×
Warning
JUser: :_load: Unable to load user with ID: 81428
Articles
Friday, 27 September 2019
ယနေ့မျက်မှောက်ခေတ်မှာ လူငယ်တွေအနေနဲ့ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေက ဘာတွေလဲ
ယနေ့မျက်မှောက်ခေတ်မှာ လူငယ်တွေအနေနဲ့ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေက ဘာတွေလဲ google.com
<<< Unicode Version >>>
ယနေ့ သတင်းခေတ်ကြီးထဲမှာ ကျောင်းသူကျောင်းသား၊ လူငယ်လူရွယ်လေးတွေအတွက် မိမိရဲ့ အလုပ်မှာ အောင်မြင်သူတွေ ဖြစ်စေဖို့ လိုအပ်တဲ့ အရည်အချင်း တွေများစွာလိုအပ်ပါတယ်။
အရည်အချင်းတွေကတော့ -
၁။ စဉ်းစားဝေဖန် တွေးခေါ်နိုင်သော အရည်အချင်း (Critical Thinking)
၂။ တီထွင်ဖန်တီးနိုင်မှု (Creativity)
၃။ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု (Collaboration)
၄။ ဆက်သွယ်ဆက်ဆံခြင်း (Communication)
၅။ သတင်းအချက်အလက်ကို သိရှိနားလည်ခြင်း (Information Literacy)
၆။ သတင်းအချက်အလက် ဝေမျှရာ ကြားခံနယ်ကို သိရှိနားလည်ခြင်း (Media Literacy)
၇။ သတင်းအချက်အလက်များ ရရှိဖြန့်ဖြူးနိုင်သည့် နည်းပညာသုံး ပစ္စည်းများကို သိရှိနားလည် အသုံးပြုတတ်ခြင်း (Technology Literacy)
၈။ ပြုပြင်ပြောင်းလဲလွယ်၊ လက်ခံသင်ယူလွယ်ခြင်း (Flexibility)
၉။ ခေါင်းဆောင်မှု အရည်အချင်း (Leadership)
၁၀။ ကိုယ်တိုင်တီထွင်ဖန်တီးသော အတွေးအမြင်သစ် အကြံဉာဏ်သစ်များ ရှိခြင်း (Initiative)
၁၁။ အခက်အခဲများ၊ အနှောင့်အယှက်များကြားမှ မိမိစွမ်းဆောင်ရည်ကို ထိရောက်အောင် ထုတ်လုပ်နိုင်ခြင်း (Productivity)
၁၂။ အခြားသူများ၊ အဖွဲ့အစည်းများနဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိခြင်း (Social Skill)
မိမိ သင်ကြားလိုသော ဘာသာရပ်များနှင့် သင်ကြားပေးသောဆရာ၊ ဆရာများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံလင် ရှာဖွေချင်ရင်တော့?? sayar.com.mm ?? မှာ အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါပြီ။
အထက်ပါ အရည်အချင်းများဟာ ကျောင်းသားကျောင်းသူများကို ယနေ့ခေတ်ရဲ့ လျှပ်စီးကဲ့သို့ မြန်သော နည်းပညာ၊ စီးပွားရေး၊ ဈေးကွက်အပြောင်းအလဲများနဲ့ ရင်ပေါင်တန်းလိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
အထက်ပါအချက်များထဲမှာ တူညီတဲ့အချက် တစ်ချက်တော့ ရှိပါတယ်။ အဲ့ဒါကတော့ အချက်အားလုံးဟာ အင်တာနက်နဲ့ ဆက်စပ်နေတယ်ဆိုတာဖြစ်ပြီး Internet ခေတ်ကြီးထဲမှာ မဖြစ်မနေ တတ်သိနားလည် ပိုင်ဆိုင်ထားသင့်တဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ ယခုဆောင်းပါးလေးမှာ ထိုအရည်အချင်းတွေမှာ ဘယ်အချက်တွေ ပါဝင်ပြီး ကျောင်းသူကျောင်းသားတွေကို ဘယ်လို အထောက်အကူပြုမယ်ဆိုတာ၊ ဘာကြောင့် အရေးကြီးတယ် ဆိုတာကို ဖော်ပြပေးသွားပါမယ်။
ဒီအရည်အချင်းတွေကို အသက်အငယ်ဆုံး အလယ်တန်းကျောင်းကနေစပြီး သင်ကြားပေးလို့ရပါတယ်။ ၂၁ရာစု အရည်အချင်းတွေကို အောက်ပါခေါင်းစဉ်များ ထပ်မံခွဲခြားနိုင်ပါသေးတယ်။ ခေါင်းစဉ်တစ်ချက်စီကို
- Learning Skills
- Literacy Skills
- Life Skills ဆိုပြီး ( ၃ ) မျိုး ပြန်ခွဲနိုင်ပါတယ်။
ထိုသုံးမျိုးလုံးမှာလဲ ဒစ်ဂျစ်တယ် အသုံးပြုမှု အတွေ့အကြုံတွေ တစ်မျိုးစီ ပါရှိပါတယ်။
Category 1: Learning Skills (The Four C’s)
သင်ယူမှုအရည်အချင်း [ C – ၄ လုံး ]
ထိုအရည်အချင်းများကို သင်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများဟာ ခေတ်နဲ့အညီ လုပ်ငန်းခွင်မှာ တိုးတက်စေဖို့နဲ့ ညှိယူနိုင်ဖို့ လိုအပ်တဲ့ သင်ယူစရာ လုပ်ငန်းစဉ်တွေကို သိရှိလာပါမယ်။ ၎င်း C – ၄ လုံးဟာ ၂၁ရာစု အရည်အချင်းတွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးပါပဲ။
အောက်ပါအရည်အသွေးများကို ပညာရေးလောကမှ ပညာရှင်များအားလုံးလိုလို သိပြီးဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Skills တွေဟာ အခြား အသက်မွေးဝမ်းကျောင်းပညာတွေ အတွက်လည်း မဖြစ်မနေ လိုအပ်နေလို့ပါပဲ။ အလုပ်သဘောနဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး အရေးကြီးမှုပမာဏ ကွာခြားပေမဲ့လဲ အားလုံးသော ပညာရပ်တွေမှာ ပါဝင်ကြပါတယ်။
C – ၄ လုံးမှာ ပါဝင်တာတွေကတော့ -
၁။ စဉ်းစားဝေဖန် တွေးခေါ်နိုင်သော အရည်အချင်း (Critical Thinking)
၂။ တီထွင်ဖန်တီးနိုင်မှု (Creativity)
၃။ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု (Collaboration)
၄။ ဆက်သွယ်ဆက်ဆံခြင်း (Communication)
မိမိ သင်ကြားလိုသော ဘာသာရပ်များနှင့် သင်ကြားပေးသောဆရာ၊ ဆရာများကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ စုံစုံလင် ရှာဖွေချင်ရင်တော့ ??sayar.com.mm ??  မှာ အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါပြီ။
ကြည်နှင်းခိုင် (WunZinn)
<<< Zawgyi >>>
- Learning Skills
- Literacy Skills
ကြည်နှင်းခိုင် (wunZinn)
sayar.com.mm
Read times
Rate this articles
(0 votes)