×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Saturday, 07 December 2019

"အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခ်င္ရင္"

"အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခ်င္ရင္" freepick

“ေအာင္ျမင္မယ္ဆိုရင္လည္းကြာ ငါေတာ့ အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခ်င္တယ္ ဒါမွ ကိုယ့္ေအာင္ျမင္မႈ အရသာကို အျပည့္အဝ ခံစားလို႔ရမွာေပါ့”

သူငယ္ခ်င္းနဲ႔ စကားစျမည္ေျပာေနၾကရင္း ေကာက္ခါငင္ခါ ေျပာလာတဲ့ သူ႔စကားေၾကာင့္ အေတာ္ေလး အေတြးဝင္သြားမိတယ္။ အင္း… သူေျပာေတာ့လည္း ဟုတ္ေနသလိုလို… ေအာင္ျမင္သူေတြကို ျပပါ ဆိုရင္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ထြန္းေပါက္ေအာင္ျမင္ၾကသူေတြ ရွိေပမယ့္ ရာခိုင္ႏႈန္းအရ ၾကည့္လိုက္ရင္ေတာ့ အသက္ႀကီးပိုင္းမွ ေအာင္ျမင္မႈ အတည္တက် ရၾကတာ ပိုမ်ားတယ္ မဟုတ္လား။ ဘီလ်ံနာေတြကို ၾကည့္လိုက္ရင္လည္း ငယ္႐ြယ္သူေတြ နည္းပါးတယ္ေလ။ ဒါဆိုရင္ လူငယ္ေတြကေရာ…? အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္ခ်င္တဲ့ သူေတြက်ေတာ့ေရာ…?

တကယ္တမ္း နည္းလမ္း မရွိတာ မဟုတ္ပါဘူး။ အားလုံးသိၾကတဲ့ Facebook တည္ေထာင္သူႀကီး Mark Zuckerberg ဟာလည္း ငယ္႐ြယ္တဲ့ ေအာင္ျမင္သူေတြထဲ တစ္ဦးအပါအဝင္ ျဖစ္သလို ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း ဒီလို ငယ္႐ြယ္ေပမယ့္ ထြန္းေပါက္ ေအာင္ျမင္ၿပီး ေရွ႕ဆက္ႀကိဳးစားေနၾကသူေတြ ရွိပါတယ္။ ဒါဆိုရင္ ကြၽန္ေတာ္တို႔လို လူငယ္ေလးေတြ အသက္ငယ္ငယ္နဲ႔ ေအာင္ျမင္မႈ ရႏိုင္ဖို႔ သိထားသင့္တဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာ အခ်က္ေလးေတြကို ၾကည့္ၾကည့္လိုက္ရေအာင္။

 

၁. ေအာင္ျမင္မႈရဲ႕အဓိပၸါယ္

ေအာင္ျမင္မႈ လိုခ်င္တယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့ ေအာင္ျမင္မႈက ဘာလဲဆိုတာ အရင္ဆုံး အဓိပၸါယ္ဖြင့္ဖို႔ လိုပါလိမ့္မယ္။ ကိုယ့္အတြက္ ေအာင္ျမင္မႈက ဘာမွန္း နားမလည္ရင္ ကိုယ္ဘာအတြက္မ်ား ေရွ႕ဆက္ေနတာလဲ… ႀကိဳးစားေနတာလဲ။ ပန္းတိုင္တစ္ခုကို ရွင္းရွင္းလင္းလင္း သတ္မွတ္ႏိုင္မွ ဒီပန္းတိုင္ကို ေရာက္ဖို႔၊ ဒီေအာင္ျမင္မႈကို အရယူဖို႔ ဘယ္လမ္း ကေန သြားရမလဲ၊ ဘာေတြျဖည့္တင္းရမလဲ၊ ဘယ္လိုနည္းလမ္းေတြ သုံးရမလဲ စတဲ့ နည္းဗ်ဴဟာေတြကို သတ္မွတ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အရင္ဆုံး ကိုယ့္အတြက္ ေအာင္ျမင္မႈရဲ႕ အဓိပၸါယ္ကဘာလဲ၊ ကိုယ္ဘာလိုခ်င္ တာလဲ၊ ဘာျဖစ္ခ်င္တာလဲ၊ ဘယ္အေနအထားထိ ေရာက္ခ်င္တာလဲ ဆိုတဲ့ ပန္းတိုင္ကို ရွင္းလင္းေသခ်ာေအာင္ အရင္လုပ္ပါေနာ္။

 

 

၂. ပတ္ဝန္းက်င္ေကာင္း

ေအာင္ျမင္သူတစ္ေယာက္ ျဖစ္ဖို႔အတြက္ ပတ္ဝန္းက်င္က အရမ္းကို အေရးႀကီးပါတယ္။ ေက်ာင္းတုန္းက စာေတာ္တဲ့ အဖြဲ႕၊ စာညံ့တဲ့အဖြဲ႕၊ အလယ္အလတ္အဖြဲ႕၊ အဆိုးအေပအဖြဲ႕ ဆိုၿပီး တူရာစုတတ္ၾကသလို ကိုယ္ဟာလည္း ေအာင္ျမင္ခ်င္ရင္ ပတ္ဝန္းက်င္ေကာင္းတစ္ခုကို ဝင္ေရာက္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမဟုတ္ဘဲ တစ္ေနကုန္ စားဖို႔ အိပ္ဖို႔ ေလာက္ပဲသိၿပီး ဘဝတိုးတက္ေရးအတြက္ ဘာမွစိတ္မဝင္စားတဲ့ ပတ္ဝန္းက်င္မွာပဲ ပိတ္မိေနရင္ေတာ့ ဘာဗဟုသုတ၊ တိုးတက္မႈမွ ရွိမွာမဟုတ္သလို ကိုယ္ပါ ပ်က္စီးသြားႏိုင္တဲ့ အလားအလာ မ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္အားက်ရတဲ့သူေတြ၊ ရည္မွန္းခ်က္ တူၾကသူေတြ၊ ႀကိဳးစားၾကတဲ့သူေတြ စတဲ့ ပတ္ဝန္းက်င္ေကာင္းမ်ိဳးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဝန္းရံဖို႔ သတိရေစခ်င္ပါတယ္။

 

 

၃. ေပၚပင္မလိုက္ပါနဲ႔

ေအာင္ျမင္သူေတြရဲ႕ အႀကံေပးစကားေတြကို ၾကည့္လိုက္ရင္ အလုပ္တစ္ခုကို အဆုံးထိ ေဇာက္ခ်လုပ္ဖို႔ ေတာ္ေတာ္ မ်ားမ်ား ေျပာတတ္ၾကပါတယ္။ ဒါကိုကြၽန္ေတာ္တို႔အားလုံး သိၾကေပမယ့္လည္း ခုေခတ္လူငယ္ေတြ ဆိုသည္မွာ ေပၚပင္လိုက္မိတတ္တာ အရမ္းမ်ားပါတယ္။ ဒါေၾကာင့္လည္း ဟိုဟာေလး ေကာင္းႏိုးႏိုး၊ ဒီဟာေလးကို အတည္လုပ္ေတာ့မလိုလိုနဲ႔ ဘာရယ္ေသခ်ာ ျဖစ္မလာဘဲ တစ္ခုခုမွာ လုံးဝကြၽမ္းက်င္တယ္၊ ေအာင္ျမင္တယ္ ဆိုတာမ်ိဳး မရွိႏိုင္ျဖစ္ေနတာပါ။ ဆိုေတာ့ ေပၚပင္မလိုက္မိဖို႔ အေရးႀကီးပါတယ္။ ဘယ္သူေတြဘာေျပာေျပာ ကိုယ္ဟာ ကိုယ္ရည္မွန္းထားတဲ့ အရာကိုသာ တစိုက္မတ္မတ္ လုပ္မယ္ဆိုရင္ ေအာင္ျမင္မႈဆီ အေႏွးနဲ႔ အျမန္ နီးစပ္လာမွာ အေသအခ်ာပါပဲ။

 

 

၄. ပညာရည္ျပည့္ဝဖို႔

ပညာရည္ျပည့္ဝဖို႔ ဆိုတဲ့ေနရာမွာ ဘြဲ႕အထပ္ထပ္နဲ႔ လက္မွတ္အစုံစုံကို ေျပာခ်င္တာ မဟုတ္ပါဘူး။ ကိုယ့္အတြက္ အေရးႀကီးတဲ့ လိုအပ္တဲ့ အသိပညာ၊ ဗဟုသုတ၊ အေတြးအေခၚဆိုင္ရာ နက္နဲတဲ့ နားလည္မႈ၊ ေလ့လာမႈကို ဆိုလိုခ်င္တာ ျဖစ္ပါတယ္။ ေက်ာင္းကေန ကြၽန္ေတာ္တို႔ကို အရာအားလုံး မသင္ၾကားေပးႏိုင္တာမို႔ ျပင္ပ အေထြေထြ ဗဟုသုတဆိုတာ မျဖစ္မေန ေလ့လာထားသင့္တဲ့ အရာျဖစ္ပါတယ္။ ကိုယ့္ဘက္ကေန ပန္းတိုင္တစ္ခု သတ္မွတ္ထား ၿပီးရင္ အဲ့ဒီပန္းတိုင္ကို ေရာက္ဖို႔အတြက္ သိထားသင့္တဲ့ အခ်က္အလက္ေတြ၊ ေလ့လာထားရမယ့္ အရာေတြ၊ သင္ယူရမယ့္ အရာေတြ၊ ျဖည့္တင္းရမယ့္ ကြက္လပ္ေတြကို ျဖည့္ႏိုင္မွ ကိုယ္လိုခ်င္တဲ့ ေအာင္ျမင္မႈအတြက္ အရည္အခ်င္းတစ္ခု ထြက္လာႏိုင္မွာ ျဖစ္ပါတယ္။

 

 

၅. Review လုပ္ဖို႔လိုတယ္

Review မလုပ္ဘဲ ေရွ႕ဆက္ေနသူတစ္ေယာက္က ေျမပုံမပါဘဲ ေရာက္တက္ရာရာ သြားေနသူနဲ႔ တူပါတယ္။ ဒါဆိုရင္ ကိုယ္ဘယ္ေရာက္ေနလဲ မသိရေတာ့ဘူး၊ လမ္းမွားေနလား မသိရေတာ့ဘူး၊ ဘယ္လမ္းကေန ဆက္သြားရမလဲ သိမွာ မဟုတ္ေတာ့ဘူး။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ Review လုပ္ဖို႔ ဘယ္ေတာ့မွ မေမ့ပါနဲ႔။ ကိုယ့္ကိုယ္ကိုယ္ Review မွန္မွန္ လုပ္ေပးရင္ ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္ ပန္းတိုင္ကို မေမ့ေတာ့ဘူး၊ ကိုယ့္ရဲ႕ အားနည္းခ်က္ေတြ ျပဳျပင္ရမယ့္ အခ်က္ေတြ ျမင္လာမယ္၊ တစ္ေန႔ထက္ တစ္ေန႔ တိုးတက္ေနသူတစ္ေယာက္ ျဖစ္ေနပါလိမ့္မယ္။ ၿပီးရင္ တစ္ခ်က္ အေရးႀကီးတာက Review လုပ္ၿပီး ျပဳျပင္စရာေတြ၊ သင္ယူစရာေတြကို လက္ေတြ႕ ျပန္လုပ္ေဆာင္ေပးဖို႔ပါေနာ္။

 


၆. ေငြတစ္ခုတည္းလား…?

ေအာင္ျမင္မႈကို ေငြေၾကးခ်မ္းသာမႈအေပၚ လုံးဝ ဆုံးျဖတ္လိုက္တဲ့အခါ ကိုယ့္ရဲ႕ ပန္းတိုင္က ပိုက္ဆံ ျဖစ္လာၿပီး ကိုယ္ဟာလည္း ေလာဘေနာက္လိုက္သူတစ္ေယာက္ ျဖစ္လာတတ္ပါတယ္။ ေငြေၾကးက အေရးႀကီးတာ မွန္သလို ေလာဘလည္း ရွိဖို႔ လိုပါတယ္။ ဒါေပမယ့္ ကိုယ့္ပန္းတိုင္ကို ေငြရဖို႔၊ ခ်မ္းသာဖို႔ဆိုၿပီး သတ္မွတ္လိုက္ရင္ေတာ့ တစ္ခ်ိန္ခ်ိန္မွာ ကိုယ့္ကို လမ္းမွားေရာက္ေစသူ၊ ကိုယ့္က်ရႈံးမႈရဲ႕ အရင္းအျမစ္ ျဖစ္လာတတ္ပါတယ္။ အဲဒါထက္ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ေတြက လူေတြရဲ႕ လိုအပ္ခ်က္ ျဖည့္တင္းမႈအေပၚ အဓိက မွီတည္ေလ့လာၾကတာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပတ္ဝန္းက်င္ကို ဘယ္လို အက်ိဳးျပဳႏိုင္မလဲ၊ လူေတြကို ဘယ္လိုကူညီႏိုင္မလဲ ဆိုတဲ့ စိတ္ဓာတ္နဲ႔အတူ ႀကိဳးစားသင့္ပါတယ္ေနာ္။\

 

 

Sources : Live The Dream

 

UNICODE

"အသက်ငယ်ငယ်နဲ့ အောင်မြင်ချင်ရင်"

“အောင်မြင်မယ်ဆိုရင်လည်းကွာ ငါတော့ အသက်ငယ်ငယ်နဲ့ အောင်မြင်ချင်တယ် ဒါမှ ကိုယ့်အောင်မြင်မှု အရသာကို အပြည့်အဝ ခံစားလို့ရမှာပေါ့” သူငယ်ချင်းနဲ့ စကားစမြည်ပြောနေကြရင်း ကောက်ခါငင်ခါ ပြောလာတဲ့ သူ့စကားကြောင့် အတော်လေး အတွေးဝင်သွားမိတယ်။ အင်း… သူပြောတော့လည်း ဟုတ်နေသလိုလို… အောင်မြင်သူတွေကို ပြပါ ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ထွန်းပေါက်အောင်မြင်ကြသူတွေ ရှိပေမယ့် ရာခိုင်နှုန်းအရ ကြည့်လိုက်ရင်တော့ အသက်ကြီးပိုင်းမှ အောင်မြင်မှု အတည်တကျ ရကြတာ ပိုများတယ် မဟုတ်လား။ ဘီလျံနာတွေကို ကြည့်လိုက်ရင်လည်း ငယ်ရွယ်သူတွေ နည်းပါးတယ်လေ။ ဒါဆိုရင် လူငယ်တွေကရော…? အသက်ငယ်ငယ်နဲ့ အောင်မြင်ချင်တဲ့ သူတွေကျတော့ရော…?

တကယ်တမ်း နည်းလမ်း မရှိတာ မဟုတ်ပါဘူး။ အားလုံးသိကြတဲ့ Facebook တည်ထောင်သူကြီး Mark Zuckerberg ဟာလည်း ငယ်ရွယ်တဲ့ အောင်မြင်သူတွေထဲ တစ်ဦးအပါအဝင် ဖြစ်သလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလို ငယ်ရွယ်ပေမယ့် ထွန်းပေါက် အောင်မြင်ပြီး ရှေ့ဆက်ကြိုးစားနေကြသူတွေ ရှိပါတယ်။ ဒါဆိုရင် ကျွန်တော်တို့လို လူငယ်လေးတွေ အသက်ငယ်ငယ်နဲ့ အောင်မြင်မှု ရနိုင်ဖို့ သိထားသင့်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အချက်လေးတွေကို ကြည့်ကြည့်လိုက်ရအောင်။

 

၁. အောင်မြင်မှုရဲ့အဓိပ္ပါယ်

အောင်မြင်မှု လိုချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ အောင်မြင်မှုက ဘာလဲဆိုတာ အရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့ လိုပါလိမ့်မယ်။ ကိုယ့်အတွက် အောင်မြင်မှုက ဘာမှန်း နားမလည်ရင် ကိုယ်ဘာအတွက်များ ရှေ့ဆက်နေတာလဲ… ကြိုးစားနေတာလဲ။ ပန်းတိုင်တစ်ခုကို ရှင်းရှင်းလင်းလင်း သတ်မှတ်နိုင်မှ ဒီပန်းတိုင်ကို ရောက်ဖို့၊ ဒီအောင်မြင်မှုကို အရယူဖို့ ဘယ်လမ်း ကနေ သွားရမလဲ၊ ဘာတွေဖြည့်တင်းရမလဲ၊ ဘယ်လိုနည်းလမ်းတွေ သုံးရမလဲ စတဲ့ နည်းဗျူဟာတွေကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး ကိုယ့်အတွက် အောင်မြင်မှုရဲ့ အဓိပ္ပါယ်ကဘာလဲ၊ ကိုယ်ဘာလိုချင် တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်အနေအထားထိ ရောက်ချင်တာလဲ ဆိုတဲ့ ပန်းတိုင်ကို ရှင်းလင်းသေချာအောင် အရင်လုပ်ပါနော်။

 

 

၂. ပတ်ဝန်းကျင်ကောင်း

အောင်မြင်သူတစ်ယောက် ဖြစ်ဖို့အတွက် ပတ်ဝန်းကျင်က အရမ်းကို အရေးကြီးပါတယ်။ ကျောင်းတုန်းက စာတော်တဲ့ အဖွဲ့၊ စာညံ့တဲ့အဖွဲ့၊ အလယ်အလတ်အဖွဲ့၊ အဆိုးအပေအဖွဲ့ ဆိုပြီး တူရာစုတတ်ကြသလို ကိုယ်ဟာလည်း အောင်မြင်ချင်ရင် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဝင်ရောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်နေကုန် စားဖို့ အိပ်ဖို့ လောက်ပဲသိပြီး ဘဝတိုးတက်ရေးအတွက် ဘာမှစိတ်မဝင်စားတဲ့ ပတ်ဝန်းကျင်မှာပဲ ပိတ်မိနေရင်တော့ ဘာဗဟုသုတ၊ တိုးတက်မှုမှ ရှိမှာမဟုတ်သလို ကိုယ်ပါ ပျက်စီးသွားနိုင်တဲ့ အလားအလာ များပါတယ်။ ဒါကြောင့် ကိုယ်အားကျရတဲ့သူတွေ၊ ရည်မှန်းချက် တူကြသူတွေ၊ ကြိုးစားကြတဲ့သူတွေ စတဲ့ ပတ်ဝန်းကျင်ကောင်းမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်းရံဖို့ သတိရစေချင်ပါတယ်။

 

 

၃. ပေါ်ပင်မလိုက်ပါနဲ့

အောင်မြင်သူတွေရဲ့ အကြံပေးစကားတွေကို ကြည့်လိုက်ရင် အလုပ်တစ်ခုကို အဆုံးထိ ဇောက်ချလုပ်ဖို့ တော်တော် များများ ပြောတတ်ကြပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး သိကြပေမယ့်လည်း ခုခေတ်လူငယ်တွေ ဆိုသည်မှာ ပေါ်ပင်လိုက်မိတတ်တာ အရမ်းများပါတယ်။ ဒါကြောင့်လည်း ဟိုဟာလေး ကောင်းနိုးနိုး၊ ဒီဟာလေးကို အတည်လုပ်တော့မလိုလိုနဲ့ ဘာရယ်သေချာ ဖြစ်မလာဘဲ တစ်ခုခုမှာ လုံးဝကျွမ်းကျင်တယ်၊ အောင်မြင်တယ် ဆိုတာမျိုး မရှိနိုင်ဖြစ်နေတာပါ။ ဆိုတော့ ပေါ်ပင်မလိုက်မိဖို့ အရေးကြီးပါတယ်။ ဘယ်သူတွေဘာပြောပြော ကိုယ်ဟာ ကိုယ်ရည်မှန်းထားတဲ့ အရာကိုသာ တစိုက်မတ်မတ် လုပ်မယ်ဆိုရင် အောင်မြင်မှုဆီ အနှေးနဲ့ အမြန် နီးစပ်လာမှာ အသေအချာပါပဲ။

 

 

၄. ပညာရည်ပြည့်ဝဖို့

ပညာရည်ပြည့်ဝဖို့ ဆိုတဲ့နေရာမှာ ဘွဲ့အထပ်ထပ်နဲ့ လက်မှတ်အစုံစုံကို ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့ လိုအပ်တဲ့ အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်ဆိုင်ရာ နက်နဲတဲ့ နားလည်မှု၊ လေ့လာမှုကို ဆိုလိုချင်တာ ဖြစ်ပါတယ်။ ကျောင်းကနေ ကျွန်တော်တို့ကို အရာအားလုံး မသင်ကြားပေးနိုင်တာမို့ ပြင်ပ အထွေထွေ ဗဟုသုတဆိုတာ မဖြစ်မနေ လေ့လာထားသင့်တဲ့ အရာဖြစ်ပါတယ်။ ကိုယ့်ဘက်ကနေ ပန်းတိုင်တစ်ခု သတ်မှတ်ထား ပြီးရင် အဲ့ဒီပန်းတိုင်ကို ရောက်ဖို့အတွက် သိထားသင့်တဲ့ အချက်အလက်တွေ၊ လေ့လာထားရမယ့် အရာတွေ၊ သင်ယူရမယ့် အရာတွေ၊ ဖြည့်တင်းရမယ့် ကွက်လပ်တွေကို ဖြည့်နိုင်မှ ကိုယ်လိုချင်တဲ့ အောင်မြင်မှုအတွက် အရည်အချင်းတစ်ခု ထွက်လာနိုင်မှာ ဖြစ်ပါတယ်။

 

 

၅. Review လုပ်ဖို့လိုတယ်

Review မလုပ်ဘဲ ရှေ့ဆက်နေသူတစ်ယောက်က မြေပုံမပါဘဲ ရောက်တက်ရာရာ သွားနေသူနဲ့ တူပါတယ်။ ဒါဆိုရင် ကိုယ်ဘယ်ရောက်နေလဲ မသိရတော့ဘူး၊ လမ်းမှားနေလား မသိရတော့ဘူး၊ ဘယ်လမ်းကနေ ဆက်သွားရမလဲ သိမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် Review လုပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် Review မှန်မှန် လုပ်ပေးရင် ကိုယ့်ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို မမေ့တော့ဘူး၊ ကိုယ့်ရဲ့ အားနည်းချက်တွေ ပြုပြင်ရမယ့် အချက်တွေ မြင်လာမယ်၊ တစ်နေ့ထက် တစ်နေ့ တိုးတက်နေသူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။ ပြီးရင် တစ်ချက် အရေးကြီးတာက Review လုပ်ပြီး ပြုပြင်စရာတွေ၊ သင်ယူစရာတွေကို လက်တွေ့ ပြန်လုပ်ဆောင်ပေးဖို့ပါနော်။

 


၆. ငွေတစ်ခုတည်းလား…?

အောင်မြင်မှုကို ငွေကြေးချမ်းသာမှုအပေါ် လုံးဝ ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ့်ရဲ့ ပန်းတိုင်က ပိုက်ဆံ ဖြစ်လာပြီး ကိုယ်ဟာလည်း လောဘနောက်လိုက်သူတစ်ယောက် ဖြစ်လာတတ်ပါတယ်။ ငွေကြေးက အရေးကြီးတာ မှန်သလို လောဘလည်း ရှိဖို့ လိုပါတယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ကို ငွေရဖို့၊ ချမ်းသာဖို့ဆိုပြီး သတ်မှတ်လိုက်ရင်တော့ တစ်ချိန်ချိန်မှာ ကိုယ့်ကို လမ်းမှားရောက်စေသူ၊ ကိုယ့်ကျရှုံးမှုရဲ့ အရင်းအမြစ် ဖြစ်လာတတ်ပါတယ်။ အဲဒါထက် အောင်မြင်တဲ့ လုပ်ငန်းရှင်တွေက လူတွေရဲ့ လိုအပ်ချက် ဖြည့်တင်းမှုအပေါ် အဓိက မှီတည်လေ့လာကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးပြုနိုင်မလဲ၊ လူတွေကို ဘယ်လိုကူညီနိုင်မလဲ ဆိုတဲ့ စိတ်ဓာတ်နဲ့အတူ ကြိုးစားသင့်ပါတယ်နော်။

 

 

sayar.com.mm

Sources : Live The Dream

Read times Last modified on Friday, 27 December 2019 15:40
Rate this articles
(0 votes)