×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 21 October 2019

"ဘဝရည္မွန္းခ်က္ေရေရရာရာမသိေသးဘူးဆိုရင္ ျပဳလုပ္ၾကည့္သင့္တဲ့အခ်က္ (၆) ခ်က္"

"ဘဝရည္မွန္းခ်က္ေရေရရာရာမသိေသးဘူးဆိုရင္ ျပဳလုပ္ၾကည့္သင့္တဲ့အခ်က္ (၆) ခ်က္" google.com

UNICODE

အချို့ကတော့ ဘာလုပ်မယ်၊ ဘာဖြစ်ချင်တယ်….ဆိုပြီး ရည်မှန်းချက်ရှိတတ်ကြပါတယ်။ ရှိသလိုလည်း ကိုယ်သွားမယ့်လမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်ပြီး လျှောက်တတ်ကြပါသေးတယ်။

ဇွဲ၊လုံ့လ၊ ဝီရိယနဲ့ အခက်အခဲတွေကို ရင်ဆိုင်ပြီး ကျော်ဖြတ်လိုက်တဲ့အခါ အစွမ်းအစတွေတိုးတက်လာပြီး ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်တာပေါ့။

တချို့ကတော့ ဘဝမှာ ဘာကြီးဖြစ်ရမယ်ရယ်လို့ ရေရာစွာမသိကြပါဘူး။ အဲဒါကြောင့်ကိုပဲ ဘယ်လမ်းကြောင်းကိုရွေးလို့ ဘာလုပ်မယ်ဆိုတာကို မသိကြဘဲ ဘယ်ကိုခရီးပေါက်အောင်လျှောက်ရကောင်းမှန်းမသိပြန်ပါဘူး။

အဲဒီ့အခါ ဘယ်လိုလုပ်သင့်ပါသလဲ.....?

ကိုယ့်ဘဝမှာ ဘာဖြစ်ရမယ်လို့ ရည်မှန်းချက်ထားနိုင်တဲ့သူနဲ့ ရည်မှန်းချက်မထားနိုင်တဲ့သူက ကွားခြားမှုတွေတော့ရှိပါတယ်။

ရည်မှန်းချက်သတ်မှတ်ထားတဲ့သူအတွက် သူလျှောက်မယ့်လမ်းကြောင်းကို သတ်သတ်မှတ်မှတ် ရွေးချယ်ပြီးသားမို့

ထိုရည်မှန်းချက်နဲ့သက်ဆိုင်တဲ့လမ်းကြောင်းကို တစိုက်မတ်မတ်နဲ့ ဇွဲရှိရှိ လျှောက်ဖို့သာ လိုအပ်တာပါ။
ကိုယ့်ဘဝရည်မှန်းချက်မရှိသေးတဲ့သူကတော့ စမ်းတဝါးဝါးနဲ့ ဘယ်လမ်းလျှောက်ရမယ်မှန်းမသိဖြစ်နေတတ်ပါတယ်။

အဲဒါအပြင် ကိုယ်လျှောက်နိုင်မယ်ထင်ပြီး ရွေးချယ်လိုက်ပြီးကာမှ ကိုယ်လုံးဝစိတ်မဝင်စားနိုင်တဲ့ နယ်ပယ်ဖြစ်နေတာမျိုးကြုံနိုင်ပါတယ်။

ဘယ်လိုမှ ကိုယ့်စိတ်ကိုနှစ်လို့မရနိုင်တဲ့နယ်ပယ်မျိုးဖြစ်နေတဲ့အခါ ကိုယ်က နောက်ထပ် နယ်ပယ်တစ်ခုမှာ ပြန်လည်စတင်ဖို့ကြိုးစားရတာမို့ အသစ်ကနေ အရာအားလုံးပြန်စရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ့်ဘဝမှာ ရည်မှန်းချက်ရယ်လို့ ရေရာစွာမသတ်မှတ်ထားနိုင်သေးခင် ယေဘုယျအားဖြင့်တော့ ဘယ်အလုပ်ကို စိတ်ဝင်စားနိုင်သလဲ၊

ကိုယ်တကယ် စိတ်ထဲက လိပ်ပြာသန့်သန့်နဲ့ နှစ်နှစ်ကာကာလုပ်နိုင်ပါ့မလား မေးကြည့်သင့်ပါတယ်။

 

(၁) ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ပါ
ကိုယ့်ကိုကိုယ် ယေဘုယျအားဖြင့် ဘယ်အပိုင်းမှာ ဝါသနာပါသလဲ၊ ကိုယ့်ရဲ့စိတ်ထဲက နှစ်နှစ်ကာကာနဲ့ လုပ်နိုင်မယ့်နေရာဖြစ်မလားလို့ တွေးကြည့်ပါ။

 

(၂) ကိုယ့်ရဲ့အားသာချက်ကိုပြန်ဆန်းစစ်ပါ
အဓိကက ကိုယ့်ကိုကိုသိဖို့အရေးကြီးပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို သိပြီး ကိုယ့်ရဲ့အားသာချက်ကို သိခြင်းက ဒီနေရာမှာ ကောင်းကောင်းအသုံးချနိုင်ပါတယ်။

ဥပမာ၊ လူမှုဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်က အဓိကအားဖြင့် လူထုနဲ့ထိတွေ့ရတဲ့၊ လူမှုဆက်ဆံရေးနဲ့သက်ဆိုင်တဲ့အလုပ်မျိုးကို ရွေးသင့်ပါတယ်။

ထိုနေရာမျိုးမှာပိုပြီးအောင်မြင်ဖို့ရာခိုင်နှုန်းများပါတယ်။ Introvert ဆိုရင် တစ်ယောက်တည်း တွေးတောစဉ်းစားပြီး အစီအစဉ်ဆွဲပေးရတဲ့အလုပ်မျိုးမှာ အောင်မြင်နိုင်ချေများတယ် စသဖြင့်ပေါ့။

ကိုယ့်ရဲ့အားသာချက်ပေါ်မူတည်ပြီး ကိုယ်သွားမယ့်လမ်းကြောင်းကို ရွေးချယ်ခြင်းက ကိုယ်ပျော်ရွှင်ဖို့ပိုအခွင့်အလမ်းများပါတယ်။ ကိုယ်ပျော်ရွှင်တဲ့အလုပ်ကိုလုပ်ရတဲ့အခါ ထိုအလုပ်ခွင်၊ ထိုလမ်းကြောင်းမှာ မြန်မြန်ခရီးရောက်ပြီး အောင်မြင်နိုင်ပါတယ်။

 

(၃) ကိုယ်ယေဘုယျအားဖြင့်ရွေးချယ်ထားတဲ့လမ်းကြောင်းကိုပြန်ဆန်းစစ်ပါ
ပထမအဆင့်အနေနဲ့ ကိုယ်လုပ်နိုင်မယ်ထင်တဲ့လမ်းကြောင်းတစ်ခုကိုတော့ ရွေးလိုက်ပြီ၊ တကယ်လုပ်နိုင်တယ်ဆိုရင် ထိုလမ်းကြောင်းကနေ မြင့်တဲ့နေရာတစ်ခုထိ ကိုယ်ရောက်အောင်သွားမယ်လို့ ကြိုတင်မှန်းထားတာပါ။

ကိုယ်ကြိုတင်မှန်းထားတဲ့လမ်းကြောင်းကို ကိုယ်လျှောက်နိုင်ပါ့မလား၊ ကိုယ့်မှာ ဘာအရည်အချင်းတွေလိုမလဲ၊ အဖိနှိပ်ခံရတာမျိုးတွေ၊ နာကျင်ရတာမျိုးတွေ၊ ပင်ပန်းတာတွေကြုံလာရရင် ကိုယ်ကျော်ဖြတ်နိုင်ပါ့မလား ကိုယ့်ကိုကိုယ်ပြန်မေးပါ။

Recommended For You >>> "မိမိ ကိုယ် မိမိယုံကြည်မှု (Self – Confidence ) ကိုဘယ်လိုတည်ဆောက်ကြမလဲ"

 

(၄) စမ်းလုပ်ကြည့်ပါ
ယေဘုယျအားဖြင့် ကိုယ်တိုင်လုပ်နိုင်တယ်လို့ ထင်တဲ့လမ်းကြောင်းထဲက အလုပ်တစ်ခုခုကို စလုပ်ကြည့်လိုက်ပါ။

တကယ်လုပ်ကြည့်တော့မှ သင်ထင်ထားတာထက် ပိုတဲ့ အခက်အခဲတွေကို သင်ခံနိုင်ရည်ရှိမရှိသိရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ထိုလမ်းကြောင်းကအခက်အခဲတွေကို

သင်ဘယ်လိုကျော်ဖြတ်မလဲ၊ ဒီလမ်းကြောင်းက တကယ်ကော ကိုယ်လုပ်နိုင်ပါ့မလား….ဆိုတာပါ သိလာပါလိမ့်မယ်။

 

(၅) အခက်အခဲတွေကိုပြန်ဆန်းစစ်ပါ
ကိုယ်စသွားမယ်လမ်းကြောင်းကို ရွေးပြီး စမ်းသပ်တဲ့အနေနဲ့လုပ်ကြည့်တဲ့အခါမှာတော့ သင်ရေရှည်မှာ ဒီအလုပ်မျိုးလုပ်နိုင်မလုပ်နိုင်သိလာမှာပါ။ အခက်အခဲတွေကြုံရတဲ့အခါ စိတ်ပျက်မိ၊

စိတ်လျှော့ချင်စိတ်တွေဖြစ်လာမှာဖြစ်ပေမယ့် အခက်အခဲတွေက ကိုယ်ကျော်ဖြတ်နိုင်တဲ့၊ ကိုယ်ထိန်းချုပ်နိုင်တဲ့အခက်အခဲမျိုးလား၊ အဲဒါဆိုရင် ကိုယ်တိုင်ဖြေရှင်းပါ။

ကိုယ့်ရဲ့အစွမ်းအစလိုနေတယ်ဆိုရင် ကိုယ့်ကိုကိုယ်အစွမ်းအစတွေပြည့်ဝလာအောင် ကြိုးစားပါ။ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စမျိုးဆိုရင်တော့ ဘယ်လိုမျိုးလျစ်လျူရှုမလဲတွေးပါ။

 

(၆) ကိုယ်ရောက်နေတဲ့လမ်းကြောင်းပေါ်မှာ ပိုပြီးအဆင့်မြင့်တဲ့နေရာတစ်ခုကို စိတ်ကူးကြည့်ပါ
ခုလက်ရှိကိုယ်က account ပိုင်းမှာလုပ်နေတယ်ဆိုပါတော့…..စာရင်းကိုင်နေရာကနေ စာရင်းစစ်တဲ့သူအဖြစ်စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ပိုပြီး ပျော်နိုင်မလား….၊

ဒီထက်ပိုမြင့်တဲ့ရာထူးတစ်ဆင့်ချင်းတိုးတက်အောင်ကြိုးစားချင်စိတ်ရှိသလားလို့ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ မဖြစ်ချင်ဘူးဆိုရင်တော့ သင်ကခုလက်ရှိလုပ်နေတဲ့အလုပ်

ဒါမှမဟုတ် ကိုယ်သွားနေတဲ့လမ်းကြောင်းအတွက် မြင့်မားတဲ့ရည်မှန်းချက်မရှိဘဲ ရေလိုက်ငါးလိုက်နဲ့ စားသာတာကိုလုပ်နေတယ်လို့ ကိုယ့်ကိုကိုယ်ဝေဖန်သင့်ပါတယ်။

အဲဒါဆိုရင်တော့ ဒီလမ်းကြောင်းကို တကယ်စိတ်ပါလို့မဖြစ်နိုင်တော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ လူ့ဘဝက တစ်သက်လုံးဒီတိုင်းနေလို့မဖြစ်နိုင်ပါဘူး။

ကိုယ်ရောက်နေတဲ့လမ်းကြောင်းရဲ့ ပိုမြင့်တဲ့နေရာတစ်ခုရောက်အောင် အမြဲကြိုးစားနေသင့်ပါတယ်။

အဲဒါကြောင့် သင်ရောက်ရှိနေတဲ့လမ်းကြောင်းရဲ့ နောက်ထပ်နေရာတစ်နေရာအတွက် စိတ်ကူးယဉ်ကြည့်သင့်ပါတယ်။

ကိုယ်သာ စာရင်းကိုင်ဘဝကနေ စာရင်းစစ်ဘဝရောက်ရင် ပျော်ပါ့မလား၊ ပိုပြီး စွမ်းရည်ထက်မြက်လာခြင်းနဲ့အတူ ဘဝတိုးတက်လာခြင်းပါတွဲပါလာမှာမို့ ကြိုးစားနေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သင့်ကိုသင်ပြန်ပြုပြင်သင့်နေပါပြီ။


သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်ချင်တယ် ဆိုရင်တော့ sayar.com.mm မှာရှိတဲ့ ဆရာ၊ ဆရာမများနှင့်ဆက်သွယ်လိုက်ပါ။
ဤလင့် https://www.sayar.com.mm/subjects.html  မှာ ဘာသာရပ်ပေါင်းစုံ သင်ပေးသော ဆရာ၊ ဆရာမများ ကို အခမဲ့ ဝင်ရောက်ရျာဖွေနိုင်ပါသည်

 

Source : Bawa101

sayar.com.mm

 

ZAWGYI

"ဘဝရည္မွန္းခ်က္ေရေရရာရာမသိေသးဘူးဆိုရင္ ျပဳလုပ္ၾကည့္သင့္တဲ့အခ်က္ (၆) ခ်က္"
အခ်ိဳ႕ကေတာ့ ဘာလုပ္မယ္၊ ဘာျဖစ္ခ်င္တယ္….ဆိုၿပီး ရည္မွန္းခ်က္ရွိတတ္ၾကပါတယ္။ ရွိသလိုလည္း ကိုယ္သြားမယ့္လမ္းေၾကာင္းကို ကိုယ္တိုင္ေ႐ြးခ်ယ္ၿပီး ေလွ်ာက္တတ္ၾကပါေသးတယ္။

ဇြဲ၊လုံ႔လ၊ ဝီရိယနဲ႔ အခက္အခဲေတြကို ရင္ဆိုင္ၿပီး ေက်ာ္ျဖတ္လိုက္တဲ့အခါ အစြမ္းအစေတြတိုးတက္လာၿပီး ကိုယ္ေရာက္ခ်င္တဲ့ပန္းတိုင္ကို ေအာင္ျမင္စြာ ေရာက္ရွိႏိုင္တာေပါ့။

တခ်ိဳ႕ကေတာ့ ဘဝမွာ ဘာႀကီးျဖစ္ရမယ္ရယ္လို႔ ေရရာစြာမသိၾကပါဘူး။ အဲဒါေၾကာင့္ကိုပဲ ဘယ္လမ္းေၾကာင္းကိုေ႐ြးလို႔ ဘာလုပ္မယ္ဆိုတာကို မသိၾကဘဲ ဘယ္ကိုခရီးေပါက္ေအာင္ေလွ်ာက္ရေကာင္းမွန္းမသိျပန္ပါဘူး။

အဲဒီ့အခါ ဘယ္လိုလုပ္သင့္ပါသလဲ.....?

ကိုယ့္ဘဝမွာ ဘာျဖစ္ရမယ္လို႔ ရည္မွန္းခ်က္ထားႏိုင္တဲ့သူနဲ႔ ရည္မွန္းခ်က္မထားႏိုင္တဲ့သူက ကြားျခားမႈေတြေတာ့ရွိပါတယ္။

ရည္မွန္းခ်က္သတ္မွတ္ထားတဲ့သူအတြက္ သူေလွ်ာက္မယ့္လမ္းေၾကာင္းကို သတ္သတ္မွတ္မွတ္ ေ႐ြးခ်ယ္ၿပီးသားမို႔

ထိုရည္မွန္းခ်က္နဲ႔သက္ဆိုင္တဲ့လမ္းေၾကာင္းကို တစိုက္မတ္မတ္နဲ႔ ဇြဲရွိရွိ ေလွ်ာက္ဖို႔သာ လိုအပ္တာပါ။
ကိုယ့္ဘဝရည္မွန္းခ်က္မရွိေသးတဲ့သူကေတာ့ စမ္းတဝါးဝါးနဲ႔ ဘယ္လမ္းေလွ်ာက္ရမယ္မွန္းမသိျဖစ္ေနတတ္ပါတယ္။

အဲဒါအျပင္ ကိုယ္ေလွ်ာက္ႏိုင္မယ္ထင္ၿပီး ေ႐ြးခ်ယ္လိုက္ၿပီးကာမွ ကိုယ္လုံးဝစိတ္မဝင္စားႏိုင္တဲ့ နယ္ပယ္ျဖစ္ေနတာမ်ိဳးႀကဳံႏိုင္ပါတယ္။

ဘယ္လိုမွ ကိုယ့္စိတ္ကိုႏွစ္လို႔မရႏိုင္တဲ့နယ္ပယ္မ်ိဳးျဖစ္ေနတဲ့အခါ ကိုယ္က ေနာက္ထပ္ နယ္ပယ္တစ္ခုမွာ ျပန္လည္စတင္ဖို႔ႀကိဳးစားရတာမို႔ အသစ္ကေန အရာအားလုံးျပန္စရမွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကိုယ့္ဘဝမွာ ရည္မွန္းခ်က္ရယ္လို႔ ေရရာစြာမသတ္မွတ္ထားႏိုင္ေသးခင္ ေယဘုယ်အားျဖင့္ေတာ့ ဘယ္အလုပ္ကို စိတ္ဝင္စားႏိုင္သလဲ၊

ကိုယ္တကယ္ စိတ္ထဲက လိပ္ျပာသန႔္သန႔္နဲ႔ ႏွစ္ႏွစ္ကာကာလုပ္ႏိုင္ပါ့မလား ေမးၾကည့္သင့္ပါတယ္။

 

(၁) ကိုယ့္ကိုကိုယ္ျပန္ဆန္းစစ္ၾကည့္ပါ
ကိုယ့္ကိုကိုယ္ ေယဘုယ်အားျဖင့္ ဘယ္အပိုင္းမွာ ဝါသနာပါသလဲ၊ ကိုယ့္ရဲ႕စိတ္ထဲက ႏွစ္ႏွစ္ကာကာနဲ႔ လုပ္ႏိုင္မယ့္ေနရာျဖစ္မလားလို႔ ေတြးၾကည့္ပါ။

 

(၂) ကိုယ့္ရဲ႕အားသာခ်က္ကိုျပန္ဆန္းစစ္ပါ
အဓိကက ကိုယ့္ကိုကိုသိဖို႔အေရးႀကီးပါတယ္။ ကိုယ့္ရဲ႕အားနည္းခ်က္ကို သိၿပီး ကိုယ့္ရဲ႕အားသာခ်က္ကို သိျခင္းက ဒီေနရာမွာ ေကာင္းေကာင္းအသုံးခ်ႏိုင္ပါတယ္။

ဥပမာ၊ လူမႈဆက္ဆံေရးေကာင္းတဲ့လူတစ္ေယာက္က အဓိကအားျဖင့္ လူထုနဲ႔ထိေတြ႕ရတဲ့၊ လူမႈဆက္ဆံေရးနဲ႔သက္ဆိုင္တဲ့အလုပ္မ်ိဳးကို ေ႐ြးသင့္ပါတယ္။

ထိုေနရာမ်ိဳးမွာပိုၿပီးေအာင္ျမင္ဖို႔ရာခိုင္ႏႈန္းမ်ားပါတယ္။ Introvert ဆိုရင္ တစ္ေယာက္တည္း ေတြးေတာစဥ္းစားၿပီး အစီအစဥ္ဆြဲေပးရတဲ့အလုပ္မ်ိဳးမွာ ေအာင္ျမင္ႏိုင္ေခ်မ်ားတယ္ စသျဖင့္ေပါ့။

ကိုယ့္ရဲ႕အားသာခ်က္ေပၚမူတည္ၿပီး ကိုယ္သြားမယ့္လမ္းေၾကာင္းကို ေ႐ြးခ်ယ္ျခင္းက ကိုယ္ေပ်ာ္႐ႊင္ဖို႔ပိုအခြင့္အလမ္းမ်ားပါတယ္။ ကိုယ္ေပ်ာ္႐ႊင္တဲ့အလုပ္ကိုလုပ္ရတဲ့အခါ ထိုအလုပ္ခြင္၊ ထိုလမ္းေၾကာင္းမွာ ျမန္ျမန္ခရီးေရာက္ၿပီး ေအာင္ျမင္ႏိုင္ပါတယ္။

 

(၃) ကိုယ္ေယဘုယ်အားျဖင့္ေ႐ြးခ်ယ္ထားတဲ့လမ္းေၾကာင္းကိုျပန္ဆန္းစစ္ပါ
ပထမအဆင့္အေနနဲ႔ ကိုယ္လုပ္ႏိုင္မယ္ထင္တဲ့လမ္းေၾကာင္းတစ္ခုကိုေတာ့ ေ႐ြးလိုက္ၿပီ၊ တကယ္လုပ္ႏိုင္တယ္ဆိုရင္ ထိုလမ္းေၾကာင္းကေန ျမင့္တဲ့ေနရာတစ္ခုထိ ကိုယ္ေရာက္ေအာင္သြားမယ္လို႔ ႀကိဳတင္မွန္းထားတာပါ။

ကိုယ္ႀကိဳတင္မွန္းထားတဲ့လမ္းေၾကာင္းကို ကိုယ္ေလွ်ာက္ႏိုင္ပါ့မလား၊ ကိုယ့္မွာ ဘာအရည္အခ်င္းေတြလိုမလဲ၊ အဖိႏွိပ္ခံရတာမ်ိဳးေတြ၊ နာက်င္ရတာမ်ိဳးေတြ၊ ပင္ပန္းတာေတြႀကဳံလာရရင္ ကိုယ္ေက်ာ္ျဖတ္ႏိုင္ပါ့မလား ကိုယ့္ကိုကိုယ္ျပန္ေမးပါ။

Recommended For You >>> "မိမိ ကိုယ္ မိမိယံုၾကည္မႈ (Self – Confidence ) ကိုဘယ္လိုတည္ေဆာက္ၾကမလဲ"

 

(၄) စမ္းလုပ္ၾကည့္ပါ
ေယဘုယ်အားျဖင့္ ကိုယ္တိုင္လုပ္ႏိုင္တယ္လို႔ ထင္တဲ့လမ္းေၾကာင္းထဲက အလုပ္တစ္ခုခုကို စလုပ္ၾကည့္လိုက္ပါ။

တကယ္လုပ္ၾကည့္ေတာ့မွ သင္ထင္ထားတာထက္ ပိုတဲ့ အခက္အခဲေတြကို သင္ခံႏိုင္ရည္ရွိမရွိသိရမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ ထိုလမ္းေၾကာင္းကအခက္အခဲေတြကို

သင္ဘယ္လိုေက်ာ္ျဖတ္မလဲ၊ ဒီလမ္းေၾကာင္းက တကယ္ေကာ ကိုယ္လုပ္ႏိုင္ပါ့မလား….ဆိုတာပါ သိလာပါလိမ့္မယ္။

 

(၅) အခက္အခဲေတြကိုျပန္ဆန္းစစ္ပါ
ကိုယ္စသြားမယ္လမ္းေၾကာင္းကို ေ႐ြးၿပီး စမ္းသပ္တဲ့အေနနဲ႔လုပ္ၾကည့္တဲ့အခါမွာေတာ့ သင္ေရရွည္မွာ ဒီအလုပ္မ်ိဳးလုပ္ႏိုင္မလုပ္ႏိုင္သိလာမွာပါ။ အခက္အခဲေတြႀကဳံရတဲ့အခါ စိတ္ပ်က္မိ၊

စိတ္ေလွ်ာ့ခ်င္စိတ္ေတြျဖစ္လာမွာျဖစ္ေပမယ့္ အခက္အခဲေတြက ကိုယ္ေက်ာ္ျဖတ္ႏိုင္တဲ့၊ ကိုယ္ထိန္းခ်ဳပ္ႏိုင္တဲ့အခက္အခဲမ်ိဳးလား၊ အဲဒါဆိုရင္ ကိုယ္တိုင္ေျဖရွင္းပါ။

ကိုယ့္ရဲ႕အစြမ္းအစလိုေနတယ္ဆိုရင္ ကိုယ့္ကိုကိုယ္အစြမ္းအစေတြျပည့္ဝလာေအာင္ ႀကိဳးစားပါ။ ကိုယ္မထိန္းခ်ဳပ္ႏိုင္တဲ့ကိစၥမ်ိဳးဆိုရင္ေတာ့ ဘယ္လိုမ်ိဳးလ်စ္လ်ဴရႈမလဲေတြးပါ။

 

(၆) ကိုယ္ေရာက္ေနတဲ့လမ္းေၾကာင္းေပၚမွာ ပိုၿပီးအဆင့္ျမင့္တဲ့ေနရာတစ္ခုကို စိတ္ကူးၾကည့္ပါ
ခုလက္ရွိကိုယ္က account ပိုင္းမွာလုပ္ေနတယ္ဆိုပါေတာ့…..စာရင္းကိုင္ေနရာကေန စာရင္းစစ္တဲ့သူအျဖစ္စိတ္ကူးယဥ္ၾကည့္လိုက္ပါ။ ပိုၿပီး ေပ်ာ္ႏိုင္မလား….၊

ဒီထက္ပိုျမင့္တဲ့ရာထူးတစ္ဆင့္ခ်င္းတိုးတက္ေအာင္ႀကိဳးစားခ်င္စိတ္ရွိသလားလို႔ ကိုယ့္ကိုကိုယ္ေမးၾကည့္ပါ။ မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ သင္ကခုလက္ရွိလုပ္ေနတဲ့အလုပ္

ဒါမွမဟုတ္ ကိုယ္သြားေနတဲ့လမ္းေၾကာင္းအတြက္ ျမင့္မားတဲ့ရည္မွန္းခ်က္မရွိဘဲ ေရလိုက္ငါးလိုက္နဲ႔ စားသာတာကိုလုပ္ေနတယ္လို႔ ကိုယ့္ကိုကိုယ္ေဝဖန္သင့္ပါတယ္။

အဲဒါဆိုရင္ေတာ့ ဒီလမ္းေၾကာင္းကို တကယ္စိတ္ပါလို႔မျဖစ္ႏိုင္ေတာ့ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ လူ႔ဘဝက တစ္သက္လုံးဒီတိုင္းေနလို႔မျဖစ္ႏိုင္ပါဘူး။

ကိုယ္ေရာက္ေနတဲ့လမ္းေၾကာင္းရဲ႕ ပိုျမင့္တဲ့ေနရာတစ္ခုေရာက္ေအာင္ အၿမဲႀကိဳးစားေနသင့္ပါတယ္။

အဲဒါေၾကာင့္ သင္ေရာက္ရွိေနတဲ့လမ္းေၾကာင္းရဲ႕ ေနာက္ထပ္ေနရာတစ္ေနရာအတြက္ စိတ္ကူးယဥ္ၾကည့္သင့္ပါတယ္။

ကိုယ္သာ စာရင္းကိုင္ဘဝကေန စာရင္းစစ္ဘဝေရာက္ရင္ ေပ်ာ္ပါ့မလား၊ ပိုၿပီး စြမ္းရည္ထက္ျမက္လာျခင္းနဲ႔အတူ ဘဝတိုးတက္လာျခင္းပါတြဲပါလာမွာမို႔ ႀကိဳးစားေနသင့္ပါတယ္။ အဲဒီလိုမဟုတ္ဘူးဆိုရင္ေတာ့ သင့္ကိုသင္ျပန္ျပဳျပင္သင့္ေနပါၿပီ။

သင့္ရဲ ့အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ ဆိုရင္ေတာ့ sayar.com.mm မွာရွိတဲ့ ဆရာ၊ ဆရာမမ်ားႏွင့္ဆက္သြယ္လိုက္ပါ။
ဤလင့္  https://www.sayar.com.mm/subjects.html မွာ ဘာသာရပ္ေပါင္းစံု သင္ေပးေသာ ဆရာ၊ ဆရာမမ်ား ကို အခမဲ့ ဝင္ေရာက္ရ်ာေဖြႏိုင္ပါသည္။

 

Sources : Bawa101

sayar.com.mm

 

Read times Last modified on Tuesday, 07 January 2020 12:02
Rate this articles
(2 votes)