<<< Unicode >>>
ဒီနေ့ခေတ်ရဲ့ သရုပ်သကန်တစ်ခုကို ပြောပါဆိုရင် ‘Hyper-competition’ ယှဉ်ပြိုင်မှု များလာတာပဲ။
အရင်ခေတ်ကဆို အခွင့်အလမ်းက နည်းတော့ ဖြစ်မြောက်လာတဲ့သူလည်း နည်းတယ်။
အောင်မြင်လာရင်လည်း ကြာကြာခံတယ်။ ဒီနေ့ခေတ်ကျ အခွင့်အလမ်းတွေက များလာတယ်။ ဒီတော့ ယှဉ်ပြိုင်ရတာလည်း များလာတယ်။ အောင်မြင်ပြီးရင်လည်း အမြဲမပြတ် ကြိုးစားနေရတယ်။
ဒီခေတ်မှာ နည်းပညာတွေကလည်း တအားတိုးတက်လာတယ်။ ဘယ်လောက်ထိတောင်လဲဆို လူတွေရဲ့ တချို့အလုပ်အကိုင်တွေ ရှိချင်မှရှိတော့မယ် ဆိုတာမျိုးတောင် ပြောလာကြတယ်။
ဥပမာ Self-driving car တွေ ပေါ်လာတော့မယ်။ Artificial intelligence ဆိုတာတွေ သိပ်ခေတ်စားလာတယ်။
အဲဒါ ဘာလဲ မြင်သာအောင် ပြောရရင် ဖေ့စ်ဘွတ်သုံးတဲ့အခါ ကျွန်တော်တို့ မြင်နေရတဲ့ ကြော်ငြာတွေသည် တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကျွန်တော်နေတဲ့ဒေသ၊ ကျွန်တော့်စိတ်ဝင်စားမှု၊
ကျွန်တော် ဘာတွေကို ရှာလေ့ရှိ၊ ရှယ်လေ့ရှိသလဲ၊ ဒါတွေပေါ် မူတည်ပြီး ကျွန်တော်နဲ့ဆိုင်တဲ့ ကြော်ငြာတွေကို လာပြပေးတာ။
တခြားဒေသမှာနေတဲ့ တခြားတစ်ယောက်ကိုကျ သူနဲ့ဆိုင်တဲ့ ကြော်ငြာတွေပေါ့။ ဒါကို လူတစ်ယောက်ကနေ ထိုင်ပြီး လုပ်နေတာမဟုတ်ဘူး။ Artificial Intelligence နဲ့ လုပ်နေတာ။
ဘာသာပြန်ရရင် လူလုပ်ဉာဏ်ရည်ပေါ့။ ဆိုလိုတာက ဒီလိုနည်းပညာတွေ တအားတိုးတက်လာတဲ့အချိန်မှာ ဒါကို မသိလို့လည်း မရသလို၊
သူတို့အစားထိုးမပစ်နိုင်အောင် ကိုယ့်ရဲ့ အရည်အသွေးတွေကိုလည်း မြှင့်ထားမှ ရတော့မယ်ဆိုတာပါပဲ။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် လုပ်တော့ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို မေးပါတယ်။
ခေတ်သစ်မှာ အောင်မြင်ဖို့ဆိုရင် ဘယ်လိုအရည်အချင်းမျိုးတွေ လိုလာမလဲ။ ဒီအခါ သူတို့ပြန်ဖြေတဲ့ အဖြေတွေကို စုပြီး ခေတ်သစ်အတွက် မရှိမဖြစ် လိုအပ်လာမယ့် အရည်အသွေး ၁၀ ခုရယ်လို့ ဖြစ်လာပါတယ်။
၂၀၂၀ လောက်ကို မှန်းဆကြည့်လိုက်တဲ့အခါ နည်းပညာတွေက တအားတိုးတက်နေတော့မှာ ဖြစ်တာမို့ ကျွန်တော်တို့ လူတွေနဲ့၊
ဒီလိုနည်းပညာတွေ၊ စက်ရုပ်တွေနဲ့ ကွာခြားနေတဲ့ အရာတွေဖြစ်တဲ့ စိတ်ဓါတ်၊ ခံယူချက်၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်စွမ်း၊ ဒါတွေကို ပိုပြီးဇောင်းပေးပြောခဲ့ကြတာကို တွေ့ရတယ်။
၁။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း (Flexibility)
ဒီခေတ်ဟာ အပြောင်းအလဲ အင်မတန်များပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်တောင် တူချင်မှ တူတော့တာပါ။ ခုအလုပ်ဖြစ်နေတဲ့ နည်းတစ်ခုဟာ နောက်လအနည်းငယ်ကျ အဆင်ပြေချင်မှ ပြေတော့မှာပါ။
ခုအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဟာ ခဏနေရင် ကျရှုံးချင် ရှုံးသွားမှာပါ။ ဒါကြောင့် အပြောင်းအလဲတွေမှာ အလိုက်သင့် လိုက်ပါနိုင်ဖို့ အရေးကြီးလာပါတယ်။
တခုခုကိုပဲ တရားသေဆုပ်ကိုင်ထားမယ်ဆိုရင် ဒီခေတ်မှာ အဆင်ပြေ အံမဝင်နိုင်တော့ပါဘူး။
၂။ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Negotiation)
နည်းပညာတွေ၊ Robot တွေဟာ မညှိနှိုင်းတတ်ဘူး။ ဒါဆို ဒါပဲ။ လူတွေမှာတော့ ဒီအရည်အသွေး ရှိနေပါတယ်။ ဒါကို တောက်ပြောင်အောင် လုပ်ဖို့လိုတယ်။
တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်တာတွေ၊ ချိတ်ဆက်တာတွေ သိပ်လိုအပ်နေတဲ့အချိန်မှာ ဒီအရည်အချင်းမျိုး ရှိနေဖို့ဟာ သိပ်အရေးကြီးပါတယ်။
၃။ ဝန်ဆောင်မှုပေးတတ်ခြင်း (Service orientation)
ဒီနေရာမှာ ဝန်ဆောင်မှုလုပ်ငန်းလုပ်မှ ဒါ လိုအပ်တယ်လို့ မထင်ပါနဲ့။ ကိုယ့်ဆီမှာ ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ Service mindset လေး ရှိနေမယ်ဆို ဘယ်အလုပ် လုပ်လုပ် အောင်မြင်မှာပါ။
တကယ်တော့ ဝန်ဆောင်မှုဆိုတာ တစ်ဖက်သားကို ဘယ်လိုအဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲဆိုတဲ့ စိတ်ကနေ အခြေခံပါတယ်။
ကိုယ်က ဆရာဝန်ဆိုလည်း ဒီလိုစိတ်အခံလေးရှိရင် လူနာတွေ ဆေးခန်းလာရ ပိုအဆင်ပြေသွားတာပေါ့။ ပြုံးပြမယ်၊ နှုတ်ဆက်မယ်၊ ဖော်ရွေမယ်၊ လိုတာလေးတွေ ကူညီပေးမယ်။
ဒီအတွက် ဝန်ဆောင်မှုပေးမယ်၊ တစ်ဖက်သားကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်ဆိုတဲ့ စိတ်လေးရှိဖို့ လိုပါတယ်။
Recommended For You >>> "တက္ကသိုလ်ကျောင်းသားများ ကျောင်းပြီးလို့ အလုပ်ခွင်ထဲဝင်တဲ့အခါ သိထားရမည့်အချက်များ"
၄။ ဆုံးဖြတ်ချက်ချခြင်း (Decision making)
ဘဝဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒီဆုံးဖြတ်ချက်အမှန်အမှားပေါ် မူတည်ပြီး အောင်မြင်လား ကျရှုံးသလား ဖြစ်လာတာ။
ဒါကြောင့် ဆုံးဖြတ်ချက်ချတတ်ဖို့သည် သိပ်အရေးကြီးတယ်။ အဲဒီအတွက် အကြမ်းအားဖြင့် လိုအပ်တာတွေက သတင်းအချက်အလက် များများနဲ့ မှန်မှန်ကို မြန်မြန်ရတဲ့သူတွေသည် ဆုံးဖြတ်တာမှန်နိုင်တယ်။
နောက်ပြီး ကြောင်းကျိုးဆက်စပ်တွေးတတ်ဖို့ လိုတယ်။ နောက်တစ်ခုကတော့ ပင်ကိုယ်သိစိတ် (Instinct) နဲ့ ဆုံးဖြတ်တာမျိုးလည်း ရှိတယ်။
ဒါကတော့ အတွေ့အကြုံ သိပ်ရင့်လာတဲ့အခါ စိတ်ထဲကနေ ဒါ လုပ်သင့်တယ်ဆိုပြီး သိနေတာမျိုးပေါ့။
ဒီအဆင့်ထိ ကျွန်တော်တို့ မရောက်ကြသေးတောင် သတင်းအချက်အလက် စုဖို့၊ ဦးဖို့နဲ့ Logic ကျကျ စဉ်းစားတတ်ဖို့တော့ လိုမယ်။
၅။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားခြင်း (Emotional intelligence)
EQ ကတော့ ဒီနေ့ခေတ်မှာ တော်တော်လေး အပြောများလာကြတဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ လူဟာ ဦးနှောက်ဖွံ့ဖြိုးနေရုံနဲ့ မရပါဘူး။
နှလုံးသားလည်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို သိဖို့၊ ထိန်းနိုင်ဖို့၊ စိတ်ဓါတ်တက်ကြွနေဖို့ လိုသလို၊ တစ်ပါးသူရဲ့ ခံစားချက်တွေကို သိဖို့၊ ဖြည့်တွေးတတ်ဖို့လည်း အရေးကြီးပါတယ်။
အောင်မြင်နေကြသူတွေ အားလုံးဟာ ပင်ကိုယ်ပါရမီတစ်ခုတည်းကြောင့် ဒီလိုဖြစ်လာတာ မဟုတ်ပါဘူး။ ပရိုပီသတယ်၊ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်တယ်၊
တခုခုကို ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ လုပ်တတ်တယ်၊ အရှုံးတွေ၊ အခက်အခဲတွေ ကြုံရရင်လည်း နောက်မတွန့်ဘူး၊ ဒီအရည်အသွေးတွေ၊ တစ်နည်းအားဖြင့် ပြောရရင် ဒီလို EQ မြင့်ခြင်းကြောင့် အောင်မြင်နေကြတာပဲ ဖြစ်ပါတယ်။
၆။ အများနဲ့ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Coordinating with others)
‘မြန်မြန်သွားချင်ရင် တစ်ယောက်တည်း သွား၊ ဝေးဝေးသွားချင်ရင်တော့ အသင်းအဖွဲ့နဲ့ သွား’ ဆိုတဲ့ စကားလိုပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို
လိုချင်တယ်ဆိုရင် အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုတောင် အစပိုင်းလောက်သာ တစ်ယောက်တည်း လုပ်နိုင်တာပါ။
နည်းနည်းအောင်မြင်လာတာနဲ့အမျှ ကိုယ့်နောက်မှာ ကိုယ်အားကိုးရမယ့်အဖွဲ့တစ်ခုက လိုလာတာပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ တော်တဲ့လူဖြစ်ပါစေ၊ အများနဲ့ ညှိနှိုင်းလုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။
အင်္ဂလိပ်ဘာသာရပ် သင်ကြားပေးသောဆရာ၊ ဆရာမများ >>>> https://bit.ly/2KoOMnD
၇။ လူအများကို စီမံခန့်ခွဲတတ်ခြင်း (People management)
ဒါကတော့ လူတွေကို ဘယ်လိုစည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်၊ ညှိနှိုင်းရမယ်၊ လူ့သဘော သဘာဝတွေအကြောင်း သိထားရမယ်၊ ဒါတွေကို ဆိုလိုတာပါ။
လူတစ်ယောက်ဟာ ဆေးကုသမှုကို တတ်ကျွမ်းတယ်ဆိုရင် ဆရာဝန်တစ်ယောက် ဖြစ်လာပါမယ်။ ဒါပေမယ့် ဆရာဝန်တွေကို ပြန်စီမံခန့်ခွဲရတဲ့ နေရာမျိုး
လိုချင်တယ်ဆိုရင်တော့ သူ့မှာ ဒီအရည်အသွေးရှိဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုနေရာကို ယူချင်တဲ့သူတိုင်း ဖြည့်ထားရမယ့် အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။
၈။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity)
ဒီခေတ်ရဲ့ ပြဿနာတွေဟာ အသစ်တွေဖြစ်တယ်။ ဒါကြောင့် ဖြေရှင်းပုံတွေကလည်း အသစ်ဖြစ်မှရမယ်။ အရင်က လမ်းမရှိလို့ ရွံှ့ဗွက်တွေထဲ
ကားတွန်းခဲ့ရတဲ့ အတွေ့အကြုံဟာ ကတ္တရာလမ်းဖြစ်သွားတဲ့အခါ မလိုအပ်တော့ပါဘူး။ နိုင်ငံတကာကိုလည်း ကြည့်လိုက်ပါ။
အရင်က အသက် ၅၀ ၆၀၊ အတွေ့အကြုံတစ်စုံတစ်ရာ ရှိမှဖြစ်မယ်လို့ ထင်တဲ့ ရာထူးနေရာတွေ၊ နောက်ဆုံး သမ္မတ၊ ဝန်ကြီး၊
ဒီလိုနေရာတွေကိုတောင် ၄၀ ကျော်၊ ၃၀ ဝန်းကျင်တွေနဲ့ ရသွားတဲ့သူတွေ ရှိလာပါပြီ။ အတွေ့အကြုံကို အရေးမကြီးဘူး မပြောချင်ပေမယ့်၊ ဒီခေတ်မှာ ရင်ဆိုင်နေရတာတွေဟာ
အသစ်ဖြစ်တဲ့အတွက် အတွေ့အကြုံဆိုတာထက် တီထွင်ဖန်တီးနိုင်စွမ်းကို ပိုလိုအပ်လာတယ် ဆိုတာပါပဲ။
၉။ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်း (Critical thinking)
ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ဆိုတာ အင်မတန်မှကို လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအရည်အသွေး မရှိရင် အလွယ်တကူ လိမ်ခံရမယ်။
လူ့အသိုင်းအဝိုင်းထဲ ရှင်သန်ဖို့ရာ မလွယ်ဘူး။ တစ်ယောက်ယောက်က ဝါဒမှိုင်းတိုက်မယ်ဆိုလည်း သိပ်လွယ်တယ်။ အကျယ်ချဲ့ပြောရရင် ဒီကနေပဲ နိုင်ငံရေး၊ လူမျိုးရေးပြဿနာတွေ အများကြီးဖြစ်လာမယ်။
လူပုဂ္ဂိုလ်ကိုးကွယ်မှုတွေ ပိုထွန်းကားလာမယ်။ ဒါကြောင့် ဘယ်အရာကိုမဆို တစ်ထစ်ချယုံလိုက်မယ် ဆိုတာထက်၊
အချက်အလက်တွေ မှတ်နေဖို့ထက် သူပြောတာဟုတ်ပါ့မလား ဆိုပြီး စဉ်းစားတတ်ဖို့၊ ဘာကြောင့် ဒီလိုပြောတာလဲ ဆိုတဲ့ Why ကို များများမေးတတ်ဖို့ သိပ်လိုအပ်ပါတယ်။
ပြောရရင် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီ ထွန်းကားဖို့အတွက်လည်း အဲ့ဒီလို ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားနဲ့ ကျိုးကြောင်းကျ တွေးခေါ်နိုင်စွမ်းဟာ အင်မတန် အရေးကြီးပါတယ်။
၁၀။ ပြဿနာဖြေရှင်းခြင်း (Problem solving)
ကိုယ်မျှော်မှန်းထားတာနဲ့ ဖြစ်လာတာနဲ့ကြားက အကွာအဟကို ပြဿနာလို့ခေါ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ပြဿနာဆိုတာက ရှောင်ရှားလို့ မရပါဘူး။ ဖြေရှင်းဖို့ပဲ လိုပါတယ်။
ဖြေရှင်းတတ်ဖို့ပဲ လိုပါတယ်။ တခုခုဆို ရှောင်ပြေးမယ်၊ စိတ်ဖိစီးနေမယ်၊ မှန်ကန်တဲ့ဖြေရှင်းမှုမျိုးကို ခေါင်းအေးအေးထားပြီး မလုပ်နိုင်ဘူးဆိုရင် အဆင်မပြေနိုင်ပါဘူ။
ခုပြောခဲ့တဲ့ အရည်အသွေး ၁၀ ခုကတော့ ဒီဘက်ခေတ်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်လာတာတချိုု့ကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။
ဖတ်လိုက်ရတဲ့ လူငယ်တွေ တစ်စုံတစ်ရာ အကျိုးရှိပြီး ကိုယ့်ကိုယ်ကိုယ် အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။
Computer Basic သင်ကြားပေးသော ဆရာ၊ ဆရာမများ >>>> https://bit.ly/2o2GeK7
ဒေါက်တာ ဖြိုးသီဟ
============================
<<< Zawgyi >>>
"လူငယ္ေတြ အေနနဲ ့ေခတ္သစ္ရဲ႕ စိန္ေခၚမႈေတြအတြက္ အသင့္ျဖစ္ေနေစဖုိ႕"
ဒီေန႕ေခတ္ရဲ႕ သရုပ္သကန္တစ္ခုကို ေျပာပါဆုိရင္ ‘Hyper-competition’ ယွဥ္ျပိဳင္မႈ မ်ားလာတာပဲ။
အရင္ေခတ္ကဆုိ အခြင့္အလမ္းက နည္းေတာ့ ျဖစ္ေျမာက္လာတဲ့သူလည္း နည္းတယ္။
ေအာင္ျမင္လာရင္လည္း ၾကာၾကာခံတယ္။ ဒီေန႕ေခတ္က် အခြင့္အလမ္းေတြက မ်ားလာတယ္။ ဒီေတာ့ ယွဥ္ျပိဳင္ရတာလည္း မ်ားလာတယ္။ ေအာင္ျမင္ျပီးရင္လည္း အျမဲမျပတ္ ၾကိဳးစားေနရတယ္။
ဒီေခတ္မွာ နည္းပညာေတြကလည္း တအားတုိးတက္လာတယ္။ ဘယ္ေလာက္ထိေတာင္လဲဆုိ လူေတြရဲ႕ တခ်ိဳ႕အလုပ္အကုိင္ေတြ ရွိခ်င္မွရွိေတာ့မယ္ ဆုိတာမ်ိဳးေတာင္ ေျပာလာၾကတယ္။
ဥပမာ Self-driving car ေတြ ေပၚလာေတာ့မယ္။ Artificial intelligence ဆိုတာေတြ သိပ္ေခတ္စားလာတယ္။
အဲဒါ ဘာလဲ ျမင္သာေအာင္ ေျပာရရင္ ေဖ့စ္ဘြတ္သံုးတဲ့အခါ ကၽြန္ေတာ္တို႕ ျမင္ေနရတဲ့ ေၾကာ္ျငာေတြသည္ တစ္ေယာက္နဲ႕တစ္ေယာက္ မတူဘူး။ ကၽြန္ေတာ္ေနတဲ့ေဒသ၊ ကၽြန္ေတာ့္စိတ္၀င္စားမႈ၊
ကၽြန္ေတာ္ ဘာေတြကို ရွာေလ့ရွိ၊ ရွယ္ေလ့ရွိသလဲ၊ ဒါေတြေပၚ မူတည္ျပီး ကၽြန္ေတာ္နဲ႕ဆုိင္တဲ့ ေၾကာ္ျငာေတြကုိ လာျပေပးတာ။
တျခားေဒသမွာေနတဲ့ တျခားတစ္ေယာက္ကုိက် သူနဲ႕ဆုိင္တဲ့ ေၾကာ္ျငာေတြေပါ့။ ဒါကို လူတစ္ေယာက္ကေန ထုိင္ျပီး လုပ္ေနတာမဟုတ္ဘူး။ Artificial Intelligence နဲ႕ လုပ္ေနတာ။
ဘာသာျပန္ရရင္ လူလုပ္ဉာဏ္ရည္ေပါ့။ ဆုိလိုတာက ဒီလိုနည္းပညာေတြ တအားတုိးတက္လာတဲ့အခ်ိန္မွာ ဒါကို မသိလို႕လည္း မရသလို၊
သူတို႕အစားထိုးမပစ္ႏုိင္ေအာင္ ကုိယ့္ရဲ႕ အရည္အေသြးေတြကိုလည္း ျမွင့္ထားမွ ရေတာ့မယ္ဆုိတာပါပဲ။
ျပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္မွာ ကမာၻ႕စီးပြားေရးဖုိရမ္ လုပ္ေတာ့ တက္ေရာက္လာတဲ့ ေခါင္းေဆာင္ေတြကို ေမးပါတယ္။
ေခတ္သစ္မွာ ေအာင္ျမင္ဖုိ႕ဆုိရင္ ဘယ္လုိအရည္အခ်င္းမ်ိဳးေတြ လုိလာမလဲ။ ဒီအခါ သူတုိ႕ျပန္ေျဖတဲ့ အေျဖေတြကို စုျပီး ေခတ္သစ္အတြက္ မရိွမျဖစ္ လိုအပ္လာမယ့္ အရည္အေသြး ၁၀ ခုရယ္လို႕ ျဖစ္လာပါတယ္။
၂၀၂၀ ေလာက္ကို မွန္းဆၾကည္႕လုိက္တဲ့အခါ နည္းပညာေတြက တအားတုိးတက္ေနေတာ့မွာ ျဖစ္တာမို႕ ကၽြန္ေတာ္တို႕ လူေတြနဲ႕၊
ဒီလိုနည္းပညာေတြ၊ စက္ရုပ္ေတြနဲ႕ ကြာျခားေနတဲ့ အရာေတြျဖစ္တဲ့ စိတ္ဓါတ္၊ ခံယူခ်က္၊ အသင္းအဖြဲ႕နဲ႕ အလုပ္လုပ္ႏုိင္စြမ္း၊ ဒါေတြကုိ ပုိျပီးေဇာင္းေပးေျပာခဲ့ၾကတာကုိ ေတြ႕ရတယ္။
၁။ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ျခင္း (Flexibility)
ဒီေခတ္ဟာ အေျပာင္းအလဲ အင္မတန္မ်ားပါတယ္။ ဒီေန႕နဲ႕ မနက္ျဖန္ေတာင္ တူခ်င္မွ တူေတာ့တာပါ။ ခုအလုပ္ျဖစ္ေနတဲ့ နည္းတစ္ခုဟာ ေနာက္လအနည္းငယ္က် အဆင္ေျပခ်င္မွ ေျပေတာ့မွာပါ။
ခုေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းတစ္ခုဟာ ခဏေနရင္ က်ရံႈးခ်င္ ရံႈးသြားမွာပါ။ ဒါေၾကာင့္ အေျပာင္းအလဲေတြမွာ အလုိက္သင့္ လုိက္ပါႏုိင္ဖုိ႕ အေရးၾကီးလာပါတယ္။
တခုခုကိုပဲ တရားေသဆုပ္ကုိင္ထားမယ္ဆုိရင္ ဒီေခတ္မွာ အဆင္ေျပ အံမ၀င္ႏုိင္ေတာ့ပါဘူး။
၂။ ညွိႏိႈင္းေဆာင္ရြက္တတ္ျခင္း (Negotiation)
နည္းပညာေတြ၊ Robot ေတြဟာ မညွိႏိႈင္းတတ္ဘူး။ ဒါဆုိ ဒါပဲ။ လူေတြမွာေတာ့ ဒီအရည္အေသြး ရွိေနပါတယ္။ ဒါကို ေတာက္ေျပာင္ေအာင္ လုပ္ဖုိ႕လိုတယ္။
တစ္ေယာက္နဲ႕တစ္ေယာက္ ပူးေပါင္းေဆာင္ရြက္တာေတြ၊ ခ်ိတ္ဆက္တာေတြ သိပ္လုိအပ္ေနတဲ့အခ်ိန္မွာ ဒီအရည္အခ်င္းမ်ိဳး ရွိေနဖို႕ဟာ သိပ္အေရးၾကီးပါတယ္။
၃။ ၀န္ေဆာင္မႈေပးတတ္ျခင္း (Service orientation)
ဒီေနရာမွာ ၀န္ေဆာင္မႈလုပ္ငန္းလုပ္မွ ဒါ လိုအပ္တယ္လုိ႕ မထင္ပါနဲ႕။ ကုိယ့္ဆီမွာ ၀န္ေဆာင္မႈေပးမယ္ဆုိတဲ့ Service mindset ေလး ရွိေနမယ္ဆုိ ဘယ္အလုုပ္ လုပ္လုပ္ ေအာင္ျမင္မွာပါ။
တကယ္ေတာ့ ၀န္ေဆာင္မႈဆုိတာ တစ္ဖက္သားကုိ ဘယ္လုိအဆင္ေျပေအာင္ လုပ္ေပးလိုက္ရမလဲဆုိတဲ့ စိတ္ကေန အေျခခံပါတယ္။
ကုိယ္က ဆရာ၀န္ဆုိလည္း ဒီလိုစိတ္အခံေလးရွိရင္ လူနာေတြ ေဆးခန္းလာရ ပိုအဆင္ေျပသြားတာေပါ့။ ျပံဳးျပမယ္၊ ႏႈတ္ဆက္မယ္၊ ေဖာ္ေရြမယ္၊ လိုတာေလးေတြ ကူညီေပးမယ္။
ဒီအတြက္ ၀န္ေဆာင္မႈေပးမယ္၊ တစ္ဖက္သားကို အဆင္ေျပေအာင္ လုပ္ေပးလုိက္မယ္ဆုိတဲ့ စိတ္ေလးရွိဖုိ႕ လုိပါတယ္။
Recommended For You >>> တကၠသိုလ္ေက်ာင္းသားမ်ား ေက်ာင္းျပီးလို ့ အလုပ္ခြင္ထဲဝင္တဲ့အခါ သိထားရမည့္အခ်က္မ်ား
၄။ ဆံုးျဖတ္ခ်က္ခ်ျခင္း (Decision making)
ဘ၀ဆုိတာ ဆံုးျဖတ္ခ်က္ေတြနဲ႕ တည္ေဆာက္ထားတာပါ။ ဒီဆံုးျဖတ္ခ်က္အမွန္အမွားေပၚ မူတည္ျပီး ေအာင္ျမင္လား က်ရံႈးသလား ျဖစ္လာတာ။
ဒါေၾကာင့္ ဆံုးျဖတ္ခ်က္ခ်တတ္ဖုိ႕သည္ သိပ္အေရးၾကီးတယ္။ အဲဒီအတြက္ အၾကမ္းအားျဖင့္ လိုအပ္တာေတြက သတင္းအခ်က္အလက္ မ်ားမ်ားနဲ႕ မွန္မွန္ကုိ ျမန္ျမန္ရတဲ့သူေတြသည္ ဆံုးျဖတ္တာမွန္ႏုိင္တယ္။
ေနာက္ျပီး ေၾကာင္းက်ိဳးဆက္စပ္ေတြးတတ္ဖုိ႕ လိုတယ္။ ေနာက္တစ္ခုကေတာ့ ပင္ကုိယ္သိစိတ္ (Instinct) နဲ႕ ဆံုးျဖတ္တာမ်ိဳးလည္း ရွိတယ္။
ဒါကေတာ့ အေတြ႕အၾကံဳ သိပ္ရင့္လာတဲ့အခါ စိတ္ထဲကေန ဒါ လုပ္သင့္တယ္ဆုိျပီး သိေနတာမ်ိဳးေပါ့။
ဒီအဆင့္ထိ ကၽြန္ေတာ္တုိ႕ မေရာက္ၾကေသးေတာင္ သတင္းအခ်က္အလက္ စုဖို႕၊ ဦးဖုိ႕နဲ႕ Logic က်က် စဥ္းစားတတ္ဖုိ႕ေတာ့ လိုမယ္။
၅။ စိတ္ပုိင္းဆုိင္ရာ အရည္အေသြးျမင့္မားျခင္း (Emotional intelligence)
EQ ကေတာ့ ဒီေန႕ေခတ္မွာ ေတာ္ေတာ္ေလး အေျပာမ်ားလာၾကတဲ့ အရည္အေသြးတစ္ရပ္ ျဖစ္ပါတယ္။ ဘာလို႕ဆုိေတာ့ လူဟာ ဦးေႏွာက္ဖြံ႕ျဖိဳးေနရံုနဲ႕ မရပါဘူး။
ႏွလံုးသားလည္း ဖြံ႕ျဖိဳးဖုိ႕ လိုပါတယ္။ ကုိယ့္ရဲ႕ စိတ္ခံစားခ်က္ေတြကုိ သိဖုိ႕၊ ထိန္းႏုိင္ဖုိ႕၊ စိတ္ဓါတ္တက္ၾကြေနဖုိ႕ လိုသလို၊ တစ္ပါးသူရဲ႕ ခံစားခ်က္ေတြကုိ သိဖုိ႕၊ ျဖည္႕ေတြးတတ္ဖုိ႕လည္း အေရးၾကီးပါတယ္။
ေအာင္ျမင္ေနၾကသူေတြ အားလံုးဟာ ပင္ကုိယ္ပါရမီတစ္ခုတည္းေၾကာင့္ ဒီလုိျဖစ္လာတာ မဟုတ္ပါဘူး။ ပရိုပီသတယ္၊ သူတုိ႕ကုိယ္သူတို႕ ထိန္းသိမ္းႏုိင္တယ္၊
တခုခုကုိ ျပင္းျပတဲ့ စိတ္ဆႏၵနဲ႕ လုပ္တတ္တယ္၊ အရံႈးေတြ၊ အခက္အခဲေတြ ၾကံဳရရင္လည္း ေနာက္မတြန္႕ဘူး၊ ဒီအရည္အေသြးေတြ၊ တစ္နည္းအားျဖင့္ ေျပာရရင္ ဒီလို EQ ျမင့္ျခင္းေၾကာင့္ ေအာင္ျမင္ေနၾကတာပဲ ျဖစ္ပါတယ္။
၆။ အမ်ားနဲ႕ ညွိႏိႈင္းေဆာင္ရြက္တတ္ျခင္း (Coordinating with others)
‘ျမန္ျမန္သြားခ်င္ရင္ တစ္ေယာက္တည္း သြား၊ ေ၀းေ၀းသြားခ်င္ရင္ေတာ့ အသင္းအဖြဲ႕နဲ႕ သြား’ ဆုိတဲ့ စကားလိုပါပဲ။ ၾကီးက်ယ္ခမ္းနားတဲ့ ေအာင္ျမင္မႈေတြကုိ
လိုခ်င္တယ္ဆုိရင္ အသင္းအဖြဲ႕နဲ႕ အလုပ္လုပ္တတ္ဖုိ႕ လုိပါတယ္။ ကုိယ္ပုိင္စီးပြားေရး လုပ္မယ္ဆုိေတာင္ အစပုိင္းေလာက္သာ တစ္ေယာက္တည္း လုပ္ႏုိင္တာပါ။
နည္းနည္းေအာင္ျမင္လာတာနဲ႕အမွ် ကုိယ့္ေနာက္မွာ ကုိယ္အားကုိးရမယ့္အဖြဲ႕တစ္ခုက လုိလာတာပါပဲ။ ဒါေၾကာင့္ ဘယ္ေလာက္ပဲ ေတာ္တဲ့လူျဖစ္ပါေစ၊ အမ်ားနဲ႕ ညွိႏိႈင္းလုပ္ေဆာင္တတ္ဖုိ႕ လိုအပ္ပါတယ္။
အဂၤလိပ္ဘာသာရပ္ သင္ၾကားေပးေသာဆရာ၊ ဆရာမမ်ား >>>> https://bit.ly/2KoOMnD
၇။ လူအမ်ားကို စီမံခန္႕ခြဲတတ္ျခင္း (People management)
ဒါကေတာ့ လူေတြကို ဘယ္လိုစည္းရံုးရမယ္၊ လံႈ႕ေဆာ္ရမယ္၊ ညွိႏိႈင္းရမယ္၊ လူ႕သေဘာ သဘာ၀ေတြအေၾကာင္း သိထားရမယ္၊ ဒါေတြကို ဆုိလိုတာပါ။
လူတစ္ေယာက္ဟာ ေဆးကုသမႈကို တတ္ကၽြမ္းတယ္ဆုိရင္ ဆရာ၀န္တစ္ေယာက္ ျဖစ္လာပါမယ္။ ဒါေပမယ့္ ဆရာ၀န္ေတြကို ျပန္စီမံခန္႕ခြဲရတဲ့ ေနရာမ်ိဳး
လိုခ်င္တယ္ဆိုရင္ေတာ့ သူ႕မွာ ဒီအရည္အေသြးရွိဖုိ႕ လိုပါလိမ့္မယ္။ ဒါေၾကာင့္ စီမံခန္႕ခြဲမႈ၊ ေခါင္းေဆာင္မႈေနရာကို ယူခ်င္တဲ့သူတုိင္း ျဖည္႕ထားရမယ့္ အရည္အခ်င္းတစ္ခုလည္း ျဖစ္ပါတယ္။
၈။ တီထြင္ဖန္တီးႏုိင္စြမ္း (Creativity)
ဒီေခတ္ရဲ႕ ျပႆနာေတြဟာ အသစ္ေတြျဖစ္တယ္။ ဒါေၾကာင့္ ေျဖရွင္းပံုေတြကလည္း အသစ္ျဖစ္မွရမယ္။ အရင္က လမ္းမရွိလို႕ ရံႊ႕ဗြက္ေတြထဲ
ကားတြန္းခဲ့ရတဲ့ အေတြ႕အၾကံဳဟာ ကတၱရာလမ္းျဖစ္သြားတဲ့အခါ မလုိအပ္ေတာ့ပါဘူး။ ႏုိင္ငံတကာကုိလည္း ၾကည္႕လုိက္ပါ။
အရင္က အသက္ ၅၀ ၆၀၊ အေတြ႕အၾကံဳတစ္စံုတစ္ရာ ရွိမွျဖစ္မယ္လုိ႕ ထင္တဲ့ ရာထူးေနရာေတြ၊ ေနာက္ဆံုး သမၼတ၊ ၀န္ၾကီး၊
ဒီလိုေနရာေတြကုိေတာင္ ၄၀ ေက်ာ္၊ ၃၀ ၀န္းက်င္ေတြနဲ႕ ရသြားတဲ့သူေတြ ရွိလာပါျပီ။ အေတြ႕အၾကံဳကို အေရးမၾကီးဘူး မေျပာခ်င္ေပမယ့္၊ ဒီေခတ္မွာ ရင္ဆုိင္ေနရတာေတြဟာ အသစ္ျဖစ္တဲ့အတြက္ အေတြ႕အၾကံဳဆုိတာထက္ တီထြင္ဖန္တီးႏုိင္စြမ္းကုိ ပုိလိုအပ္လာတယ္ ဆုိတာပါပဲ။
၉။ က်ိဳးေၾကာင္းဆက္စပ္ ေတြးေခၚႏုိင္စြမ္း (Critical thinking)
က်ိဳးေၾကာင္းဆင္ျခင္ႏုိင္ဖုိ႕ဆုိတာ အင္မတန္မွကို လိုအပ္တဲ့ကိစၥျဖစ္ပါတယ္။ ဒီအရည္အေသြး မရွိရင္္ အလြယ္တကူ လိမ္ခံရမယ္။
လူ႕အသို္င္းအ၀ုိင္းထဲ ရွင္သန္ဖုိ႕ရာ မလြယ္ဘူး။ တစ္ေယာက္ေယာက္က ၀ါဒမိႈင္းတုိက္မယ္ဆုိလည္း သိပ္လြယ္တယ္။ အက်ယ္ခ်ဲ႕ေျပာရရင္ ဒီကေနပဲ ႏုိင္ငံေရး၊ လူမ်ိဳးေရးျပႆနာေတြ အမ်ားၾကီးျဖစ္လာမယ္။
လူပုဂၢိဳလ္ကုိးကြယ္မႈေတြ ပိုထြန္းကားလာမယ္။ ဒါေၾကာင့္ ဘယ္အရာကုိမဆုိ တစ္ထစ္ခ်ယံုလုိက္မယ္ ဆုိတာထက္၊
အခ်က္အလက္ေတြ မွတ္ေနဖို႕ထက္ သူေျပာတာဟုတ္ပါ့မလား ဆိုျပီး စဥ္းစားတတ္ဖုိ႕၊ ဘာေၾကာင့္ ဒီလိုေျပာတာလဲ ဆိုတဲ့ Why ကုိ မ်ားမ်ားေမးတတ္ဖို႕ သိပ္လိုအပ္ပါတယ္။
ေျပာရရင္ ႏုိင္ငံတစ္ခုမွာ ဒီမုိကေရစီ ထြန္းကားဖို႕အတြက္လည္း အဲ့ဒီလို ျပည္သူေတြရဲ႕ ဆင္ျခင္တံုတရားနဲ႕ က်ိဳးေၾကာင္းက် ေတြးေခၚႏုိင္စြမ္းဟာ အင္မတန္ အေရးၾကီးပါတယ္။
၁၀။ ျပႆနာေျဖရွင္းျခင္း (Problem solving)
ကိုယ္ေမွ်ာ္မွန္းထားတာနဲ႕ ျဖစ္လာတာနဲ႕ၾကားက အကြာအဟကို ျပႆနာလို႕ေခၚပါတယ္။ လူရယ္လို႕ ျဖစ္လာရင္ ျပႆနာဆုိတာက ေရွာင္ရွားလုိ႕ မရပါဘူး။ ေျဖရွင္းဖို႕ပဲ လိုပါတယ္။
ေျဖရွင္းတတ္ဖုိ႕ပဲ လိုပါတယ္။ တခုခုဆုိ ေရွာင္ေျပးမယ္၊ စိတ္ဖိစီးေနမယ္၊ မွန္ကန္တဲ့ေျဖရွင္းမႈမ်ိဳးကို ေခါင္းေအးေအးထားျပီး မလုပ္ႏုိင္ဘူးဆုိရင္ အဆင္မေျပႏုိင္ပါဘူ။
ခုေျပာခဲ့တဲ့ အရည္အေသြး ၁၀ ခုကေတာ့ ဒီဘက္ေခတ္မွာ ယွဥ္ျပိဳင္ႏုိင္ဖို႕အတြက္ လိုအပ္လာတာတခ်ိဳဳ႕ကို ေ၀မွ်ေပးထားတာ ျဖစ္ပါတယ္။
ဖတ္လိုက္ရတဲ့ လူငယ္ေတြ တစ္စံုတစ္ရာ အက်ိဳးရွိျပီး ကုိယ့္ကုိယ္ကုိယ္ အသင့္ျဖစ္ေနေအာင္ ျပင္ဆင္ႏုိင္ၾကဖုိ႕ ရည္ရြယ္ပါတယ္။
Computer Basic သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>>https://bit.ly/2o2GeK7
ေဒါက္တာ ျဖိဳးသီဟ