×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 31 March 2020

ပိတ်ရက်လေးတွေကိုအိမ်မှာအကျိုးရှိရှိ ကုန်ဆုံးစေဖို့ လုပ်ပေးသင့်သည့်နည်းလမ်းကောင်းလေးများ

ပိတ်ရက်လေးတွေကိုအိမ်မှာအကျိုးရှိရှိ ကုန်ဆုံးစေဖို့ လုပ်ပေးသင့်သည့်နည်းလမ်းကောင်းလေးများ google

(unicode)

 

corona virus ကြောင့်အိမ်ထဲမှာပဲနေ နေရတာပျင်းနေပီလား။ ဒါဆိုတော့ ကိုယ့်ရဲ့အိမ်မှာနေရတဲ့အချိန်လေး​ တွေကို အကျိုးရှိရှိနဲ့ ပျော်ရွှင်စွာကုန်ဆုံး စေရန်အတွက်အသုံးဝင်မဲ့နည်းလမ်းလေး တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

(1) သင့်ရဲ့ အခန်းထဲကမလိုအပ်တာတွေကိုဖယ်ထုတ်လိုက်ပါ

အလုပ်တွေကျောင်းတွေကြောင့် မအားလို့သင့်အခန်းအတွက် အချိန်မပေးနိုင်ခဲ့ဘူးဆိုရင် အခုလိုပိတ်ရက်လေး မှာကိုယ့်ရဲ့ အခန်းလေးကိုပြင်ဆင် ပြီးမလိုအပ်တာတွေကိုလဲဖယ်ထုတ်လိုက်ပါ။ ကိုယ်နေတဲ့အခန်းလေး သန့်ရှင်းနေမယ်ဆိုရင် သင့်ရဲ့စိတ်တွေလဲကြည်လင်ပြီးရှင်းလင်းနေပါလိမ့်မယ်။


(2) အကျိုးရှိမဲ့ စာအုပ်လေးတွေဖတ်ပါ
စာဖတ်ခြင်းကစိတ်ကိုတည်ငြိမ် နိုင်သလိုဗဟုသုတ များစွာလဲရရှိနိုင်တာကြောင့် စာအုပ်လေး တွေဖတ်ရင်း သင့်ရဲ့အချိန်တွေကိုအကျိူးရှိစွာ အသုံးချလိုက်ပါ။


(3) အစားအသောက်တွေကို ချက်ပြုတ်စားသောက်ကြည့်ပါ

သင်ကဟင်းချက်ရတာဝါသနာပါတဲ့သူတစ်ယောက်ဆိုရင် အခုလိုအချိန်မျိုးမှာ သင်စားချင်တဲ့အစားအသောက် တွေကိုအိမ်မှာချက်ပြုတ်စားသောက်ကြည့်ပါ။ ချက်ပြုတ်နည်းတွေကိုလဲ အင်တာနက်ပေါ်ကနေအလွယ်တကူလေ့လာနိုင်တယ်ဆိုတော့ မိသားစုနဲ့အတူတူပျော်ရွှင်စွာ မုန့်လေးတွေလုပ်စားရင်း ပျော်ရွှင်စရာအချိန်လေး တွေအဖြစ်ဖန်တီးလိုက်ကြရအောင်။


(4) သင်ကြိုက်နှစ်သက်တဲ့ သီချင်းတွေ၊ ရုပ်ရှင်ဇာတ်ကား တွေကြည့်ပါ

အားလပ်ချိန်တွေမှာ သင်ကြိုက်နှစ်သက်သီချင်းတွေနားထောင်တာမျိုး၊ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ကြည့်ခြင်းဖြင့်လည်း သင့်ရဲ့စိတ်ကို အပန်းဖြေနိုင်ပါတယ်။


(5) နေ့လည်နေ့ခင်းတရေးတမောအိပ်ပါ

အလုပ်လုပ်ရတဲ့နေ့တွေ၊ကျောင်းတတ်ရတဲ့နေ့ တွေမှာ နေ့လည်နေ့ခင်းအိပ်ရဖို့ဆိုတာမလွယ်ကူပါဘူး။ ဒါကြောင့်ပိတ်ရက်လေးတွေမှာ နေ့လည်နေ့ခင်းအားတဲ့အချိန်လေး တွေမှာတရေးတ မောအိပ်ပေးပါ။

 

(6) မိသားစုဝင်တွေကိုအချိန်ပေးပါ

နေ့စဉ်နေ့တိုင်း ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေရတဲ့အတွက်ကြောင့် မိသားစုဝင်တွေနဲ့စကားပြောဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့်အခုလိုအိမ်ထဲမှာနေ နေရတဲ့အချိန်တွေကို မိသားစုဝင်တွေနဲ့ အတူတူအချိန်ပေးပြီးစကားပြောပေးပါ။

(Zaw gyi)

90251442 832926683874316 4730726126572273664 n

 

register


 


 





စာဖတ်ခြင်းကစိတ်ကိုတည်ငြိမ် နိုင်သလိုဗဟုသုတ များစွာလဲရရှိနိုင်တာကြောင့် စာအုပ်လေး တွေဖတ်ရင်း သင့်ရဲ့အချိန်တွေကိုအကျိုးရှိစွာ အသုံးချလိုက်ပါ။










 



https://www.sayar.com.mm/

Read times Last modified on Tuesday, 31 March 2020 14:12
Rate this articles
(0 votes)