×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Monday, 30 September 2019

"ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ (၇) ချက်"

"ထူးချွန်ထက်မြက်သူတို့၏ အလေ့အထ (၇) ချက်" google.com

<<< Unicode >>>

ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင် အောင်မြင်နေပြီး ထူးချွန် ထက်မြက်သူတွေလို့ အများက သတ်မှတ်ခံထားရသူတွေရဲ့ အလေ့အထများဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁. လိုချင်တာတွေကို ဖန်တီးရယူတတ်ခြင်း

ထူးချွန်ထက်မြက်သူတိုင်းဟာ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်း ဖန်တီးကြိုးစားတတ်ကြပါတယ်။

ရွေးချယ်မှုတိုင်းအတွက် အပြည့်အဝ တာဝန်ယူတတ်ပြီး ဖြစ်လာသမျှ အကောင်း၊ အဆိုးတွေကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိကြပါတယ်။

 

၂. မိမိ စိတ်ကို အရင်ဆုံး လေ့လာဆန်းစစ်ခြင်း

ထူးချွန်တဲ့ သူတွေဟာ ကိုယ့်မှာရှိတဲ့ အကျင့်စရိုက်၊ အားသာချက်တွေနဲ့ ဘဝ ရည်မှန်းချက်တွေကို နက်နက်နဲနဲ နားလည်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် ဆန်းစစ် ရှာဖွေပါတယ်။

ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ၊ နေထိုင်မှုဆိုင်ရာ အခန်းကဏ္ဍ အမျိုးမျိုးက စစ်မှန်တဲ့ အကျင့်တွေကို မညှာတမ်း အကဲဖြတ်ပါတယ်။


၃. အရေးကြီးဆုံး အလုပ်ကို အရင်ဆုံး လုပ်ဆောင်တတ်ခြင်း

တစ်ပတ်ချင်းစီအလိုက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို အစီအစဉ်ချပြီး အရေးကြီးဆုံး အရာတွေကို ထိပ်ဆုံးမှာ ထားကာ ဦးစားပေး ဆောင်ရွက်ပါတယ်။

ကြိုးစား အားထုတ်မှုတိုင်းဟာ ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုဆိုင်ရာ တန်ဖိုးရအောင် ပံ့ပိုးပေးနိုင်ဖို့ ထည့်သွင်း စဉ်းစားပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm  မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

၄. အခြေအနေကို စဉ်းစားတတ်ခြင်း

ပေါင်းသင်း ဆက်ဆံရေးမှာ အကျိုးရှိတဲ့ သဘောတူညီချက်ရဖို့ ကိုယ်လည်း အနိုင်ရစေ၊ သူလည်း အနိုင်ရစေဆိုတဲ့ Win- Win Situation ကို နားလည် တန်ဖိုးထားပြီး အလေးထား လုပ်ဆောင်ပါတယ်။

အခြေအနေ တစ်ရပ်မှာ လူတစ်ဦးတည်းပဲ အောင်မြင်နေတာထက် ပါဝင်သူအားလုံး အောင်မြင်အောင် စဉ်းစား နားလည်ပေးတာက လူတွေကို တန်ဖိုးထား လေးစားတတ်တဲ့ အရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

 

၅. အရင်ဆုံး သူတစ်ပါးကို နားလည်ရန် ကြိုးစား

လူတစ်ဦးရဲ့ စစ်မှန်တဲ့ ရင်းနှီးမှုကို ရရှိဖို့အတွက် စာနာ နားလည်တတ်တဲ့ စိတ်နဲ့ နားထောင်လေ့ ရှိပါတယ်။

သူတို့ ရင်ဖွင့်သမျှကို နားထောင်ပြီး အပြုသဘောနဲ့ တုံ့ပြန်ပေးတာကြောင့် သူတစ်ပါးကို လွှမ်းမိုးမှု ရှိသွားပါတယ်။ ဒီအလေ့အထကြောင့် ဂရုစိုက်မှု၊ လေးစားမှုနဲ့ ပြဿနာကို အပြုသဘောနဲ့ ဖြေရှင်းတတ်မှုဆိုတဲ့ ရင်းနှီးခင်မင်တဲ့ သရုပ်သဏ္ဍာန်ကို ရရှိစေပါတယ်။

 

၆. စုပေါင်း ညှိနှိုင်း ဆောင်ရွက်တတ်ခြင်း

အပြုသဘောဆောင်တဲ့ အသင်းလိုက် ဆောင်ရွက်မှုကြောင့် ပါဝင်သူတွေရဲ့ ခွန်အားနဲ့ အရည်အချင်းတွေ ပေါင်းစည်းသွားပြီး လူတစ်ယောက် လုပ်လို့ရတဲ့ အောင်မြင်မှုထက် ပိုသာတဲ့ အောင်မြင်မှု ပန်းတိုင်ကို ရရှိစေပါတယ်။

အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းကြိုးစားမှု၊ ခေါင်းဆောင်ပီသမှုနဲ့ အားပေးမှုတွေကြောင့် အဖွဲ့လိုက် လုပ်ဆောင်မှုဟာ အကောင်းဆုံး စွမ်းဆောင်မှုကို ရရှိစေပါတယ်။

 

၇. ထက်မြက်အောင် ကြိုးစားနေခြင်း

ကိုယ်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စွမ်းအင်နဲ့ ကျန်းမာရေးတွေကို ဟန်ချက်ညီအောင်နဲ့ ကောင်းမွန်နေအောင် ကြိုးစားတာဟာ ကြာရှည် ထူးချွန်ထက်မြက်တဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိစေပါတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။

ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

<<< ZawGyi >>>


 




 










၎. အခြေအနေကို စဉ်းစားတတ်ခြင်း



 




 




 



 

ဤလင့် https://bit.ly/2EbNTuO မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရှာဖွနိုင်ပါသည်။

 

Source: jeffy

sayar.com.mm

Read times
Rate this articles
(2 votes)