×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Wednesday, 25 September 2019

HR တစ်ယောက်မှာ ရှိရမယ့်အရည်အချင်းကဘာတွေလဲ?

HR တစ်ယောက်မှာ ရှိရမယ့်အရည်အချင်းကဘာတွေလဲ? freepick

<<< Unicode Version >>>

HR လုပ်မယ့်သူတော်တော်များများနဲ့ ခေတ်သစ်စီမံခန့်ခွဲသူတော်တော်များများသိချင်နေကြတဲ့ အဖြေလေးဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

အမေရိကန်အလုပ်သမားဦးစီးဌာနအနေနဲ့ အမေရိကန်မှာရှိတဲ့လုပ်ငန်းတွေကို သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။ အဲသုတေသနရဲ့ရလဒ်အနေနဲ့ HR တွေမှာရှိဖို့လိုအပ်တဲ့ အရည်အချင်းတွေကိုသတ်မှတ်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ HR တစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ဗဟုသုတ Knowledge တွေကတော့

1. Personal and human resources
ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုရဲ့အဓိကအခြေခံမူဘောင်တွေဖြစ်တဲ့ ဝန်ထမ်းရှာတာ၊ ရွေးတာ၊ သင်တန်းပေးတာ၊ လစာနဲ့ခံစားခွင့်တွေတွက်ချက်စီမံပေးတာ၊ အလုပ်သမားရေးရာ ညှိနှိုင်းဖြန်ဖြေမှုတွေလုပ်ပေးတာ၊ ဝန်ထမ်းရေးရာအချက်အလက်တွေကို စီမံပေးတာတွေနဲ့ပတ်သက်ပြီး ဗဟုသုတရှိနေဖို့လိုအပ်ပါတယ်။


2. Clerical
HR တစ်ယောက်အနေနဲ့ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ ရုံးစာရေးနည်း၊ ဖိုင်တွဲနည်း၊ ေဖောင်ပုံစံတွေဖန်တီးနည်းတွေကိုနားလည်နေဖို့လိုအပ်ပါတယ်။

(ကျွန်တော်တို့ မြန်မာပြည်အနေနဲ့တော့ အစိုးရအရာရှိဘက်ကနေထွက်လာတဲ့ HR, Admin တွေကလွဲရင် တကယ့်ကို အတွေ့အကြုံရှိပါတယ်ဆိုတဲ့ HR အတော်များများကိုယ်တိုင် ဒီနေရာမှာအားနည်းနေတာ တွေ့ရပါတယ်။ HR သင်တန်းတွေအနေနဲ့လည်း ဒီအကြောင်းအရာတွေကိုသင်ပေးဖို့လိုအပ်ပါတယ်။)


3. Administration and Management HR
လုပ်ငန်းစဉ်တွေကိုပဲနားလည်နေတာမျိုးမဟုတ်ဘဲ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ မဟာဗျူဟာမြောက်စီမံခန့်ခွဲခြင်း၊ ခေါင်းဆောင်မှုပညာကိုနားလည်ခြင်းနဲ့ စီမံခန့်ခွဲဆိုင်ရာ မူဘောင်များကိုနားလည်ခြင်းတို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းအရင်း ပြတ်ထောက်ရင် ခေါင်းဆောင်မှုပညာကိုနားလည်တဲ့ အကြောင်းကိုပဲစဉ်းစားကြည့်ကြပါစို့။

ခေါင်းဆောင်မှုပညာကို နားလည်အသုံးချတဲ့ HR နဲ့ နားမလည်အသုံးမချတဲ့ HR ကြားမှာ ကွာခြားချက်ကတော့ HR လုပ်ငန်းစဉ်တွေလုပ်တာချင်းအတူတူ ဝန်ထမ်းတွေအပေါ်၊ Line Manager တွေအပေါ်၊ အကြီးပိုင်းစီမံခန့်ခွဲသူတွေအပေါ် သြဇာလွှမ်းမိုးနိုင်ခြင်း မတူညီကြပါဘူး။

တချို့HR တွေရဲ့စကားဆိုဝန်ထမ်းတွေ၊ မန်နေဂျာတွေ၊ ပိုင်ရှင်တွေက ရှိတယ်လို့တောင်မထင်ဘဲ တချို့ HR တွေအပေါ်ကြသြဇာရှိနေတာတွေက Leadership ရဲ့သဘောသဘာဝပါပဲ။


4. Customer and personal service
လုပ်ငန်းတိုင်းရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ဝယ်ယူစားသုံးနေတဲ့ External Customer တွေကို စိတ်ကျေနပ်အောင်ဖန်တီးပေးနိုင်တဲ့ Internal Customer ဝန်ထမ်းတွေအပေါ်မှာ service ဘယ်လိုပေးရမလဲဆိုတဲ့ဗဟုသုတရှိဖို့ လိုအပ်ပါတယ်။

ဒီနေရာတစ်ခုရှိတာက service ဆိုတဲ့စကားလုံးက servant ဆိုတဲ့ အစေခံကလာတာပါ။ Service ပေးတော့သူတစ်ယောက်အနေနဲ့ သူ့ကိုသူ အစေခံတစ်ယောက်လို သဘောထားပြီး သူ service ပေးရမယ့်သူကို အရှင်သခင်လိုသဘောထားရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။

(တစ်ခါတည်းကြုံလို့ပြောရရင်တော့ အစိုးရဝန်ထမ်းကို Government Servant လို့ခေါ်မလား Civil Servant/ Public Servant လို့ခေါ်မလားဆိုတဲ့ စကားလိုပါပဲ။

Government ဆိုတဲ့အစိုးရအတွက် အစေခံတစ်ယောက်လိုပြုမူမယ့် Government Servant လား။ ပြည်သူတွေအတွက် အစေခံတစ်ယောက်လိုပြုမူမယ့် Public Servant လားပေါ့။) အမေရိကန်အလုပ်သမားဦးစီးဌာနရဲ့လေ့လာတွေ့ရှိချက်အရ HR တစ်ယောက်အတွက် ဒီလိုဗဟုသုတမျိုးရှိဖို့လိုအပ်တယ်လို့ဆိုထားသလို HR တစ်ယောက်မှာမရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှု (Skills) နဲ့ ပိုင်နိုင်မှု (Abilities) တွေကိုဒီလိုဖော်ပြထားပါသေးတယ်။

မိမိ သင်ကြားလိုသော ဘာသာရပ်များနှင့် သင်ကြားပေးသော ဆရာ၊ ဆရာ မများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ၊ စုံစုံလင်လင် ရှာဖွေလိုပါက sayar.com.mm တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါပြီ။


1. Active Listening

ဒီကိစ္စအတော်အရေးကြီးတဲ့အချက်ပါ။ Communication ပိုင်းဆိုင်ရာကျွမ်းကျင် ပိုင်နိုင်သူတိုင်းမှာရှိတဲ့ နားထောင်တတ်တဲ့အလေ့အကျင့်၊ ကျွမ်းကျင်မှုပဲဖြစ်ပါတယ်။

တစ်ဖက်သားပြောတဲ့စကားအပေါ်သေချာနားလည်အောင် နားထောင်ပြီး ထုတ်ပေးသင့်တဲ့ အဖြေကိုထုတ်ပေး၊ မေးသင့်တဲ့မေးခွန်းကိုပြန်မေးတဲ့အရည်အချင်းပဲဖြစ်ပါတယ်။ (ကြုံတုန်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းရမယ်ဆိုရင်တော့ စာဖတ်သူတို့လည်းအသိပဲ HR အတော်များများနားထောင်တတ်တဲ့အလေ့အကျင့်ကသိပ်မရှိတာတွေ့ရတယ်။)


2. Speaking, Oral expression
သူပေးချင်တဲ့ message ကို တစ်ဖက်သားနားလည်အောင် သေသေချာချာ မပေးတတ်တဲ့၊ မပြောပြတတ်တဲ့ HR တွေအများကြီးကို ကျွန်တော်အတော်များများကြုံဖူးပါတယ်။

HR တစ်ယောက်အနေနဲ့ မရှိမဖြစ်တတ်ရမယ့်အရည်အချင်ဖြစ်လို့ စာဖတ်သူတွေအနေနဲ့ လေ့ကျင့်ယူသင့်ပါတယ်။ စကားပြောနည်းနဲ့ပတ်သက်ရင် သင်တန်းတွေ၊ စာအုပ်တွေလည်းအများကြီးရှိနေပါပြီ။

လက်တွေ့အသုံးချလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ကျွမ်းကျင်တဲ့အဆင့်ရောက်လာပါလိမ့်မယ်။ ကြိုးစားလေ့ကျင့်ကြည့်ပါ။)


3. Reading comprehension, Written comprehension
လုပ်ငန်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေ၊ ရုံးစာအရေးအသားတွေကို နားလည်တဲ့ အထိဖတ်တတ်ဖို့အရေးကြီးပါတယ်။ မြန်မာလိုရေးထားတဲ့စာမှာတောင် နားလည်အောင် အတော်ခက်ခက်ခဲခဲဖတ်ရတဲ့စာတွေရှိပါတယ်။

ဥပမာပြောရမယ်ဆိုရင်တော့ HR တွေအတွက် အတော့်ကိုအရေးကြီးတဲ့ အလုပ်သမားဥပဒေတွေကို နားလည်အောင် ဖတ်ရတဲ့အခြေအနေမှာ HR တိုင်းနားလည်အောင်မဖတ်တတ်သေးတာတွေရှိနေပါတယ်။ ဒါပေမဲ့စာဖတ်အားကောင်းလာတဲ့အခါ ဒီကျွမ်းကျင်မှုကအလိုလိုရလာပါလိမ့်မယ်။


4. Critical thinking

ပြသနာတစ်ခုခု၊ အခြေအနေတစ်ခုခုအတွက် အဖြေရှာရတဲ့အခါမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မျိုး မဟုတ်ရင် ဖောက်ထွက်တွေးခေါ်တတ်တဲ့အရည်အချင်းဟာ မဖြစ်မနေလိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုပါပဲ။ ယျထာဘူထကျကျဆင်ခြင်တွေးခေါ်တတ်တဲ့၊ ဖြစ်ရပ်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကိုဖော်ထုတ်သတ်မှတ်တတ်တဲ့အတွေးအခေါ်ဆိုင်ရာ ကျွမ်းကျင်မှုရှိဖို့လိုအပ်ပါတယ်။

ဒီအရည်အချင်းက မွေးရာပါပင်ကိုဗီဇနဲ့ အနည်းငယ်ဆိုင်မယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအတွေးအခေါ်မျိုးကိုလည်း လေ့ကျင့်ယူလို့ရပါသေးတယ်။

problem solving နဲ့ပတ်သက်တာတွေကိုခဏခဏကြုံလာတဲ့အခါ၊ problem solving နဲ့ပတ်သက်တဲ့ စာအုပ်စာပေတွေ၊ သင်တန်းတွေကိုတက်ပြီးလက်တွေ့ကျင့်သုံးလာတဲ့အခါ အဆင်ပြေလာတာတွေ့ရမှာပဲဖြစ်ပါတယ်။ 5. Oral comprehension တစ်ဖက်သားရဲ့စကားလုံးအသွားအလာအပေါ်မူတည်ပြီး ဘာတွေတွေးပြီး၊ ဘာတွေလုပ်တော့မယ်ဆိုတာကို ခန့်မှန်းတတ်တဲ့အရည်အသွေးလို့ပြောရမလိုပါပဲ။ စာဖတ်သူတွေလည်းအသိပါပဲ။

HR တစ်ယောက်အနေနဲ့ လူကဲခတ်တတ်ဖို့ လိုအပ်ပါတယ်။ လူတွေရဲ့မျက်နာအမူအရာတွေအပေါ်ကြည့်ပြီးလူကဲခတ်ကြသလို အပြောအဆိုတွေအပေါ်မှာကြည့်ပြီးလည်း လူကဲခတ်တတ်ဖို့လည်းလိုပါတယ်။

အဲ (၂) ခုလုံးကိုတော့ ဝန်ထမ်းခန့်တော့မယ် interview တွေမှာ HR တွေအသုံးချလေ့ရှိကြပါတယ်။

အခုဒီနေရာထိရောက်အောင်ဖတ်လာခဲ့တဲ့အတွက် စာဖတ်သူဟာ ပင်ကိုယ်အရည်အချင်းရှိပြီးသားသူ ဆိုတာပြောနေစရာတောင်မလိုတော့ပါဘူး။ အမေရိကန်အလုပ်သမားဦးစီးဌာနက လေ့လာတွေ့ရှိချက် အပေါ်ကျွန်တော့်အနေနဲ့ထပ်မံဖြည့်စွက်ချင်တဲ့ HR တစ်ယောက်အတွက် အရည်အချင်းတွေကို ဖော်ပြပေးပါရစေ။ ထပ်မံဖြည့်စွက်ချင်တဲ့ အရည်အချင်းတွေကတော့

- လူသားချင်းစာနာထောက်ထားမှု
- လူမှုဆက်ဆံရေးကောင်းမွ

- Advanced Excel ကျွမ်းကျင်ပိုင်နိုင်မှု
- Presentation ကောင်းမွန်မှု
- ဖော်ရွေပြုံးရွှင်မှု
- ဘာသာစကားကျွမ်းကျင်ပိုင်နိုင်မှု
- အဂတိတရားကင်းရှင်းမှု
- ကျောသား၊ ရင်သားမခွဲခြားမှု
- အပြောနဲ့အလုပ်ညီမှု
- လုပ်သမားဥပဒေကျွမ်းကျင်မှု
- HR ပညာရပ်ဆိုင်ရာဗဟုသုတကျွယ်ဝမှု
- EQ ကောင်းမွန်မှုတို့ပဲဖြစ်ပါတယ်။
တကယ်တော့ HR တစ်ယောက်မှာရှိဖို့လိုအပ်တဲ့အရည်အချင်းတွေထဲမှာ စာဖတ်သူအနေနဲ့ အတော်များများရှိပြီးဖြစ်နေမယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

လိုအပ်နေတဲ့ ကျွမ်းကျင်မှုကိုသာ ထပ်မံဖြည့်လိုက်မယ်ဆိုရင်တော့ ထိရောက်မြန်ဆန်တဲ့ HR Professional ကောင်းတစ်ယောက်အဖြစ် ပိုမိုပြည့်စုံမှုရှိရှိရပ်တည်သွားနိုင်မှာဖြစ်ကြောင်း လေ့လာမိသမျှတင်ပြလိုက်ပါတယ်။

မိမိ သင်ကြားလိုသော ဘာသာရပ်များနှင့် သင်ကြားပေးသော ဆရာ၊ ဆရာ မများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ၊ စုံစုံလင်လင် ရှာဖွေလိုပါက sayar.com.mm တွင် အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါပြီ။

လေးစားစွာဖြင့် ပိုင်စိုး (Management)

 

<<< Zawgyi >>>

HR လုပ္မယ့္သူေတာ္ေတာ္မ်ားမ်ားနဲ႕ ေခတ္သစ္စီမံခန္႕ခြဲသူေတာ္ေတာ္မ်ားမ်ားသိခ်င္ေနၾကတဲ့ အေျဖေလးျဖစ္လိမ့္မယ္လို႕ ကၽြန္ေတာ္ယံုၾကည္ပါတယ္။

အေမရိကန္အလုပ္သမားဦးစီးဌာနအေနနဲ႕ အေမရိကန္မွာရွိတဲ့လုပ္ငန္းေတြကို သုေတသနတစ္ခုလုပ္ခဲ့ပါတယ္။ အဲသုေတသနရဲ႕ရလဒ္အေနနဲ႕ HR ေတြမွာရွိဖို႕လိုအပ္တဲ့ အရည္အခ်င္းေတြကိုသတ္မွတ္ခဲ့ပါတယ္။ ပထမဦးဆံုးအေနနဲ႕ HR တစ္ေယာက္မွာ ရွိသင့္ရွိအပ္တဲ့ဗဟုသုတ Knowledge ေတြကေတာ့

1. Personal and human resources
၀န္ထမ္းေရးရာစီမံခန္႕ခြဲမႈရဲ႕အဓိကအေျခခံမူေဘာင္ေတြျဖစ္တဲ့ ၀န္ထမ္းရွာတာ၊ ေရြးတာ၊ သင္တန္းေပးတာ၊ လစာနဲ႕ခံစားခြင့္ေတြတြက္ခ်က္စီမံေပးတာ၊ အလုပ္သမားေရးရာ ညွိႏႈိင္းျဖန္ေျဖမႈေတြလုပ္ေပးတာ၊ ၀န္ထမ္းေရးရာအခ်က္အလက္ေတြကို စီမံေပးတာေတြနဲ႕ပတ္သက္ျပီး ဗဟုသုတရွိေနဖို႕လို္အပ္ပါတယ္။


2. Clerical
HR တစ္ေယာက္အေနနဲ႕ ရံုးလုပ္ငန္းဆိုင္ရာ လုပ္ထံုးလုပ္နည္းေတြျဖစ္တဲ့ ရံုးစာေရးနည္း၊ ဖိုင္တြဲနည္း၊ ေေဖာင္ပံုစံေတြဖန္တီးနည္းေတြကိုနားလည္ေနဖို႕လိုအပ္ပါတယ္။

(ကၽြန္ေတာ္တို႕ ျမန္မာျပည္အေနနဲ႕ေတာ့ အစိုးရအရာရွိဘက္ကေနထြက္လာတဲ့ HR, Admin ေတြကလြဲရင္ တကယ့္ကို အေတြ႕အၾကံဳရွိပါတယ္ဆိုတဲ့ HR အေတာ္မ်ားမ်ားကိုယ္တိုင္ ဒီေနရာမွာအားနည္းေနတာ ေတြ႕ရပါတယ္။ HR သင္တန္းေတြအေနနဲ႕လည္း ဒီအေၾကာင္းအရာေတြကိုသင္ေပးဖို႕လိုအပ္ပါတယ္။)


3. Administration and Management HR
လုပ္ငန္းစဥ္ေတြကိုပဲနားလည္ေနတာမ်ိဳးမဟုတ္ဘဲ စီးပြားေရးစီမံခန္႕ခြဲမႈနဲ႕ပတ္သက္တဲ့ မဟာဗ်ဴဟာေျမာက္စီမံခန္႕ခြဲျခင္း၊ ေခါင္းေဆာင္မႈပညာကိုနားလည္ျခင္းနဲ႕ စီမံခန္႕ခြဲဆိုင္ရာ မူေဘာင္မ်ားကိုနားလည္ျခင္းတို႕လိုအပ္ပါတယ္။ ဘာျဖစ္လို႕လဲဆိုတဲ့အေၾကာင္းအရင္း ျပတ္ေထာက္ရင္ ေခါင္းေဆာင္မႈပညာကိုနားလည္တဲ့ အေၾကာင္းကိုပဲစဥ္းစားၾကည့္ၾကပါစို႕။

ေခါင္းေဆာင္မႈပညာကို နားလည္အသံုးခ်တဲ့ HR နဲ႕ နားမလည္အသံုးမခ်တဲ့ HR ၾကားမွာ ကြာျခားခ်က္ကေတာ့ HR လုပ္ငန္းစဥ္ေတြလုပ္တာခ်င္းအတူတူ ၀န္ထမ္းေတြအေပၚ၊ Line Manager ေတြအေပၚ၊ အၾကီးပိုင္းစီမံခန္႕ခြဲသူေတြအေပၚ ၾသဇာလႊမ္းမိုးႏိုင္ျခင္း မတူညီၾကပါဘူး။

တခ်ိဳ႕HR ေတြရဲ႕စကားဆို၀န္ထမ္းေတြ၊ မန္ေနဂ်ာေတြ၊ ပိုင္ရွင္ေတြက ရွိတယ္လို႕ေတာင္မထင္ဘဲ တခ်ိဳ႕ HR ေတြအေပၚၾကၾသဇာရွိေနတာေတြက Leadership ရဲ႕သေဘာသဘာ၀ပါပဲ။


4. Customer and personal service
လုပ္ငန္းတိုင္းရဲ႕ ထုတ္ကုန္နဲ႕၀န္ေဆာင္မႈေတြကို ၀ယ္ယူစားသံုးေနတဲ့ External Customer ေတြကို စိတ္ေက်နပ္ေအာင္ဖန္တီးေပးႏိုင္တဲ့ Internal Customer ၀န္ထမ္းေတြအေပၚမွာ service ဘယ္လိုေပးရမလဲဆိုတဲ့ဗဟုသုတရွိဖို႕ လိုအပ္ပါတယ္။

ဒီေနရာတစ္ခုရွိတာက service ဆိုတဲ့စကားလံုးက servant ဆိုတဲ့ အေစခံကလာတာပါ။ Service ေပးေတာ့သူတစ္ေယာက္အေနနဲ႕ သူ႕ကိုသူ အေစခံတစ္ေယာက္လို သေဘာထားျပီး သူ service ေပးရမယ့္သူကို အရွင္သခင္လိုသေဘာထားရမယ္ဆိုတာမ်ိဳး ျဖစ္ပါတယ္။

(တစ္ခါတည္းၾကံဳလို႕ေျပာရရင္ေတာ့ အစိုးရ၀န္ထမ္းကို Government Servant လို႕ေခၚမလား Civil Servant/ Public Servant လို႕ေခၚမလားဆိုတဲ့ စကားလိုပါပဲ။

Government ဆိုတဲ့အစိုးရအတြက္ အေစခံတစ္ေယာက္လိုျပဳမူမယ့္ Government Servant လား။ ျပည္သူေတြအတြက္ အေစခံတစ္ေယာက္လိုျပဳမူမယ့္ Public Servant လားေပါ့။) အေမရိကန္အလုပ္သမားဦးစီးဌာနရဲ႕ေလ့လာေတြ႕ရွိခ်က္အရ HR တစ္ေယာက္အတြက္ ဒီလိုဗဟုသုတမ်ိဳးရွိဖို႕လိုအပ္တယ္လို႕ဆိုထားသလို HR တစ္ေယာက္မွာမရွိမျဖစ္လိုအပ္တဲ့ ကၽြမ္းက်င္မႈ (Skills) နဲ႕ ပိုင္ႏုိင္မႈ (Abilities) ေတြကိုဒီလိုေဖာ္ျပထားပါေသးတယ္။

မိမိ သင္ၾကားလိုေသာ ဘာသာရပ္မ်ားႏွင့္ သင္ၾကားေပးေသာ ဆရာ၊ ဆရာ မမ်ားကို တစ္ေနရာတည္းမွာ လြယ္လြယ္ကူကူ၊ စံုစံုလင္လင္ ရွာေဖြလိုပါက sayar.com.mm တြင္ အခမဲ့ ဝင္ေရာက္ရွာေဖြႏိုင္ပါျပီ။


1. Active Listening

ဒီကိစၥအေတာ္အေရးၾကီးတဲ့အခ်က္ပါ။ Communication ပိုင္းဆိုင္ရာကၽြမ္းက်င္ ပိုင္ႏိုင္သူတိုင္းမွာရွိတဲ့ နားေထာင္တတ္တဲ့အေလ့အက်င့္၊ ကၽြမ္းက်င္မႈပဲျဖစ္ပါတယ္။

တစ္ဖက္သားေျပာတဲ့စကားအေပၚေသခ်ာနားလည္ေအာင္ နားေထာင္ျပီး ထုတ္ေပးသင့္တဲ့ အေျဖကိုထုတ္ေပး၊ ေမးသင့္တဲ့ေမးခြန္းကိုျပန္ေမးတဲ့အရည္အခ်င္းပဲျဖစ္ပါတယ္။ (ၾကံဳတုန္း ကုိယ္ေပါင္ကိုယ္လွန္ေထာင္းရမယ္ဆိုရင္ေတာ့ စာဖတ္သူတို႕လည္းအသိပဲ HR အေတာ္မ်ားမ်ားနားေထာင္တတ္တဲ့အေလ့အက်င့္ကသိပ္မရွိတာေတြ႕ရတယ္။)


2. Speaking, Oral expression
သူေပးခ်င္တဲ့ message ကို တစ္ဖက္သားနားလည္ေအာင္ ေသေသခ်ာခ်ာ မေပးတတ္တဲ့၊ မေျပာျပတတ္တဲ့ HR ေတြအမ်ားၾကီးကို ကၽြန္ေတာ္အေတာ္မ်ားမ်ားၾကံဳဖူးပါတယ္။

HR တစ္ေယာက္အေနနဲ႕ မရွိမျဖစ္တတ္ရမယ့္အရည္အခ်င္ျဖစ္လို႕ စာဖတ္သူေတြအေနနဲ႕ ေလ့က်င့္ယူသင့္ပါတယ္။ စကားေျပာနည္းနဲ႕ပတ္သက္ရင္ သင္တန္းေတြ၊ စာအုပ္ေတြလည္းအမ်ားၾကီးရွိေနပါျပီ။

လက္ေတြ႕အသံုးခ်ေလ့က်င့္ရင္း တျဖည္းျဖည္းနဲ႕ကၽြမ္းက်င္တဲ့အဆင့္ေရာက္လာပါလိမ့္မယ္။ ၾကိဳးစားေလ့က်င့္ၾကည့္ပါ။)


3. Reading comprehension, Written comprehension
လုပ္ငန္းနဲ႕ပတ္သက္တဲ့စာရြက္စာတမ္းေတြ၊ ရံုးစာအေရးအသားေတြကို နားလည္တဲ့ အထိဖတ္တတ္ဖို႕အေရးၾကီးပါတယ္။ ျမန္မာလိုေရးထားတဲ့စာမွာေတာင္ နားလည္ေအာင္ အေတာ္ခက္ခက္ခဲခဲဖတ္ရတဲ့စာေတြရွိပါတယ္။

ဥပမာေျပာရမယ္ဆိုရင္ေတာ့ HR ေတြအတြက္ အေတာ့္ကိုအေရးၾကီးတဲ့ အလုပ္သမားဥပေဒေတြကို နားလည္ေအာင္ ဖတ္ရတဲ့အေျခအေနမွာ HR တိုင္းနားလည္ေအာင္မဖတ္တတ္ေသးတာေတြရွိေနပါတယ္။ ဒါေပမဲ့စာဖတ္အားေကာင္းလာတဲ့အခါ ဒီကၽြမ္းက်င္မႈကအလိုလိုရလာပါလိမ့္မယ္။


4. Critical thinking

ျပသနာတစ္ခုခု၊ အေျခအေနတစ္ခုခုအတြက္ အေျဖရွာရတဲ့အခါမွာ ပံုမွန္လုပ္ရိုးလုပ္စဥ္မ်ိဳး မဟုတ္ရင္ ေဖာက္ထြက္ေတြးေခၚတတ္တဲ့အရည္အခ်င္းဟာ မျဖစ္မေနလိုအပ္တဲ့ ကၽြမ္းက်င္မႈတစ္ခုပါပဲ။ ယ်ထာဘူထက်က်ဆင္ျခင္ေတြးေခၚတတ္တဲ့၊ ျဖစ္ရပ္ေတြရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကိုေဖာ္ထုတ္သတ္မွတ္တတ္တဲ့အေတြးအေခၚဆိုင္ရာ ကၽြမ္းက်င္မႈရွိဖို႕လိုအပ္ပါတယ္။

ဒီအရည္အခ်င္းက ေမြးရာပါပင္ကိုဗီဇနဲ႕ အနည္းငယ္ဆိုင္မယ္လို႕ ကၽြန္ေတာ္ယူဆမိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုအေတြးအေခၚမ်ိဳးကိုလည္း ေလ့က်င့္ယူလို႕ရပါေသးတယ္။

problem solving နဲ႕ပတ္သက္တာေတြကိုခဏခဏၾကံဳလာတဲ့အခါ၊ problem solving နဲ႕ပတ္သက္တဲ့ စာအုပ္စာေပေတြ၊ သင္တန္းေတြကိုတက္ျပီးလက္ေတြ႕က်င့္သံုးလာတဲ့အခါ အဆင္ေျပလာတာေတြ႕ရမွာပဲျဖစ္ပါတယ္။ 5. Oral comprehension တစ္ဖက္သားရဲ႕စကားလံုးအသြားအလာအေပၚမူတည္ျပီး ဘာေတြေတြးျပီး၊ ဘာေတြလုပ္ေတာ့မယ္ဆိုတာကို ခန္႕မွန္းတတ္တဲ့အရည္အေသြးလို႕ေျပာရမလိုပါပဲ။ စာဖတ္သူေတြလည္းအသိပါပဲ။

HR တစ္ေယာက္အေနနဲ႕ လူကဲခတ္တတ္ဖို႕ လိုအပ္ပါတယ္။ လူေတြရဲ႕မ်က္နာအမူအရာေတြအေပၚၾကည့္ျပီးလူကဲခတ္ၾကသလို အေျပာအဆိုေတြအေပၚမွာၾကည့္ျပီးလည္း လူကဲခတ္တတ္ဖို႕လည္းလိုပါတယ္။

အဲ (၂) ခုလံုးကိုေတာ့ ၀န္ထမ္းခန္႕ေတာ့မယ္ interview ေတြမွာ HR ေတြအသံုးခ်ေလ့ရွိၾကပါတယ္။

အခုဒီေနရာထိေရာက္ေအာင္ဖတ္လာခဲ့တဲ့အတြက္ စာဖတ္သူဟာ ပင္ကိုယ္အရည္အခ်င္းရွိျပီးသားသူ ဆိုတာေျပာေနစရာေတာင္မလိုေတာ့ပါဘူး။ အေမရိကန္အလုပ္သမားဦးစီးဌာနက ေလ့လာေတြ႕ရွိခ်က္ အေပၚကၽြန္ေတာ့္အေနနဲ႕ထပ္မံျဖည့္စြက္ခ်င္တဲ့ HR တစ္ေယာက္အတြက္ အရည္အခ်င္းေတြကို ေဖာ္ျပေပးပါရေစ။ ထပ္မံျဖည့္စြက္ခ်င္တဲ့ အရည္အခ်င္းေတြကေတာ့

- လူသားခ်င္းစာနာေထာက္ထားမႈ
- လူမႈဆက္ဆံေရးေကာင္းမြ 

- Advanced Excel ကၽြမ္းက်င္ပိုင္ႏိုင္မႈ
- Presentation ေကာင္းမြန္မႈ
- ေဖာ္ေရြျပံဳးရႊင္မႈ
- ဘာသာစကားကၽြမ္းက်င္ပိုင္ႏိုင္မႈ
- အဂတိတရားကင္းရွင္းမႈ
- ေက်ာသား၊ ရင္သားမခြဲျခားမႈ
- အေျပာနဲ႕အလုပ္ညီမႈ
- လုပ္သမားဥပေဒကၽြမ္းက်င္မႈ
- HR ပညာရပ္ဆိုင္ရာဗဟုသုတကၽြယ္၀မႈ
- EQ ေကာင္းမြန္မႈတို႕ပဲျဖစ္ပါတယ္။
တကယ္ေတာ့ HR တစ္ေယာက္မွာရွိဖို႕လိုအပ္တဲ့အရည္အခ်င္းေတြထဲမွာ စာဖတ္သူအေနနဲ႕ အေတာ္မ်ားမ်ားရွိျပီးျဖစ္ေနမယ္ဆိုတာ ကၽြန္ေတာ္ယံုၾကည္ပါတယ္။

လိုအပ္ေနတဲ့ ကၽြမ္းက်င္မႈကိုသာ ထပ္မံျဖည့္လိုက္မယ္ဆိုရင္ေတာ့ ထိေရာက္ျမန္ဆန္တဲ့ HR Professional ေကာင္းတစ္ေယာက္အျဖစ္ ပိုမိုျပည့္စံုမႈရွိရွိရပ္တည္သြားႏိုင္မွာျဖစ္ေၾကာင္း ေလ့လာမိသမွ်တင္ျပလိုက္ပါတယ္။

မိမိ သင္ၾကားလိုေသာ ဘာသာရပ္မ်ားႏွင့္ သင္ၾကားေပးေသာ ဆရာ၊ ဆရာ မမ်ားကို တစ္ေနရာတည္းမွာ လြယ္လြယ္ကူကူ၊ စံုစံုလင္လင္ ရွာေဖြလိုပါက တြင္ sayar.com.mm အခမဲ့ ဝင္ေရာက္ရွာေဖြႏိုင္ပါျပီ။

ေလးစားစြာျဖင့္ ပိုင္စိုး (Management)

Read times
Rate this articles
(0 votes)