×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Monday, 21 October 2019

လူငယ္ေတြအေနနဲ႕ မိမိရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းကို ကိုယ္တိုင္ ဘယ္လိုထိုးေဖာက္မလဲ?

လူငယ္ေတြအေနနဲ႕ မိမိရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းကို ကိုယ္တိုင္ ဘယ္လိုထိုးေဖာက္မလဲ? pexels

လူငယ္တစ္ေယာက္အေနနဲ႕ မိမိရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းကို ကိုယ္တိုင္ ဘယ္လိုထိုးေဖာက္မလဲ?
” ေက်ာင္းမွာ အဆင့္ေကာင္းေကာင္းရတာဟာ ေအာင္ျမင္မႈဆီကို သြားဖို႔အတြက္ တစ္ခုတည္းေသာ လမ္းေၾကာင္းလား။ ဆယ္တန္းစာေမးပြဲဟာ သင့္ရဲ႕ဘဝကို ဆုံးျဖတ္ေပးလိမ့္မယ္လို႔ အျခားသူေတြ ေျပာတာကိုေကာ သင္ၾကားဖူးပါသလား? “

တကယ္တမ္းေတာ့ စာသင္ေက်ာင္းေတြဟာ တစ္ဦးတစ္ေယာက္ခ်င္းစီ သင္ယူရရွိမႈထက္ စံစနစ္ သတ္မွတ္ခ်က္ေတြရွိတဲ့ စာေမးပြဲေတြအေပၚ ပိုၿပီး အာ႐ုံစိုက္ေလ့ရွိၾကပါတယ္။

ဆိုလိုတာကေတာ့ သင္ဟာ ဆယ္တန္းစာေမးပြဲမွာ အမွတ္မ်ားမ်ား မရခဲ့ဘူးဆိုရင္ေတာင္ ဘဝမွာ ေအာင္ျမင္ႏိုင္ပါတယ္။ ဒါဆို လူငယ္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈ လမ္းေၾကာင္းကို ကိုယ္တိုင္ ဘယ္လို ထိုးေဖာက္မလဲ။

 


၁။ လန္းဆန္းတက္ႂကြစြာ ျပန္လည္စတင္ပါ

young-woman-dancing-with-arm-raised-front-blue-backdrop_23-2148204732.jpg

 

ရႈံးနိမ့္မႈဆိုတာ ေအာင္ျမင္မႈရဲ႕ ဆန႔္က်င္ဘက္မဟုတ္ပါဘူး။ ေအာင္ျမင္မႈရဲ႕ အစိတ္အပိုင္းတစ္ခုသာ ျဖစ္တယ္။ ေလာကႀကီးက မမၽွတဘူးလို႔ သင္ထင္ေကာင္းထင္ေနႏိုင္ပါတယ္။

ၿပီးေတာ့ ငါ့ဘဝသာ ဒီအတိုင္းမဟုတ္ခဲ့ဘူးဆိုရင္ဆိုတဲ့ အေတြးေတြ ဒါမွမဟုတ္ ဟိုးအေဝးႀကီးကို ေျပးၿပီး တစ္ခုခုသာ လုပ္ႏိုင္မယ္ဆိုရင္ ဆိုတဲ့ အေတြးမ်ိဳးေတြ ေတြးၿပီး သင္စိတ္ညစ္ရင္လည္း

ညစ္ေနမွာေပါ့။ ဒါေပမဲ့ ေလာကႀကီး မမၽွတတဲ့ အေၾကာင္းေတြခ်ည္း ထိုင္ေတြးၿပီး သင့္ရဲ႕အခ်ိန္ေတြကို မျဖဳန္းတီးပါနဲ႔ေတာ့။

အေျခအေနတိုင္းမွာ သင့္အတြက္ အျမတ္ထုတ္စရာ အေၾကာင္းတစ္ခုခု က်န္ေနပါလိမ့္မယ္။ နယူတန္ဟာ သူ႔ေခါင္းေပၚ ပန္းသီးျပဳတ္္က်လာတဲ့အခါ ေဒါသထြက္ေကာင္းထြက္ႏိုင္ပါတယ္။

ဒါေပမဲ့ တစ္ခ်ိန္လံုး ေဒါသူပုန္ထေနမယ့္အစား သူဟာ ကမာၻေျမႀကီးရဲ႕ ဆြဲအား နိယာမကို သက္ေသျပလိုက္ႏုိင္တာေၾကာင့္ ယခုေခတ္မွာေတာ့ ႐ူပေဗဒ ရဲ႕ ဖခင္ႀကီးလို႔ေတာင္ တင္စားေခၚေဝၚခံေနရပါၿပီ။

 


၂။ ေအာင္ျမင္မႈကို ကိုယ္တိုင္ အဓိပၸါယ္ဖြင့္ဆိုပါ

businessman-with-laptop-celebrating-success_23-2147932214.jpg

 

ေအာင္ျမင္မႈဆိုတာ သင့္အတြက္ ဘယ္လို အဓိပၸာယ္ရွိလဲ? ကိုယ့္ရဲ႕ ေအာင္ျမင္မႈက ဘာလဲဆိုတာကို ကိုယ္ကိုယ္တိုင္ေတာင္ မသိေသးရင္ ေအာင္ျမင္ဖို႔ မျဖစ္ႏိုင္ေသးပါဘူး။

အျခားသူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈအေပၚ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြကိုလည္း အရမ္းဂ႐ုမစိုက္ပါနဲ႔။ စိတ္ကူးၾကည့္ပါ။ အိုင္းစတိုင္းက ေျပာခဲ့ဖူးပါတယ္။

” စိတ္ကူးဆိုတာဟာ သိပၸံပညာေတြထက္ကို အေရးႀကီးတယ္ ” လို႔ေပါ့။ တစ္ေန႔ကို မိနစ္အနည္းငယ္ေလာက္ ျဖစ္ျဖစ္ ေအာင္ျမင္မႈဆိုတာကို ခံစားၾကည့္ပါ။

သင့္ကုိယ္သင္ ေအာင္ျမင္သူတစ္ေယာက္အျဖစ္ စိတ္ကူးယဥ္ၾကည့္ပါ။ ေအာင္ျမင္မႈရဲ႕ အရသာကို စိတ္ကူးနဲ႔ ခံစားၾကည့္ပါ။ ၿပီးရင္ ဒီအရသာကို သင့္အတြက္ တြန္းအားတစ္ခု အေနနဲ႔ အသုံးခ်ပါ။

လူတိုင္းမွာ ေအာင္ျမင္မႈဆိုတဲ့ အရာအတြက္ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြ အမ်ားႀကီးရွိပါတယ္။

ဒါေပမယ့္ အၿမဲတမ္း မွတ္ထားရမွာကေတာ့ ” ျခေသၤ့တစ္ေကာင္ဟာ သူ႔အေပၚ သုံးသပ္တဲ့ သိုးတစ္ေကာင္ရဲ႕ အျမင္ကို ဂရုစိုက္ေနမွာ မဟုတ္ပါဘူး ” ဆိုတာပါပဲ။

ကိုယ္ကိုယ္တိုင္ အဓိပၸါယ္သတ္မွတ္ၿပီးရင္ေတာ့ ပန္းတိုင္ေတြ ခ်မွတ္ပါ။ လက္ေတြ႕ေတာ့ က်ပါေစ။

Recommended For You >>> "တကၠသိုလ္တက္ေနရင္းအလုပ္လုပ္ျခင္းရဲ႕ေကာင္းက်ိဳးမ်ား"

 

 

၃။ ကိုယ့္ရည္မွန္းခ်က္ေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္တဲ့ အရာေတြကို သတ္မွတ္ပါ။ အခ်ိန္ဇယား ဆြဲပါ

young-student-girl-with-laptop-floor-with-surprise-facial-expression_1368-42896.jpg

 

ဘာလိုအပ္သလဲ။ ဘာကို လိုခ်င္တာလဲ ဆိုတဲ့ အရာေတြကို သတ္မွတ္ပါ။ ပန္းတိုင္ကို ေရာက္ဖို႔အတြက္ ကိုယ္လိုအပ္တဲ့ ကြၽမ္းက်င္မႈေတြ၊ အရာဝတၳဳ ပစၥည္းေတြကို စာ႐ြက္ေပၚမွာ ေရးခ်ပါ။

ေရတို ရည္မွန္းခ်က္ ေသးေသးေလးေတြကို ရက္သတ္မွတ္ပါ။ ဒါဆိုရင္ ကိုယ္ဟာ ေအာင္ျမင္လား၊ ပိုႀကိဳးစားသင့္လား အလြယ္တကူ သိႏိုင္ၿပီး ေရရွည္ ရည္မွန္းခ်က္ေတြကိုလည္း ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္ပါလိမ့္မယ္။


ၿပီးေတာ့ ဒီနည္းလမ္းဟာ သင့္ရဲ႕တခ်ိဳ႕မလိုအပ္တဲ့ အလုပ္ေတြကို ဖယ္ထားဖို႔ အတြက္လည္း ကူညီေပးပါလိမ့္မယ္။ မလိုအပ္ေသးတာေတြကို ဖယ္ထားတယ္ဆိုတာ အခ်ိန္စီမံမႈ တစ္ခုပါပဲ။

ဒီလို မလိုအပ္တဲ့အရာေတြကို သင့္ရဲ႕အခ်ိန္ဇယားထဲက ထုတ္ႏိုင္ၿပီဆိုရင္ေတာ့ သင့္အတြက္ တကယ္လိုအပ္တာေတြကို ပိုၿပီး အာ႐ုံစိုက္ႏိုင္ပါလိမ့္မယ္။

ရည္မွန္းခ်က္ေတြကို အပိုင္းပိုင္းေလးေတြ ခြဲၿပီး နည္းနည္းခ်င္း ေအာင္ျမင္ေအာင္ လုပ္ႏိုင္တယ္ဆိုရင္ သင့္ရဲ႕ေနာက္ဆုံးပန္းတိုင္အတြက္ မေအာင္ျမင္စရာ အေၾကာင္း မရွိေတာ့ပါဘူး။

“ သင္ျဖစ္ခ်င္တာနဲ႔ ယခုလက္ရွိ သင္ျဖစ္ေနတာရဲ႕ကြာျခားခ်က္က ဒီေန႔ သင္ဘာလုပ္လဲဆိုတာပါပဲ။ ”

 


၄။ စူးစမ္းေလ့လာေနပါ

writing-essay_1098-14201.jpg

 

စူးစမ္းျခင္းဟာ ႏွိမ့္ခ်ျခင္း တစ္မ်ိဳးပါပဲ။ ဘာလို႔လဲဆိုေတာ့ သင္ယူမႈေတြ မ်ားလာေလေလ၊ ကိုယ္ဟာ နည္းနည္းေလးပဲ သိတာပါလား ဆိုတာကို သတိထားမိလာေလေလပါပဲ။

ဒါဟာ သင္ယူမႈေတြ၊ အေတြ႕အႀကံဳေတြအတြက္ သင့္ရဲ႕အခ်ိန္ေတြက နည္းသထက္နည္းလာၿပီလို႔ သတိေပးျခင္းတစ္မ်ိဳးပါပဲ။ တကယ္လို႔မ်ား သင္က တစ္ခုခုနဲ႔ ပတ္သက္ၿပီး အဲဒါ ဘယ္လို ျဖစ္သြားတယ္ မသိဘူး၊

ဒါမွမဟုတ္ ေမးခြန္းတစ္ခုခုကို မေျဖႏိုင္ဘူးဆိုရင္ ခ်က္ခ်င္းရွာလိုက္ပါ။ ဒါဟာ သင့္ရဲ႕ သင္ယူမႈလမ္းေၾကာင္းေပၚမွာ ရည္မွန္းခ်က္ေလာက္ကိုအေရးပါတဲ့ ကိုယ္တိုင္သင္ယူေလ့လာျခင္းဆိုတဲ့ အက်င့္တစ္ခု ျဖစ္ေအာင္ ေလ့က်င့္ေပးပါလိမ့္မယ္။

 


၅။ ေအာင္ျမင္ေနတဲ့ သူေတြ နဲ႔ နီးနီးကပ္ကပ္ ေနပါ

Group of people working out business plan in an office Free Photo

 

ကိုယ့္ရဲ႕ ေဘးပတ္ဝန္းက်င္ကို သတိျပဳပါ။ ေအာင္ျမင္မႈဆီ ေဆာင္က်ဥ္းေပးမယ့္ လမ္းေၾကာင္းေတြကို ရွာေဖြပါ။ ပညာရွင္ေတြ ကိုယ္တိုင္ေဆာင္႐ြက္ေပးေနတဲ့ (ဝင္ေၾကးအခမဲ့) အခမ္းအနား၊ ေဆြးေႏြးပြဲေတြ အမ်ားႀကီးရွိပါတယ္။

သင့္အတြက္ အက်ိဳးေက်းဇူး ရႏိုင္မယ့္ ပြဲေတြကို ရွာပါ။ ေအာင္ျမင္တဲ့သူေတြကို ေလ့လာပါ။ သူတို႔ ဘာေတြ လုပ္ေနလဲ။ ဒီလို ဘဝမ်ိဳးရေအာင္ သူတို႔ ဘယ္လိုႀကိဳးစားခဲ့လဲ ေလ့လာပါ။

သူတို႔ဆီက အႀကံဉာဏ္ေတာင္းပါ။ သင့္ရဲ႕ ေအာင္ျမင္မႈဆီ ခ်ဥ္းကပ္နည္းနဲ႔ သူတို႔ရဲ႕ ခ်ဥ္းကပ္နည္းကို ႏႈိင္းယွဥ္ၾကည့္ပါ။ အသိပညာဆိုတာ လြယ္လြယ္ကူကူ အခမဲ့ ရရွိႏိုင္သလို အရမ္းအစြမ္းထက္ပါတယ္..။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္ https://www.sayar.com.mm/subjects.html  မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

Sources For Her Myanmar

 

UNICODE

 

လူငယ်တစ်ယောက်အနေနဲ့ မိမိရဲ့အောင်မြင်မှုလမ်းကြောင်းကို ကိုယ်တိုင် ဘယ်လိုထိုးဖောက်မလဲ?
” ကျောင်းမှာ အဆင့်ကောင်းကောင်းရတာဟာ အောင်မြင်မှုဆီကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းလား။ ဆယ်တန်းစာမေးပွဲဟာ သင့်ရဲ့ဘဝကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ အခြားသူတွေ ပြောတာကိုကော သင်ကြားဖူးပါသလား? “

တကယ်တမ်းတော့ စာသင်ကျောင်းတွေဟာ တစ်ဦးတစ်ယောက်ချင်းစီ သင်ယူရရှိမှုထက် စံစနစ် သတ်မှတ်ချက်တွေရှိတဲ့ စာမေးပွဲတွေအပေါ် ပိုပြီး အာရုံစိုက်လေ့ရှိကြပါတယ်။

ဆိုလိုတာကတော့ သင်ဟာ ဆယ်တန်းစာမေးပွဲမှာ အမှတ်များများ မရခဲ့ဘူးဆိုရင်တောင် ဘဝမှာ အောင်မြင်နိုင်ပါတယ်။ ဒါဆို လူငယ်တစ်ယောက်အနေနဲ့ အောင်မြင်မှု လမ်းကြောင်းကို ကိုယ်တိုင် ဘယ်လို ထိုးဖောက်မလဲ။

 


၁။ လန်းဆန်းတက်ကြွစွာ ပြန်လည်စတင်ပါ

young-woman-dancing-with-arm-raised-front-blue-backdrop_23-2148204732.jpg

 

ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှုရဲ့ ဆန့်ကျင်ဘက်မဟုတ်ပါဘူး။ အောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်။ လောကကြီးက မမျှတဘူးလို့ သင်ထင်ကောင်းထင်နေနိုင်ပါတယ်။

ပြီးတော့ ငါ့ဘဝသာ ဒီအတိုင်းမဟုတ်ခဲ့ဘူးဆိုရင်ဆိုတဲ့ အတွေးတွေ ဒါမှမဟုတ် ဟိုးအဝေးကြီးကို ပြေးပြီး တစ်ခုခုသာ လုပ်နိုင်မယ်ဆိုရင် ဆိုတဲ့ အတွေးမျိုးတွေ တွေးပြီး သင်စိတ်ညစ်ရင်လည်း

ညစ်နေမှာပေါ့။ ဒါပေမဲ့ လောကကြီး မမျှတတဲ့ အကြောင်းတွေချည်း ထိုင်တွေးပြီး သင့်ရဲ့အချိန်တွေကို မဖြုန်းတီးပါနဲ့တော့။

အခြေအနေတိုင်းမှာ သင့်အတွက် အမြတ်ထုတ်စရာ အကြောင်းတစ်ခုခု ကျန်နေပါလိမ့်မယ်။ နယူတန်ဟာ သူ့ခေါင်းပေါ် ပန်းသီးပြုတ်ကျလာတဲ့အခါ ဒေါသထွက်ကောင်းထွက်နိုင်ပါတယ်။

ဒါပေမဲ့ တစ်ချိန်လုံး ဒေါသူပုန်ထနေမယ့်အစား သူဟာ ကမ္ဘာမြေကြီးရဲ့ ဆွဲအား နိယာမကို သက်သေပြလိုက်နိုင်တာကြောင့် ယခုခေတ်မှာတော့ ရူပဗေဒ ရဲ့ ဖခင်ကြီးလို့တောင် တင်စားခေါ်ဝေါ်ခံနေရပါပြီ။

 


၂။ အောင်မြင်မှုကို ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်ဆိုပါ

businessman-with-laptop-celebrating-success_23-2147932214.jpg

 

အောင်မြင်မှုဆိုတာ သင့်အတွက် ဘယ်လို အဓိပ္ပာယ်ရှိလဲ? ကိုယ့်ရဲ့ အောင်မြင်မှုက ဘာလဲဆိုတာကို ကိုယ်ကိုယ်တိုင်တောင် မသိသေးရင် အောင်မြင်ဖို့ မဖြစ်နိုင်သေးပါဘူး။

အခြားသူတစ်ယောက်ရဲ့ အောင်မြင်မှုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကိုလည်း အရမ်းဂရုမစိုက်ပါနဲ့။ စိတ်ကူးကြည့်ပါ။ အိုင်းစတိုင်းက ပြောခဲ့ဖူးပါတယ်။

” စိတ်ကူးဆိုတာဟာ သိပ္ပံပညာတွေထက်ကို အရေးကြီးတယ် ” လို့ပေါ့။ တစ်နေ့ကို မိနစ်အနည်းငယ်လောက် ဖြစ်ဖြစ် အောင်မြင်မှုဆိုတာကို ခံစားကြည့်ပါ။

သင့်ကိုယ်သင် အောင်မြင်သူတစ်ယောက်အဖြစ် စိတ်ကူးယဉ်ကြည့်ပါ။ အောင်မြင်မှုရဲ့ အရသာကို စိတ်ကူးနဲ့ ခံစားကြည့်ပါ။ ပြီးရင် ဒီအရသာကို သင့်အတွက် တွန်းအားတစ်ခု အနေနဲ့ အသုံးချပါ။

လူတိုင်းမှာ အောင်မြင်မှုဆိုတဲ့ အရာအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်။

ဒါပေမယ့် အမြဲတမ်း မှတ်ထားရမှာကတော့ ” ခြင်္သေ့တစ်ကောင်ဟာ သူ့အပေါ် သုံးသပ်တဲ့ သိုးတစ်ကောင်ရဲ့ အမြင်ကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး ” ဆိုတာပါပဲ။

ကိုယ်ကိုယ်တိုင် အဓိပ္ပါယ်သတ်မှတ်ပြီးရင်တော့ ပန်းတိုင်တွေ ချမှတ်ပါ။ လက်တွေ့တော့ ကျပါစေ။

Recommended For You >>> "တက္ကသိုလ်တက်နေရင်းအလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ"

 

 

၃။ ကိုယ့်ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အရာတွေကို သတ်မှတ်ပါ။ အချိန်ဇယား ဆွဲပါ

young-student-girl-with-laptop-floor-with-surprise-facial-expression_1368-42896.jpg

 

ဘာလိုအပ်သလဲ။ ဘာကို လိုချင်တာလဲ ဆိုတဲ့ အရာတွေကို သတ်မှတ်ပါ။ ပန်းတိုင်ကို ရောက်ဖို့အတွက် ကိုယ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ အရာဝတ္ထု ပစ္စည်းတွေကို စာရွက်ပေါ်မှာ ရေးချပါ။

ရေတို ရည်မှန်းချက် သေးသေးလေးတွေကို ရက်သတ်မှတ်ပါ။ ဒါဆိုရင် ကိုယ်ဟာ အောင်မြင်လား၊ ပိုကြိုးစားသင့်လား အလွယ်တကူ သိနိုင်ပြီး ရေရှည် ရည်မှန်းချက်တွေကိုလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။


ပြီးတော့ ဒီနည်းလမ်းဟာ သင့်ရဲ့တချို့မလိုအပ်တဲ့ အလုပ်တွေကို ဖယ်ထားဖို့ အတွက်လည်း ကူညီပေးပါလိမ့်မယ်။ မလိုအပ်သေးတာတွေကို ဖယ်ထားတယ်ဆိုတာ အချိန်စီမံမှု တစ်ခုပါပဲ။

ဒီလို မလိုအပ်တဲ့အရာတွေကို သင့်ရဲ့အချိန်ဇယားထဲက ထုတ်နိုင်ပြီဆိုရင်တော့ သင့်အတွက် တကယ်လိုအပ်တာတွေကို ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။

ရည်မှန်းချက်တွေကို အပိုင်းပိုင်းလေးတွေ ခွဲပြီး နည်းနည်းချင်း အောင်မြင်အောင် လုပ်နိုင်တယ်ဆိုရင် သင့်ရဲ့နောက်ဆုံးပန်းတိုင်အတွက် မအောင်မြင်စရာ အကြောင်း မရှိတော့ပါဘူး။

“ သင်ဖြစ်ချင်တာနဲ့ ယခုလက်ရှိ သင်ဖြစ်နေတာရဲ့ကွာခြားချက်က ဒီနေ့ သင်ဘာလုပ်လဲဆိုတာပါပဲ။ ”

 


၄။ စူးစမ်းလေ့လာနေပါ

writing-essay_1098-14201.jpg

 

စူးစမ်းခြင်းဟာ နှိမ့်ချခြင်း တစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ သင်ယူမှုတွေ များလာလေလေ၊ ကိုယ်ဟာ နည်းနည်းလေးပဲ သိတာပါလား ဆိုတာကို သတိထားမိလာလေလေပါပဲ။

ဒါဟာ သင်ယူမှုတွေ၊ အတွေ့အကြုံတွေအတွက် သင့်ရဲ့အချိန်တွေက နည်းသထက်နည်းလာပြီလို့ သတိပေးခြင်းတစ်မျိုးပါပဲ။ တကယ်လို့များ သင်က တစ်ခုခုနဲ့ ပတ်သက်ပြီး အဲဒါ ဘယ်လို ဖြစ်သွားတယ် မသိဘူး၊

ဒါမှမဟုတ် မေးခွန်းတစ်ခုခုကို မဖြေနိုင်ဘူးဆိုရင် ချက်ချင်းရှာလိုက်ပါ။ ဒါဟာ သင့်ရဲ့ သင်ယူမှုလမ်းကြောင်းပေါ်မှာ ရည်မှန်းချက်လောက်ကိုအရေးပါတဲ့ ကိုယ်တိုင်သင်ယူလေ့လာခြင်းဆိုတဲ့ အကျင့်တစ်ခု ဖြစ်အောင် လေ့ကျင့်ပေးပါလိမ့်မယ်။

 


၅။ အောင်မြင်နေတဲ့ သူတွေ နဲ့ နီးနီးကပ်ကပ် နေပါ

Group of people working out business plan in an office Free Photo

 

ကိုယ့်ရဲ့ ဘေးပတ်ဝန်းကျင်ကို သတိပြုပါ။ အောင်မြင်မှုဆီ ဆောင်ကျဉ်းပေးမယ့် လမ်းကြောင်းတွေကို ရှာဖွေပါ။ ပညာရှင်တွေ ကိုယ်တိုင်ဆောင်ရွက်ပေးနေတဲ့ (ဝင်ကြေးအခမဲ့) အခမ်းအနား၊ ဆွေးနွေးပွဲတွေ အများကြီးရှိပါတယ်။

သင့်အတွက် အကျိုးကျေးဇူး ရနိုင်မယ့် ပွဲတွေကို ရှာပါ။ အောင်မြင်တဲ့သူတွေကို လေ့လာပါ။ သူတို့ ဘာတွေ လုပ်နေလဲ။ ဒီလို ဘဝမျိုးရအောင် သူတို့ ဘယ်လိုကြိုးစားခဲ့လဲ လေ့လာပါ။

သူတို့ဆီက အကြံဉာဏ်တောင်းပါ။ သင့်ရဲ့ အောင်မြင်မှုဆီ ချဉ်းကပ်နည်းနဲ့ သူတို့ရဲ့ ချဉ်းကပ်နည်းကို နှိုင်းယှဉ်ကြည့်ပါ။ အသိပညာဆိုတာ လွယ်လွယ်ကူကူ အခမဲ့ ရရှိနိုင်သလို အရမ်းအစွမ်းထက်ပါတယ်..။

သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm  မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်။

 

 

Sources For Her Myanmar

sayar.com.mm

 

 

Read times Last modified on Wednesday, 08 January 2020 16:59
Rate this articles
(0 votes)