×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Friday, 20 December 2019

" ေအာင္ျမင္တဲ့ လူတစ္ေယာက္အျဖစ္ ရပ္တည္ခ်င္ရင္ စြန႔္လႊတ္လိုက္သင့္တဲ့ အက်င့္ဆိုးမ်ား"

" ေအာင္ျမင္တဲ့ လူတစ္ေယာက္အျဖစ္ ရပ္တည္ခ်င္ရင္ စြန႔္လႊတ္လိုက္သင့္တဲ့ အက်င့္ဆိုးမ်ား" pexels

ကၽြန္ေတာ္ တို႔ လူေတြေတာ္ေတာ္မ်ားမ်ား ဟာေအာင္ျမင္တဲ့ သူတစ္ေယာက္ကိုေတြ႔ရင္ အားက်တယ္ဆိုတဲ့ စိတ္ခံစားခ်က္က အရင္ျဖစ္ေပၚလာတာပါ။

ဘယ္သူမွ သူေတာ္ေတာ္ၾကိဳးစားခဲ့လို႕ဒီေနရာ ေရာက္လာတာဆိုျပီး ေတာ္ေတာ္မ်ားမ်ား မေတြးျဖစ္ၾကပါဘူး။
ေအာင္ျမင္သူေတြဟာ ရရွိလာတဲ့ အခြင္႔အေရးေတြကို မွန္ကန္စြာ အသံုးခ်ႏိုင္သလို အခြင္႔အေရး ရၿပီဆိုရင္လည္း ထိေရာက္စြာ အသံုးခ်တတ္ၾကပါတယ္။သူတို႔မွာ ကိုယ္ပိုင္ခ်မွတ္ထားတဲ႔ စည္းမ်ဥ္းစည္းကမ္းေတြရွိၿပီး အဲဒီစည္းမ်ဥ္းေတြကိုလည္း အေလးအနက္ထားလိုက္နာၾကပါတယ္။ သူတို႕မွာရွိတဲ့ အက်င့္ ဆိုးေတြကိုလည္း စြန္႕လႊတ္ဖို႕ဝံ့ မေလးၾကပါဘူး။ ဒါေၾကာင့္ ေအာက္မွ ေဖာ္ျပေပး မဲ့ အက်င့္ ေတြ သင့္မွာ ရွိေနရင္ အျမန္ဆံုးစြန္႔လႊတ္လိုက္ပါ။


၁။ အခ်ိန္ဆြဲတတ္တဲ့ အက်င့္
အခ်ိန္ဆြဲျခင္းဟာ ပုံမွန္လူေတြအတြက္ ေဖ်ာက္ဖုိ႔ခက္တဲ့ အက်င့္ဆုိးတစ္ခုျဖစ္ေနပါတယ္။ ပုံမွန္လူေတြဟာ ဒီေန႔အလုပ္ကုိ မနက္ျဖန္ေရႊ႕၊ မနက္ျဖန္အလုပ္ကုိ ေနာက္တစ္ရက္ေရႊ႕တတ္ၾကပါတယ္။ ေအာင္ျမင္
သူေတြကေတာ့ ဒီေန႔ၿပီးရမယ့္အလုပ္ကုိ မေန႔ကတည္းက ၿပီးေအာင္ ႀကဳိးစားတတ္ၾကပါတယ္။
ထို႔ေၾကာင့္ ေအာင္ျမင္ခ်င္ရင္ လုပ္သင့္တဲ့ကိစၥကုိ လုပ္သင့္တဲ့အခ်ိန္မွာ လုပ္ၿပီး အခ်ိန္ဆြဲျခင္းဆုိတဲ့ အက်င့္ဆုိးကုိ ေဖ်ာက္လုိက္ပါ။

 

 

၂။ အလုပ္ေတြ ၿပီးေျမာက္ေအာင္ မလုပ္ေဆာင္တဲ့ အက်င့္
ေအာင္ျမင္သူမ်ားရဲ႕ အမူအက်င့္ဟာ ကိုယ္တာဝန္ယူထားတဲ႔အလုပ္တစ္ခုကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္သလို ကိုယ္႔ရဲ႕လစ္မစ္ကိုလည္း ကိုယ္သိပါတယ္။ တစ္ေန႕မွာ (၂၄) နာရီပဲ ရတဲ႔အတြက္ အဲဒီအခ်ိန္ပိုင္းအတြင္းမွာ ဘယ္ေလာက္ၿပီး ေျမာက္ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မလဲဆိုတာကိုလည္း ႀကိဳတင္တြက္ခ်က္ထားႏိုင္ ၾကပါတယ္။
ကိုယ္႔လစ္မစ္ကိုယ္မသိဘဲ အလုပ္ေတြမႏိုင္မနင္းလက္ခံလိုက္တာက ညံ႕ဖ်င္းတဲ႔ အခ်ိန္စီမံခန္႕ခြဲမႈ တစ္ခုု ျဖစ္သလို ကိုယ္႔ရဲ႕လုပ္ရည္ကိုင္ရည္ကိုလည္း က်ဆင္းေစပါတယ္။

 


၃။ အဆုိးျမင္စိတ္ရွိတဲ့ အက်င့္
အခ်ိန္တုိင္းလုိလုိ စိတ္တုိေဒါသထြက္ေနတတ္တဲ့ လူတစ္ခ်ဳိ႕ကုိ သင္ျမင္ဖူးမွာပါ။ ထုိသူေတြဟာ တစ္ခုခုဆုိရင္ အဆုိးကုိပဲ ျမင္ေနတတ္လုိ႔ျဖစ္ပါတယ္။ အဆုိးျမင္စိတ္ရွိျခင္းဟာ ေပါင္းသင္းဆက္ဆံေရးကို သာမက ေအာင္ျမင္တုိးတက္ေရးကုိလည္း ဆုံးရႈံးေစတတ္ပါတယ္။ ထို႔ေၾကာင့္ တကယ္လုိ႔ ကိုယ္ဟာ အဆုိးျမင္စိတ္ရွိတဲ့လူဆုိရင္ အေကာင္းျမင္စိတ္ရွိလာေအာင္ တျဖည္းျဖည္း ေျပာင္းယူသင့္ပါတယ္။

 


၄။ လွ်ပ္စစ္ပစၥည္းေတြနဲ႔ အခ်ိန္ျဖဳန္းတတ္တဲ့အက်င့္
လူအမ်ားစုဟာ ဖုန္းေတြ၊ ကြန္ပ်ဴတာေတြ၊ ဂိမ္းစက္ေတြ၊ တီဗီေတြေရွ႕မွာပဲ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို အသံုးျပဳေနရပါတယ္။
နည္းပညာကို အသံုးခ်ၿပီး အလုပ္ပိုမို လြယ္ကူျမန္ဆန္ေအာင္ လုပ္ေဆာင္တာ ေကာင္းေပမယ္႔ Facebook တို႔၊ Twitter တို႔လိုု လူမႈကြန္ရက္ေတြနဲ႕ပဲ အခ်ိန္ျဖဳန္းေနတာတို႔၊ ဂိမ္းစက္ေတြ ေရွ႕မွာထိုင္ၿပီး ဂိမ္းေဆာ႔ေနမိလို႔ အလုပ္မတြင္က်ယ္တာတို႔ကေတာ႔ မျဖစ္သင္႔ပါဘူး။
ေအာင္ျမင္သူမ်ားဟာ လွ်ပ္စစ္ပစၥည္းမ်ားကို အသုံးျပဳၿပီး ဘယ္လုပ္ကို ပိုမုိေကာင္းမြန္ေအာင္ လုပ္ေဆာင္ရမလဲဆုိတာကို အၿမဲေတြးေတာေနတတ္ပါတယ္။

 


၅။ စိတ္ကူးကုိ စိတ္ကူးမွာပဲ ထားရွိတတ္တဲ့ အက်င့္
ပုံမွန္လူေတြဟာ အေတြးမ်ားစြာ ေတြးေလ့ရွိၿပီး အေတြးေတြကုိ လက္ေတြ႕လုပ္ေဆာင္ေလ့ မရွိပါဘူး။ ဒါဟာ ေအာင္ျမင္သူေတြနဲ႔ ႀကီးမားတဲ့ ကြာၿခားခ်က္ပါပဲ။ ေအာင္ျမင္သူေတြကေတာ့ အေတြးတစ္ခုႏွစ္ခုပဲ ေတြးေလ့ရွိၿပီး ဒီအေတြးကုိ မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ေလ့ရွိပါတယ္။

 

 

၆။ အာရံုလြင္႔ပ်ယ္တတ္တဲ့ အက်င့္
ဦးစားေပးအစီအစဥ္ေတြ ခဏခဏေျပာင္းလဲတတ္ျခင္းမ်ိဳးဟာ ေကာင္းမြန္တဲ့ နည္းလမ္းမဟုတ္တဲ့အတြက္ ေရွာင္ၾကဥ္ပါ။ အာရံုစူးစုိက္မႈအျပည္႔ရွိတဲ႔ လူတစ္ေယာက္ဟာ ဘယ္အရာေတြကို ဦးစားေပးသင္႔တယ္ဆိုတာကို ေကာင္းေကာင္းသိပါတယ္။
အလုပ္တစ္ခုလုပ္မယ္စိတ္ကူးတုိင္း ဟိုဟာအရင္လုပ္ရႏိုး၊ ဒီဟာအရင္လုပ္ရႏိုးျဖစ္ေနရင္ေတာ႔ ဘာအလုပ္ကိုမွ ျဖစ္ျဖစ္ေျမာက္ေျမာက္ လုပ္ျဖစ္မွာ မဟုတ္ပါဘူး။

 

 

၇။ ေသခ်ာနားမေထာင္တတ္တဲ့ အက်င့္
တျခားလူေတြေပးတဲ႔ အၾကံဉာဏ္သစ္ေတြ၊ စိတ္ကူးသစ္ေတြကို ေသခ်ာနားမေထာင္တတ္ျခင္းဟာလည္း ေအာင္ျမင္မႈပန္းတုိင္းကို ဟန္႔တားေစႏိုင္တဲ့ အက်င္႔ဆိုးတစ္ခုပါပဲ။
တစ္ခါတေလမွာ တကယ္သိတာထက္ ပိုသိပုိတတ္ေနတယ္လို႔ ထင္တတ္ၾကၿပီး တျခားလူေတြေပးတဲ႔ အႀကံဉာဏ္ေကာင္းေတြကို လစ္လ်ဴရႈမိတတ္ၾကပါတယ္။
ေအာင္ျမင္တဲ႔ပုဂၢိဳလ္ေတြကေတာ႔ တျခားလူေတြေပးတဲ႔ အႀကံဉာဏ္ေကာင္းေတြကို တေလးတစားရွိတတ္ၾကၿပီး အက်ိဳးရွိေအာင္ အသံုးခ်တတ္ၾကပါတယ္။

 


၈။ ဒြိဟစိတ္ ျဖစ္တတ္တဲ့အက်င့္
တစ္ခါတစ္ရံ ဒြိဟ ျဖစ္တာက ကိစၥမရွိေပမယ့္ အၿမဲလုိလုိဒြိဟ ျဖစ္ေနတယ္ဆုိရင္ေတာ့ ျပႆနာရွိလာပါၿပီ။ ဒီလုိလူေတြဟာ ကိစၥႏွစ္ခုထဲက တစ္ခုကုိ ေရြးစရာရွိလွ်င္ ဟုိဟာလုပ္ရမလုိ ဒီဟာလုပ္ရမလုိနဲ ႔ ေတြးရင္း ေတြးရင္းျဖင့္ ဘယ္တစ္ခုမွ မလုပ္ျဖစ္ေတာ့ပဲ အခြင့္အလမ္းေကာင္းေတြကုိ ဆုံးရႈံးတတ္ပါတယ္။ တစ္ခုခုကုိ ေသေသခ်ာခ်ာ စဥ္းစားၿပီးတာနဲ႔ တိတိက်က် ေရြးခ်ယ္လုပ္ေဆာင္ဖုိ႔ လုိအပ္ပါတယ္။

 

UNICODE


ကျွန်တော် တို့ လူတွေတော်တော်များများ ဟာအောင်မြင်တဲ့ သူတစ်ယောက်ကိုတွေ့ရင် အားကျတယ်ဆိုတဲ့ စိတ်ခံစားချက်က အရင်ဖြစ်ပေါ်လာတာပါ။ ဘယ်သူမှ သူတော်တော်ကြိုးစားခဲ့လို့ဒီနေရာ ရောက်လာတာဆိုပြီး တော်တော်များများ မတွေးဖြစ်ကြပါဘူး။
အောင်မြင်သူတွေဟာ ရရှိလာတဲ့ အခွင့်အရေးတွေကို မှန်ကန်စွာ အသုံးချနိုင်သလို အခွင့်အရေး ရပြီဆိုရင်လည်း ထိရောက်စွာ အသုံးချတတ်ကြပါတယ်။သူတို့မှာ ကိုယ်ပိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပြီး အဲဒီစည်းမျဉ်းတွေကိုလည်း အလေးအနက်ထားလိုက်နာကြပါတယ်။ သူတို့မှာရှိတဲ့ အကျင့် ဆိုးတွေကိုလည်း စွန့်လွှတ်ဖို့ဝံ့ မလေးကြပါဘူး။ ဒါကြောင့် အောက်မှ ဖော်ပြပေး မဲ့ အကျင့် တွေ သင့်မှာ ရှိနေရင် အမြန်ဆုံးစွန့်လွှတ်လိုက်ပါ။


၁။ အချိန်ဆွဲတတ်တဲ့ အကျင့်
အချိန်ဆွဲခြင်းဟာ ပုံမှန်လူတွေအတွက် ဖျောက်ဖို့ခက်တဲ့ အကျင့်ဆိုးတစ်ခုဖြစ်နေပါတယ်။ ပုံမှန်လူတွေဟာ ဒီနေ့အလုပ်ကို မနက်ဖြန်ရွှေ့၊ မနက်ဖြန်အလုပ်ကို နောက်တစ်ရက်ရွှေ့တတ်ကြပါတယ်။ အောင်မြင်
သူတွေကတော့ ဒီနေ့ပြီးရမယ့်အလုပ်ကို မနေ့ကတည်းက ပြီးအောင် ကြိုးစားတတ်ကြပါတယ်။
ထို့ကြောင့် အောင်မြင်ချင်ရင် လုပ်သင့်တဲ့ကိစ္စကို လုပ်သင့်တဲ့အချိန်မှာ လုပ်ပြီး အချိန်ဆွဲခြင်းဆိုတဲ့ အကျင့်ဆိုးကို ဖျောက်လိုက်ပါ။

 

၂။ အလုပ်တွေ ပြီးမြောက်အောင် မလုပ်ဆောင်တဲ့ အကျင့်
အောင်မြင်သူများရဲ့ အမူအကျင့်ဟာ ကိုယ်တာဝန်ယူထားတဲ့အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သလို ကိုယ့်ရဲ့လစ်မစ်ကိုလည်း ကိုယ်သိပါတယ်။ တစ်နေ့မှာ (၂၄) နာရီပဲ ရတဲ့အတွက် အဲဒီအချိန်ပိုင်းအတွင်းမှာ ဘယ်လောက်ပြီး မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း ကြိုတင်တွက်ချက်ထားနိုင် ကြပါတယ်။
ကိုယ့်လစ်မစ်ကိုယ်မသိဘဲ အလုပ်တွေမနိုင်မနင်းလက်ခံလိုက်တာက ညံ့ဖျင်းတဲ့ အချိန်စီမံခန့်ခွဲမှု တစ်ခု ဖြစ်သလို ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကိုလည်း ကျဆင်းစေပါတယ်။


၃။ အဆိုးမြင်စိတ်ရှိတဲ့ အကျင့်
အချိန်တိုင်းလိုလို စိတ်တိုဒေါသထွက်နေတတ်တဲ့ လူတစ်ချို့ကို သင်မြင်ဖူးမှာပါ။ ထိုသူတွေဟာ တစ်ခုခုဆိုရင် အဆိုးကိုပဲ မြင်နေတတ်လို့ဖြစ်ပါတယ်။ အဆိုးမြင်စိတ်ရှိခြင်းဟာ ပေါင်းသင်းဆက်ဆံရေးကို သာမက အောင်မြင်တိုးတက်ရေးကိုလည်း ဆုံးရှုံးစေတတ်ပါတယ်။ ထို့ကြောင့် တကယ်လို့ ကိုယ်ဟာ အဆိုးမြင်စိတ်ရှိတဲ့လူဆိုရင် အကောင်းမြင်စိတ်ရှိလာအောင် တဖြည်းဖြည်း ပြောင်းယူသင့်ပါတယ်။


၄။ လျှပ်စစ်ပစ္စည်းတွေနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်
လူအများစုဟာ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ဂိမ်းစက်တွေ၊ တီဗီတွေရှေ့မှာပဲ အချိန်တော်တော်များများကို အသုံးပြုနေရပါတယ်။
နည်းပညာကို အသုံးချပြီး အလုပ်ပိုမို လွယ်ကူမြန်ဆန်အောင် လုပ်ဆောင်တာ ကောင်းပေမယ့် Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေနဲ့ပဲ အချိန်ဖြုန်းနေတာတို့၊ ဂိမ်းစက်တွေ ရှေ့မှာထိုင်ပြီး ဂိမ်းဆော့နေမိလို့ အလုပ်မတွင်ကျယ်တာတို့ကတော့ မဖြစ်သင့်ပါဘူး။
အောင်မြင်သူများဟာ လျှပ်စစ်ပစ္စည်းများကို အသုံးပြုပြီး ဘယ်လုပ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမလဲဆိုတာကို အမြဲတွေးတောနေတတ်ပါတယ်။


၅။ စိတ်ကူးကို စိတ်ကူးမှာပဲ ထားရှိတတ်တဲ့ အကျင့်
ပုံမှန်လူတွေဟာ အတွေးများစွာ တွေးလေ့ရှိပြီး အတွေးတွေကို လက်တွေ့လုပ်ဆောင်လေ့ မရှိပါဘူး။ ဒါဟာ အောင်မြင်သူတွေနဲ့ ကြီးမားတဲ့ ကွာခြားချက်ပါပဲ။ အောင်မြင်သူတွေကတော့ အတွေးတစ်ခုနှစ်ခုပဲ တွေးလေ့ရှိပြီး ဒီအတွေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်လေ့ရှိပါတယ်။

 

၆။ အာရုံလွင့်ပျယ်တတ်တဲ့ အကျင့်
ဦးစားပေးအစီအစဉ်တွေ ခဏခဏပြောင်းလဲတတ်ခြင်းမျိုးဟာ ကောင်းမွန်တဲ့ နည်းလမ်းမဟုတ်တဲ့အတွက် ရှောင်ကြဉ်ပါ။ အာရုံစူးစိုက်မှုအပြည့်ရှိတဲ့ လူတစ်ယောက်ဟာ ဘယ်အရာတွေကို ဦးစားပေးသင့်တယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။
အလုပ်တစ်ခုလုပ်မယ်စိတ်ကူးတိုင်း ဟိုဟာအရင်လုပ်ရနိုး၊ ဒီဟာအရင်လုပ်ရနိုးဖြစ်နေရင်တော့ ဘာအလုပ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

 

၇။ သေချာနားမထောင်တတ်တဲ့ အကျင့်
တခြားလူတွေပေးတဲ့ အကြံဉာဏ်သစ်တွေ၊ စိတ်ကူးသစ်တွေကို သေချာနားမထောင်တတ်ခြင်းဟာလည်း အောင်မြင်မှုပန်းတိုင်းကို ဟန့်တားစေနိုင်တဲ့ အကျင့်ဆိုးတစ်ခုပါပဲ။
တစ်ခါတလေမှာ တကယ်သိတာထက် ပိုသိပိုတတ်နေတယ်လို့ ထင်တတ်ကြပြီး တခြားလူတွေပေးတဲ့ အကြံဉာဏ်ကောင်းတွေကို လစ်လျူရှုမိတတ်ကြပါတယ်။
အောင်မြင်တဲ့ပုဂ္ဂိုလ်တွေကတော့ တခြားလူတွေပေးတဲ့ အကြံဉာဏ်ကောင်းတွေကို တလေးတစားရှိတတ်ကြပြီး အကျိုးရှိအောင် အသုံးချတတ်ကြပါတယ်။


၈။ ဒွိဟစိတ် ဖြစ်တတ်တဲ့အကျင့်
တစ်ခါတစ်ရံ ဒွိဟ ဖြစ်တာက ကိစ္စမရှိပေမယ့် အမြဲလိုလိုဒွိဟ ဖြစ်နေတယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီလိုလူတွေဟာ ကိစ္စနှစ်ခုထဲက တစ်ခုကို ရွေးစရာရှိလျှင် ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ တွေးရင်း တွေးရင်းဖြင့် ဘယ်တစ်ခုမှ မလုပ်ဖြစ်တော့ပဲ အခွင့်အလမ်းကောင်းတွေကို ဆုံးရှုံးတတ်ပါတယ်။ တစ်ခုခုကို သေသေချာချာ စဉ်းစားပြီးတာနဲ့ တိတိကျကျ ရွေးချယ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

 

 

sayar.com.mm

Read times Last modified on Tuesday, 24 December 2019 11:39
Rate this articles
(2 votes)