×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 04 November 2019


"သင်တန်ဖိုးထားတဲ့ စာအုပ်တွေကို ရေရှည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်း (၆) ချက်" google.com




 





 




 






 



 




 






 

Sources : Shwemom

 

UNICODE

သင်တန်ဖိုးထားတဲ့ စာအုပ်တွေကို ရေရှည်ထိန်းသိမ်းနိုင်မယ့် နည်းလမ်း (၆) ချက်
“စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ စကားအတိုင်း စာအုပ်တွေဟာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေတွေပါ။ အဲဒီမိတ်ဆွေဆိုတဲ့ စာအုပ်တွေဟာလည်း စက္ကူနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ရေရှည်ဆိုရင် စာအုပ်တွေ ပျက်စီးတာတွေ၊ စုတ်ပြဲတာတွေဖြစ်တတ်ပါတယ်။

နောက်ဆုံး စာအုပ်တွေ ပျက်စီးသွားခဲ့ရင် ဖတ်လို့မရ၊ ကိုင်ကြည့်လို့ မရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ စာအုပ်ထားပုံအနေအထား မသပ်ရပ်တဲ့အခါဖြစ်စေ၊ စာအုပ်ကိုင်တွယ်ပုံ မမှန်ကန်တဲ့အခါဖြစ်စေ စာအုပ်တွေဟာ ကျိုးကြေလွယ်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့် သူတို့ကို ရေရှည်နှစ်ပေါင်းများစွာ ကြာအောင် အသစ်အတိုင်း ရှိနေစေမယ့် နည်းလမ်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) စာအုပ်တွေကို ကိုင်တွယ်ချိန်မှာ လက်ကို သန့်စင်ထားပါ

စာအုပ်ဖတ်မယ်ဆိုပြီး စာအုပ်တစ်အုပ်ကို အလွယ်တကူ ကိုင်တွယ်လိုက်ချိန်မှာ မိမိလက်က သန့်ရှင်းနေလား၊ ညစ်ပတ်နေလားဆိုတာကို ဂရုစိုက်သင့်ပါတယ်။

မိမိလက်မှာ ဆီတွေပေနေတယ်၊ ဖုန်တွေပေနေတယ်ဆိုရင် စာအုပ်ကို မကိုင်သင့်သေးဘဲ လက်အရင်ဆေးသင့်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တွယ်လိုက်ချိန်မှာ စာရွက်သားတွေမှာ ဆီတွေပေသွားတဲ့အခါ၊ ဖုန်မှုန့်တွေ စာရွက်သားတွေမှာ အလွန်အမင်းကပ်ညှိသွားချိန်မှာ စာရွက်သားပေါ်ကနေ အစွန်းအထင်းများ ဖြစ်လာစေပါတယ်။ အဆိုပါ အစွန်းအထင်းများက ဖယ်ရှားပစ်ဖို့ ခက်ပါတယ်။

 

(၂) စာအုပ်ဖတ်နေစဉ်အတွင်း အစားအစာများကို စားသောက်ခြင်းကို ဂရုစိုက်ပါ

စာအုပ်ဖတ်နေချိန်အတွင်းမှာ အစားစားခြင်းကို ဖြစ်နိုင်ရင် မလုပ်သင့်ပါဘူး။ ဘယ်လောက်ပဲ ဂရုစိုက်သည်ဖြစ်စေ ဖတ်ရှု့နေတဲ့စာအုပ်တွေအပေါ် စားနေတဲ့ အစားအစာတွေ ဖိတ်ကျတာ၊ သောက်နေတဲ့ အချိုရည်တွေ ဖိတ်စင်တာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒီလို စာအုပ်ပေါ်ကို စားနေတဲ့အစားအသောက်တွေ ဖိတ်စဉ်တာက နည်းရင် ဘာမှမဖြစ်ပေမယ့် ဖိတ်စင်တာများသွားခဲ့ပါ အစွန်းအထင်း ကြီးကြီးဖြစ်သွားခဲ့ပါက စာအုပ် ဖတ်မရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ စာရွက်သားတွေ စုတ်ပြဲသွားကာ ပုံနှိပ်ထားတဲ့ မှင်များလည်း ပယ်လွင့်သွားစေနိုင်ပါတယ်။

 

(၃) စာရွက်များကို မခေါက်သင့်ပါ

စာအုပ်ဖတ်နေစဉ်အတွင်းမှာ ဖတ်လက်စနေရာကို မှတ်သားဖို့အတွက် လူအများစုဟာ အလွယ်တကူပဲ ဖတ်နေတဲ့ စာမျက်နှာကိုခေါက်ပြီး မှတ်သားလေ့ရှိပါတယ်။

ဒါဟာ တကယ့်ကို စာအုပ်တွေအတွက် ပျက်စီးလွယ်စေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

စာရွက်များကို ခေါက်လိုက်ခြင်းဟာ စာရွက်စက္ကူသားအတွက် အထိအခိုက်များစေပါတယ်။နောင် နှစ်များစွာ ကြာတဲ့အခါ အဆိုပါ ခေါက်မှတ်ထားရာ နေရာကနေ ခေါက်ရိုးကျိုးသွားပြီး စက္ကူများ စုတ်ပြဲခြင်းတွေ ဖြစ်လာစေတတ်ပါတယ်။

Recommended For You >>> "မိမိကြိုက်နှစ်သက်ရာစာအုပ်များကို အခမဲ့ ဒေါင်းလုပ် လုပ်ပြီးဖတ်ရှုနိုင်တဲ့ Myanmar Book Download"

 

(၄) နေရောင်ခြည်တိုက်ရိုက်ရသော နေရာတွင်မထားပါနဲ့

စာအုပ်များကို ထားရှိပါက နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ နေရာများမှာ မထားသင့်ပါဘူး။ နေရောင်ခြည်မှာပါလာတဲ့ UV အလင်းတန်းဟာ စာအုပ်အဖုံးနဲ့ စာအုပ်များကို အရောင်ပျယ်လွှင့်မှုဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စာအုပ်များကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ နေရာမှာ မထားသင့်ပါဘူး။

 

(၅) ခြောက်သွေ့သောနေရာများတွင် ထားပါ

စာအုပ်များဟာ စက္ကူများနဲ့ လုပ်ထားတဲ့ ပစ္စည်းတစ်ခုဖြစ်တာကြောင့် စာအုပ်များကို ထားတဲ့အခါမှာလည်း ရေဓာတ်များတဲ့ နေရာများမှာ မထားသင့်ပါဘူး။

ရေဓာတ်များတဲ့အခါမှာ စက္ကူများဟာ ခြောက်သွေ့လတ်ဆတ်မှု ရှိမှာမဟုတ်တော့ဘဲ အလွယ်တကူ မှိုတက်ခြင်းတွေ၊ စက္ကူသားတွေ ပျော့လာခြင်းတွေ ဖြစ်တတ်ပါတယ်။ စာအုပ်ကိုလည်း ပျက်စီးစေပါတယ်။ ဒါကြောင့် စာအုပ်များကို နှစ်ပေါင်းများစွာအထိ အသစ်အတိုင်း ဖြစ်စေလိုပါက ရေဓာတ်နည်းပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပေးသင့်ပါတယ်။

 


(၆) စာရွက်များ ပြဲသွားချိန်မှာ တိတ်များနှင့်မကပ်သင့်ပါ

ကျွန်တော်တို့ အလွယ်တကူ ပြုလုပ်လေ့ရှိတဲ့ အမှားတစ်ခုပါပဲ။ စာရွက်များ ပြဲသွားချိန်မှာ စတိုးဆိုင်တွေမှာ အလွယ်တကူ ရတဲ့ တိတ်များနဲ့ ပြန်ကပ်လေ့ရှိကြပါတယ်။

တကယ်တော့ စတိုးဆိုင်တွေမှာ ရတဲ့ တိတ်များဟာ စက္ကူများကို ပြန်ကပ်ဖို့ လုပ်ထားတဲ့ တိတ်တွေမဟုတ်ပါဘူး။ ဒါ့အပြင် အဆိုပါ တိတ်များကို ကပ်လိုက်ခြင်းအားဖြင့် စာအုပ်ကို နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ ပိုမိုပျက်စီးသွားစေနိုင်ပါတယ်။
Recommended For You >>> "ရသစာပေရဲ့ အကျိုးကျေးဇူး (၈)ရပ်"

 

Sources : Shwemom

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 17:08
Rate this articles
(0 votes)