×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 19 February 2020

"အလုပ္စဝင္မည့္ လူငယ္တိုင္း သိထားသင့္တဲ့ အေျခခံနည္းပညာကြၽမ္းက်င္မႈမ်ား"

"အလုပ္စဝင္မည့္ လူငယ္တိုင္း သိထားသင့္တဲ့ အေျခခံနည္းပညာကြၽမ္းက်င္မႈမ်ား" freepick

ေျပာင္းလဲေနတဲ့ကမာၻႀကီးမွာ နည္းပညာကြၽမ္းက်င္မႈဆိုတာ အိုင္တီသမားေတြနဲ႔ပဲ သက္ဆိုင္တဲ့အရာ မဟုတ္ေတာ့ပါဘူး။

တခ်ိဳ႕လူေတြအတြက္ ကိုယ့္ရဲ႕လုပ္ငန္းသေဘာသေဘာဝအရ နည္းပညာနဲ႔ပက္သက္လို႔ အျခားလူေတြထက္ပိုၿပီးရင္းႏွီးကြၽမ္းဝင္တာမ်ိဳး ရွိႏိုင္ပါတယ္။ ဒါေပမဲ့ ဒီေန႔ေခတ္မွာေတာ့ သက္ေမြးဝမ္းေက်ာင္းလုပ္ငန္းတိုင္းမွာ နည္းပညာနဲ႔ရင္းႏွီးကြၽမ္းဝင္မႈရွိဖို႔ လိုအပ္ေနၿပီဆိုတာ အမွန္ပါပဲ။ ဒီေတာ့ လုပ္ငန္းခြင္စတင္ဝင္မဲ့သူေတြအတြက္ ရည္႐ြယ္ၿပီးေတာ့ အေျခခံအက်ဆုံး နည္းပညာကြၽမ္းက်င္မႈ (၈)ခုကို ေျပာျပေပးသြားခ်င္ပါတယ္။


၁။ လူမႈကြန္ယက္ႏွင့္ ရင္းႏွီးကြၽမ္းဝင္မႈ
ကြၽန္ေတာ္တို႔အေနနဲ႔ ဘယ္လိုအဆင့္မ်ိဳးနဲ႔အလုပ္လုပ္ေနပါေစ ယခုေခတ္ အေျခအေနအရ ဆိုရွယ္မီဒီယာေတြကို အသုံးျပဳတတ္ဖို႔ မျဖစ္မေနလိုအပ္ေနပါၿပီ။ Facebook, Twitter, Linkedin ႏွင့္ Instagram စတဲ့ ဆိုရွယ္မီဒီယာေတြထဲမွာ တစ္ခုခုကိုေတာ့ အသုံးျပဳဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာေတာ့ facebook ကို တြင္တြင္က်ယ္က်ယ္အသုံးျပဳေနၾကေပမဲ့ Linkedin အသုံးျပဳတာကေတာ့ နည္းေနပါေသးတယ္။
သတင္းအခ်က္အလက္မွ်ေဝႏိုင္စြမ္း၊ ေဖာက္သည္ေတြနဲ႔ထိေတြ႕ႏိုင္မႈအျပင္ ကိုယ့္ရဲ႕စာသုံးသူ ျဖစ္လာႏိုင္မဲ့လူေတြနဲ႔ ထိေတြ႕မႈရွိဖို႔ဆိုတာ အလုပ္လုပ္ေနတဲ့သူတိုင္းအတြက္ တကယ္ကို အေရးႀကီးပါတယ္။ ဆိုရွယ္မီဒီယာကို ေကာင္းေကာင္းအသုံးခ်ႏိုင္မယ္ဆိုရင္ ဒါဟာ သင့္အတြက္ေရာ သင့္လုပ္ငန္းအတြက္ပါ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိတဲ့လုပ္ငန္းျဖစ္လာပါလိမ့္မယ္။

 


၂။ Spreadsheet အသုံးျပဳျခင္း
ပ်င္းစရာေကာင္းတဲ့အရာတစ္ခုျဖစ္ေပမဲ့ Excel spreadsheet ေတြကို ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳတတ္ျခင္းဟာ ဒီေန႔ေခတ္ကုမၸဏီေတြ ေတာင္းဆိုေနၾကတဲ့ အရည္အခ်င္းတစ္ခုျဖစ္ပါတယ္။ ဘယ္လိုအလုပ္အကိုင္မ်ိဳးမွာပဲျဖစ္ျဖစ္ သင့္အေနနဲ႔ အလုပ္နဲ႔ပက္သက္တဲ့ သတင္းအခ်က္အလက္ ေတြကို မွတ္ကိုမွတ္သားရမွာပါ။ ဒါ့အျပင္ သင့္ရဲ႕ရာထူးအေျခအေနအလိုက္ သိမ္းဆည္းရတဲ့ သတင္းအခ်က္အလက္ေတြက ပိုမိုအေရးႀကီးလာမွာျဖစ္ၿပီး အဆက္အသြယ္အခ်က္အလက္ေတြမွအစ သုေတသနတြက္ခ်က္မႈေတြအထိ သိမ္းဆည္းရတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။

 

 


၃။ ရွင္းလင္းတင္ျပမႈစြမ္းရည္
အလုပ္ရွင္အမ်ားစုက ေဖာက္သည္ေတြအတြက္ သို႔မဟုတ္ ကိုယ့္အလုပ္အတြင္းမွာအသုံးျပဳဖို႔ ရွင္းလင္းတင္ျပခ်က္(Presentation)ေတြကို ဘယ္လိုဖန္တီးရတယ္ဆိုတာကို သင့္အေနနဲ႔ သိထားၿပီးသား ျဖစ္လိမ့္မယ္လို႔ ယူဆထားတတ္ၾကပါတယ္။ B2B Company မွာပဲလုပ္လုပ္ B2C Company မွာပဲလုပ္လုပ္ စိတ္ဝင္စားစရာေကာင္းတဲ့ ရွင္းလင္းတင္ျပခ်က္ေတြဖန္တီးႏိုင္ဖို႔ ဒီေန႔ေခတ္ အလုပ္ခြင္ေတြမွာ အေရးႀကီးလွပါတယ္။ ဒီလိုမ်ိဳး အိုင္ဒီယာေကာင္းတဲ့ နည္းပညာသုံးဖန္တီးမႈေတြကို Google Suite မွာပဲျဖစ္ျဖစ္ Micorsoft Office မွာပဲျဖစ္ျဖစ္ သင့္အေနနဲ႔ ဖန္တီးလို႔ရႏိုင္ပါတယ္။

 


၄။ စာစီ/စာ႐ိုက္ျခင္း
ဒီဟာကေတာ့ တကယ့္ကိုအေျခခံအက်ဆုံး skill တစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ ႐ုံးစာေတြ၊ အစီရင္ခံစာေတြေရးသားတဲ့အခါ ဘယ္လိုအစီအစဥ္တက် ေရးသားတယ္ဆိုတာ အလြန္အေရးႀကီး လွသလို နည္းပညာအရလည္း စာေတြကို သိမ္းဆည္းတာ၊ လူအမ်ားကို တၿပိဳင္တည္းေဝငွလို႔ရေအာင္ drive အသုံးျပဳတင္ေပးတာ အစရွိသျဖင့္ ကြၽမ္းက်င္ဖို႔လိုအပ္ပါတယ္။ အနည္းဆုံးေတာ့ bold, italics, underlining ေတြကို သူ႔ေနရာနဲ႔သူ ထိထိေရာက္ေရာက္ အသုံးျပဳတတ္ဖို႔လိုအပ္ပါတယ္။ ဒီေန႔ေခတ္မွာ ဒီလိုအရာေတြကို သင္ယူဖို႔အခက္အခဲလည္း သိပ္မရွိေတာ့ပါဘူး။ အြန္လိုင္းမွာ သို႔မဟုတ္ စာအုပ္ေတြကိုအသုံးျပဳၿပီး အလြယ္တကူေလ့လာသင္ယူႏိုင္ပါတယ္။

Sayar Guice banner design 2 2


၅။ ကီးဘုတ္ႏွင့္အကြၽမ္းဝင္မႈ
သင္ဟာ အခုအခ်ိန္ထိ လက္သုံးေခ်ာင္းနဲ႔ပဲ စာ႐ိုက္ေနတုန္းဆိုရင္ သင့္အတြက္ စိတ္မေကာင္းဘူးလို႔ပဲ ေျပာရေတာ့မွာပါ။ ကီးဘုတ္ကို ကြၽမ္းကြၽမ္းက်င္က်င္အသုံးျပဳႏိုင္မႈ ဆိုတာက သင့္အေနနဲ႔ ကီးဘုတ္ကိုၾကည့္ၾကည့္ၿပီး တစ္လုံးခ်င္းကို စာ႐ိုက္ေနရတဲ့အတြက္ အခ်ိန္ေတြ ျပဳန္းတီးသြားမွာစိုးရိမ္လို႔ ေတာင္းဆိုလာၾကတဲ့ အရည္အခ်င္းတစ္ခု ျဖစ္ပါတယ္။ ဒီေန႔ေခတ္ အလုပ္ခြင္မွာ အလုပ္ရွင္ေတြအေနနဲ႔ ကီးဘုတ္နဲ႔ရင္းႏွီးကြၽမ္းဝင္မႈ မရွိတဲ့သူေတြကို အလုပ္ခန႔္အပ္ဖို႔ စိတ္မပါၾကေတာ့ပါဘူး။ တကယ္လို႔သင့္အေနနဲ႔ မကြၽမ္းက်င္ေသးဘူးဆိုရင္လည္း Ratatype , Keyhero တို႔လိုမ်ိဳး online program ေတြအသုံးျပဳၿပီး typing စြမ္းရည္ေလ့က်င့္လို႔ရပါတယ္။ offline typing ေလ့က်င့္တဲ့ software ေတြကိုအသုံးျပဳၿပီးလည္း ေလ့က်င့္ႏိုင္ပါတယ္။

 


၆။ ကီးဘုတ္ Shortcuts မ်ားကို အသုံးျပဳႏိုင္ျခင္း
ေနာက္တစ္ခ်က္က ကြန္ျပဴတာကီးဘုတ္ကို အသုံးျပဳတဲ့အခါမွာလည္း အလုပ္ေတြကို လ်င္လ်င္ျမန္ျမန္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ အေျခခံ ကီးဘုတ္ shortcut ေတြကိုလည္း သိထားသင့္ပါတယ္။ ဥပမာ - copy, past, print, window switch နဲ႔ bookmark ေတြရဲ႕ shortcut ေတြကိုသိထားျခင္းက သင့္ကို အလုပ္ျဖစ္တဲ့ဝန္ထမ္းတစ္ေယာက္အျဖစ္ ျဖစ္လာႏိုင္ေစမွာ ျဖစ္ပါတယ္။

 


၇။ အီးေမးလ္ေပးပို႔ျခင္း
ဒီေနရာမွာထပ္ေျပာခ်င္တာက ဒီေဆာင္းပါးဟာ တကယ့္ကိုအေျခခံအက်ဆုံးအခ်က္ေတြကို ေျပာျပေပးေနျခင္းျဖစ္ပါတယ္။ အေတြ႕အႀကဳံရွိဝန္ထမ္းေတြကေတာ့ အီးေမးလ္ကို ဘယ္လိုစနစ္တက် ေပးပို႔ရတယ္ဆိုတာ သိၾကၿပီးျဖစ္ေပမဲ့ အခုမွအလုပ္စဝင္မဲ့ လူငယ္ေတြအတြက္ ေျပာျပေနျခင္း ျဖစ္ပါတယ္။ အီးေမးလ္ဟာ လုပ္ငန္းခြင္အတြင္းမွာ ပဓာနအက်ဆုံးနည္းပညာေတြထဲက တစ္ခုျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္က်က် ဘယ္လိုအီးေမးလ္ပို႔ရမယ္ဆိုတာကို သိျခင္းဟာ တကယ့္ကိုအေရးပါလွပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အီးေမးလ္ဟာ အလုပ္ခြင္မွန္သမွ်ရဲ႕ အဆက္အသြယ္ေတြ စုစည္းထားရာေနရာျဖစ္ၿပီးေတာ့ ကိုယ့္ရဲ႕ ေဖာက္သည္ေတြ၊ ဝယ္သူေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဆက္သြယ္တဲ့အဓိကဆက္သြယ္ေရးလမ္းေၾကာင္းတစ္ခုျဖစ္ပါတယ္။
လူငယ္ေတြအေနနဲ႔ အီးေမးလ္ေပးပို႔ျခင္း အေျခခံေတြျဖစ္တဲ့ အီးေမးလ္ ဘယ္လိုေရးရတယ္၊ Format ပုံစံကို ဘယ္လိုခ်ရတယ္။ ကိုယ့္ရဲ႕ အီးေမးလ္ လက္မွတ္တစ္ခုကို ဘယ္လိုဖန္တီးရတယ္ဆိုတာေတြကို သိေအာင္လုပ္ထားဖို႔ အႀကံျပဳခ်င္ပါတယ္။

 


၈။ ေခတ္ေရစီးေၾကာင္းကို လိုက္ႏိုင္ျခင္း
ေနာက္ဆုံးမွာေဖာ္ျပထားေပမဲ့ အေရးမႀကီးဘူးလို႔ ယူဆလို႔မရတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ နည္းပညာနဲ႔ပက္သက္လာတဲ့အခါ သင့္အေနနဲ႔ စိတ္ကိုဖြင့္ထားဖို႔လိုပါတယ္။ နည္းပညာတစ္ခုကို လက္ရွိမွာအသုံးခ်ေနတာဟာ ေနာက္ထပ္ပိုသင့္ေတာ္တဲ့ နည္းပညာေပၚလာရင္ သုံးစရာမလိုဘူးလို႔ ေျပာေနတာမဟုတ္ပါဘူး။ သင့္အေနနဲ႔ နည္းပညာကို ဝါသနာမပါေပမဲ့ အခုေခတ္မွာ နည္းပညာကို မေလ့လာခ်င္လို႔မရေတာ့ပါဘူး။ နည္းပညာေတြကို အသုံးမခ်ႏိုင္၊ မလိုက္ႏိုင္ရင္ သင့္ရဲ႕ ပေရာ္ဖက္ရွင္နယ္ဘဝကို ကန႔္သတ္လိုက္တာပဲျဖစ္ၿပီး သင္လုပ္ႏိုင္တဲ့အလုပ္ေတြကလည္း အကန႔္အသတ္နဲ႔ပဲ ျဖစ္သြားပါလိမ့္မယ္။ သူမ်ားထက္ဦးေအာင္အၿပိဳင္အဆိုင္ႀကိဳးစားေနၾကတဲ့ေခတ္မွာ ဒီ နည္းပညာအေျခခံေလးေတြကိုမွ သင္အသုံးမခ်ႏိုင္ရင္ သင္က်န္ခဲ့မွာပါ။ လူငယ္ေတြ အားလုံး တိုးတက္ေအာင္ျမင္ၾကပါေစ။

LCCI သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-344.html

 

Unicode ဖြင့်ဖတ်ရန်
ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ နည်းပညာကျွမ်းကျင်မှုဆိုတာ အိုင်တီသမားတွေနဲ့ပဲ သက်ဆိုင်တဲ့အရာ မဟုတ်တော့ပါဘူး။

တချို့လူတွေအတွက် ကိုယ့်ရဲ့လုပ်ငန်းသဘောသဘောဝအရ နည်းပညာနဲ့ပက်သက်လို့ အခြားလူတွေထက်ပိုပြီးရင်းနှီးကျွမ်းဝင်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတိုင်းမှာ နည်းပညာနဲ့ရင်းနှီးကျွမ်းဝင်မှုရှိဖို့ လိုအပ်နေပြီဆိုတာ အမှန်ပါပဲ။ ဒီတော့ လုပ်ငန်းခွင်စတင်ဝင်မဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ အခြေခံအကျဆုံး နည်းပညာကျွမ်းကျင်မှု (၈)ခုကို ပြောပြပေးသွားချင်ပါတယ်။


၁။ လူမှုကွန်ယက်နှင့် ရင်းနှီးကျွမ်းဝင်မှု
ကျွန်တော်တို့အနေနဲ့ ဘယ်လိုအဆင့်မျိုးနဲ့အလုပ်လုပ်နေပါစေ ယခုခေတ် အခြေအနေအရ ဆိုရှယ်မီဒီယာတွေကို အသုံးပြုတတ်ဖို့ မဖြစ်မနေလိုအပ်နေပါပြီ။ Facebook, Twitter, Linkedin နှင့် Instagram စတဲ့ ဆိုရှယ်မီဒီယာတွေထဲမှာ တစ်ခုခုကိုတော့ အသုံးပြုဖို့လိုပါတယ်။ ကျွန်တော်တို့ဆီမှာတော့ facebook ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပေမဲ့ Linkedin အသုံးပြုတာကတော့ နည်းနေပါသေးတယ်။
သတင်းအချက်အလက်မျှဝေနိုင်စွမ်း၊ ဖောက်သည်တွေနဲ့ထိတွေ့နိုင်မှုအပြင် ကိုယ့်ရဲ့စာသုံးသူ ဖြစ်လာနိုင်မဲ့လူတွေနဲ့ ထိတွေ့မှုရှိဖို့ဆိုတာ အလုပ်လုပ်နေတဲ့သူတိုင်းအတွက် တကယ်ကို အရေးကြီးပါတယ်။ ဆိုရှယ်မီဒီယာကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ဒါဟာ သင့်အတွက်ရော သင့်လုပ်ငန်းအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့လုပ်ငန်းဖြစ်လာပါလိမ့်မယ်။

 


၂။ Spreadsheet အသုံးပြုခြင်း
ပျင်းစရာကောင်းတဲ့အရာတစ်ခုဖြစ်ပေမဲ့ Excel spreadsheet တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ခြင်းဟာ ဒီနေ့ခေတ်ကုမ္ပဏီတွေ တောင်းဆိုနေကြတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ဘယ်လိုအလုပ်အကိုင်မျိုးမှာပဲဖြစ်ဖြစ် သင့်အနေနဲ့ အလုပ်နဲ့ပက်သက်တဲ့ သတင်းအချက်အလက် တွေကို မှတ်ကိုမှတ်သားရမှာပါ။ ဒါ့အပြင် သင့်ရဲ့ရာထူးအခြေအနေအလိုက် သိမ်းဆည်းရတဲ့ သတင်းအချက်အလက်တွေက ပိုမိုအရေးကြီးလာမှာဖြစ်ပြီး အဆက်အသွယ်အချက်အလက်တွေမှအစ သုတေသနတွက်ချက်မှုတွေအထိ သိမ်းဆည်းရတာမျိုး ဖြစ်လာနိုင်ပါတယ်။

 

 


၃။ ရှင်းလင်းတင်ပြမှုစွမ်းရည်
အလုပ်ရှင်အများစုက ဖောက်သည်တွေအတွက် သို့မဟုတ် ကိုယ့်အလုပ်အတွင်းမှာအသုံးပြုဖို့ ရှင်းလင်းတင်ပြချက်(Presentation)တွေကို ဘယ်လိုဖန်တီးရတယ်ဆိုတာကို သင့်အနေနဲ့ သိထားပြီးသား ဖြစ်လိမ့်မယ်လို့ ယူဆထားတတ်ကြပါတယ်။ B2B Company မှာပဲလုပ်လုပ် B2C Company မှာပဲလုပ်လုပ် စိတ်ဝင်စားစရာကောင်းတဲ့ ရှင်းလင်းတင်ပြချက်တွေဖန်တီးနိုင်ဖို့ ဒီနေ့ခေတ် အလုပ်ခွင်တွေမှာ အရေးကြီးလှပါတယ်။ ဒီလိုမျိုး အိုင်ဒီယာကောင်းတဲ့ နည်းပညာသုံးဖန်တီးမှုတွေကို Google Suite မှာပဲဖြစ်ဖြစ် Micorsoft Office မှာပဲဖြစ်ဖြစ် သင့်အနေနဲ့ ဖန်တီးလို့ရနိုင်ပါတယ်။

 


၄။ စာစီ/စာရိုက်ခြင်း
ဒီဟာကတော့ တကယ့်ကိုအခြေခံအကျဆုံး skill တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ရုံးစာတွေ၊ အစီရင်ခံစာတွေရေးသားတဲ့အခါ ဘယ်လိုအစီအစဉ်တကျ ရေးသားတယ်ဆိုတာ အလွန်အရေးကြီး လှသလို နည်းပညာအရလည်း စာတွေကို သိမ်းဆည်းတာ၊ လူအများကို တပြိုင်တည်းဝေငှလို့ရအောင် drive အသုံးပြုတင်ပေးတာ အစရှိသဖြင့် ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ အနည်းဆုံးတော့ bold, italics, underlining တွေကို သူ့နေရာနဲ့သူ ထိထိရောက်ရောက် အသုံးပြုတတ်ဖို့လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာ ဒီလိုအရာတွေကို သင်ယူဖို့အခက်အခဲလည်း သိပ်မရှိတော့ပါဘူး။ အွန်လိုင်းမှာ သို့မဟုတ် စာအုပ်တွေကိုအသုံးပြုပြီး အလွယ်တကူလေ့လာသင်ယူနိုင်ပါတယ်။

Sayar Guice banner design 2 2

 


၅။ ကီးဘုတ်နှင့်အကျွမ်းဝင်မှု
သင်ဟာ အခုအချိန်ထိ လက်သုံးချောင်းနဲ့ပဲ စာရိုက်နေတုန်းဆိုရင် သင့်အတွက် စိတ်မကောင်းဘူးလို့ပဲ ပြောရတော့မှာပါ။ ကီးဘုတ်ကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်မှု ဆိုတာက သင့်အနေနဲ့ ကီးဘုတ်ကိုကြည့်ကြည့်ပြီး တစ်လုံးချင်းကို စာရိုက်နေရတဲ့အတွက် အချိန်တွေ ပြုန်းတီးသွားမှာစိုးရိမ်လို့ တောင်းဆိုလာကြတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေ့ခေတ် အလုပ်ခွင်မှာ အလုပ်ရှင်တွေအနေနဲ့ ကီးဘုတ်နဲ့ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့သူတွေကို အလုပ်ခန့်အပ်ဖို့ စိတ်မပါကြတော့ပါဘူး။ တကယ်လို့သင့်အနေနဲ့ မကျွမ်းကျင်သေးဘူးဆိုရင်လည်း Ratatype , Keyhero တို့လိုမျိုး online program တွေအသုံးပြုပြီး typing စွမ်းရည်လေ့ကျင့်လို့ရပါတယ်။ offline typing လေ့ကျင့်တဲ့ software တွေကိုအသုံးပြုပြီးလည်း လေ့ကျင့်နိုင်ပါတယ်။

 


၆။ ကီးဘုတ် Shortcuts များကို အသုံးပြုနိုင်ခြင်း
နောက်တစ်ချက်က ကွန်ပြူတာကီးဘုတ်ကို အသုံးပြုတဲ့အခါမှာလည်း အလုပ်တွေကို လျင်လျင်မြန်မြန်လုပ်ဆောင်နိုင်ဖို့အတွက် အခြေခံ ကီးဘုတ် shortcut တွေကိုလည်း သိထားသင့်ပါတယ်။ ဥပမာ - copy, past, print, window switch နဲ့ bookmark တွေရဲ့ shortcut တွေကိုသိထားခြင်းက သင့်ကို အလုပ်ဖြစ်တဲ့ဝန်ထမ်းတစ်ယောက်အဖြစ် ဖြစ်လာနိုင်စေမှာ ဖြစ်ပါတယ်။

 


၇။ အီးမေးလ်ပေးပို့ခြင်း
ဒီနေရာမှာထပ်ပြောချင်တာက ဒီဆောင်းပါးဟာ တကယ့်ကိုအခြေခံအကျဆုံးအချက်တွေကို ပြောပြပေးနေခြင်းဖြစ်ပါတယ်။ အတွေ့အကြုံရှိဝန်ထမ်းတွေကတော့ အီးမေးလ်ကို ဘယ်လိုစနစ်တကျ ပေးပို့ရတယ်ဆိုတာ သိကြပြီးဖြစ်ပေမဲ့ အခုမှအလုပ်စဝင်မဲ့ လူငယ်တွေအတွက် ပြောပြနေခြင်း ဖြစ်ပါတယ်။ အီးမေးလ်ဟာ လုပ်ငန်းခွင်အတွင်းမှာ ပဓာနအကျဆုံးနည်းပညာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကျကျ ဘယ်လိုအီးမေးလ်ပို့ရမယ်ဆိုတာကို သိခြင်းဟာ တကယ့်ကိုအရေးပါလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အီးမေးလ်ဟာ အလုပ်ခွင်မှန်သမျှရဲ့ အဆက်အသွယ်တွေ စုစည်းထားရာနေရာဖြစ်ပြီးတော့ ကိုယ့်ရဲ့ ဖောက်သည်တွေ၊ ဝယ်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်တဲ့အဓိကဆက်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ အီးမေးလ်ပေးပို့ခြင်း အခြေခံတွေဖြစ်တဲ့ အီးမေးလ် ဘယ်လိုရေးရတယ်၊ Format ပုံစံကို ဘယ်လိုချရတယ်။ ကိုယ့်ရဲ့ အီးမေးလ် လက်မှတ်တစ်ခုကို ဘယ်လိုဖန်တီးရတယ်ဆိုတာတွေကို သိအောင်လုပ်ထားဖို့ အကြံပြုချင်ပါတယ်။

 


၈။ ခေတ်ရေစီးကြောင်းကို လိုက်နိုင်ခြင်း
နောက်ဆုံးမှာဖော်ပြထားပေမဲ့ အရေးမကြီးဘူးလို့ ယူဆလို့မရတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ နည်းပညာနဲ့ပက်သက်လာတဲ့အခါ သင့်အနေနဲ့ စိတ်ကိုဖွင့်ထားဖို့လိုပါတယ်။ နည်းပညာတစ်ခုကို လက်ရှိမှာအသုံးချနေတာဟာ နောက်ထပ်ပိုသင့်တော်တဲ့ နည်းပညာပေါ်လာရင် သုံးစရာမလိုဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ သင့်အနေနဲ့ နည်းပညာကို ဝါသနာမပါပေမဲ့ အခုခေတ်မှာ နည်းပညာကို မလေ့လာချင်လို့မရတော့ပါဘူး။ နည်းပညာတွေကို အသုံးမချနိုင်၊ မလိုက်နိုင်ရင် သင့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝကို ကန့်သတ်လိုက်တာပဲဖြစ်ပြီး သင်လုပ်နိုင်တဲ့အလုပ်တွေကလည်း အကန့်အသတ်နဲ့ပဲ ဖြစ်သွားပါလိမ့်မယ်။ သူများထက်ဦးအောင်အပြိုင်အဆိုင်ကြိုးစားနေကြတဲ့ခေတ်မှာ ဒီ နည်းပညာအခြေခံလေးတွေကိုမှ သင်အသုံးမချနိုင်ရင် သင်ကျန်ခဲ့မှာပါ။ လူငယ်တွေ အားလုံး တိုးတက်အောင်မြင်ကြပါစေ။

LCCI သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-344.html

 

 

Credit : ေနသစ္(MDY)

Read times Last modified on Wednesday, 19 February 2020 16:24
Rate this articles
(0 votes)