×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 19 March 2020

Freelance လုပ်ပြီး ဝင်ငွေရှာချင်သူတွေအတွက်

Freelance လုပ်ပြီး ဝင်ငွေရှာချင်သူတွေအတွက် google

ဒီအချိန်မှာ Freelancer တွေအပေါ်အားကိုးမှုတွေနဲ့ Work from Home တွေ နိုင်ငံခြားမှာ များလာတယ်။

Freelancer ဆိုတာကတော့ အစတည်းက Self-employed တွေဖြစ်ပြီး အလွတ်တန်းအလုပ်လုပ်တဲ့သူတွေပါ။ သူတို့က ကုမ္ပဏီတစ်ခုတည်းအတွက် အလုပ်လုပ်ပေးတာ မဟုတ်ပါဘူး။ ကုမ္ပဏီပေါင်းများစွာက သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ ပရောဂျက်ပေါင်းများစွာကို အိမ်ကနေ (အိမ်ကမလုပ်လည်း ကြိုက်တဲ့နေရာသွားလုပ်လို့ရတယ်) လုပ်ပေးနေသူတွေဖြစ်ပါတယ်။ အခုနိုင်ငံတကာမှာဖြစ်နေတဲ့ Work from Home တွေကျတော့ သူတို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကြသူတွေ။ ဒါပေမဲ့ အခု ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ရုံးမှာ လူစုလူဝေးမဖြစ်ချင်လို့ အိမ်ကနေ အလုပ်လုပ်ခိုင်းတော့ အိမ်က လုပ်ကြရတယ်။ ထားပါတော့ နှစ်ခုလုံးက အိမ်ကနေ အလုပ်လုပ်ရတာပေါ့။ ဒီစာမှာ ကျွန်တော်ပြောချင်တာက Freelance ဈေးကွက်အကြောင်းပဲ။ ကျွန်တော်တို့နိုင်ငံက လူတွေ Freelance ဈေးကွက်ကနေ ဝင်ငွေအများကြီးမရသေးရခြင်း အကြောင်းရင်းမှာ အခြေခံအကြောင်းရင်း (၂)ချက်ရှိတယ်လို့ ကျွန်တော်တော့ ယူဆတယ်။

(၁) ကျွမ်းကျင်လုပ်သားနည်းပါးနေသေးခြင်း
(၂) နိုင်ငံတကာနဲ့ Payment ကိစ္စ အဆင်မပြေသေးခြင်း

ကမ္ဘာပေါ်မှာ Freelance ဈေးကွက်ကနေ ဝင်ငွေအများဆုံးရနေတဲ့ ထိပ်တန်း(၁၀)နိုင်ငံထဲမှာ အာရှနိုင်ငံ(၄)နိုင်ငံပါတယ်။ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ်၊ ဖိလစ်ပိုင်။ ၁၀ နိုင်ငံကို အစဉ်လိုက်ရေးရရင်တော့ အောက်ပါအတိုင်းဖြစ်တယ်။ (Ref: https://www.cnbc.com/…/the-10-countries-with-the-fastest-gr…)

၁) US
၂) UK
၃) ဘရာဇီးလ်
၄) ပါကစ္စတန်
၅) ယူကရိန်း
၆) ဖိလစ်ပိုင်
၇) အိန္ဒိယ
၈) ဘင်္ဂလားဒေ့ရှ်
၉) ရုရှ
၁၀) ဆားဘီးယား

ဖိလစ်ပိုင် Freelancer တွေနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတယ်။ တကယ်ကို ပရော်ဖက်ရှင်နယ်ကျသူတွေဖြစ်ပြီး အလုပ်ကို လေးစားတယ်။ လက်ရာလည်း ကောင်းကြတယ်။ မြန်မာနိုင်ငံမှာလည်း ဒါမျိုး Talent ရှိသူတွေရှိပါတယ်။ ဒါပေမဲ့ ပမာဏအားဖြင့်တော့ ကွာနေသေးသလို နိုင်ငံတကာ Freelance ဈေးကွက်မှာ နာမည်ရတာခြင်းလည်း ကွာနေပါသေးတယ်။

Freelance နဲ့ မရင်းနှီးသူတွေအတွက် နည်းနည်းရှင်းပြချင်ပါသေးတယ်။ Freelance လုပ်ရာမှာ လုပ်လို့ရတာတွေ တစ်ပုံကြီးရှိပါတယ်။ အဲ့ဒီလို အိမ်ကနေ အလုပ်လုပ်ပြီး ဝင်ငွေရှာဖို့ ဝက်ဘ်ဆိုဒ်တွေလည်း အများကြီးရှိပါတယ်။ အဲ့ဒီထဲက အချို့ကိုပြောရရင် www.freelancer.com, www.upwork.com, www.fiverr.com, www.99designs.com စသဖြင့် ရှိပါတယ်။ ဘာအလုပ်တွေ လုပ်လို့ရလဲမေးရင်တော့ တော်တော်များများလုပ်လို့ရပါတယ်။ ဂရပ်ဖစ်ဒီဇိုင်း၊ ဘာသာပြန်၊ ဝက်ဘ်ဒီဇိုင်း၊ video editing, content writing, digital marketing, programmin, virtual assistant, accounting, data entry, market research, legal consulting, financial consulting, arts & crafts, relationship advice, gaming။ အစုံကို လုပ်လို့ရပါတယ်။ ကျွန်တော် ပြောတာ အကုန်မဟုတ်ပါဘူး။ သိချင်ရင် ဒီလင့်မှာ သွားကြည့် https://www.fiverr.com/categories

ကိုယ်က အခုမှ (၁၀) တန်း အောင်ခါစဆိုရင် အဲ့ဒီလင့်သွားပြီး ကိုယ်ဘာတွေ စိတ်ဝင်စားလောက် မလဲဆိုတာ ကြည့်လို့ရတယ်။ ကိုယ့်အမှတ်ကလည်း မကောင်းဘူးဆိုရင် Day တွေဘာတွေတက်မယ့်အစား အဝေးသင်လောက်ပဲ တက်ပြီး ကျန်တဲ့ အားလပ်ချိန်တွေမှာ အင်္ဂလိပ်စာနဲ့ အခြားပညာရပ်တစ်ခုခုကို ကျွမ်းကျင်အောင်သင်။ ကိုယ်က Graphic Design ဝါသနာပါရင် အဲ့ဒါကို ကျွမ်းကျင်အောင်သင်ယူ။ အင်္ဂလိပ်စာလေးလည်း အတန်အသင့် ပြောတတ်အောင်လုပ်။ အဲ့ဒါဆိုရင် Freelance လည်း လုပ်လို့ရသလို အလုပ်ဝင်ရင်လည်း သူများထက် ပိုလွယ်လိမ့်မယ်။ Graphic Design က ဈေးကွက်ထဲမှာ လူအများကြီးပါဗျာ။ ကျွန်တော်တိုးလို့ လွယ်ပါ့မလားလို့တော့ မမေးနဲ့။ ကိုယ်က ကိုယ့်ပညာရပ်မှာ တစ်ဖက်ကမ်းခက်ပြီး ပရိုကျနေအောင်သာလုပ် အလုပ်မရှားဘူး။ ဈေးကွက်ထဲမှာ လူတွေအများကြီးရှိနေတယ်ဆိုပေမဲ့ အဲ့ဒီလူတိုင်း ဝင်ငွေသောက်သောက်လဲရနေကြတာမဟုတ်ဘူး။ ကိုယ့်အလုပ် ကိုယ်ကျွမ်းကျင်ပြီး ပရိုကျတဲ့လူတွေလောက်ပဲ ဝင်ငွေကောင်းတာ။ တတ်သလောက်ပဲရလိမ့်မယ်။ Digital Marketing လည်း အလားတူပဲ။ ကိုယ့်ကိုယ့်ကို Upgrade မလုပ်ဘဲ၊ အခုထက်ပိုကျွမ်းကျင်အောင် မလုပ်ဘဲ လစာတိုးလာမှာမဟုတ်ဘူး။

ကျွမ်းကျင်လုပ်သားများလာပြီး Payment လည်း အဆင်ပြေလာမယ်ဆိုရင် Freelance ကနေ ဝင်ငွေကောင်းကောင်းရှာလို့ရတယ်။ ဘာလို့ အဲ့ဒီလိုပြောလဲ ဆိုရင် ကျွန်တော်ကိုယ်တိုင် Freelance ဘဝကို ဖြတ်သန်းဖူးလို့ ပြောတာ။ ဒါပေမဲ့ ကိုယ့်အလုပ်ကိုယ်မကျွမ်းကျင်ဘဲနဲ့တော့ လစာအများကြီးရဖို့ မမျှော်လင့်နဲ့ပေါ့ဗျာ။ Freelance ပဲလုပ်လုပ်၊ Full Time ပဲလုပ်လုပ် ရေသာခိုချင်တဲ့သူတွေအတွက် ရေရှည်နေရာမရှိဘူး။ ကိုယ့်အလုပ်ကိုယ်လေးစားပြီး ပရော်ဖက်ရှယ်နယ်ကျကျ အလုပ်လုပ်တတ်သူတွေပဲ ဝင်ငွေကောင်းကောင်းရမှာ။ ကျွန်တော့်တုန်းက 2015 လုပ်မှာ Freelance အဖြစ်နဲ့ ရပ်တည်ခဲ့တယ်။ တစ်လကို ဒေါ်လာ ၁၂၀၀ ကနေ ၂၀၀၀ ကြားရတယ်။ ကုမ္ပဏီ ၃ခု၊ ၄ခုလောက်ကို Digital Marketing Consultant လုပ်ပေးတယ်။ သူတို့အတွက် Content Plan တွေဆွဲပေးတယ်၊ Content ကိုယ်တိုင်ရေးပေးတယ်၊ Article တွေရေးပေးတယ်၊ သူတို့ရဲ့ Facebook မှာ ‌Boost သမျှဟာတွေကို ပိုက်ဆံနည်းနည်းနဲ့ အထိရောက်ဆုံးဖြစ်အောင် လုပ်ပေးတယ်၊ ကြော်ငြာအတွက် စာသား၊ ရုပ်ပုံ ကိုယ့်ဘာသာ စဉ်းစားပေးတယ်။ ရုပ်ပုံအတွက်တော့ သူတို့ကုမ္ပဏီက ဒီဇိုင်နာနဲ့တွဲလုပ်တယ်။ ပြီးရင် ရလဒ်တွေကို Report တွေ ပြန်ထုတ်ပေးတယ်။

ကုမ္ပဏီတွေကို Pitch လုပ်တဲ့အခါကျရင်လည်း ကိုယ့်ဘာသာ Quotation မှာ Package လုပ်ထားတယ်။ တစ်လကို ဆောင်းပါး ဘယ်နှစ်ပုဒ်၊ Facebook ပို့စ် ဘယ်နှစ်ခု၊ Facebook ကြော်ငြာတွေကို နာရီဘယ်လောက် manage လုပ်ပေးမယ်။ ရုံးကို တစ်ပတ်မှာ ဘယ်နှစ်ရက်လာပေးမယ် (တစ်ပတ် တရက်လောက်တော့ သူတို့ရုံးတွေသွားပြီး ဘာတွေလုပ်မလဲဆိုတာကို ဆွေးနွေးရတယ်၊ အကြံပေးရတယ်)။ အဲ့ဒါတွေက ၂၀၁၅ တုန်းက လုပ်ခဲ့တဲ့ အရာတွေ။ ပြီးတော့ ဒါက မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေအတွက် Freelance လုပ်ပေးတာ။ ခုနက ကျွန်တော်ပြောတဲ့ Upwork, Freelancer, Fiverr တို့ကျတော့ ကမ္ဘာတစ်လွှားက ကုမ္ပဏီတွေအတွက်၊ လူတွေ အတွက် အလုပ်လုပ်ပေးရတာ။ အဲ့ဒီဝက်ဘ်ဆိုဒ်တွေမှာတော့ ကိုယ်က Freelancer အဖြစ် အလုပ်မလုပ်ဖူးဘူး။ အဲ့ဒီမှာ ကိုယ်က Employer ဖြစ်သွားပြီ။ အခု Payment အဆင်မပြေသေးဘူးဆိုပေမဲ့ Payoneer နဲ့ ငွေလက်ခံလို့ရနေ တယ်လို့တော့ ကြားမိတယ်။ မြန်မာနိုင်ငံက Freelancer တွေကို Fiverr ပေါ်မှ‌ာတွေ့မိတယ်။ https://www.fiverr.com/search/gigs… အဲ့ဒီလင့်မှာ သွားကြည့်။ သူတို့ ဘယ်လို ငွေလက်ခံနေလဲ တော့ ကျွန်တော်လည်း သေချာမသိဘူး။ ငွေလက်ခံလို့ရတဲ့ နည်းလမ်းရှိလို့ လုပ်နေကြတာဖြစ်မယ်။ မဟုတ်ရင် သူတို့လည်း လုပ်မှာ မဟုတ်ဘူး။

နောက်ဆုံးပြောချင်တာကတော့ ကျွမ်းကျင်မှုတစ်ခုခုရှိအောင် လုပ်ထားကြပါ။ အများနဲ့ဆက်ဆံပြောဆိုနိုင်ဖို့ အင်္ဂလိပ်စာကို အတိုင်းအတာ တစ်ခုအထိ ကျွမ်းကျင်အောင် လုပ်ထားပါ။ အခွင့်အလမ်းတွေ ရောက်လာတဲ့အခါကျမှ ကိုယ်က ဘာမှမပြင်ဆင်ရသေးရင် အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီတော့မှ ဘွဲ့ရပညာတတ်တွေ အလုပ်မရဘူးလို့ ညည်းနေလို့လည်း ဘယ်သူကမှ သနားပြီး အလုပ်ခန့်မှာ မဟုတ်ပါဘူး။ အလုပ်ရှင်ဆိုတာ သူတို့အတွက် သင်ဘာလုပ်ပေးနိုင်လဲဆိုတာကိုပဲ အဓိက ကြည့်ကြပါတယ်။ ဘွဲ့ပုံကြီး ပြရုံနဲ့ အလုပ်မခန့်ပါဘူး။ (နာမည်ကြီး တက္ကသိုလ်တွေက ဘွဲ့ဆိုရင်တော့ မသိဘူးပေါ့။)

နောက်တစ်ခု သတိထားဖို့က Freelance ဆိုတာ အိမ်မှာအလုပ်လို့ရတယ်၊ ခရီးသွားရင်း အလုပ်လုပ်လို့ရတယ်၊ ရုံးဝန်ထမ်းတွေထက် ပိုလွတ်လပ်တယ် ဆိုပေမဲ့ ပျင်းလို့ရတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။ အလုပ်အပေါ်လေးစားမှု ရှိမှသာ Freelance နယ်ပယ်ထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုမလေးစားတဲ့သူဟာ Freelance ပဲလုပ်လုပ်၊ Part time ပဲလုပ်လုပ်၊ Full time ပဲလုပ်လုပ် ဘယ်တော့မှာ နာမည်တစ်ခု ရလာမှာ မဟုတ်ပါဘူး။

Freelance လောကမှာ ဘယ်အလုပ်တွေက ဝင်ငွေအကောင်းဆုံးလဲဆိုတာကို သိချင်ရင် ဒီလင့်မှာ ကြည့်ပါ။
https://www.cnbc.com/…/highest-paying-freelance-jobs-of-202…

Credit - မိုးရှင်း (I.M.T)

 

(zawgyi)

Freelance လုပ္ျပီး ဝင္ေငြရွာခ်င္သူေတြအတြက္
ဒီအခ်ိန္မွာ Freelancer ေတြအေပၚအားကိုးမႈေတြနဲ႔ Work from Home ေတြ ႏိုင္ငံျခားမွာ မ်ားလာတယ္။ Freelancer ဆိုတာကေတာ့ အစတည္းက Self-employed ေတြျဖစ္ၿပီး အလြတ္တန္းအလုပ္လုပ္တဲ့သူေတြပါ။ သူတို႔က ကုမၸဏီတစ္ခုတည္းအတြက္ အလုပ္လုပ္ေပးတာ မဟုတ္ပါဘူး။ ကုမၸဏီေပါင္းမ်ားစြာက သူတို႔ရဲ႕ကြၽမ္းက်င္မႈနဲ႔ ကိုက္ညီတဲ့ ပေရာဂ်က္ေပါင္းမ်ားစြာကို အိမ္ကေန (အိမ္ကမလုပ္လည္း ႀကိဳက္တဲ့ေနရာသြားလုပ္လို႔ရတယ္) လုပ္ေပးေနသူေတြျဖစ္ပါတယ္။ အခုႏိုင္ငံတကာမွာျဖစ္ေနတဲ့ Work from Home ေတြက်ေတာ့ သူတို႔က ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ၾကသူေတြ။ ဒါေပမဲ့ အခု ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုံးမွာ လူစုလူေဝးမျဖစ္ခ်င္လို႔ အိမ္ကေန အလုပ္လုပ္ခိုင္းေတာ့ အိမ္က လုပ္ၾကရတယ္။ ထားပါေတာ့ ႏွစ္ခုလုံးက အိမ္ကေန အလုပ္လုပ္ရတာေပါ့။ ဒီစာမွာ ကြၽန္ေတာ္ေျပာခ်င္တာက Freelance ေဈးကြက္အေၾကာင္းပဲ။ ကြၽန္ေတာ္တို႔ႏိုင္ငံက လူေတြ Freelance ေဈးကြက္ကေန ဝင္ေငြအမ်ားႀကီးမရေသးရျခင္း အေၾကာင္းရင္းမွာ အေျခခံအေၾကာင္းရင္း (၂)ခ်က္ရွိတယ္လို႔ ကြၽန္ေတာ္ေတာ့ ယူဆတယ္။

(၁) ကြၽမ္းက်င္လုပ္သားနည္းပါးေနေသးျခင္း
(၂) ႏိုင္ငံတကာနဲ႔ Payment ကိစၥ အဆင္မေျပေသးျခင္း

ကမာၻေပၚမွာ Freelance ေဈးကြက္ကေန ဝင္ေငြအမ်ားဆုံးရေနတဲ့ ထိပ္တန္း(၁၀)ႏိုင္ငံထဲမွာ အာရွႏိုင္ငံ(၄)ႏိုင္ငံပါတယ္။ ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလာေဒ့ရွ္၊ ဖိလစ္ပိုင္။ ၁၀ ႏိုင္ငံကို အစဥ္လိုက္ေရးရရင္ေတာ့ ေအာက္ပါအတိုင္းျဖစ္တယ္။ (Ref: https://www.cnbc.com/…/the-10-countries-with-the-fastest-gr…)

၁) US
၂) UK
၃) ဘရာဇီးလ္
၄) ပါကစၥတန္
၅) ယူကရိန္း
၆) ဖိလစ္ပိုင္
၇) အိႏၵိယ
၈) ဘဂၤလားေဒ့ရွ္
၉) ႐ုရွ
၁၀) ဆားဘီးယား

ဖိလစ္ပိုင္ Freelancer ေတြနဲ႔ အလုပ္တြဲလုပ္ခဲ့ဖူးတယ္။ တကယ္ကို ပေရာ္ဖက္ရွင္နယ္က်သူေတြျဖစ္ၿပီး အလုပ္ကို ေလးစားတယ္။ လက္ရာလည္း ေကာင္းၾကတယ္။ ျမန္မာႏိုင္ငံမွာလည္း ဒါမ်ိဳး Talent ရွိသူေတြရွိပါတယ္။ ဒါေပမဲ့ ပမာဏအားျဖင့္ေတာ့ ကြာေနေသးသလို ႏိုင္ငံတကာ Freelance ေဈးကြက္မွာ နာမည္ရတာျခင္းလည္း ကြာေနပါေသးတယ္။

Freelance နဲ႔ မရင္းႏွီးသူေတြအတြက္ နည္းနည္းရွင္းျပခ်င္ပါေသးတယ္။ Freelance လုပ္ရာမွာ လုပ္လို႔ရတာေတြ တစ္ပုံႀကီးရွိပါတယ္။ အဲ့ဒီလို အိမ္ကေန အလုပ္လုပ္ၿပီး ဝင္ေငြရွာဖို႔ ဝက္ဘ္ဆိုဒ္ေတြလည္း အမ်ားႀကီးရွိပါတယ္။ အဲ့ဒီထဲက အခ်ိဳ႕ကိုေျပာရရင္ www.freelancer.com , www.upwork.com , www.fiverr.com , www.99designs.com  စသျဖင့္ ရွိပါတယ္။ ဘာအလုပ္ေတြ လုပ္လို႔ရလဲေမးရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားလုပ္လို႔ရပါတယ္။ ဂရပ္ဖစ္ဒီဇိုင္း၊ ဘာသာျပန္၊ ဝက္ဘ္ဒီဇိုင္း၊ video editing, content writing, digital marketing, programmin, virtu al assistant, accounting, data entry, market research, legal consulting, financial consulting, arts & crafts, relationship advice, gaming။ အစုံကို လုပ္လို႔ရပါတယ္။ ကြၽန္ေတာ္ ေျပာတာ အကုန္မဟုတ္ပါဘူး။ သိခ်င္ရင္ ဒီလင့္မွာ သြားၾကည့္ https://www.fiverr.com/categories

ကိုယ္က အခုမွ (၁၀) တန္း ေအာင္ခါစဆိုရင္ အဲ့ဒီလင့္သြားၿပီး ကိုယ္ဘာေတြ စိတ္ဝင္စားေလာက္ မလဲဆိုတာ ၾကည့္လို႔ရတယ္။ ကိုယ့္အမွတ္ကလည္း မေကာင္းဘူးဆိုရင္ Day ေတြဘာေတြတက္မယ့္အစား အေဝးသင္ေလာက္ပဲ တက္ၿပီး က်န္တဲ့ အားလပ္ခ်ိန္ေတြမွာ အဂၤလိပ္စာနဲ႔ အျခားပညာရပ္တစ္ခုခုကို ကြၽမ္းက်င္ေအာင္သင္။ ကိုယ္က Graphic Design ဝါသနာပါရင္ အဲ့ဒါကို ကြၽမ္းက်င္ေအာင္သင္ယူ။ အဂၤလိပ္စာေလးလည္း အတန္အသင့္ ေျပာတတ္ေအာင္လုပ္။ အဲ့ဒါဆိုရင္ Freelance လည္း လုပ္လို႔ရသလို အလုပ္ဝင္ရင္လည္း သူမ်ားထက္ ပိုလြယ္လိမ့္မယ္။ Graphic Design က ေဈးကြက္ထဲမွာ လူအမ်ားႀကီးပါဗ်ာ။ ကြၽန္ေတာ္တိုးလို႔ လြယ္ပါ့မလားလို႔ေတာ့ မေမးနဲ႔။ ကိုယ္က ကိုယ့္ပညာရပ္မွာ တစ္ဖက္ကမ္းခက္ၿပီး ပ႐ိုက်ေနေအာင္သာလုပ္ အလုပ္မရွားဘူး။ ေဈးကြက္ထဲမွာ လူေတြအမ်ားႀကီးရွိေနတယ္ဆိုေပမဲ့ အဲ့ဒီလူတိုင္း ဝင္ေငြေသာက္ေသာက္လဲရေနၾကတာမဟုတ္ဘူး။ ကိုယ့္အလုပ္ ကိုယ္ကြၽမ္းက်င္ၿပီး ပ႐ိုက်တဲ့လူေတြေလာက္ပဲ ဝင္ေငြေကာင္းတာ။ တတ္သေလာက္ပဲရလိမ့္မယ္။ Digital Marketing လည္း အလားတူပဲ။ ကိုယ့္ကိုယ့္ကို Upgrade မလုပ္ဘဲ၊ အခုထက္ပိုကြၽမ္းက်င္ေအာင္ မလုပ္ဘဲ လစာတိုးလာမွာမဟုတ္ဘူး။

ကြၽမ္းက်င္လုပ္သားမ်ားလာၿပီး Payment လည္း အဆင္ေျပလာမယ္ဆိုရင္ Freelance ကေန ဝင္ေငြေကာင္းေကာင္းရွာလို႔ရတယ္။ ဘာလို႔ အဲ့ဒီလိုေျပာလဲ ဆိုရင္ ကြၽန္ေတာ္ကိုယ္တိုင္ Freelance ဘဝကို ျဖတ္သန္းဖူးလို႔ ေျပာတာ။ ဒါေပမဲ့ ကိုယ့္အလုပ္ကိုယ္မကြၽမ္းက်င္ဘဲနဲ႔ေတာ့ လစာအမ်ားႀကီးရဖို႔ မေမွ်ာ္လင့္နဲ႔ေပါ့ဗ်ာ။ Freelance ပဲလုပ္လုပ္၊ Full Time ပဲလုပ္လုပ္ ေရသာခိုခ်င္တဲ့သူေတြအတြက္ ေရရွည္ေနရာမရွိဘူး။ ကိုယ့္အလုပ္ကိုယ္ေလးစားၿပီး ပေရာ္ဖက္ရွယ္နယ္က်က် အလုပ္လုပ္တတ္သူေတြပဲ ဝင္ေငြေကာင္းေကာင္းရမွာ။ ကြၽန္ေတာ့္တုန္းက 2015 လုပ္မွာ Freelance အျဖစ္နဲ႔ ရပ္တည္ခဲ့တယ္။ တစ္လကို ေဒၚလာ ၁၂၀၀ ကေန ၂၀၀၀ ၾကားရတယ္။ ကုမၸဏီ ၃ခု၊ ၄ခုေလာက္ကို Digital Marketing Consultant လုပ္ေပးတယ္။ သူတို႔အတြက္ Content Plan ေတြဆြဲေပးတယ္၊ Content ကိုယ္တိုင္ေရးေပးတယ္၊ Article ေတြေရးေပးတယ္၊ သူတို႔ရဲ႕ Facebook မွာ ‌Boost သမွ်ဟာေတြကို ပိုက္ဆံနည္းနည္းနဲ႔ အထိေရာက္ဆုံးျဖစ္ေအာင္ လုပ္ေပးတယ္၊ ေၾကာ္ျငာအတြက္ စာသား၊ ႐ုပ္ပုံ ကိုယ့္ဘာသာ စဥ္းစားေပးတယ္။ ႐ုပ္ပုံအတြက္ေတာ့ သူတို႔ကုမၸဏီက ဒီဇိုင္နာနဲ႔တြဲလုပ္တယ္။ ၿပီးရင္ ရလဒ္ေတြကို Report ေတြ ျပန္ထုတ္ေပးတယ္။

ကုမၸဏီေတြကို Pitch လုပ္တဲ့အခါက်ရင္လည္း ကိုယ့္ဘာသာ Quotation မွာ Package လုပ္ထားတယ္။ တစ္လကို ေဆာင္းပါး ဘယ္ႏွစ္ပုဒ္၊ Facebook ပို႔စ္ ဘယ္ႏွစ္ခု၊ Facebook ေၾကာ္ျငာေတြကို နာရီဘယ္ေလာက္ manage လုပ္ေပးမယ္။ ႐ုံးကို တစ္ပတ္မွာ ဘယ္ႏွစ္ရက္လာေပးမယ္ (တစ္ပတ္ တရက္ေလာက္ေတာ့ သူတို႔႐ုံးေတြသြားၿပီး ဘာေတြလုပ္မလဲဆိုတာကို ေဆြးေႏြးရတယ္၊ အႀကံေပးရတယ္)။ အဲ့ဒါေတြက ၂၀၁၅ တုန္းက လုပ္ခဲ့တဲ့ အရာေတြ။ ၿပီးေတာ့ ဒါက ျမန္မာႏိုင္ငံမွာရွိတဲ့ ကုမၸဏီေတြအတြက္ Freelance လုပ္ေပးတာ။ ခုနက ကြၽန္ေတာ္ေျပာတဲ့ Upwork, Freelancer, Fiverr တို႔က်ေတာ့ ကမာၻတစ္လႊားက ကုမၸဏီေတြအတြက္၊ လူေတြ အတြက္ အလုပ္လုပ္ေပးရတာ။ အဲ့ဒီဝက္ဘ္ဆိုဒ္ေတြမွာေတာ့ ကိုယ္က Freelancer အျဖစ္ အလုပ္မလုပ္ဖူးဘူး။ အဲ့ဒီမွာ ကိုယ္က Employer ျဖစ္သြားၿပီ။ အခု Payment အဆင္မေျပေသးဘူးဆိုေပမဲ့ Payoneer နဲ႔ ေငြလက္ခံလို႔ရေန တယ္လို႔ေတာ့ ၾကားမိတယ္။ ျမန္မာႏိုင္ငံက Freelancer ေတြကို Fiverr ေပၚမွ‌ာေတြ႕မိတယ္။ https://www.fiverr.com/search/gigs… အဲ့ဒီလင့္မွာ သြားၾကည့္။ သူတို႔ ဘယ္လို ေငြလက္ခံေနလဲ ေတာ့ ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး။ ေငြလက္ခံလို႔ရတဲ့ နည္းလမ္းရွိလို႔ လုပ္ေနၾကတာျဖစ္မယ္။ မဟုတ္ရင္ သူတို႔လည္း လုပ္မွာ မဟုတ္ဘူး။

ေနာက္ဆုံးေျပာခ်င္တာကေတာ့ ကြၽမ္းက်င္မႈတစ္ခုခုရွိေအာင္ လုပ္ထားၾကပါ။ အမ်ားနဲ႔ဆက္ဆံေျပာဆိုႏိုင္ဖို႔ အဂၤလိပ္စာကို အတိုင္းအတာ တစ္ခုအထိ ကြၽမ္းက်င္ေအာင္ လုပ္ထားပါ။ အခြင့္အလမ္းေတြ ေရာက္လာတဲ့အခါက်မွ ကိုယ္က ဘာမွမျပင္ဆင္ရေသးရင္ အခြင့္အလမ္းေတြကို ဆုပ္ကိုင္ႏိုင္မွာ မဟုတ္ပါဘူး။ အဲ့ဒီေတာ့မွ ဘြဲ႕ရပညာတတ္ေတြ အလုပ္မရဘူးလို႔ ညည္းေနလို႔လည္း ဘယ္သူကမွ သနားၿပီး အလုပ္ခန႔္မွာ မဟုတ္ပါဘူး။ အလုပ္ရွင္ဆိုတာ သူတို႔အတြက္ သင္ဘာလုပ္ေပးႏိုင္လဲဆိုတာကိုပဲ အဓိက ၾကည့္ၾကပါတယ္။ ဘြဲ႕ပုံႀကီး ျပ႐ုံနဲ႔ အလုပ္မခန႔္ပါဘူး။ (နာမည္ႀကီး တကၠသိုလ္ေတြက ဘြဲ႕ဆိုရင္ေတာ့ မသိဘူးေပါ့။)

ေနာက္တစ္ခု သတိထားဖို႔က Freelance ဆိုတာ အိမ္မွာအလုပ္လို႔ရတယ္၊ ခရီးသြားရင္း အလုပ္လုပ္လို႔ရတယ္၊ ႐ုံးဝန္ထမ္းေတြထက္ ပိုလြတ္လပ္တယ္ ဆိုေပမဲ့ ပ်င္းလို႔ရတဲ့ အလုပ္မ်ိဳးေတာ့ မဟုတ္ပါဘူး။ အလုပ္အေပၚေလးစားမႈ ရွိမွသာ Freelance နယ္ပယ္ထဲမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ႏိုင္မွာ ျဖစ္ပါတယ္။ ကိုယ့္အလုပ္ကိုမေလးစားတဲ့သူဟာ Freelance ပဲလုပ္လုပ္၊ Part time ပဲလုပ္လုပ္၊ Full time ပဲလုပ္လုပ္ ဘယ္ေတာ့မွာ နာမည္တစ္ခု ရလာမွာ မဟုတ္ပါဘူး။

Freelance ေလာကမွာ ဘယ္အလုပ္ေတြက ဝင္ေငြအေကာင္းဆုံးလဲဆိုတာကို သိခ်င္ရင္ ဒီလင့္မွာ ၾကည့္ပါ။
https://www.cnbc.com/…/highest-paying-freelance-jobs-of-202 

Credit - မိုးရွင္း (I.M.T)

 

(zawgyi)

Freelance လုပ္ျပီး ဝင္ေငြရွာခ်င္သူေတြအတြက္
ဒီအခ်ိန္မွာ Freelancer ေတြအေပၚအားကိုးမႈေတြနဲ႔ Work from Home ေတြ ႏိုင္ငံျခားမွာ မ်ားလာတယ္။ Freelancer ဆိုတာကေတာ့ အစတည္းက Self-employed ေတြျဖစ္ၿပီး အလြတ္တန္းအလုပ္လုပ္တဲ့သူေတြပါ။ သူတို႔က ကုမၸဏီတစ္ခုတည္းအတြက္ အလုပ္လုပ္ေပးတာ မဟုတ္ပါဘူး။ ကုမၸဏီေပါင္းမ်ားစြာက သူတို႔ရဲ႕ကြၽမ္းက်င္မႈနဲ႔ ကိုက္ညီတဲ့ ပေရာဂ်က္ေပါင္းမ်ားစြာကို အိမ္ကေန (အိမ္ကမလုပ္လည္း ႀကိဳက္တဲ့ေနရာသြားလုပ္လို႔ရတယ္) လုပ္ေပးေနသူေတြျဖစ္ပါတယ္။ အခုႏိုင္ငံတကာမွာျဖစ္ေနတဲ့ Work from Home ေတြက်ေတာ့ သူတို႔က ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ၾကသူေတြ။ ဒါေပမဲ့ အခု ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ုံးမွာ လူစုလူေဝးမျဖစ္ခ်င္လို႔ အိမ္ကေန အလုပ္လုပ္ခိုင္းေတာ့ အိမ္က လုပ္ၾကရတယ္။ ထားပါေတာ့ ႏွစ္ခုလုံးက အိမ္ကေန အလုပ္လုပ္ရတာေပါ့။ ဒီစာမွာ ကြၽန္ေတာ္ေျပာခ်င္တာက Freelance ေဈးကြက္အေၾကာင္းပဲ။ ကြၽန္ေတာ္တို႔ႏိုင္ငံက လူေတြ Freelance ေဈးကြက္ကေန ဝင္ေငြအမ်ားႀကီးမရေသးရျခင္း အေၾကာင္းရင္းမွာ အေျခခံအေၾကာင္းရင္း (၂)ခ်က္ရွိတယ္လို႔ ကြၽန္ေတာ္ေတာ့ ယူဆတယ္။

(၁) ကြၽမ္းက်င္လုပ္သားနည္းပါးေနေသးျခင္း
(၂) ႏိုင္ငံတကာနဲ႔ Payment ကိစၥ အဆင္မေျပေသးျခင္း

ကမာၻေပၚမွာ Freelance ေဈးကြက္ကေန ဝင္ေငြအမ်ားဆုံးရေနတဲ့ ထိပ္တန္း(၁၀)ႏိုင္ငံထဲမွာ အာရွႏိုင္ငံ(၄)ႏိုင္ငံပါတယ္။ ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလာေဒ့ရွ္၊ ဖိလစ္ပိုင္။ ၁၀ ႏိုင္ငံကို အစဥ္လိုက္ေရးရရင္ေတာ့ ေအာက္ပါအတိုင္းျဖစ္တယ္။ (Ref: https://www.cnbc.com/…/the-10-countries-with-the-fastest-gr…)

၁) US
၂) UK
၃) ဘရာဇီးလ္
၄) ပါကစၥတန္
၅) ယူကရိန္း
၆) ဖိလစ္ပိုင္
၇) အိႏၵိယ
၈) ဘဂၤလားေဒ့ရွ္
၉) ႐ုရွ
၁၀) ဆားဘီးယား

ဖိလစ္ပိုင္ Freelancer ေတြနဲ႔ အလုပ္တြဲလုပ္ခဲ့ဖူးတယ္။ တကယ္ကို ပေရာ္ဖက္ရွင္နယ္က်သူေတြျဖစ္ၿပီး အလုပ္ကို ေလးစားတယ္။ လက္ရာလည္း ေကာင္းၾကတယ္။ ျမန္မာႏိုင္ငံမွာလည္း ဒါမ်ိဳး Talent ရွိသူေတြရွိပါတယ္။ ဒါေပမဲ့ ပမာဏအားျဖင့္ေတာ့ ကြာေနေသးသလို ႏိုင္ငံတကာ Freelance ေဈးကြက္မွာ နာမည္ရတာျခင္းလည္း ကြာေနပါေသးတယ္။

Freelance နဲ႔ မရင္းႏွီးသူေတြအတြက္ နည္းနည္းရွင္းျပခ်င္ပါေသးတယ္။ Freelance လုပ္ရာမွာ လုပ္လို႔ရတာေတြ တစ္ပုံႀကီးရွိပါတယ္။ အဲ့ဒီလို အိမ္ကေန အလုပ္လုပ္ၿပီး ဝင္ေငြရွာဖို႔ ဝက္ဘ္ဆိုဒ္ေတြလည္း အမ်ားႀကီးရွိပါတယ္။ အဲ့ဒီထဲက အခ်ိဳ႕ကိုေျပာရရင္ www.freelancer.com, www.upwork.com , www.fiverr.com , www.99designs.com  စသျဖင့္ ရွိပါတယ္။ ဘာအလုပ္ေတြ လုပ္လို႔ရလဲေမးရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားလုပ္လို႔ရပါတယ္။ ဂရပ္ဖစ္ဒီဇိုင္း၊ ဘာသာျပန္၊ ဝက္ဘ္ဒီဇိုင္း၊ video editing, content writing, digital marketing, programmin, virtual assistant, accounting, data entry, market research, legal consulting, financial consulting, arts & crafts, relationship advice, gaming။ အစုံကို လုပ္လို႔ရပါတယ္။ ကြၽန္ေတာ္ ေျပာတာ အကုန္မဟုတ္ပါဘူး။ သိခ်င္ရင္ ဒီလင့္မွာ သြားၾကည့္ https://www.fiverr.com/categories

ကိုယ္က အခုမွ (၁၀) တန္း ေအာင္ခါစဆိုရင္ အဲ့ဒီလင့္သြားၿပီး ကိုယ္ဘာေတြ စိတ္ဝင္စားေလာက္ မလဲဆိုတာ ၾကည့္လို႔ရတယ္။ ကိုယ့္အမွတ္ကလည္း မေကာင္းဘူးဆိုရင္ Day ေတြဘာေတြတက္မယ့္အစား အေဝးသင္ေလာက္ပဲ တက္ၿပီး က်န္တဲ့ အားလပ္ခ်ိန္ေတြမွာ အဂၤလိပ္စာနဲ႔ အျခားပညာရပ္တစ္ခုခုကို ကြၽမ္းက်င္ေအာင္သင္။ ကိုယ္က Graphic Design ဝါသနာပါရင္ အဲ့ဒါကို ကြၽမ္းက်င္ေအာင္သင္ယူ။ အဂၤလိပ္စာေလးလည္း အတန္အသင့္ ေျပာတတ္ေအာင္လုပ္။ အဲ့ဒါဆိုရင္ Freelance လည္း လုပ္လို႔ရသလို အလုပ္ဝင္ရင္လည္း သူမ်ားထက္ ပိုလြယ္လိမ့္မယ္။ Graphic Design က ေဈးကြက္ထဲမွာ လူအမ်ားႀကီးပါဗ်ာ။ ကြၽန္ေတာ္တိုးလို႔ လြယ္ပါ့မလားလို႔ေတာ့ မေမးနဲ႔။ ကိုယ္က ကိုယ့္ပညာရပ္မွာ တစ္ဖက္ကမ္းခက္ၿပီး ပ႐ိုက်ေနေအာင္သာလုပ္ အလုပ္မရွားဘူး။ ေဈးကြက္ထဲမွာ လူေတြအမ်ားႀကီးရွိေနတယ္ဆိုေပမဲ့ အဲ့ဒီလူတိုင္း ဝင္ေငြေသာက္ေသာက္လဲရေနၾကတာမဟုတ္ဘူး။ ကိုယ့္အလုပ္ ကိုယ္ကြၽမ္းက်င္ၿပီး ပ႐ိုက်တဲ့လူေတြေလာက္ပဲ ဝင္ေငြေကာင္းတာ။ တတ္သေလာက္ပဲရလိမ့္မယ္။ Digital Marketing လည္း အလားတူပဲ။ ကိုယ့္ကိုယ့္ကို Upgrade မလုပ္ဘဲ၊ အခုထက္ပိုကြၽမ္းက်င္ေအာင္ မလုပ္ဘဲ လစာတိုးလာမွာမဟုတ္ဘူး။

ကြၽမ္းက်င္လုပ္သားမ်ားလာၿပီး Payment လည္း အဆင္ေျပလာမယ္ဆိုရင္ Freelance ကေန ဝင္ေငြေကာင္းေကာင္းရွာလို႔ရတယ္။ ဘာလို႔ အဲ့ဒီလိုေျပာလဲ ဆိုရင္ ကြၽန္ေတာ္ကိုယ္တိုင္ Freelance ဘဝကို ျဖတ္သန္းဖူးလို႔ ေျပာတာ။ ဒါေပမဲ့ ကိုယ့္အလုပ္ကိုယ္မကြၽမ္းက်င္ဘဲနဲ႔ေတာ့ လစာအမ်ားႀကီးရဖို႔ မေမွ်ာ္လင့္နဲ႔ေပါ့ဗ်ာ။ Freelance ပဲလုပ္လုပ္၊ Full Time ပဲလုပ္လုပ္ ေရသာခိုခ်င္တဲ့သူေတြအတြက္ ေရရွည္ေနရာမရွိဘူး။ ကိုယ့္အလုပ္ကိုယ္ေလးစားၿပီး ပေရာ္ဖက္ရွယ္နယ္က်က် အလုပ္လုပ္တတ္သူေတြပဲ ဝင္ေငြေကာင္းေကာင္းရမွာ။ ကြၽန္ေတာ့္တုန္းက 2015 လုပ္မွာ Freelance အျဖစ္နဲ႔ ရပ္တည္ခဲ့တယ္။ တစ္လကို ေဒၚလာ ၁၂၀၀ ကေန ၂၀၀၀ ၾကားရတယ္။ ကုမၸဏီ ၃ခု၊ ၄ခုေလာက္ကို Digital Marketing Consultant လုပ္ေပးတယ္။ သူတို႔အတြက္ Content Plan ေတြဆြဲေပးတယ္၊ Content ကိုယ္တိုင္ေရးေပးတယ္၊ Article ေတြေရးေပးတယ္၊ သူတို႔ရဲ႕ Facebook မွာ ‌Boost သမွ်ဟာေတြကို ပိုက္ဆံနည္းနည္းနဲ႔ အထိေရာက္ဆုံးျဖစ္ေအာင္ လုပ္ေပးတယ္၊ ေၾကာ္ျငာအတြက္ စာသား၊ ႐ုပ္ပုံ ကိုယ့္ဘာသာ စဥ္းစားေပးတယ္။ ႐ုပ္ပုံအတြက္ေတာ့ သူတို႔ကုမၸဏီက ဒီဇိုင္နာနဲ႔တြဲလုပ္တယ္။ ၿပီးရင္ ရလဒ္ေတြကို Report ေတြ ျပန္ထုတ္ေပးတယ္။

ကုမၸဏီေတြကို Pitch လုပ္တဲ့အခါက်ရင္လည္း ကိုယ့္ဘာသာ Quotation မွာ Package လုပ္ထားတယ္။ တစ္လကို ေဆာင္းပါး ဘယ္ႏွစ္ပုဒ္၊ Facebook ပို႔စ္ ဘယ္ႏွစ္ခု၊ Facebook ေၾကာ္ျငာေတြကို နာရီဘယ္ေလာက္ manage လုပ္ေပးမယ္။ ႐ုံးကို တစ္ပတ္မွာ ဘယ္ႏွစ္ရက္လာေပးမယ္ (တစ္ပတ္ တရက္ေလာက္ေတာ့ သူတို႔႐ုံးေတြသြားၿပီး ဘာေတြလုပ္မလဲဆိုတာကို ေဆြးေႏြးရတယ္၊ အႀကံေပးရတယ္)။ အဲ့ဒါေတြက ၂၀၁၅ တုန္းက လုပ္ခဲ့တဲ့ အရာေတြ။ ၿပီးေတာ့ ဒါက ျမန္မာႏိုင္ငံမွာရွိတဲ့ ကုမၸဏီေတြအတြက္ Freelance လုပ္ေပးတာ။ ခုနက ကြၽန္ေတာ္ေျပာတဲ့ Upwork, Freelancer, Fiverr တို႔က်ေတာ့ ကမာၻတစ္လႊားက ကုမၸဏီေတြအတြက္၊ လူေတြ အတြက္ အလုပ္လုပ္ေပးရတာ။ အဲ့ဒီဝက္ဘ္ဆိုဒ္ေတြမွာေတာ့ ကိုယ္က Freelancer အျဖစ္ အလုပ္မလုပ္ဖူးဘူး။ အဲ့ဒီမွာ ကိုယ္က Employer ျဖစ္သြားၿပီ။ အခု Payment အဆင္မေျပေသးဘူးဆိုေပမဲ့ Payoneer နဲ႔ ေငြလက္ခံလို႔ရေန တယ္လို႔ေတာ့ ၾကားမိတယ္။ ျမန္မာႏိုင္ငံက Freelancer ေတြကို Fiverr ေပၚမွ‌ာေတြ႕မိတယ္။ https://www.fiverr.com/search/gigs… အဲ့ဒီလင့္မွာ သြားၾကည့္။ သူတို႔ ဘယ္လို ေငြလက္ခံေနလဲ ေတာ့ ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး။ ေငြလက္ခံလို႔ရတဲ့ နည္းလမ္းရွိလို႔ လုပ္ေနၾကတာျဖစ္မယ္။ မဟုတ္ရင္ သူတို႔လည္း လုပ္မွာ မဟုတ္ဘူး။

ေနာက္ဆုံးေျပာခ်င္တာကေတာ့ ကြၽမ္းက်င္မႈတစ္ခုခုရွိေအာင္ လုပ္ထားၾကပါ။ အမ်ားနဲ႔ဆက္ဆံေျပာဆိုႏိုင္ဖို႔ အဂၤလိပ္စာကို အတိုင္းအတာ တစ္ခုအထိ ကြၽမ္းက်င္ေအာင္ လုပ္ထားပါ။ အခြင့္အလမ္းေတြ ေရာက္လာတဲ့အခါက်မွ ကိုယ္က ဘာမွမျပင္ဆင္ရေသးရင္ အခြင့္အလမ္းေတြကို ဆုပ္ကိုင္ႏိုင္မွာ မဟုတ္ပါဘူး။ အဲ့ဒီေတာ့မွ ဘြဲ႕ရပညာတတ္ေတြ အလုပ္မရဘူးလို႔ ညည္းေနလို႔လည္း ဘယ္သူကမွ သနားၿပီး အလုပ္ခန႔္မွာ မဟုတ္ပါဘူး။ အလုပ္ရွင္ဆိုတာ သူတို႔အတြက္ သင္ဘာလုပ္ေပးႏိုင္လဲဆိုတာကိုပဲ အဓိက ၾကည့္ၾကပါတယ္။ ဘြဲ႕ပုံႀကီး ျပ႐ုံနဲ႔ အလုပ္မခန႔္ပါဘူး။ (နာမည္ႀကီး တကၠသိုလ္ေတြက ဘြဲ႕ဆိုရင္ေတာ့ မသိဘူးေပါ့။)

ေနာက္တစ္ခု သတိထားဖို႔က Freelance ဆိုတာ အိမ္မွာအလုပ္လို႔ရတယ္၊ ခရီးသြားရင္း အလုပ္လုပ္လို႔ရတယ္၊ ႐ုံးဝန္ထမ္းေတြထက္ ပိုလြတ္လပ္တယ္ ဆိုေပမဲ့ ပ်င္းလို႔ရတဲ့ အလုပ္မ်ိဳးေတာ့ မဟုတ္ပါဘူး။ အလုပ္အေပၚေလးစားမႈ ရွိမွသာ Freelance နယ္ပယ္ထဲမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ႏိုင္မွာ ျဖစ္ပါတယ္။ ကိုယ့္အလုပ္ကိုမေလးစားတဲ့သူဟာ Freelance ပဲလုပ္လုပ္၊ Part time ပဲလုပ္လုပ္၊ Full time ပဲလုပ္လုပ္ ဘယ္ေတာ့မွာ နာမည္တစ္ခု ရလာမွာ မဟုတ္ပါဘူး။

Freelance ေလာကမွာ ဘယ္အလုပ္ေတြက ဝင္ေငြအေကာင္းဆုံးလဲဆိုတာကို သိခ်င္ရင္ ဒီလင့္မွာ ၾကည့္ပါ။
https://www.cnbc.com/…/highest-paying-freelance-jobs-of-202 

Credit - မိုးရွင္း (I.M.T)

Read times Last modified on Saturday, 21 March 2020 09:47
Rate this articles
(0 votes)