×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 04 February 2020

“Accounting နဲ့ ပက်သက်တဲ့ ပညာရပ်တွေကို လေ့လာလို့ရမယ့် အကောင်းဆုံး ဝက်ဆိုဒ် (၈) ခု"

“Accounting နဲ့ ပက်သက်တဲ့ ပညာရပ်တွေကို လေ့လာလို့ရမယ့် အကောင်းဆုံး ဝက်ဆိုဒ် (၈) ခု" freepick

>> Unicode <<
စာရင်းကိုင်ပညာဆိုတာ မြန်မာနိုင်ငံမှာ ခေတ်စားတဲ့ ဘာသာရပ်ထဲမှာ လည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးဈေးကွက်ကို ကျယ်ပြန့်စွာ အသုံးပြု လာသည်နှင့် အမျှ စာရင်းကိုင်ပညာဟာလည်း အရေးပါလာပါတယ်။ ဒါကြောင့် လူငယ်တွေ အနေနဲ့ လည်း စာရင်းကိုင်ပညာကို ဒီထက်ပိုပြီးနားလည်ဖို့ လိုအပ်လာပါပြီ။

သင်တန်းတွေ တက်ပြီးလေ့လာယုံ သာမက ကိုယ်ကိုယ် တိုင်လည်း self study လုပ်သင့်ပါတယ်။ ဒါကြောင့် လူငယ်Accounting နဲ့ပက်သက်ပြီးလေ့လောလို့ ကောင်းတဲ့ website လေးတွေကို website link နှင့်တကွဖော်ပြပေးလိုက်ပါတယ်…….


(၁) MIT Open courseWare (https://ocw.mit.edu/index.htm)
ဒီဝက်ဆိုဒ်မှာ Accountingနဲ့ပက်သက်တဲ့ Data တွေကို ရှာဖွေသင်ယူလေ့လာလို့ ရမှာဖြစ်ပါတယ်။ ဒီဝက်ဆိုဒ်မှာ ထူးခြားတာကတော့ တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကို အခမဲ့ တိုက်ရိုက်သင်ကြားခွင့် ရမှာဖြစ်ပါတယ်။ ဒီဝက်ဆိုဒ်ဟာ Accountingသီးသန့်လေ့လာလို့ရတဲ့ ဝက်ဆိုဒ်မဟုတ်ပေမဲ့ Accountingနဲ့ပက်သက်တာတွေကို များစွာလေ့လာလို့ရမယ့် ဝက်ဆိုဒ်လည်းဖြစ်ပါတယ်။

 


(၂) The Open University (https://www.open.edu/openlearn/)
ဒီဝက်ဆိုဒ်ကတော့ လေ့လာလို့ရမယ့် အရာတွေ အများအပြားရှိနေပေမယ့်လည်း Money and Business ဆိုတဲ့ Accounting နဲ့ ပက်သက်တာတွေ လေ့လာလို့ရမယ့် section ပါဝင်ပါတယ်။ ဒီဝက်ဆိုဒ်ရဲ့ Money and Business section မှာကတော့ စီးပွားရေးစာရင်းကိုင်ပညာ အခြေခံတွေကို သင်ကြားလေ့လာလို့ရမှာဖြစ်ပါတယ်။

 


(၃)  Accounting Couch (https://www.accountingcoach.com/)
ဒီဝက်ဆိုဒ်ကတော့ စာရင်းကိုင်ပညာလေ့လာနေတဲ့ ကျောင်းသာတွေသာမက professionals တွေအတွက် ပါ လေ့လာလို့ရတဲ့ ဝက်ဆိုဒ် တစ်ခုလည်းဖြစ်ပါတယ်။ ဒီဝက်ဆိုက်မှာ accounting နဲ့ ပက်သက်တဲ့ Lecture ပေါင်း ၁၀၀၀ ကျော်ကို လေ့လာလို့ရမှာဖြစ်ပါတယ်။ Accounting နဲ့ ပက်သက်တဲ့ Quiz လေးတွေပါဝင်တာကြောင့် လေ့လာရတာ ပျော်ဖို့ကောင်းပါတယ်။

 


(၄) Coursera (https://www.coursera.org/)
ဒီဝက်ဆိုဒ်ကတော့ စာရင်ကိုင်ပညာနဲ့ ပက်သက်တဲ့ မတူညီတဲ့ ဘာသာရပ်တွေကို တစ်နေရာတည်းမှာ စုံစုံ လင်လင်နဲ့ လေ့လာလို့ ရမယ့် ဝက်ဆိုဒ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။

 


(၅) Simple Studies (http://simplestudies.com/)
ဒီဝက်ဆိုဒ်ကတော့ ဝက်ဆိုဒ်နာမည်လေးနဲ့ အညီ Accounting နဲ့ ပက်သက်တာတွေကို ရိုးရိုးရှင်းရှင်း လေ့လာလို့ရမှာဖြစ်သလို Accounting နဲ့ ပက်သက်တဲ့ မတူညီတဲ့ ဘာသာရပ်တွများစွာလည်းရှိပါတယ်။ သင်လိုချင်ရင်တော့ ဒီဝက်ဆိုဒ်က Certificate ပါပေးပါသေးတယ်။ ဒါပေမဲ့ လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။

 


(၆) Principles of Accounting (https://www.principlesofaccounting.com/)
ဒီဝက်ဆိုဒ်မှာကတော့ Accounting နဲ့ပက်သက်တာတွေ လို့လာလို့ရမယ့် Categories (၇) ခုပါဝင်ပါတယ်။ သင်ကြိုက်နှစ်သက်ရာကိုရွေးချယ်ပြီးလေ့လာလို့ရပါတယ်။

 


(၇) Accounting World (http://www.accounting-world.com/)
ဒီဝက်ဆိုဒ်ကတော့ Accountingနဲ့ ပက်သက်တာအကုန်လုံးကို သိနိုင်ဖို့ ရည်ရွယ်တဲ့ ဝက်ဆိုဒ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီဝက်ဆိုဒ်မှာ ထူးခြားတာကတော့ အမေးအဖြေ ကဏ္ဍရှိတဲ့ အတွက် သင်မသိ၊ နားမလည်တဲ့ အရာတွေကို မေးလို့ရပါတယ်။

 


(၈) Miss CPA (http://misscpa.com/)
ဒီဝက်ဆိုဒ်ကတော့ စာရင်းကိုင်ပညာလေ့လာနေတဲ့ကျောင်းသားတွေအတွက် အသုံးဝင်မယ့် ဆောင်းပါလေးတွေကို ဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် စာမေးပွဲတွေမှာ မေးလေ့ရှိတဲ့ မေးခွန်းလေးတွေကိုလည်းဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ အတွက် အရမ်းကို အသုံးဝင်ပါတယ်။

အခုဖော်ပြပေးခဲ့တာတွေကတော့ Accountingကိုလေ့လာနေတဲ့ သူတွေအတွက် အထောက်အကူဖြစ်စေမယ့် ဝက်ဆိုဒ်လေးတွေဖြစ်ပါတယ်။ သင်ရဲ့ သူငယ်ချင်း၊ အသိမိတ်ဆွေ တွေထဲမှာ လည်း Accounting လေ့လာနေသူတွေရှိရင် လက်တို့ပေးဖို့မမေ့ပါနဲ့နော်။

မိမိ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ မိမိသားသမီး၊ ညီ၊ ညီမလေးတွေအတွက်ပဲဖြစ်ဖြစ် Accounting ကို အိမ်မှာပဲ ကိုယ်ပိုင်ဆရာ၊ ဆရာမတွေ ခေါ်ယူပြီးသင်ကြားချင်ရင်တော့
sayar.com.mm မှာ Accountingသင်ကြားပေးသော Study Guide ဆရာ၊ ဆရာမများရှိပါသည်။
https://www.sayar.com.mm/subjects/all-teachers/subject-527.html ဤလင့်ခ်တွင် အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါတယ်။

 

 

Zawgyi ဖြင့်ဖတ်ရန်

“Accounting နဲ့ ပက်သက်တဲ့ ပညာရပ်တွေကို လေ့လာလို့ရမယ့် အကောင်းဆုံး ဝက်ဆိုဒ် (၈) ခု"





 



 



 



 



 



 



 





 

Ref : https://graspitworld.blogspot.com/best-websites-to-learn-accounting

Read times
Rate this articles
(1 Vote)