×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 04 March 2020

“ဘာသာစကားေလ့လာတဲ့ အခါ သီခ်င္းေတြကို အသံုးခ်ျပီး ေလ့လာဖို႕အတြက္ အခ်က္ (၆ ) ခ်က္”

“ဘာသာစကားေလ့လာတဲ့ အခါ သီခ်င္းေတြကို အသံုးခ်ျပီး ေလ့လာဖို႕အတြက္ အခ်က္ (၆ ) ခ်က္” freepick

ဒီနေ့မှာတော့ ဘာသာစကားတွေကို လေ့လာဖို့ နဲ့ ဘာသာစကားတွေရဲ့ ဝေါဟာရတွေကို သီချင်းတွေကနေတစ်ဆင့် လေ့လာလို့ရမယ့် အချက်တစ်ချို့နဲ့ Activities တချို့ကိုဖော်ပြပေးချင်ပါတယ်။


သီချင်းတွေ၊ ရုပ်ရှင်တွေ၊ Tv show တွေ၊ Podcast တွေကနေတစ်ဆင့် လေ့လာခြင်းဟာ ကိုယ်ရဲ့ ဘာသာစကားလေ့လာမှုအပေါ် စိတ်ဝင်စားမှုကို ပိုမို တိုးတက်စေ ပြီးတော့ English 4 skills မှာ ပိုမိုကောင်းမွန်တဲ့ ရလင်္ဒတွေ ရရှိလာစေနိုင်ပါတယ်။ ဒါကြောင့် သီချင်းတွေကနေတဆင့် ဘာသာစကားလေ့လာ ဖို့အတွက် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) သီချင်းရွေးပါ
ပထမဆုံးလုပ်ရမှာက သင်လေ့လာနေတဲ့ ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းတွေကိုရွေးချယ်ဖို့ပါပဲ။ ရွေးချယ်တဲ့ အခါမှာ ပေါ်ပြူလာဖြစ် လူကြိုက်များနေတဲ့ သီချင်းမျိုးကို မရွေးပဲ သင်နားထောင်ရတာ ကြိုက်နှစ်သက်ပြီး နားထောင်နေယုံ နဲ့ သင့်ကို ပျော်ရွှင်မှု ပေးနေတဲ့ သီချင်းမျိုးကိုရွေးပါ။

 


(၂) စာသားတွေ ချရေးပါ
ဒုတိယ တစ်ချက်ကတော့ သီၤချင်းမှာပါတဲ့ စာသားတွေကို ချရေးဖို့ပါပဲ။ Youtube ပေါ်ကနေ မိမိရွေးချယ်ထားတဲ့ သီချင်း Lyrics တွေကို အလွယ် တကူရှာဖွေပြီး နားထောင်လို့ရပါတယ်။ ဒါပေမယ့် အဲ့လို မလုပ်ပါနဲ့ အရင်ဆုံး သီချင်းကို သေသေချာချာနားထောင်ပြီး စာသားတွေကို စာရွက်ပေါ်မှာ ချရေးပါ။ ပြီးမှ မှန်မမှန် ပြန်တိုက်ပြီး မှားတဲ့ စကားလုံးတွေကို ပြန်ပြင်လို့ရပါတယ်။ ဒီလိုပြုလုပ်ခြင်းက သင်လေ့လာနေတဲ့ ဘာသာစကားအပေါ် အာရုံစိုက်မိတဲ့ အပြင် ဘာသာစကားရဲ့ Listening နဲ့ writing skill ကို လည်းအထောက်အကူဖြစ်စေပါတယ်။

 


(၃) သင်နားမလည်တဲ့ အရာတွေကို ဘာသာလိုက်ပြန်ပါ
နောက်တစ်ချက်က သီချင်းမှာ ပါတဲ့ စာသားတွေထဲမှာ သင်နားမလည်တဲ့ အရာတွေကို ဘာသာလိုက်ပြန်ဖို့ပါပဲ။
သီချင်းတွေက တစ်ဆင့် ဘာသာစကားလေ့လာတယ် ဆိုပေမယ့် သီချင်းတစ်ပုဒ်လုံး အစအဆုံးကို ဘာသာလိုက်ပြန်ဖို့မလိုပါဘူး။ ဘာသာစကားကို လေ့လာနေတုန်းဆိုပေမယ့် သီချင်းတွေထဲမှာ ၅၀ ရာခိုင်နှုန်းလောက်က ကိုယ်သိပြီးသား အကြောင်းအရာတွေ များပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ စာကြောင်းတွေ၊ စကားလုံးတွေ ကိုရွေးချယ်ပြီး ဘာသာပြန်ကြည့်ပါ။

Sayar Guice banner design 2 3


(၄) စီစစ်ပါ
အပေါ်မှာ ပြောခဲ့ တဲ့ အချက်အတိုင်း သင်မသိသေးတဲ့ အကြောင်းအရာတွေကို ဘာသာလိုက်ပြန်ပြီး ပြီဆိုရင်တော့ ကိုယ်လေ့လာရမယ့် စာကြောင်းတွေကို ချရေးပြီး မျဉ်းကြောင်းတားပြီးမှတ်ဖို့ပါပဲ။ ဘာတွေကို မျဉ်းကြောင်းတားရမလဲ ဆိုတော့ စာကြောင်းမှာ ပါတဲ့ စကားလုံးတွေကို ဘယ်ဟာ က preposition, nouns, verbs, conjunctions, sub, obj..အစရှိတဲ့ စာကြောင်းတစ်ကြောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်း အားလုံးကို မျဉ်းကြောင်းတားပြီး လိုက်မှတ်ဖို့ပါပဲ။

 


(၅) Tenses တွေကိုလေ့လာပါ
အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေ အတိုင်း ဘာသာလဲ ပြန်ပြီးပြီ၊ စာကြောင်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို လဲ နားလည်ပြီ ဆိုတာနဲ့ ဒီစာကြောင်းက ဥပမာ past tenses? Present tenses ? Future Tenses ? လား ဘာ Tenses သုံးထားလဲ ဆိုတာ နားလည်အောင်လုပ်ပါ။ နားလည်ပြီ ဆိုတာနဲ့ သီချင်းထဲမှာ ပါတဲ့ စာကြောင်းက Present tenses သုံးထားရင် တခြား Past နဲ့ Futureသုံးမယ်၊ Past ဆို Present နဲ့ Future စတာတွေကို ကို ကိုယ့်ဘာသာကို အသုံးပြုပြီး ရေးချဖို့ပါပဲ။ ဒီနေရာမှာ သတိထားရ မှာကတော့ Verb တွေ ကို သေသေ ချာချာ သတိထားရမှာဖြစ်ပါတယ်။

 


(၆) Listen and Repeat (singing or speaking)
ကဲနောက်ဆုံး အဆင့်ကတေ့ သီချင်းမှာ ပါတဲ့ စာသားတွေကို လည်းနားလည် သွားပြီး၊ အသံထွက် စတာတွေကို လည်း ကျွမ်းကျင်သွားပြီဆို ရင်တော့ သင့်ရဲ့ အသံ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဒီသီချင်းကို ပဲ ထပ်ခါထပ်ခါ အော်ဆိုလိုက်ပါတော့။
အခုပြောပြပေးခဲ့တဲ့ အချက်လေးတွက အားလုံးအတွက် အဆင်ပြေပြီး ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ အတွက် ဘာသာစကားလေ့လာနေသူတွေ အတွက် အမှန်တကယ် အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဘာသာစကားတွေကို သီချင်းတွေ ကနေ တစ်ဆင့် လေ့လာချင်ရင်တော့ အခု ပြောပြပေးခဲ့ တဲ့ အချက်လေးတွေကို အခုပဲ စလုပ်လိုက်ပါ။

အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသော Guide ဆရာ၊ ဆရာမများ ရှာဖွေရန်နှိပ်ပါ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

 

 

Zawgyi ျဖင့္ဖတ္ရန္

“ဘာသာစကားေလ့လာတဲ့ အခါ သီခ်င္းေတြကို အသံုးခ်ျပီး ေလ့လာဖို႕အတြက္ အခ်က္ (၆ ) ခ်က္”
ဒီေန႔မွာေတာ့ ဘာသာစကားေတြကို ေလ့လာဖို႕ နဲ႕ ဘာသာစကားေတြရဲ႕ ေဝါဟာရေတြကို သီခ်င္းေတြကေနတစ္ဆင့္ ေလ့လာလို႔ရမယ့္ အခ်က္တစ္ခ်ိဳ႕နဲ႔ Activities တခ်ိဳ႕ကိုေဖာ္ျပေပးခ်င္ပါတယ္။
သီခ်င္းေတြ၊ ရုပ္ရွင္ေတြ၊ Tv show ေတြ၊ Podcast ေတြကေနတစ္ဆင့္ ေလ့လာျခင္းဟာ ကိုယ္ရဲ႕ ဘာသာစကားေလ့လာမႈအေပၚ စိတ္ဝင္စားမႈကို ပိုမို တိုးတက္ေစ ျပီးေတာ့ English 4 skills မွာ ပိုမိုေကာင္းမြန္တဲ့ ရလဒၤေတြ ရရွိလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ သီခ်င္းေတြကေနတဆင့္ ဘာသာစကားေလ့လာ ဖို႔အတြက္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။


(၁) သီခ်င္းေရြးပါ
ပထမဆံုးလုပ္ရမွာက သင္ေလ့လာေနတဲ့ ဘာသာနဲ႕ သီဆိုထားတဲ့ သီခ်င္းေတြကိုေရြးခ်ယ္ဖို႕ပါပဲ။ ေရြးခ်ယ္တဲ့ အခါမွာ ေပၚျပဴလာျဖစ္ လူၾကိဳက္မ်ားေနတဲ့ သီခ်င္းမ်ိဳးကို မေရြးပဲ သင္နားေထာင္ရတာ ၾကိဳက္ႏွစ္သက္ျပီး နားေထာင္ေနယံု နဲ႕ သင့္ကို ေပ်ာ္ရႊင္မႈ ေပးေနတဲ့ သီခ်င္းမ်ိဳးကိုေရြးပါ။

 


(၂) စာသားေတြ ခ်ေရးပါ
ဒုတိယ တစ္ခ်က္ကေတာ့ သီၤခ်င္းမွာပါတဲ့ စာသားေတြကို ခ်ေရးဖို႔ပါပဲ။ Youtube ေပၚကေန မိမိေရြးခ်ယ္ထားတဲ့ သီခ်င္း Lyrics ေတြကို အလြယ္ တကူရွာေဖြျပီး နားေထာင္လို႕ရပါတယ္။ ဒါေပမယ့္ အဲ့လို မလုပ္ပါနဲ႕ အရင္ဆံုး သီခ်င္းကို ေသေသခ်ာခ်ာနားေထာင္ျပီး စာသားေတြကို စာရြက္ေပၚမွာ ခ်ေရးပါ။ ျပီးမွ မွန္မမွန္ ျပန္တိုက္ျပီး မွားတဲ့ စကားလံုးေတြကို ျပန္ျပင္လို႕ရပါတယ္။ ဒီလိုျပဳလုပ္ျခင္းက သင္ေလ့လာေနတဲ့ ဘာသာစကားအေပၚ အာရံုစိုက္မိတဲ့ အျပင္ ဘာသာစကားရဲ႕ Listening နဲ႕ writing skill ကို လည္းအေထာက္အကူျဖစ္ေစပါတယ္။

 


(၃) သင္နားမလည္တဲ့ အရာေတြကုိ ဘာသာလိုက္ျပန္ပါ
ေနာက္တစ္ခ်က္က သီခ်င္းမွာ ပါတဲ့ စာသားေတြထဲမွာ သင္နားမလည္တဲ့ အရာေတြကို ဘာသာလိုက္ျပန္ဖို႔ပါပဲ။
သီခ်င္းေတြက တစ္ဆင့္ ဘာသာစကားေလ့လာတယ္ ဆိုေပမယ့္ သီခ်င္းတစ္ပုဒ္လံုး အစအဆံုးကို ဘာသာလိုက္ျပန္ဖို႕မလိုပါဘူး။ ဘာသာစကားကို ေလ့လာေနတုန္းဆိုေပမယ့္ သီခ်င္းေတြထဲမွာ ၅၀ ရာခိုင္နႈန္းေလာက္က ကိုယ္သိျပီးသား အေၾကာင္းအရာေတြ မ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္မသိတဲ့ စာေၾကာင္းေတြ၊ စကားလံုးေတြ ကိုေရြးခ်ယ္ျပီး ဘာသာျပန္ၾကည့္ပါ။

Sayar Guice banner design 2 3


(၄) စီစစ္ပါ
အေပၚမွာ ေျပာခဲ့ တဲ့ အခ်က္အတိုင္း သင္မသိေသးတဲ့ အေၾကာင္းအရာေတြကို ဘာသာလိုက္ျပန္ျပီး ျပီဆိုရင္ေတာ့ ကိုယ္ေလ့လာရမယ့္ စာေၾကာင္းေတြကို ခ်ေရးျပီး မ်ဥ္းေၾကာင္းတားျပီးမွတ္ဖို႕ပါပဲ။ ဘာေတြကို မ်ဥ္းေၾကာင္းတားရမလဲ ဆိုေတာ့ စာေၾကာင္းမွာ ပါတဲ့ စကားလံုးေတြကို ဘယ္ဟာ က preposition, nouns, verbs, conjunctions, sub, obj..အစရွိတဲ့ စာေၾကာင္းတစ္ေၾကာင္းမွာ ပါဝင္တဲ့ အစိတ္အပိုင္း အားလံုးကို မ်ဥ္းေၾကာင္းတားျပီး လိုက္မွတ္ဖို႕ပါပဲ။

 


(၅) Tenses ေတြကိုေလ့လာပါ
အေပၚမွာ ေျပာခဲ့တဲ့ အခ်က္ေတြ အတိုင္း ဘာသာလဲ ျပန္ျပီးျပီ၊ စာေၾကာင္းမွာ ပါဝင္တဲ့ အစိတ္အပိုင္းေတြကို လဲ နားလည္ျပီ ဆိုတာနဲ႕ ဒီစာေၾကာင္းက ဥပမာ past tenses? Present tenses ? Future Tenses ? လား ဘာ Tenses သံုးထားလဲ ဆိုတာ နားလည္ေအာင္လုပ္ပါ။ နားလည္ျပီ ဆိုတာနဲ႕ သီခ်င္းထဲမွာ ပါတဲ့ စာေၾကာင္းက Present tenses သံုးထားရင္ တျခား Past နဲ႕ Futureသံုးမယ္၊ Past ဆို Present နဲ႕ Future စတာေတြကို ကို ကိုယ့္ဘာသာကို အသံုးျပဳျပီး ေရးခ်ဖို႕ပါပဲ။ ဒီေနရာမွာ သတိထားရ မွာကေတာ့ Verb ေတြ ကို ေသေသ ခ်ာခ်ာ သတိထားရမွာျဖစ္ပါတယ္။

 


(၆) Listen and Repeat (singing or speaking)
ကဲေနာက္ဆံုး အဆင့္ကေတ့ သီခ်င္းမွာ ပါတဲ့ စာသားေတြကို လည္းနားလည္ သြားျပီး၊ အသံထြက္ စတာေတြကို လည္း ကၽြြမ္းက်င္သြားျပီဆို ရင္ေတာ့ သင့္ရဲ ႕ အသံ ေကာင္းသည္ျဖစ္ေစ မေကာင္းသည္ျဖစ္ေစ ဒီသီခ်င္းကို ပဲ ထပ္ခါထပ္ခါ ေအာ္ဆိုလိုက္ပါေတာ့။
အခုေျပာျပေပးခဲ့တဲ့ အခ်က္ေလးတြက အားလံုးအတြက္ အဆင္ေျပျပီး ေပါ့ေပါ့ပါးပါး ျဖစ္တဲ့ အတြက္ ဘာသာစကားေလ့လာေနသူေတြ အတြက္ အမွန္တကယ္ အသံုးဝင္မယ္လို႕ ယံုၾကည္ပါတယ္။ ဒါေၾကာင့္ ဘာသာစကားေတြကို သီခ်င္းေတြ ကေန တစ္ဆင့္ ေလ့လာခ်င္ရင္ေတာ့ အခု ေျပာျပေပးခဲ့ တဲ့ အခ်က္ေလးေတြကို အခုပဲ စလုပ္လိုက္ပါ။

အဂၤလိပ္ဘာသာစကား သင္ၾကားေပးေသာ Guide ဆရာ၊ ဆရာမမ်ား ရွာေဖြရန္ႏွိပ္ပါ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

 

Sayar.com.mm

Read times
Rate this articles
(0 votes)