ကြည့်နေသည်’လို၊ စာနယ်ဇင်းသမားများရဲ့ အသည်းစွဲ ‘ကွိ’လို၊ ဆရာဝန်တွေ နှစ်ခြိုက်ကြတဲ့’ ရဲတိုက်’ လိုဝတ္ထုမျိုးတွေက မတရားမှုတွေကို တွန်းလှန်ရဲတဲ့ သတ္တိတွေ၊ ငြင်းဆန်ရဲတဲ့ သတ္တိတွေ၊ ကိုယ်သာမှန်နေရင် တစ်ယောက်တည်းအထီးကျန် ဖြစ်နေရလည်း၊ ဘယ်သူကမှ အသိအမှတ်မပြုလည်း ခေါင်းမာရဲတဲ့ သတ္တိတွေ ရလာပါတယ်။
(၅) ဇာတ်ကောင်ရဲ့ အကျင့်စရိုက်များ ကူးစက်လာခြင်း
လူငယ်တွေမှာ စံပြပုဂ္ဂိုလ် (Role model) ရှိဖို့ လိုပါတယ်။ ရှိဖို့လိုသလို ရှိတဲ့ စံပြပုဂ္ဂိုလ်ကလည်း ဟစ်တလာလို လူစားဖြစ်နေလို့တော့ မရပါဘူး။
နာမည်ကြီး စာရေးဆရာဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဆရာတစ်ယောက်ဟာ ငယ်ငယ်က ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုတွေကို မက်မက်စက်စက် ဖတ်ခဲ့ဖူးတယ်။
ဆရာကြီးရဲ့ ဇာတ်ဆောင်တွေက ဆရာဝန်၊ စာရေးဆရာ၊ ဒါမှမဟုတ် ကျောင်းဆရာ တစ်ခုမဟုတ်တစ်ခု ဖြစ်နေတတ်တော့ ဒါကို အစွဲကြီးစွဲနေခဲ့တဲ့ ဆရာဟာ ငယ်ငယ်လေးကတည်းက ဒီလိုဘဝမျိုးတွေကို အားကျတဲ့စိတ်၊ ဖြစ်ချင်စိတ်တွေ ကူးစက်လာခဲ့ပြီး နမူနာထား ကြိုးစားလိုက်တာ အခုလက်တွေ့ဘဝမှာလည်း သူအိပ်မက်မက်ခဲ့တဲ့ ဘဝ(၃)မျိုးလုံး တကယ်ဖြစ်လာခဲ့ပါတယ်။
(၆) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာခြင်း
အမေရိကန်သမ္မတဟောင်း သီအိုဒို ရုစဗဲ့ဟာ သူ့ဆီကို ဘယ်သူပဲရောက်လာလာ၊ နွားကျောင်းသားမှအစ နိုင်ငံရေးသမားအဆုံး ဘယ်သူနဲ့မဆို စကားပြောနိုင်တယ်၊ ဘယ်သူ့ကို ဘယ်စကားပြောရမလဲ သိတယ်လို့ ဆိုကြပါတယ်။
အကြောင်းကတော့ စာဖတ်ခြင်းကြောင့်ပါပဲ။ စာဖတ်များတဲ့သူဟာ ဘဝတွေအကြောင်း သိတယ်၊ ဗဟုသုတ ကျယ်ပြန့်တယ်။ အကြားအမြင်များတယ်။
ဟိုဘက်ဒီဘက်လည်း ထည့်စဉ်းစားပေးနိုင်တယ်။ သည်းခံပေးနိုင်တယ်။ ဒါကြောင့်လည်း မိတ်ဆွေနဲ့ ချစ်သူခင်သူတွေ ပေါများတတ်ကြပါတယ်။
ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူဟာ သူ့ဘဝတိုးတက်ဖို့အတွက် လှေကားတစ်စင်း အပိုင်ရထားလိုက်သလိုပါပဲ။ Stanford Research Institute ကနေ ဖော်ပြဖူးပါတယ်။
“ “ဘယ်အလုပ်မှာမဆို ရသမျှငွေကြေးအားလုံးရဲ့ ၁၂.၅%ဟာ လုပ်ငန်းပိုင်းဆိုင်ရာ ပညာကြောင့်ဖြစ်ပြီးတော့ ကျန်တဲ့ ၈၇.၅ ရာခိုင်နှုန်းကတော့ လူတွေနဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းကြောင့် ဖြစ်ပါတယ်” “
(၇) စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်များ တိုးတက်လာခြင်း
နိုဘယ်မြန်မာ စာပေဆွေးနွေးပွဲမှာတုန်းက လေးစားရတဲ့ ဆရာတစ်ယောက်က ပြောခဲ့ဖူးပါတယ်။ “ “ဘဝမပါတဲ့ အနုပညာဟာ ဆားမပါတဲ့ဟင်းလို ‘ပေါ့’နေတတ်တယ်၊ အဲဒီလိုပဲ၊ အနုပညာမပါတဲ့ ဘဝဟာလည်း ရာထူးအထက်ပိုင်းရောက်လာတဲ့အခါမှာ သိပ်သိသာတတ်ပါတယ်” “တဲ့။
စီမံခန့်ခွဲတယ်ဆိုတာ သိပ္ပံပညာလို့လည်း ပြောလို့ရသလို၊ သိပ်လည်း အနုပညာဆန်ပါတယ်။ စာအုပ်ထဲက သီအိုရီတွေအတိုင်းပဲ လုပ်နေလို့ မရပါဘူး။
လူတွေကို နားလည်ပေးနိုင်ရတယ်၊ ဘဝတွေကို ဝင်ခံစားပေးနိုင်ရတယ်၊ သည်းခံသင့်တဲ့အခါ သည်းခံပြီး ပြတ်သားသင့်တဲ့အခါ ပြတ်သားရတယ်။ သတ္တိလည်း ရှိရသလို၊ ပျော့ပျောင်းမှုလည်း ရှိဖို့လိုတယ်။
Knowledge ဆိုတာ ဘာလုပ်ရမယ်ဆိုတာကို သိခြင်း (Knowing what to do) ပါ။ Skill ဆိုတာကတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို သိခြင်း (Knowing how to do) ဖြစ်ပါတယ်။
ရာထူးနိမ့်နိမ့်မှာ ဘယ်လိုလုပ်ရမလဲ သိရုံနဲ့ရပါတယ်။ ရာထူးကြီးကြီးလိုချင်တယ်၊ ခေါင်းဆောင်ပိုင်းနေရာအထိ တက်လှမ်းချင်တယ်ဆိုရင်တော့ ဘာလုပ်ရမလဲဆိုတာကိုပါ သိဖို့လိုလာပါတယ်။
အဲဒီ ကိုယ်သိနေတဲ့ ဘာလုပ်ရမလဲ ဆိုတာကို နောက်လိုက်တွေကပါ ပူးပေါင်းဆောင်ရွက်လာအောင် စည်းရုံးပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ နောက်လိုက်တွေပါမလာဘဲ ခေါင်းဆောင်လုပ်ချင်လို့မရပါဘူး။
ဒါကြောင့် ခေါင်းဆောင်လုပ်တဲ့သူဟာ ဦးနှောက်တင်မကဘဲ နှလုံးသားပါ အားကောင်းဖို့လိုပါတယ်။
(၈) စာဖတ်ခြင်းမှာ မွေ့လျော်လာခြင်း
ဝတ္ထုတွေဟာ သုတစာပေလောက် ဖတ်ရတာ မလေးဘူး၊ စိတ်ကိုလည်း အပန်းပြေစေတယ်။ အဲဒီလိုနဲ့ ဖတ်ပါများလာတဲ့အခါ စာဖတ်တဲ့အလုပ်မှာ ပျော်လာတယ်။ အကျင့်ဖြစ်လာတယ်။
တိုင်းပြည်တစ်ပြည် တိုးတက်ဖို့ အလုပ်သင့်ဆုံး ရင်းနှီးမြှပ်နှံမှုဟာ ပညာရေးဆိုရင် လူတစ်ယောက်အနေနဲ့လည်း ကိုယ့်ကိုကိုယ်တိုးတက်ဖို့ မတွန့်မတို ရင်းနှီးမြှပ်နှံသင့်တဲ့နေရာဟာ ‘ဦးနှောက်’ပဲ ဖြစ်ပါတယ်။
စာဖတ်သူတိုင်း မအောင်မြင်နိုင်ကြပေမဲ့ အောင်မြင်သူတိုင်းကတော့ စာဖတ်လေ့ ရှိကြပါတယ်။ အောင်မြင်သူတွေရဲ့ ဘဝတိုးတက်ရာ လမ်းကြောင်းကို ပြန်လိုက်ကြည့်လိုက်ရင်လည်း သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ အရာတွေထဲမှာ ရသစာပေတွေက နေရာယူနေလေ့ရှိတာကို တွေ့ရမှာပါ။