×

Warning

JUser: :_load: Unable to load user with ID: 81428


Articles

Saturday, 19 October 2019

"ထူးခၽြန္ထက္ျမက္ သူတိုင္း ၾကံဳရတတ္တဲ့ လူမသိသူမသိ အခက္အခဲ(၅)မ်ိဳး"

"ထူးခၽြန္ထက္ျမက္ သူတိုင္း ၾကံဳရတတ္တဲ့ လူမသိသူမသိ အခက္အခဲ(၅)မ်ိဳး" google.com

ZAWGYI

ေတာ္တဲ့ထက္တဲ့သူေတြက သိတာေတြလည္းအရမ္းမ်ားတယ္၊အရာရာကိုေျဖရွင္းနိုင္တယ္၊ သူတို႕မွာအခက္အခဲေတာ့ရွိမွာမဟုတ္ဘူးလို႕ ထင္လိုက္ရင္မွားသြားပါလိမ့္မယ္။

ဘာလို႕လဲဆိုေတာ့ သူမ်ားထက္ေတာ္တဲ့သူေတြမွာ ဒီလိုအခက္အခဲေတြရွိေနလို႕ပါ။

 

() သူမ်ားထက္ နွစ္ဆစိတ္ရႈပ္ေထြးရတယ္

ျပႆနာတစ္ခု၊ အေၾကာင္းအရာတစ္ခုကို အဖက္ဖက္ကေနအျမင္အမ်ိဳးမ်ိဳးနဲ႕ျမင္တတ္လို႕ ျပႆနာေျဖရွင္းရာမွာ ကြ်မ္းတယ္လို႕ေျပာလို႕ရေပမယ့္ အဲ့လိုျမင္ေနတတ္ေတာ့ သူမ်ားေတြထက္ နွစ္ဆေလာက္စိတ္ရႈပ္ေထြးရပါတယ္။

 

() အရာရာကို ျပီးျပည့္စံုေအာင္လုပ္ဖို႔ ၾကိဳးစားလို႔ ပိုပင္ပန္းတယ္

ဘာပဲလုပ္လုပ္သူမ်ားထက္ပိုေကာင္းတဲ့ရလဒ္ရေအာင္ ၾကိဳးစားအားထုတ္တတ္ၾကတယ္။

သူမ်ားထက္မေကာင္းရင္ေတာင္၊ ညံ့ေနမွာစိုးရိမ္တတ္ျပီး အဖက္ဖက္ကျပည့္စံုေအာင္ အားထုတ္တတ္တာေၾကာင့္ပိုပင္ပန္းတယ္။

Recommended For You >>> "သင့္ကိုယ္သင္ ဖန္တီးႏိုင္စြမ္းကင္းမဲ့ေနတယ္လို႔ ထင္တဲ့အခါ လုပ္ၾကည့္သင့္တဲ့အခ်က္မ်ား"

 

() ငတံုးလို႔ အထင္ခံရမွာ ေၾကာက္တယ္

ေတာ္တဲ့ထက္တဲ့လူေတြက သူတို႕ေတာ္တဲ့အေၾကာင္းလူေတြကိုလိုက္ေျပာဖို႕မလိုဘူးလို႕ ယူဆေကာင္းယူဆလိမ့္မယ္။ ဒါေပမယ့္ ငတံုး၊ငအ လို႕အထင္ခံရမွာေတာ့ ေၾကာက္တတ္ပါတယ္။

ဒါေလးေတာင္ မစဉ္းစားတတ္ဘူးလား၊ဒါေလးေတာင္ မသိဘူးလား လို႕အၾကည့္ခံရတာမ်ိဳးဆို မခံနိုင္ဆံုးပါပဲ။

 

() အဆင့္ေက်ာ္ခ်င္တယ္

တစ္ခုခုလုပ္ရင္ အေျခခံကစမလုပ္ခ်င္ဘူး။ အေျခခံအခ်က္အလက္ေတြ၊နည္းစနစ္ေတြက သူတို႕အတြက္လြယ္လြန္းတယ္လို႕ထင္တာေၾကာင့္ အဆင့္ေက်ာ္ခ်င္တဲ့အက်င့္ေလးရွိတတ္ပါတယ္။

 

() သူတို႕ေတြမသိဘူး၊အဆင္မေျပဘူးတို႕ေျပာရင္ လူေတြကမယံုၾကဘူး

တစ္ခုခုေမးလိုက္လိို႕ မသိဘူးလို႕ေျပာရင္၊ ငါအဆင္မေျပဘူးလို႕ေျပာရင္ ဟုတ္ေရာဟုတ္ရဲ႕လားဆိုတဲ့အၾကည့္နဲ႕ၾကည့္တာခံရတယ္၊ လူေတြရဲ႕မယံုသကၤာျဖစ္တာခံရတယ္။

ဒီေတာ့ ကိုယ္အဆင္မေျပတာကိုဖြင့္မေျပာတတ္ေတာ့ဘူး၊ ကိုယ္လက္လွမ္းမီတာမွန္သမွ်သိေအာင္ၾကိဳးစားတယ္။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

Sources : Auntymay

 

UNICODE

"ထူးချွန်ထက်မြက် သူတိုင်း ကြုံရတတ်တဲ့ လူမသိသူမသိ အခက်အခဲ(၅)မျိုး"

တော်တဲ့ထက်တဲ့သူတွေက သိတာတွေလည်းအရမ်းများတယ်၊အရာရာကိုဖြေရှင်းနိုင်တယ်၊ သူတို့မှာအခက်အခဲတော့ရှိမှာမဟုတ်ဘူးလို့ ထင်လိုက်ရင်မှားသွားပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ သူများထက်တော်တဲ့သူတွေမှာ ဒီလိုအခက်အခဲတွေရှိနေလို့ပါ။

 

(၁) သူများထက် နှစ်ဆစိတ်ရှုပ်ထွေးရတယ်

ပြဿနာတစ်ခု၊ အကြောင်းအရာတစ်ခုကို အဖက်ဖက်ကနေအမြင်အမျိုးမျိုးနဲ့မြင်တတ်လို့ ပြဿနာဖြေရှင်းရာမှာ ကျွမ်းတယ်လို့ပြောလို့ရပေမယ့် အဲ့လိုမြင်နေတတ်တော့ သူများတွေထက် နှစ်ဆလောက်စိတ်ရှုပ်ထွေးရပါတယ်။

 

(၂) အရာရာကို ပြီးပြည့်စုံအောင်လုပ်ဖို့ ကြိုးစားလို့ ပိုပင်ပန်းတယ်

ဘာပဲလုပ်လုပ်သူများထက်ပိုကောင်းတဲ့ရလဒ်ရအောင် ကြိုးစားအားထုတ်တတ်ကြတယ်။

သူများထက်မကောင်းရင်တောင်၊ ညံ့နေမှာစိုးရိမ်တတ်ပြီး အဖက်ဖက်ကပြည့်စုံအောင် အားထုတ်တတ်တာကြောင့်ပိုပင်ပန်းတယ်။

Recommended For You >>> "သင့်ကိုယ်သင် ဖန်တီးနိုင်စွမ်းကင်းမဲ့နေတယ်လို့ ထင်တဲ့အခါ လုပ်ကြည့်သင့်တဲ့အချက်များ"

 

(၃) ငတုံးလို့ အထင်ခံရမှာ ကြောက်တယ်

တော်တဲ့ထက်တဲ့လူတွေက သူတို့တော်တဲ့အကြောင်းလူတွေကိုလိုက်ပြောဖို့မလိုဘူးလို့ ယူဆကောင်းယူဆလိမ့်မယ်။ ဒါပေမယ့် ငတုံး၊ငအ လို့အထင်ခံရမှာတော့ ကြောက်တတ်ပါတယ်။

ဒါလေးတောင် မစဉ်းစားတတ်ဘူးလား၊ဒါလေးတောင် မသိဘူးလား လို့အကြည့်ခံရတာမျိုးဆို မခံနိုင်ဆုံးပါပဲ။

 

(၄) အဆင့်ကျော်ချင်တယ်

တစ်ခုခုလုပ်ရင် အခြေခံကစမလုပ်ချင်ဘူး။ အခြေခံအချက်အလက်တွေ၊နည်းစနစ်တွေက သူတို့အတွက်လွယ်လွန်းတယ်လို့ထင်တာကြောင့် အဆင့်ကျော်ချင်တဲ့အကျင့်လေးရှိတတ်ပါတယ်။

 

(၅) သူတို့တွေမသိဘူး၊အဆင်မပြေဘူးတို့ပြောရင် လူတွေကမယုံကြဘူး

တစ်ခုခုမေးလိုက်လို့ မသိဘူးလို့ပြောရင်၊ ငါအဆင်မပြေဘူးလို့ပြောရင် ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့အကြည့်နဲ့ကြည့်တာခံရတယ်၊ လူတွေရဲ့မယုံသင်္ကာဖြစ်တာခံရတယ်။

ဒီတော့ ကိုယ်အဆင်မပြေတာကိုဖွင့်မပြောတတ်တော့ဘူး၊ ကိုယ်လက်လှမ်းမီတာမှန်သမျှသိအောင်ကြိုးစားတယ်။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm  မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

Sources : Auntymay

sayar.com.mm

Read times
Rate this articles
(0 votes)