×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 14 March 2020

လူတုိင္းကို သင့္ရဲ႕အစစ္အမွန္ကိုသာ ခ်ျပျခင္းဟာ သင့္ထံကိုလည္း အစစ္အမွန္ေတြသာ ေရာက္လာေစပါတယ္

လူတုိင္းကို သင့္ရဲ႕အစစ္အမွန္ကိုသာ ခ်ျပျခင္းဟာ သင့္ထံကိုလည္း အစစ္အမွန္ေတြသာ ေရာက္လာေစပါတယ္ google

လူတိုင်းကို သင့်ရဲ့အစစ်အမှန်ကိုသာ ချပြခြင်းဟာ သင့်ထံကိုလည်း အစစ်အမှန်တွေသာ ရောက်လာစေပါတယ်။

ဒီစကားကို သေချာစဉ်းစားကြည့်မယ်ဆိုရင် အင်မတန်အဓိပါ္ပယ်ရှိပါတယ်။ တနည်းအားဖြင့် သင့်ရဲ့ဖြစ်တည်မှုကို အရိုးသားဆုံးပြသခြင်းဟာ သင့်ကိုတကယ်လက်ခံနိုင်တဲ့လူတွေသာ သင့်အနားမှာရှိလာစေပါတယ်။ ဒီအကြောင်းအရာဟာ အိမ်ထောင်ရေးမှာရော၊ လူမှုဆက်ဆံရေးမှာရော အရမ်းကို ထည့်စဉ်းစားသင့်တဲ့အရာဖြစ်ပါတယ်။ လူတစ်ယောက်ကို အထင်ကြီးစေချင်တာနဲ့ပဲ သင့်မှာတကယ်မရှိတာတွေကို ဟန်ဆောင်ပန်ဆောင် ချပြလိုက်ခြင်းဖြင့် တဒင်္ဂတော့ အထင်ကြီးပြီး သင့်ကိုပတ်သက်ချင်ပတ်သက်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း သင့်ရဲ့တကယ့်ဘဝအမှန်ကို မြင်တဲ့အခါမှာတော့ သင့်ရဲ့ဟန်ဆောင်မှုကိုသာမြင်ပြီး အထင်ကြီးခဲ့သူတွေဟာ သင့်အနားမှာ ရေရှည်နေနိုင်မှာမဟုတ်ပါဘူး။ ဥပမာ။ သင်က တကယ့်အိမ်တွေ၊ ခြံတွေ၊ ကားတွေ ပိုင်ဆိုင်မှုတွေမရှိဘဲ သင့်နဲ့ပတ်သက်နေတဲ့လူတွေကို အထင်ကြီးစေချင်တာနဲ့ပဲ သင်ကလိမ်ညာပြောဆိုပြီး ဟန်ဆောင်ထားမယ်ဆိုရင် ထိုလူတွေက သင့်ရဲ့ပိုင်ဆိုင်မှုကို အစစ်အမှန်ထင်လို့သာ သင့်အနားမှာနေချင်နေမှာပါ။ တကယ်တမ်း သင့်ရဲ့ပိုင်ဆိုင်မှုတွေမဟုတ်ဘူးဆိုတာသိလာတဲ့အခါ သင့်ကိုစွန့်ခွာသွားမှာပါပဲ။

ယုတ်စွအဆုံး သင့်ကို လူတွေအထင်ကြီးစေချင်တာနဲ့ပဲ သင်တကယ်မတတ်ကျွမ်းတာကို တတ်ကျွမ်းသယောင် လေကြီးလေကျယ်နဲ့ပြောချင်ပြောလို့ရပါလိမ့်မယ်။ တကယ်တမ်း အရည်အချင်းကိုချပြတဲ့အခါမှာတော့ သင်တကယ်မလုပ်ပြနိုင်ရင် သင့်ကို လူတိုင်းက အထင်သေးကြမှာပါပဲ။ ပြောချုင်တာက သင့်ရဲ့ဟန်ဆောင်မှုတွေကြောင့်ပဲ သင့်ကိုလူတွေအထင်သေးသွားကြမှာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ ဟန်ဆောင်တတ်ခြင်း၊ တကယ်လက်တွေ့မှာအဖြစ်မရှိဘဲ ကြီးကြီးကျယ်ကျယ်ပြောတတ်ခြင်းတွေပေါ့။

ချစ်သူရည်းစားဘဝမှာဆိုရင်လည်း အလားတူပါပဲ ။ ခဏတဖြုတ်သာတွေ့ရတာမို့ လူတစ်ယောက်အကြောင်းကို သေချာမသိနိုင်တာမို့ ရှေးခေတ်လူကြီးတွေက ၃နှစ် ၃မိုး လေ့လာပြီးမှ လက်ထပ်ကြပါလို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုသလိုပေါ့။ ရှေးခေတ်အယူအဆအချို့မှာလည်း လိုက်နာသင့်တာလိုက်နာသင့်သလို၊ ချင့်ချိန်သင့်တာလည်း ချင့်ချိန်ရမှာပါ။ အဲဒီ့ထဲမှာမှ ၃နှစ်၃မိုးလေ့လာခြင်းကတော့ သေချာသုံးသပ်ကြည့်သင့်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်သေချာမသိနိုင်ခင်မှာပဲ ကိုယ်အပေါ်ယံမြင်ရတဲ့ဘဝကို အထင်ကြီးအားကျပြီး ဘဝကိုပုံအပ်လိုက်တဲ့အခါမှာ မဖြစ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။ ချစ်သူနဲ့တွေ့ချိန်မှာတော့ လှပသပ်ရပ်စွာပြင်ဆင်လာတဲ့မိန်းကလေးဟာ အိမ်မှာ အိမ်မှုကိစ္စနိုင်နင်းရဲ့လား၊ တကယ်တော့ မိန်းမပီသရဲ့လား၊ ယောကျ်ားလေးဟာဆိုရင်လည်း တကယ်ရော မိသားစုကိုဦးဆောင်နိုင်သူဖြစ်ရဲ့လား၊ တာဝန်ယူချင်စိတ်ရှိရဲ့လား စသဖြင့် သုံးသပ်နိုင်အောင် အချိန်ယူပြီးမှ စဉ်းစားဆုံးဖြတ်ခိုင်းတာပေါ့။ ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ဖူးတဲ့ဝတ္ထုတစ်ပုဒ်ရှိပါတယ်။ ဝတ္ထုခေါင်းစဉ်နဲ့စာရေးသူကတော့ မမှတ်မိတော့ပါဘူး။ သူဌေးအိမ်မှာ အိမ်ဖော်လုပ်တဲ့မိန်းကလေးဟာ သူဌေးမဟန်ဆောင်တယ်၊ သင်္ကြန်မှာ သူဌေးမရဲ့အဝတ်အစားအဆောင်အယောင်တွေနဲ့ သူဌေးမဟန်ဆောင်ရာကနေ ကျိကျိတက်ချမ်းသာတဲ့သူဌေးကတွေ့ပြီး ချစ်ကြိုက်ကြတယ်ပေါ့။ ထိုသူဌေးကိုယ်တိုင်ကလည်း သူဌေးဟန်ဆောင်ထားတဲ့ သူဌေးအိမ်က ကားသမားဖြစ်နေပါတယ်ပေါ့။ စာဆိုတာဖတ်သမျှ ယူတတ်ရင် သင်ခန်းစာနဲ့အသိအမြင်ရစေပါတယ်နော်။ အပျော်ဖတ်စာကနေလည်း ယူတတ်ရင် မတူတဲ့ရှု့ထောင့်ကနေ တခုခုရနိုင်ပါတယ်၊ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့စာတွေထဲကနေလည်း ကိုယ်မမြင်လိုက်တာလေးတွေသိလာမြင်လာနိုင်ပါတယ်နော်။

အဲဒီ့ဝတ္ထုလေးက ပေါ့ပေါ့ပါးပါးလူငယ်ကြိုက်လေးဆိုပေမယ့် ဟန်ဆောင်တတ်သူဟာ ဟန်ဆောင်တတ်တဲ့လူမျိုးနဲ့သာတွေ့တတ်တယ်ဆိုတာကို ပြောသွားတာဖြစ်ပါတယ်။ တကယ်လည်း လက်တွေ့ဘဝမှာ ဟန်ဆောင်တတ်တဲ့သူဟာ ဟန်ဆောင်နေတဲ့သူကိုသာ အထင်ကြီးနေတတ်ပါတယ်။ လူအများကြားမှာ တမင်ကို သိသာအောင်ထင်ပေါ်အောင် နေထိုင်ပြုမူတတ်သူမျိုး၊ လူအထင်ကြီးအောင် ပြောတတ်သူမျိုးစတဲ့လူတွေကိုသာ သူတို့မျက်လုံးထဲတန်းမြင်ပြီး ထိုလူမျိုးကိုသာ ပတ်သက်ချင်တတ်ကြပါတယ်။ သူတို့ရဲ့အဲဒီ့စိတ်ကြောင့်ပဲ သူတို့လို ဟန်ဆောင်တတ်တဲ့သူနဲ့သာ တွေ့ကြုံတတ်ကြပါတယ်။ အမှန်အတိုင်းချပြတဲ့သူတွေကျတော့ ထိုကဲ့သို့ ဟန်ဆောင်တတ်သူရဲ့မျက်လုံးထဲမှာ အထင်ကြီးစရာကောင်းမနေတာကြောင့်ပါ။

အိမ်ထောင်ရေးမှမဟုတ်ပါဘူး၊ လူမှုဆက်ဆံရေးမှာလည်း ထိုနည်းတူပါပဲ။ ဟန်တခွဲသားနဲ့ လူအထင်ကြီးအောင်နေတတ်တဲ့သူမျိုးဟာ အပေါ်ယံတွေသာ ကြည့်ပြီးအထင်ကြီးတတ်တဲ့သူမျိုးနဲ့သာ တွေ့တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလို ဟန်ဆောင်ပန်ဆောင်ဆက်ဆံတတ်သူမျိုးတွေဟာ တကယ်တမ်းအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ ကူညီမယ့်သူကင်းမဲ့သွားတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်က ဟန်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်ကို သူတို့ရဲ့အခက်အခဲအစစ်အမှန်ကိုလည်း ချမပြရဲတဲ့အတွက် ကူညီဖို့ရာဘယ်သူမှမရှိတော့သလို၊ သူ့ပတ်ဝန်းကျင်ကလူတွေမှာလည်း ဘယ်သူ့ကိုယုံကြည်လို့ယုံကြည်သင့်မှန်းတောင်မသိနိုင်တော့ပါဘူး။ အဲဒါအပြင် သင့်ရဲ့ဟန်ဆောင်မှုတွေကပဲ သင့်ကိုပြန်ပြီး ပျောက်ဆုံးလာစေပါတယ်။ အရိုးရှင်းဆုံးဥပမာတစ်ခုပြရမယ်ဆိုရင် ထမင်းဝိုင်းတစ်ခုမှာ သင်မကြိုက်တဲ့ဟင်းကို သင်ကြိုက်ဟန်ဆောင်လိုက်မယ်ဆိုရင် ထိုဟင်းပွဲကို သင်ကြိုက်တယ်လို့သတ်မှတ်ပြီး သင့်ကိုထိုဟင်းပွဲထည့်ကျွေးတဲ့အခါ သင်မစားချင်စားချင် စားလိုက်ရမှာပါပဲ။ အဲဒီ့သဘောပါပဲ။ သင်ဟန်ဆောင်လိုက်ခြင်းက အချိန်တန် သင့်ကိုပဲ ဒဏ်ခတ်မှာဖြစ်ပါတယ်။ ပွင့်လင်းစွာနဲ့ အမှန်အတိုင်းပြောဆိုတတ်တဲ့လူရဲ့စကားက နားခါးချင်စရာကောင်းရင်ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ပြောပြီးတာနဲ့ သူ့အတွက်လည်းပေါ့ပါးစေသလို၊ တဖက်လူအတွက်လည်း ရှောင်ကျဉ်သင့်တာ၊ ရှောင်ကျဉ်နိုင်သလို၊ နားလည်သင့်တာ နားလည်သွားပါလိမ့်မယ်။ မြန်မာလူမျိုးအချို့မှာဆိုရင်လည်း (လိမ်ညာတတ်တာလောက်မဆိုးပေမယ့်) အားနာခြင်းကလည်း အလားတူပြဿနာပါပဲ။ အခြားလူကို အားနာပြီး ကိုယ်တကယ်မလုပ်နိုင်တာမျိုး၊ စိတ်မပါတာမျိုး၊ မနှစ်သက်တာမျိုးကို လုပ်ပေးလိုက်တဲ့အခါ အားနာတဲ့သူသာ ပြန်ပြီး နစ်နာသွားတတ်ပါတယ်။ တဖက်လူကတော့ ဘာမှတောင်မသိလိုက်တာမျိုးပေါ့။ အဲဒါကြောင့် ကိုယ့်ရဲ့အစစ်အမှန်၊ ကိုယ်ရဲ့ပင်ကိုယ်မူရင်းကိုသာ ချပြခြင်းဟာ လက်မခံနိုင်တဲ့သူဟာ ကိုယ်နဲ့အဝေးဆုံးကိုထွက်သွားစေပြီး ကိုယ့်ကိုလက်ခံနိုင်သူသာ ကိုယ့်အနားကျန်ခဲ့စေမှာဖြစ်ပါတယ်။

Do they love you or the mask you put on everyday? – Shimika Bowers တခါတလေကျွန်တော်တို့ပြန်စဉ်းစားသင့်တာက Shimika Bowers ပြောသလိုပေါ့ ကျွန်တော်တို့နားကလူတွေက ကျွန်တော်တို့ရဲ့မျက်နှာဖုံးကိုချစ်တာလားဆိုတာပါပဲနော်။ မျက်နှာဖုံးကိုချစ်တဲ့သူတွေဟာ အစစ်အမှန်ကိုမြင်ရတဲ့တစ်နေ့မှာတော့ ကျွန်တော်တို့နားရှိနေနိုင်မှာမဟုတ်ပါဘူး။ "လူတချို့ကိုကိုယ့်အနားနေစေချင်တာနဲ့ပဲ သင့်ရဲ့ပုံစံအစစ်အမှန်ကိုဖုံးကွယ်မထားပါနဲ့။ သင့်ရဲ့ပုံစံအစစ်အမှန်ကို သိလျက်နဲ့တောင် သင့်အနားနေတဲ့သူကိုသာ ရွေးချယ်ပါ။"တဲ့

အဲဒါကြောင့် လူအချို့ကိုကိုယ့်အနားရှိစေချင်တာနဲ့ပဲ ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး သူတို့အကြိုက်နေထိုင်ရခြင်းဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ဟာကိုယ်ပျောက်ဆုံးလာတတ်ပါတယ်။ အခြားဘယ်သူ့ကိုမှ မထိခိုက်ဘူး။ ဒုက္ခမရောက်စေဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်စေတဲ့နေထိုင်မှုပုံစံနဲ့ ကိုယ့်ဘဝရဲ့ပုံစံအစစ်အမှန်အတိုင်းသာ ပွင့်လင်းစွာ နေထိုင်ကြည့်ပါ။ ဘဝက ပိုပြီးလွတ်လပ်ပေါ့ပါးလာသလို၊ ပိုပြီးနေချင်စရာလည်းကောင်းလာပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကိုလက်ခံနိုင်တဲ့အစစ်အမှန်တွေသာ ရရှိလာနိုင်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

COMPUTER MUSIC PRODUCTION ပညာရပ်ကို သင်ယူချင်တယ်ဆိုရင်တော့ ယခု link ကို နှိပ်၍ဆရာများကိုရှာဖွေနိုင်ပါတယ်။

Sayar_Guice_banner_design_2_3.jpg

(zawgyi)

လူတုိင္းကို သင့္ရဲ႕အစစ္အမွန္ကိုသာ ခ်ျပျခင္းဟာ သင့္ထံကိုလည္း အစစ္အမွန္ေတြသာ ေရာက္လာေစပါတယ္။
ဒီစကားကို ေသခ်ာစဥ္းစားၾကည့္မယ္ဆိုရင္ အင္မတန္အဓိပါၸယ္ရွိပါတယ္။ တနည္းအားျဖင့္ သင့္ရဲ႕ျဖစ္တည္မႈကို အ႐ိုးသားဆုံးျပသျခင္းဟာ သင့္ကိုတကယ္လက္ခံႏိုင္တဲ့လူေတြသာ သင့္အနားမွာရွိလာေစပါတယ္။ ဒီအေၾကာင္းအရာဟာ အိမ္ေထာင္ေရးမွာေရာ၊ လူမႈဆက္ဆံေရးမွာေရာ အရမ္းကို ထည့္စဥ္းစားသင့္တဲ့အရာျဖစ္ပါတယ္။ လူတစ္ေယာက္ကို အထင္ႀကီးေစခ်င္တာနဲ႔ပဲ သင့္မွာတကယ္မရွိတာေတြကို ဟန္ေဆာင္ပန္ေဆာင္ ခ်ျပလိုက္ျခင္းျဖင့္ တဒဂၤေတာ့ အထင္ႀကီးၿပီး သင့္ကိုပတ္သက္ခ်င္ပတ္သက္ပါလိမ့္မယ္။ ဒါေပမယ့္ တကယ္တမ္း သင့္ရဲ႕တကယ့္ဘဝအမွန္ကို ျမင္တဲ့အခါမွာေတာ့ သင့္ရဲ႕ဟန္ေဆာင္မႈကိုသာျမင္ၿပီး အထင္ႀကီးခဲ့သူေတြဟာ သင့္အနားမွာ ေရရွည္ေနႏိုင္မွာမဟုတ္ပါဘူး။ ဥပမာ။ သင္က တကယ့္အိမ္ေတြ၊ ၿခံေတြ၊ ကားေတြ ပိုင္ဆိုင္မႈေတြမရွိဘဲ သင့္နဲ႔ပတ္သက္ေနတဲ့လူေတြကို အထင္ႀကီးေစခ်င္တာနဲ႔ပဲ သင္ကလိမ္ညာေျပာဆိုၿပီး ဟန္ေဆာင္ထားမယ္ဆိုရင္ ထိုလူေတြက သင့္ရဲ႕ပိုင္ဆိုင္မႈကို အစစ္အမွန္ထင္လို႔သာ သင့္အနားမွာေနခ်င္ေနမွာပါ။ တကယ္တမ္း သင့္ရဲ႕ပိုင္ဆိုင္မႈေတြမဟုတ္ဘူးဆိုတာသိလာတဲ့အခါ သင့္ကိုစြန႔္ခြာသြားမွာပါပဲ။
ယုတ္စြအဆုံး သင့္ကို လူေတြအထင္ႀကီးေစခ်င္တာနဲ႔ပဲ သင္တကယ္မတတ္ကြၽမ္းတာကို တတ္ကြၽမ္းသေယာင္ ေလႀကီးေလက်ယ္နဲ႔ေျပာခ်င္ေျပာလို႔ရပါလိမ့္မယ္။ တကယ္တမ္း အရည္အခ်င္းကိုခ်ျပတဲ့အခါမွာေတာ့ သင္တကယ္မလုပ္ျပႏိုင္ရင္ သင့္ကို လူတိုင္းက အထင္ေသးၾကမွာပါပဲ။ ေျပာခ်ဳင္တာက သင့္ရဲ႕ဟန္ေဆာင္မႈေတြေၾကာင့္ပဲ သင့္ကိုလူေတြအထင္ေသးသြားၾကမွာျဖစ္ပါတယ္။ တနည္းအားျဖင့္ဆိုရင္ေတာ့ ဟန္ေဆာင္တတ္ျခင္း၊ တကယ္လက္ေတြ႕မွာအျဖစ္မရွိဘဲ ႀကီးႀကီးက်ယ္က်ယ္ေျပာတတ္ျခင္းေတြေပါ့။
ခ်စ္သူရည္းစားဘဝမွာဆိုရင္လည္း အလားတူပါပဲ ။ ခဏတျဖဳတ္သာေတြ႕ရတာမို႔ လူတစ္ေယာက္အေၾကာင္းကို ေသခ်ာမသိႏိုင္တာမို႔ ေရွးေခတ္လူႀကီးေတြက ၃ႏွစ္ ၃မိုး ေလ့လာၿပီးမွ လက္ထပ္ၾကပါလို႔ တိုက္တြန္းရျခင္းျဖစ္ပါတယ္။ ေရွးထုံးလည္းမပယ္နဲ႔ ေဈးသုံးလည္းမႂကြယ္နဲ႔ ဆိုသလိုေပါ့။ ေရွးေခတ္အယူအဆအခ်ိဳ႕မွာလည္း လိုက္နာသင့္တာလိုက္နာသင့္သလို၊ ခ်င့္ခ်ိန္သင့္တာလည္း ခ်င့္ခ်ိန္ရမွာပါ။ အဲဒီ့ထဲမွာမွ ၃ႏွစ္၃မိုးေလ့လာျခင္းကေတာ့ ေသခ်ာသုံးသပ္ၾကည့္သင့္ပါတယ္။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ေသခ်ာမသိႏိုင္ခင္မွာပဲ ကိုယ္အေပၚယံျမင္ရတဲ့ဘဝကို အထင္ႀကီးအားက်ၿပီး ဘဝကိုပုံအပ္လိုက္တဲ့အခါမွာ မျဖစ္သင့္တာေတြျဖစ္လာႏိုင္ပါတယ္။ ခ်စ္သူနဲ႔ေတြ႕ခ်ိန္မွာေတာ့ လွပသပ္ရပ္စြာျပင္ဆင္လာတဲ့မိန္းကေလးဟာ အိမ္မွာ အိမ္မႈကိစၥႏိုင္နင္းရဲ႕လား၊ တကယ္ေတာ့ မိန္းမပီသရဲ႕လား၊ ေယာက်္ားေလးဟာဆိုရင္လည္း တကယ္ေရာ မိသားစုကိုဦးေဆာင္ႏိုင္သူျဖစ္ရဲ႕လား၊ တာဝန္ယူခ်င္စိတ္ရွိရဲ႕လား စသျဖင့္ သုံးသပ္ႏိုင္ေအာင္ အခ်ိန္ယူၿပီးမွ စဥ္းစားဆုံးျဖတ္ခိုင္းတာေပါ့။ ဆယ္ေက်ာ္သက္အ႐ြယ္က ဖတ္ခဲ့ဖူးတဲ့ဝတၳဳတစ္ပုဒ္ရွိပါတယ္။ ဝတၳဳေခါင္းစဥ္နဲ႔စာေရးသူကေတာ့ မမွတ္မိေတာ့ပါဘူး။ သူေဌးအိမ္မွာ အိမ္ေဖာ္လုပ္တဲ့မိန္းကေလးဟာ သူေဌးမဟန္ေဆာင္တယ္၊ သၾကၤန္မွာ သူေဌးမရဲ႕အဝတ္အစားအေဆာင္အေယာင္ေတြနဲ႔ သူေဌးမဟန္ေဆာင္ရာကေန က်ိက်ိတက္ခ်မ္းသာတဲ့သူေဌးကေတြ႕ၿပီး ခ်စ္ႀကိဳက္ၾကတယ္ေပါ့။ ထိုသူေဌးကိုယ္တိုင္ကလည္း သူေဌးဟန္ေဆာင္ထားတဲ့ သူေဌးအိမ္က ကားသမားျဖစ္ေနပါတယ္ေပါ့။ စာဆိုတာဖတ္သမွ် ယူတတ္ရင္ သင္ခန္းစာနဲ႔အသိအျမင္ရေစပါတယ္ေနာ္။ အေပ်ာ္ဖတ္စာကေနလည္း ယူတတ္ရင္ မတူတဲ့ရႈ႕ေထာင့္ကေန တခုခုရႏိုင္ပါတယ္၊ တစ္ရာဖိုးသုံးပုဒ္လို႔ေျပာတဲ့စာေတြထဲကေနလည္း ကိုယ္မျမင္လိုက္တာေလးေတြသိလာျမင္လာႏိုင္ပါတယ္ေနာ္။
အဲဒီ့ဝတၳဳေလးက ေပါ့ေပါ့ပါးပါးလူငယ္ႀကိဳက္ေလးဆိုေပမယ့္ ဟန္ေဆာင္တတ္သူဟာ ဟန္ေဆာင္တတ္တဲ့လူမ်ိဳးနဲ႔သာေတြ႕တတ္တယ္ဆိုတာကို ေျပာသြားတာျဖစ္ပါတယ္။ တကယ္လည္း လက္ေတြ႕ဘဝမွာ ဟန္ေဆာင္တတ္တဲ့သူဟာ ဟန္ေဆာင္ေနတဲ့သူကိုသာ အထင္ႀကီးေနတတ္ပါတယ္။ လူအမ်ားၾကားမွာ တမင္ကို သိသာေအာင္ထင္ေပၚေအာင္ ေနထိုင္ျပဳမူတတ္သူမ်ိဳး၊ လူအထင္ႀကီးေအာင္ ေျပာတတ္သူမ်ိဳးစတဲ့လူေတြကိုသာ သူတို႔မ်က္လုံးထဲတန္းျမင္ၿပီး ထိုလူမ်ိဳးကိုသာ ပတ္သက္ခ်င္တတ္ၾကပါတယ္။ သူတို႔ရဲ႕အဲဒီ့စိတ္ေၾကာင့္ပဲ သူတို႔လို ဟန္ေဆာင္တတ္တဲ့သူနဲ႔သာ ေတြ႕ႀကဳံတတ္ၾကပါတယ္။ အမွန္အတိုင္းခ်ျပတဲ့သူေတြက်ေတာ့ ထိုကဲ့သို႔ ဟန္ေဆာင္တတ္သူရဲ႕မ်က္လုံးထဲမွာ အထင္ႀကီးစရာေကာင္းမေနတာေၾကာင့္ပါ။
အိမ္ေထာင္ေရးမွမဟုတ္ပါဘူး၊ လူမႈဆက္ဆံေရးမွာလည္း ထိုနည္းတူပါပဲ။ ဟန္တခြဲသားနဲ႔ လူအထင္ႀကီးေအာင္ေနတတ္တဲ့သူမ်ိဳးဟာ အေပၚယံေတြသာ ၾကည့္ၿပီးအထင္ႀကီးတတ္တဲ့သူမ်ိဳးနဲ႔သာ ေတြ႕တတ္ၾကပါတယ္။ ဒါေပမယ့္ အဲဒီလို ဟန္ေဆာင္ပန္ေဆာင္ဆက္ဆံတတ္သူမ်ိဳးေတြဟာ တကယ္တမ္းအခက္အခဲနဲ႔ရင္ဆိုင္ရတဲ့အခါမွာေတာ့ ကူညီမယ့္သူကင္းမဲ့သြားတတ္ၾကပါတယ္။ သူတို႔ကိုယ္တိုင္က ဟန္ေဆာင္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ကို သူတို႔ရဲ႕အခက္အခဲအစစ္အမွန္ကိုလည္း ခ်မျပရဲတဲ့အတြက္ ကူညီဖို႔ရာဘယ္သူမွမရွိေတာ့သလို၊ သူ႔ပတ္ဝန္းက်င္ကလူေတြမွာလည္း ဘယ္သူ႔ကိုယုံၾကည္လို႔ယုံၾကည္သင့္မွန္းေတာင္မသိႏိုင္ေတာ့ပါဘူး။ အဲဒါအျပင္ သင့္ရဲ႕ဟန္ေဆာင္မႈေတြကပဲ သင့္ကိုျပန္ၿပီး ေပ်ာက္ဆုံးလာေစပါတယ္။ အ႐ိုးရွင္းဆုံးဥပမာတစ္ခုျပရမယ္ဆိုရင္ ထမင္းဝိုင္းတစ္ခုမွာ သင္မႀကိဳက္တဲ့ဟင္းကို သင္ႀကိဳက္ဟန္ေဆာင္လိုက္မယ္ဆိုရင္ ထိုဟင္းပြဲကို သင္ႀကိဳက္တယ္လို႔သတ္မွတ္ၿပီး သင့္ကိုထိုဟင္းပြဲထည့္ေကြၽးတဲ့အခါ သင္မစားခ်င္စားခ်င္ စားလိုက္ရမွာပါပဲ။ အဲဒီ့သေဘာပါပဲ။ သင္ဟန္ေဆာင္လိုက္ျခင္းက အခ်ိန္တန္ သင့္ကိုပဲ ဒဏ္ခတ္မွာျဖစ္ပါတယ္။ ပြင့္လင္းစြာနဲ႔ အမွန္အတိုင္းေျပာဆိုတတ္တဲ့လူရဲ႕စကားက နားခါးခ်င္စရာေကာင္းရင္ေကာင္းေနပါလိမ့္မယ္။ ဒါေပမယ့္ ေျပာၿပီးတာနဲ႔ သူ႔အတြက္လည္းေပါ့ပါးေစသလို၊ တဖက္လူအတြက္လည္း ေရွာင္က်ဥ္သင့္တာ၊ ေရွာင္က်ဥ္ႏိုင္သလို၊ နားလည္သင့္တာ နားလည္သြားပါလိမ့္မယ္။ ျမန္မာလူမ်ိဳးအခ်ိဳ႕မွာဆိုရင္လည္း (လိမ္ညာတတ္တာေလာက္မဆိုးေပမယ့္) အားနာျခင္းကလည္း အလားတူျပႆနာပါပဲ။ အျခားလူကို အားနာၿပီး ကိုယ္တကယ္မလုပ္ႏိုင္တာမ်ိဳး၊ စိတ္မပါတာမ်ိဳး၊ မႏွစ္သက္တာမ်ိဳးကို လုပ္ေပးလိုက္တဲ့အခါ အားနာတဲ့သူသာ ျပန္ၿပီး နစ္နာသြားတတ္ပါတယ္။ တဖက္လူကေတာ့ ဘာမွေတာင္မသိလိုက္တာမ်ိဳးေပါ့။ အဲဒါေၾကာင့္ ကိုယ့္ရဲ႕အစစ္အမွန္၊ ကိုယ္ရဲ႕ပင္ကိုယ္မူရင္းကိုသာ ခ်ျပျခင္းဟာ လက္မခံႏိုင္တဲ့သူဟာ ကိုယ္နဲ႔အေဝးဆုံးကိုထြက္သြားေစၿပီး ကိုယ့္ကိုလက္ခံႏိုင္သူသာ ကိုယ့္အနားက်န္ခဲ့ေစမွာျဖစ္ပါတယ္။
Do they love you or the mask you put on everyday? – Shimika Bowers တခါတေလကြၽန္ေတာ္တို႔ျပန္စဥ္းစားသင့္တာက Shimika Bowers ေျပာသလိုေပါ့ ကြၽန္ေတာ္တို႔နားကလူေတြက ကြၽန္ေတာ္တို႔ရဲ႕မ်က္ႏွာဖုံးကိုခ်စ္တာလားဆိုတာပါပဲေနာ္။ မ်က္ႏွာဖုံးကိုခ်စ္တဲ့သူေတြဟာ အစစ္အမွန္ကိုျမင္ရတဲ့တစ္ေန႔မွာေတာ့ ကြၽန္ေတာ္တို႔နားရွိေနႏိုင္မွာမဟုတ္ပါဘူး။ "လူတခ်ိဳ႕ကိုကိုယ့္အနားေနေစခ်င္တာနဲ႔ပဲ သင့္ရဲ႕ပုံစံအစစ္အမွန္ကိုဖုံးကြယ္မထားပါနဲ႔။ သင့္ရဲ႕ပုံစံအစစ္အမွန္ကို သိလ်က္နဲ႔ေတာင္ သင့္အနားေနတဲ့သူကိုသာ ေ႐ြးခ်ယ္ပါ။"တဲ့
အဲဒါေၾကာင့္ လူအခ်ိဳ႕ကိုကိုယ့္အနားရွိေစခ်င္တာနဲ႔ပဲ ကိုယ့္ရဲ႕ပုံစံအစစ္အမွန္ကို ဖုံးကြယ္ၿပီး သူတို႔အႀကိဳက္ေနထိုင္ရျခင္းဟာ တျဖည္းျဖည္းနဲ႔ ကိုယ့္ဟာကိုယ္ေပ်ာက္ဆုံးလာတတ္ပါတယ္။ အျခားဘယ္သူ႔ကိုမွ မထိခိုက္ဘူး။ ဒုကၡမေရာက္ေစဘူး၊ ကိုယ့္ကိုယ္ကိုယ္လည္း မထိခိုက္ေစတဲ့ေနထိုင္မႈပုံစံနဲ႔ ကိုယ့္ဘဝရဲ႕ပုံစံအစစ္အမွန္အတိုင္းသာ ပြင့္လင္းစြာ ေနထိုင္ၾကည့္ပါ။ ဘဝက ပိုၿပီးလြတ္လပ္ေပါ့ပါးလာသလို၊ ပိုၿပီးေနခ်င္စရာလည္းေကာင္းလာပါလိမ့္မယ္။ ကိုယ့္ပတ္ဝန္းက်င္မွာလည္း ကိုယ့္ကိုလက္ခံႏိုင္တဲ့အစစ္အမွန္ေတြသာ ရရွိလာႏိုင္ပါတယ္လို႔ ေဖာ္ျပလိုက္ရပါတယ္။

 

Credit - Bawa 101

Read times
Rate this articles
(1 Vote)