×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 15 November 2019

"သင့္မွာ ရွစ္တန္းကေလးရွိရင္ ဒါဖတ္ပါ"

"သင့္မွာ ရွစ္တန္းကေလးရွိရင္ ဒါဖတ္ပါ" google.com

ခုႏွစ္ ရွစ္တန္းေအာင္‌ေတြကေနာင္ႏွစ္ သင္႐ိုးသစ္ ဆယ္တန္းတက္ရမယ္။

သင္႐ိုးသစ္ ဆယ္တန္းက
iGCSE('O' Level)နဲ႔ အဆင့္တူနီးပါး
ရွိမွာပါ။
iGCSE('O' Level)ဟာ ခုလက္ရွိ ဆယ္တန္း
သင္႐ိုးေဟာင္းထက္ အနည္းငယ္စာပိုမ်ားၿပီး
ပိုျမင့္ပါတယ္။

သင္႐ိုးသစ္ ဆယ့္တစ္တန္းနဲ႔ ဆယ့္ႏွစ္တန္း
ကေတာ့iGCSE('A' Level)နဲ႔ အဆင့္တူနီးပါး
ရွိေနပါလိမ့္မယ္။

ရွစ္တန္းကို အေျခခံျပည့္ျပည့္ဝဝ ပါမလာဘဲ
ရွစ္တန္းေအာင္လာသူေတြဟာ ပုံမွန္ဆိုရင္
သင္႐ိုးေဟာင္းကိုးတန္းအဆင့္ကို တက္ရမွာ
ျဖစ္ေပမယ့္ ခုေတာ့ (သင္႐ိုးေဟာင္း ဆယ္တန္းထက္ျမင့္တဲ့စာမ်ားပါဝင္ေနတဲ့ သင္႐ိုးသစ္ဆယ္တန္း)ကို တက္ရေတာ့မွာျဖစ္လို႔ စာလိုက္မမီတဲ့
(စာမလိုက္ႏိုင္တဲ့)အခက္အခဲ နဲ႔ ႀကဳံရမွာ အေသအခ်ာပါပဲ။

အရည္အေသြးနဲ႔ အေျခခံ ျခားနားမႈ ကြာဟခ်က္က
က်ယ္လြန္းေနေတာ့ အဲ့ကြာဟခ်က္ကို အရည္အခ်င္းျမင့္ ဆရာ၊ဆရာမမ်ားရဲ႕
စိတ္ေရာကိုယ္ပါ ဖိဖိစီးစီးသင္ၾကားမႈမ်ားနဲ႔သာ ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။

ေအာက္ပါ (၇)ခ်က္ကိုသုံးၿပီး
သင္႐ိုးသစ္ဆယ္တန္းသင္မယ့္ဆရာကို
ေ႐ြးခ်ယ္ပါ။

၁။သင္႐ိုးေဟာင္းပိုင္ႏိုင္ ကြၽမ္းက်င္သူ။


၂။သင္႐ိုးသစ္မွာပါတဲ့ အေၾကာင္းအရာမ်ားကို
အထူးတလယ္ျပန္ေလ့လာေနဖို႔ မလိုဘဲ
ကြၽမ္းက်င္စြာ သင္ျပေပးႏိုင္သူ။


၃။ရွစ္တန္းနဲ႔ သင္႐ိုးသစ္ ဆယ္တန္းၾကားက
ခါးျပတ္ေနတဲ့ ကြင္းဆက္ျပတ္သေဘာတရား
မ်ားကို ရွာေဖြႏိုင္စြမ္းရွိၿပီး ျပန္လည္
ထည့္သြင္းသင္ျပေပးႏိုင္စြမ္းရွိသူ။


၄။သင္႐ိုးသစ္ကို အမ်ားတကာထက္ေစာ၍
သင္ျပႏိုင္စြမ္းရွိျခင္းေၾကာင့္ ေက်ာင္းသားရဲ႕
အားနည္းခ်က္မ်ားကို ေစာစီးစြာအခ်ိန္ယူ
ျဖည့္ဆည္းေပးႏိုင္သူ။


၅။ႏိုင္ငံတကာသင္႐ိုးသင္ျပဘူးသည့္
အေတြ႕အႀကဳံရွိသူ။


၆။သေဘာတရားပါေသာ သင္ၾကားမႈ
(Conceptualteaching)ျဖင့္သာ
သင္ၾကားသူ။


၇။ေက်ာင္းသားစိတ္ပညာကို ကြၽမ္းက်င္စြာ
အသုံးခ်တတ္သူ။


အထက္က (၇)ခ်က္စလုံးနဲ႔ ျပည့္စုံတဲ့ ဆရာ
ရွာမွရွားမို႔ ခုခ်ိန္ကတည္းက ဆရာရွာၿပီး
စာသင္ခ်ိန္ကို ႀကိဳေတာင္းထားဖို႔
လိုပါလိမ့္မယ္။


Credit: ဆရာဦးႏိုင္ဝင္းလတ္(ဂုဏ္ထူးဇီ၀)

 

UNICODE

"သင့်မှာ ရှစ်တန်းကလေးရှိရင် ဒါဖတ်ပါ"
ခုနှစ် ရှစ်တန်းအောင်‌တွေကနောင်နှစ် သင်ရိုးသစ် ဆယ်တန်းတက်ရမယ်။

သင်ရိုးသစ် ဆယ်တန်းက
iGCSE('O' Level)နဲ့ အဆင့်တူနီးပါး
ရှိမှာပါ။
iGCSE('O' Level)ဟာ ခုလက်ရှိ ဆယ်တန်း
သင်ရိုးဟောင်းထက် အနည်းငယ်စာပိုများပြီး
ပိုမြင့်ပါတယ်။

သင်ရိုးသစ် ဆယ့်တစ်တန်းနဲ့ ဆယ့်နှစ်တန်း
ကတော့iGCSE('A' Level)နဲ့ အဆင့်တူနီးပါး
ရှိနေပါလိမ့်မယ်။

ရှစ်တန်းကို အခြေခံပြည့်ပြည့်ဝဝ ပါမလာဘဲ
ရှစ်တန်းအောင်လာသူတွေဟာ ပုံမှန်ဆိုရင်
သင်ရိုးဟောင်းကိုးတန်းအဆင့်ကို တက်ရမှာ
ဖြစ်ပေမယ့် ခုတော့ (သင်ရိုးဟောင်း ဆယ်တန်းထက်မြင့်တဲ့စာများပါဝင်နေတဲ့ သင်ရိုးသစ်ဆယ်တန်း)ကို တက်ရတော့မှာဖြစ်လို့ စာလိုက်မမီတဲ့
(စာမလိုက်နိုင်တဲ့)အခက်အခဲ နဲ့ ကြုံရမှာ အသေအချာပါပဲ။

အရည်အသွေးနဲ့ အခြေခံ ခြားနားမှု ကွာဟချက်က
ကျယ်လွန်းနေတော့ အဲ့ကွာဟချက်ကို အရည်အချင်းမြင့် ဆရာ၊ဆရာမများရဲ့
စိတ်ရောကိုယ်ပါ ဖိဖိစီးစီးသင်ကြားမှုများနဲ့သာ ကျော်ဖြတ်ရမှာဖြစ်ပါတယ်။

အောက်ပါ (၇)ချက်ကိုသုံးပြီး
သင်ရိုးသစ်ဆယ်တန်းသင်မယ့်ဆရာကို
ရွေးချယ်ပါ။

 

၁။သင်ရိုးဟောင်းပိုင်နိုင် ကျွမ်းကျင်သူ။


၂။သင်ရိုးသစ်မှာပါတဲ့ အကြောင်းအရာများကို
အထူးတလယ်ပြန်လေ့လာနေဖို့ မလိုဘဲ
ကျွမ်းကျင်စွာ သင်ပြပေးနိုင်သူ။


၃။ရှစ်တန်းနဲ့ သင်ရိုးသစ် ဆယ်တန်းကြားက
ခါးပြတ်နေတဲ့ ကွင်းဆက်ပြတ်သဘောတရား
များကို ရှာဖွေနိုင်စွမ်းရှိပြီး ပြန်လည်
ထည့်သွင်းသင်ပြပေးနိုင်စွမ်းရှိသူ။


၄။သင်ရိုးသစ်ကို အများတကာထက်စော၍
သင်ပြနိုင်စွမ်းရှိခြင်းကြောင့် ကျောင်းသားရဲ့
အားနည်းချက်များကို စောစီးစွာအချိန်ယူ
ဖြည့်ဆည်းပေးနိုင်သူ။


၅။နိုင်ငံတကာသင်ရိုးသင်ပြဘူးသည့်
အတွေ့အကြုံရှိသူ။


၆။သဘောတရားပါသော သင်ကြားမှု
(Conceptualteaching)ဖြင့်သာ
သင်ကြားသူ။


၇။ကျောင်းသားစိတ်ပညာကို ကျွမ်းကျင်စွာ
အသုံးချတတ်သူ။


အထက်က (၇)ချက်စလုံးနဲ့ ပြည့်စုံတဲ့ ဆရာ
ရှာမှရှားမို့ ခုချိန်ကတည်းက ဆရာရှာပြီး
စာသင်ချိန်ကို ကြိုတောင်းထားဖို့
လိုပါလိမ့်မယ်။


Credit: ဆရာဦးနိုင်ဝင်းလတ်(ဂုဏ်ထူးဇီဝ)

Read times Last modified on Wednesday, 08 January 2020 17:38
Rate this articles
(0 votes)