×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 04 September 2017

ကေလးေတြကို ထိုင္းအ သြားေစတဲ့ သြန္သင္ဆံုးမမွဳမ်ား

ကေလးေတြကို ထိုင္းအ သြားေစတဲ့ သြန္သင္ဆံုးမမွဳမ်ား google.com

တခါတေလမွာ မိဘေတြပဲ ျဖစ္ျဖစ္ ဆရာေတြကပဲျဖစ္ျစဖ္ ကိုယ့္ရဲ႔ သားသမီး တပည့္ေတြအေပၚမွာ အရမ္းကို ေတာ္ေစခ်င္ ျဖစ္ထြန္းေစခ်င္တတ္ၾကပါတယ္။

ဒီအခါမွာ ကေလးကို သြန္သင္ဆံုးမတဲ့အခါမွာ ျဖစ္ေစခ်င္တဲ့ေစတနာေတြမ်ားျပီး ကေလးကို နွစ္သလိုျဖစ္သြားတတ္ပါတယ္။

ကေလးေတြဆိုတာ သူတို႔ရဲ႕စိတ္ကိုက အရမ္းကို ျဖဴစင္သန္႔ရွင္းပါတယ္။ ပံုသြင္းလို႔ လြယ္တဲ့အရြယ္ေတြေပ့ါ ဒါေၾကာင့္သူတို႔ိကို ပ်ိဳးေထာင္ေပးတဲ့သူေတြက အရမ္းကို အေရးၾကီးပါတယ္။ ကေလးေတြရဲ႕စိတ္ထဲမွာ အဖုအထစ္ေတြ မျဖစ္သြားဖို႔ အယူမလြဲသြားဖို႔ သူတို႕ကိုယ္သူတို႔ ယံုၾကည္မွဳရွိဖို႔ လူေတာတိုးနိုင္ဖို႔ ဒီလိုမ်ိဳး စိတ္ဓာတ္ေကာင္းေလးေတြရေအာင္ မိဘေတြ ဆရာေတြရဲ႕ သြန္သင္ဆံုးမမွဳက အေရးၾကီးတဲ့အခ်က္ပါ။

ကေလးေတြကုိ ထိုင္းအ ေစျပီးေတာ့ သူတို႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြကို ထိခိုက္ေစနိုင္မယ့္ အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

၁. အျပစ္ေတြ အရမ္းမတင္ပါနဲ႔။ ကေလးေတြဆိုကတည္းက သူတို႔ရဲ႕အသိဥာဏ္ ဖြိ႔ျဖိဳးမွဳေတြက ကြ်န္ေတာ္တို႔ လူၾကီးေတြကို လိုက္မမွီပါဘူး။ ဘာလုပ္ရင္မွားမယ္ ဘယ္လိုလုပ္သင့္တယ္ ဘာေတြကိုေတာ့ ေရွာင္ရမယ္ ဒီလိုအခ်က္ေတြကို ကေလးေတြက ၾကိဳသိေနမွာ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ ငယ္ငယ္တုန္းကလဲ မွားခဲ့မွာ ေသခ်ာပါတယ္။ သူတို႔မသိလုိ႔ မွားမိတဲ့အခါ မွားေနတယ္ဆိုျပီး သူတို႔ကို အျပစ္ေတြတင္ျပီး ေျပာေနမယ့္အစား ဘာေၾကာင့္မွားတယ္ဆုိတဲ့ အေၾကာင္းျပခ်က္ကို ေသေသခ်ာခ်ာရွင္းျပသင့္ပါတယ္။

READ -Selfie ရိုက္ေလ့ရွိတဲ့သူေတြက တျခားသူေတြထက္ ပိုျပီးေပ်ာ္ရႊင္တဲ့ဘဝေလးကို ပိုင္ဆိုင္ထားပါတယ္။

၂. ျပည့္စံုမွဳကို ေတာင္းဆိုလြန္းျခင္း။ ကေလးေတြဆိုတာ ကြ်န္ေတာ္တို႔ လူၾကီးေတြေလာက္ အျမင္မက်ယ္ပါဘူး။ သူတို႔ၾကံဳေတြ႔ရတဲ့ပတ္ဝန္းက်င္ ျဖတ္သန္းရတဲ့ ဘဝအေတြ႔အၾကံဳဆိုတာ လူၾကီးေတြနဲ႔ ႏွိုင္းစာရင္ အရမ္းကို နည္းပါတယ္။ သူတို႔တစ္ခုခုလုပ္တဲ့အခါ သူတို႔ရဲ႔ အျမင္ေတြ သူတို႔ တတ္နိုင္ သေလာက္ ဖန္တီးထားတာေတြပါ။ သူတို႔အတြက္ အရမ္းကို ျပည့္စံုတဲ့ အရာတစ္ခု ျဖစ္နိုင္ေပမယ့္ လူၾကီးေတြ မ်က္စိထဲမွာေတာ့ လိုအပ္ခ်က္ေတြ ရွိေနနိုင္ပါတယ္။ ကြ်န္ေတာ္တို႔ လူၾကီးေတြေတာင္ တစ္ခုခုုလုပ္ရင္ လိုအပ္ခ်က္ေတြ မျပည့္စံုမွဳေတြ ရွိေနတာ ကေလးတစ္ေယာက္ဆီက အဘက္ဘက္က ျပည့္စံုမွဳဆိုတာကို ေမ်ွာ္လင့္လို႔မရပါဘူး။ ဒါေၾကာင့္ သူတို႔ ဖန္တီးထားတဲ့အရာေလးေတြက သူတို႔အစြမ္းအစနဲ႔ အေကာင္းဆံုးၾကိဳစားထားတာျဖစ္တဲ့အတြက္ သူတို႔ ၾကိဳးစားမွဳကို အသိအမွတ္ျပဳေပးပါ။

၃. လူၾကီးေတြ ေျပာတာပဲ နားေထာင္ရမယ္ဆိုျပီး သတ္မွတ္ထားျခင္း။ ဒါကေတာ့ ကြ်န္ေတာ္တုိ႔ ငယ္ငယ္ေလးကတည္းက ေခါင္းထဲစြဲေနေအာင္ ရိုက္သြင္းခံထားရတဲ့ အေတြးပါ။ လူၾကီးေတြကေရာ မမွားနိုင္ေတာ့ဘူးလား အျမဲမွန္ေနတာလား။ သူတို႔က အရာရာကို သိျမင္နိုင္တဲ့လူေတြလား မဟုတ္ပါဘူး။ သူတို႔က ေလာကဓံေတြကို ရင္ဆိုင္ျဖတ္သန္းလာရတဲ့အတြက္ အေတြ႔အၾကံဳေတြ ဗဟုသုတေတြ ပိုမ်ားတဲ့အတြက္ ကေလးေတြ လမ္းမလြဲသြားေအာင္ မပ်က္စီးသြားေအာင္ ထိန္းေပးတဲ့သေဘာနဲ႔ ဆံုးမတာပါ။ တခါတေလ ေခါင္းမာတဲ့သူေတြက သူတို႔ ေျပာတာပဲနားေထာင္ရမယ္ ျပန္မေျပာနဲ႔ ဆိုျပီး ပိတ္ပင္ထားတတ္ပါတယ္။ ဒါေတြက ကေလးေတြရဲ႕ အျမင္ေတြ သူတို႔ရဲ႕ စိတ္ခံစားမွဳေတြကိုလည္း ဦးစားေပးသင့္ပါတယ္။ ဒါမွ ကိုယ့္ရဲ႕အျမင္ေတြကို ရဲရဲဝင့္ဝင့္ ေျပာဆိုနိုင္တဲ့ လူေတြျဖစ္လာမွာပါ။

READ -ဘာမွ မလုပ္ခ်င္ေတာ့တဲ့အခါ

 Unicode

တခါတလေမှာ မိဘတွေပဲ ဖြစ်ဖြစ် ဆရာတွေကပဲဖြစ်စြဖ် ကိုယ့်ရဲ့ သားသမီး တပည့်တွေအပေါ်မှာ အရမ်းကို တော်စေချင် ဖြစ်ထွန်းစေချင်တတ်ကြပါတယ်။

ဒီအခါမှာ ကလေးကို သွန်သင်ဆုံးမတဲ့အခါမှာ ဖြစ်စေချင်တဲ့စေတနာတွေများပြီး ကလေးကို နှစ်သလိုဖြစ်သွားတတ်ပါတယ်။

ကလေးတွေဆိုတာ သူတို့ရဲ့စိတ်ကိုက အရမ်းကို ဖြူစင်သန့်ရှင်းပါတယ်။ ပုံသွင်းလို့ လွယ်တဲ့အရွယ်တွေပေ့ါ ဒါကြောင့်သူတိို့ကို ပျိုးထောင်ပေးတဲ့သူတွေက အရမ်းကို အရေးကြီးပါတယ်။ ကလေးတွေရဲ့စိတ်ထဲမှာ အဖုအထစ်တွေ မဖြစ်သွားဖို့ အယူမလွဲသွားဖို့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိဖို့ လူတောတိုးနိုင်ဖို့ ဒီလိုမျိုး စိတ်ဓာတ်ကောင်းလေးတွေရအောင် မိဘတွေ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုက အရေးကြီးတဲ့အချက်ပါ။

ကလေးတွေကို ထိုင်းအ စေပြီးတော့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ထိခိုက်စေနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. အပြစ်တွေ အရမ်းမတင်ပါနဲ့။ ကလေးတွေဆိုကတည်းက သူတို့ရဲ့အသိဉာဏ် ဖွိ့ဖြိုးမှုတွေက ကျွန်တော်တို့ လူကြီးတွေကို လိုက်မမှီပါဘူး။ ဘာလုပ်ရင်မှားမယ် ဘယ်လိုလုပ်သင့်တယ် ဘာတွေကိုတော့ ရှောင်ရမယ် ဒီလိုအချက်တွေကို ကလေးတွေက ကြိုသိနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလဲ မှားခဲ့မှာ သေချာပါတယ်။ သူတို့မသိလို့ မှားမိတဲ့အခါ မှားနေတယ်ဆိုပြီး သူတို့ကို အပြစ်တွေတင်ပြီး ပြောနေမယ့်အစား ဘာကြောင့်မှားတယ်ဆိုတဲ့ အကြောင်းပြချက်ကို သေသေချာချာရှင်းပြသင့်ပါတယ်။

၂. ပြည့်စုံမှုကို တောင်းဆိုလွန်းခြင်း။ ကလေးတွေဆိုတာ ကျွန်တော်တို့ လူကြီးတွေလောက် အမြင်မကျယ်ပါဘူး။ သူတို့ကြုံတွေ့ရတဲ့ပတ်ဝန်းကျင် ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြံုဆိုတာ လူကြီးတွေနဲ့ နှိုင်းစာရင် အရမ်းကို နည်းပါတယ်။ သူတို့တစ်ခုခုလုပ်တဲ့အခါ သူတို့ရဲ့ အမြင်တွေ သူတို့ တတ်နိုင် သလောက် ဖန်တီးထားတာတွေပါ။ သူတို့အတွက် အရမ်းကို ပြည့်စုံတဲ့ အရာတစ်ခု ဖြစ်နိုင်ပေမယ့် လူကြီးတွေ မျက်စိထဲမှာတော့ လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ လူကြီးတွေတောင် တစ်ခုခုုလုပ်ရင် လိုအပ်ချက်တွေ မပြည့်စုံမှုတွေ ရှိနေတာ ကလေးတစ်ယောက်ဆီက အဘက်ဘက်က ပြည့်စုံမှုဆိုတာကို မျှော်လင့်လို့မရပါဘူး။ ဒါကြောင့် သူတို့ ဖန်တီးထားတဲ့အရာလေးတွေက သူတို့အစွမ်းအစနဲ့ အကောင်းဆုံးကြိုစားထားတာဖြစ်တဲ့အတွက် သူတို့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။

၃. လူကြီးတွေ ပြောတာပဲ နားထောင်ရမယ်ဆိုပြီး သတ်မှတ်ထားခြင်း။ ဒါကတော့ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ခေါင်းထဲစွဲနေအောင် ရိုက်သွင်းခံထားရတဲ့ အတွေးပါ။ လူကြီးတွေကရော မမှားနိုင်တော့ဘူးလား အမြဲမှန်နေတာလား။ သူတို့က အရာရာကို သိမြင်နိုင်တဲ့လူတွေလား မဟုတ်ပါဘူး။ သူတို့က လောကဓံတွေကို ရင်ဆိုင်ဖြတ်သန်းလာရတဲ့အတွက် အတွေ့အကြံုတွေ ဗဟုသုတတွေ ပိုများတဲ့အတွက် ကလေးတွေ လမ်းမလွဲသွားအောင် မပျက်စီးသွားအောင် ထိန်းပေးတဲ့သဘောနဲ့ ဆုံးမတာပါ။ တခါတလေ ခေါင်းမာတဲ့သူတွေက သူတို့ ပြောတာပဲနားထောင်ရမယ် ပြန်မပြောနဲ့ ဆိုပြီး ပိတ်ပင်ထားတတ်ပါတယ်။ ဒါတွေက ကလေးတွေရဲ့ အမြင်တွေ သူတို့ရဲ့ စိတ်ခံစားမှုတွေကိုလည်း ဦးစားပေးသင့်ပါတယ်။ ဒါမှ ကိုယ့်ရဲ့အမြင်တွေကို ရဲရဲဝင့်ဝင့် ပြောဆိုနိုင်တဲ့ လူတွေဖြစ်လာမှာပါ။

# Minsayar

 

Read times Last modified on Monday, 30 December 2019 14:34
Rate this articles
(4 votes)