×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Saturday, 15 February 2020

"မိမိလုပ္ငန္းခြင္မွာ နာမည္ေကာငး္ရခ်င္ရင္ျပဳလုပ္သင့္တဲ့ အခ်က္ (၄) ခ်က္"

"မိမိလုပ္ငန္းခြင္မွာ နာမည္ေကာငး္ရခ်င္ရင္ျပဳလုပ္သင့္တဲ့ အခ်က္ (၄) ခ်က္" freepick

ကုိယ့္ရဲက ၾကိဳးစားအားထုတ္မႈေတြတိုင္းအရာထင္လာတဲ့အခါ လုပ္ငန္းခြင္မွာ နာမည္ ဂုဏ္သတင္းေကာင္း ေက်ာ္ေဇာလာမွာ ျဖစ္ပါတယ္။

လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ လည္း အဆင္ေျပျပီး အထက္လူၾကီးေတြ အသိအမွတ္ ျပဳခံရဖို႕က ကိုယ့္ရဲ႕ နာမည္ေကာင္း တစ္ခုရွိဖို႕ လိုအပ္ပါတယ္။ ဘယ္ကုမၸဏီမွာ ပဲ လုပ္လုပ္ လုပ္ငန္းခြင္ထဲမွာ နာမည္ေကာင္းရထားျပီးတဲ့ အခါ ဒီထက္ပိုမို ေကာင္းမြန္တဲ့ ေနရာကို ကူးေျပာင္းဖို႕အတြက္ အေျခခံေကာငး္ တစ္ခုလည္းျဖစ္လာေစပါတယ္။


(၁) ေမွ်ာ္မွန္းထားတာထက္ပိုလုပ္ပါ
နာမည္ေကာင္းတစ္ခုတည္ေဆာက္ျခင္းရဲ႕ ပထမဆံုးေျခလွမ္းကေတာ့ ေမွ်ာ္မွန္းထားတာထက္ကို ပိုလုပ္ရတာပါ။ ေမွ်ာ္မွန္းထားတာ ထက္ပို လုပ္ရတယ္္ဆိုတဲ့ ေနရာမွာ တာဝန္ဝတၱရားေတြ ပိုလာပါတယ္။ ဥပမာ ေျပာရရင္ တစ္ခုခုလုပ္ျပီး မွားထာမ်ိဳးထက္ ၃ မ်ိဳးေလာက္လုပ္ျပီး ေရြးေစတာမ်ိဳးပါ။ ဒါ့အျပင္ ေနာက္တစ္ရက္မနက္မွာ အျပီးေပးရမယ့္ အလုပ္တာဝန္ေတြကို ဒီေန႔ ညေနခင္းထဲ က အျပီးသတ္ လုပ္ေပးႏိုင္တာမ်ိဳးက ေမ်ွာ္မွန္း ထားတာထက္ပို လုပ္ႏိုင္ျခင္းျဖစ္ပါတယ္။ ဒီလို လုပ္ျခင္းက ကိုယ့္ရဲ႕ ထူးခၽြန္မႈ၊ ကိုယ့္ရဲ႕ ၾကိဳးစားမႈကို ေပၚလြင္ေစပါတယ္။

 


(၂) လိမၼာပါးနပ္တဲ့ ထင္ျမင္ယူဆခ်က္
လူတစ္ဦးမွာ ရွိတဲ့ အရည္အခ်င္းေတြ၊ ဗဟုသုတေတြေၾကာင့္ မိမိရဲ႕ လုပ္ငန္းခြင္ကို ပိုမို တိုးတက္ေအာင္ လုပ္ႏို္ငတယ္ဆိုတဲ့ ယူဆခ်က္ေတြ နဲ႕ လုပ္ငန္းရွင္က အလုပ္ခန္႔အပ္ျခင္းျဖစ္ပါတယ္။ ဒါ့ေၾကာင့္မိုလို႔ ဝန္ထမ္းေတြ ရဲ႕ ထင္ျမင္ယူဆခ်က္ေတြနဲ႕၊ အၾကံဥာဏ္ေကာင္းေတြဟာ အရမ္းအဖိုးတန္ပါတယ္။ အျပဳသေဘာဆန္တဲ့ ဂုဏ္သတင္းကို လိုခ်င္ရင္ေတာ့ ကိုယ့္ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို တင္ျပရာမွာ လိမၼာပါးနပ္ဖို႔လိုအပ္ပါတယ္။ ကိုယ့္အျမင္၊ အေတြးေတြကို တင္ျပတဲ့အခါ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ တစ္ဖက္သားကို ျပစ္တင္ေစာင္းေျမာင္းရာေရာက္သြားေစမယ့္ စကားလံုးမ်ိဳး မသံုးသင့္ပါဘူး။ အစည္းအေဝးမွာ တစ္စံုတစ္ေယာက္က တင္ျပလာတဲ့ အရာေတြကို ေမးခြန္းထုတ္မယ့္အစား အၾကံျပဳတာမ်ိဳးပဲ ျဖစ္သင့္ပါတယ္။

 


(၃) ေစာဒက တက္တာေတြေလ်ာ႔ပါ
အလုပ္ခြင္ထဲမွာ ခက္ခဲပင္ပန္းတဲ့ အခ်ိန္ေတြရွိၾကမယ္ဆိုတာ အားလံုးသိၾကပါတယ္။ ကိုယ္ပင္ပန္းေနတိုင္း လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း အျမင္ မၾကည္ စြာနဲ႕ ေစာင္းျမာင္းမိတာမ်ိဳး မလုပ္မိေအာင္ ဆင္ျခင္ႏိုင္ရင္ အေကာင္းဆံုးပါ။ ကိုယ့္ရဲ႕ အဆင္မေျပမႈေတြကို ဆင္ေျခေပးျပီး ေဒါသေတြပံုခ်တာမ်ိုး မလုပ္လိုက္ပါနဲ႕။ အဆိုးျမင္စိတ္က ကိုယ့္ရဲ႕ နားမည္ေကာင္း ကို ပ်က္စီးေစပါလိမ့္မယ္။ ေစာဒက တက္ျခင္းကလည္း အရမ္းဆိုးတဲ့ အက်င့္တစ္ခုပါ။ ေစာဒက တက္သူေတြမွာ ပေရာ္ဖက္ရွင္နယ္ ဆန္တဲ့ ဂုဏ္သတင္းမရွိၾကပါဘူး။ အလုပ္ထဲမွာ ကိုယ့္ရဲ႕ နာမည္ေကာင္းေလး တစစီျဖစ္သြားတာကို ေရွာင္ၾကဥ္ဖုိ႕ ဆုိရင္ မတူညီတဲ့ ရႈေထာင့္ကေနၾကည့္ျပီး ၾကိဳးစားေျဖရွင္းဖို႕ပဲရွိပါတယ္။

 


(၄) ကူညီတတ္သူ
ကိုယ့္ရဲ႕ နာမည္ဂုဏ္သတင္းကို ေကာင္းေစခ်င္ရင္ေတာ့ မိမိရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို ပိုပိုသာသာေလး ကူညီေစာင္မ ေပးရပါမယ္။ စာရြက္စာတမ္းေတြနဲ႕ အလုပ္ရႈပ္ေနခ်ိန္ကူညီေပးလိုက္တာကေန အစည္းအေဝးမွာ ၾကည့္ေကာင္းသြားေအာင္ကူညီေပးလိုက္တာမ်ိဳးကအစ ကူညီသင့္တဲ့ အကူညီေကာင္းေတြပါပဲ။ လုပ္ေဖာ္ကိုင္ဖက္ေတြကို ကူညီေပးျခင္းက မိမိရဲ႕ စိတ္ေနစိတ္ထားကို သာမက ကိုယ့္ရဲ႕ အသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္လမ္းေၾကာင္းမွာပါ ရလဒ္ေကာင္းေတြ ျဖစ္လာေစပါတယ္။

လုပ္ငန္းခြင္ထဲမွာ နာမည္ေကာင္းတစ္ခုတည္ေဆာက္ျခင္းဟာ ကိုယ့္ရဲ႕ တာဝန္ေတြကို တိက်ေသခ်ာစြာနဲ႕ အခ်ိန္ျပီးေျမာက္ေအာင္ လုပ္ဖို႕ထက္ပိုပါတယ္။ ယူထားရတဲ့ တာဝန္ဝတၱရားေတြ အျပင္ ပိုျပီးလုပ္ေဆာင္ႏိုင္မွ အသိအမွတ္ျပဳ ခ်ီးေျမွာက္ခံရမွာျဖစ္ပါတယ္။ ဒါေၾကာင့္မိမိတာဝန္ေတြ ျပီးေျမာက္ႏိုင္ျပီဆိုရင္ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အခ်က္ေလးေတြကုိ တျဖည္းျဖည္းခ်င္းျပဳလုပ္သြားမယ္ဆို ကိုယ့္ရဲ႕ လုပ္ငန္းခြင္ထဲမွာ နာမည္ေကာင္း ရလာသာသူ တစ္ဦးျဖစ္လာပါလိမ့္မယ္။

LCCI သင္ၾကားေပးေသာဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-344.html

Sayar Guice banner design 2 2

 

unicode ဖြင့်ဖတ်ရန်
"မိမိလုပ်ငန်းခွင်မှာ နာမည်ကောင်းရချင်ရင်ပြုလုပ်သင့်တဲ့ အချက် (၄) ချက်"
ကိုယ့်ရဲက ကြိုးစားအားထုတ်မှုတွေတိုင်းအရာထင်လာတဲ့အခါ လုပ်ငန်းခွင်မှာ နာမည် ဂုဏ်သတင်းကောင်း ကျော်ဇောလာမှာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လည်း အဆင်ပြေပြီး အထက်လူကြီးတွေ အသိအမှတ် ပြုခံရဖို့က ကိုယ့်ရဲ့ နာမည်ကောင်း တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဘယ်ကုမ္ပဏီမှာ ပဲ လုပ်လုပ် လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းရထားပြီးတဲ့ အခါ ဒီထက်ပိုမို ကောင်းမွန်တဲ့ နေရာကို ကူးပြောင်းဖို့အတွက် အခြေခံကောင်း တစ်ခုလည်းဖြစ်လာစေပါတယ်။

 

(၁) မျှော်မှန်းထားတာထက်ပိုလုပ်ပါ
နာမည်ကောင်းတစ်ခုတည်ဆောက်ခြင်းရဲ့ ပထမဆုံးခြေလှမ်းကတော့ မျှော်မှန်းထားတာထက်ကို ပိုလုပ်ရတာပါ။ မျှော်မှန်းထားတာ ထက်ပို လုပ်ရတယ်ဆိုတဲ့ နေရာမှာ တာဝန်ဝတ္တရားတွေ ပိုလာပါတယ်။ ဥပမာ ပြောရရင် တစ်ခုခုလုပ်ပြီး မှားထာမျိုးထက် ၃ မျိုးလောက်လုပ်ပြီး ရွေးစေတာမျိုးပါ။ ဒါ့အပြင် နောက်တစ်ရက်မနက်မှာ အပြီးပေးရမယ့် အလုပ်တာဝန်တွေကို ဒီနေ့ ညနေခင်းထဲ က အပြီးသတ် လုပ်ပေးနိုင်တာမျိုးက မျှော်မှန်း ထားတာထက်ပို လုပ်နိုင်ခြင်းဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းက ကိုယ့်ရဲ့ ထူးချွန်မှု၊ ကိုယ့်ရဲ့ ကြိုးစားမှုကို ပေါ်လွင်စေပါတယ်။

 


(၂) လိမ္မာပါးနပ်တဲ့ ထင်မြင်ယူဆချက်
လူတစ်ဦးမှာ ရှိတဲ့ အရည်အချင်းတွေ၊ ဗဟုသုတတွေကြောင့် မိမိရဲ့ လုပ်ငန်းခွင်ကို ပိုမို တိုးတက်အောင် လုပ်နိုငတယ်ဆိုတဲ့ ယူဆချက်တွေ နဲ့ လုပ်ငန်းရှင်က အလုပ်ခန့်အပ်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မိုလို့ ဝန်ထမ်းတွေ ရဲ့ ထင်မြင်ယူဆချက်တွေနဲ့၊ အကြံဉာဏ်ကောင်းတွေဟာ အရမ်းအဖိုးတန်ပါတယ်။ အပြုသဘောဆန်တဲ့ ဂုဏ်သတင်းကို လိုချင်ရင်တော့ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို တင်ပြရာမှာ လိမ္မာပါးနပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အမြင်၊ အတွေးတွေကို တင်ပြတဲ့အခါ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်ဖက်သားကို ပြစ်တင်စောင်းမြောင်းရာရောက်သွားစေမယ့် စကားလုံးမျိုး မသုံးသင့်ပါဘူး။အစည်းအဝေးမှာ တစ်စုံတစ်ယောက်က တင်ပြလာတဲ့ အရာတွေကို မေးခွန်းထုတ်မယ့်အစား အကြံပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။ 

 

 

(၃) စောဒက တက်တာတွေလျော့ပါ
အလုပ်ခွင်ထဲမှာ ခက်ခဲပင်ပန်းတဲ့ အချိန်တွေရှိကြမယ်ဆိုတာ အားလုံးသိကြပါတယ်။ ကိုယ်ပင်ပန်းနေတိုင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း အမြင် မကြည် စွာနဲ့ စောင်းမြာင်းမိတာမျိုး မလုပ်မိအောင် ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါ။ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို ဆင်ခြေပေးပြီး ဒေါသတွေပုံချတာမျိုး မလုပ်လိုက်ပါနဲ့။ အဆိုးမြင်စိတ်က ကိုယ့်ရဲ့ နားမည်ကောင်း ကို ပျက်စီးစေပါလိမ့်မယ်။ စောဒက တက်ခြင်းကလည်း အရမ်းဆိုးတဲ့ အကျင့်တစ်ခုပါ။ စောဒက တက်သူတွေမှာ ပရော်ဖက်ရှင်နယ် ဆန်တဲ့ ဂုဏ်သတင်းမရှိကြပါဘူး။ အလုပ်ထဲမှာ ကိုယ့်ရဲ့ နာမည်ကောင်းလေး တစစီဖြစ်သွားတာကို ရှောင်ကြဉ်ဖို့ ဆိုရင် မတူညီတဲ့ ရှုထောင့်ကနေကြည့်ပြီး ကြိုးစားဖြေရှင်းဖို့ပဲရှိပါတယ်။

 


(၄) ကူညီတတ်သူ
ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ကောင်းစေချင်ရင်တော့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပိုပိုသာသာလေး ကူညီစောင်မ ပေးရပါမယ်။ စာရွက်စာတမ်းတွေနဲ့ အလုပ်ရှုပ်နေချိန်ကူညီပေးလိုက်တာကနေ အစည်းအဝေးမှာ ကြည့်ကောင်းသွားအောင်ကူညီပေးလိုက်တာမျိုးကအစ ကူညီသင့်တဲ့ အကူညီကောင်းတွေပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပေးခြင်းက မိမိရဲ့ စိတ်နေစိတ်ထားကို သာမက ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်လမ်းကြောင်းမှာပါ ရလဒ်ကောင်းတွေ ဖြစ်လာစေပါတယ်။

လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်းတစ်ခုတည်ဆောက်ခြင်းဟာ ကိုယ့်ရဲ့ တာဝန်တွေကို တိကျသေချာစွာနဲ့ အချိန်ပြီးမြောက်အောင် လုပ်ဖို့ထက်ပိုပါတယ်။ ယူထားရတဲ့ တာဝန်ဝတ္တရားတွေ အပြင် ပိုပြီးလုပ်ဆောင်နိုင်မှ အသိအမှတ်ပြု ချီးမြှောက်ခံရမှာဖြစ်ပါတယ်။ ဒါကြောင့်မိမိတာဝန်တွေ ပြီးမြောက်နိုင်ပြီဆိုရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်လေးတွေကို တဖြည်းဖြည်းချင်းပြုလုပ်သွားမယ်ဆို ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ နာမည်ကောင်း ရလာသာသူ တစ်ဦးဖြစ်လာပါလိမ့်မယ်။

LCCI သင်ကြားပေးသောဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-344.html

Sayar Guice banner design 2 2

sayar.com.mm

Read times
Rate this articles
(0 votes)