×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 07 April 2020

ကျန်းမာဖို့အရေးလိုက်နာသင့်တဲ့ လျှို့ဝှက်ချက် ၅ ချက်

ကျန်းမာဖို့အရေးလိုက်နာသင့်တဲ့ လျှို့ဝှက်ချက် ၅ ချက်


ယနေ့ ဧပြီလ ၇ ရက်နေ့ကတော့ ကမာ္ဘ့ကျန်းမာရေးနေ့ပဲဖြစ်ပါတယ်။ ကမာ္ဘ့ကျန်းမာရေးနေ့မှာ ကျွန်တော်တို့ Sayar Guide ကနေပြီးတော့ စာဖတ်သူပရိတ်သတ်တွေအတွက် ရောဂါဘယတွေကင်းဝေးတဲ့ ဘ၀တွေကိုပိုင် ဆိုင်စေဖို့ နေ့စဉ်အစားအသောက်တွေထဲမှာ ဘာတွေကိုထည့်သွင်းစားသောက်ရမယ်ဆိုတဲ့ လျှို့ဝှက်ချက် ၅ ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်။


၁။ အဟာရညီမျှစွာစားသောက်ပါ။
နေ့စဉ်စားသောက်မှုပုံစံက ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုများစွာအထောက်ပံ့ဖြစ်စေပါတယ်။ ဒါကြောင့် သေသေချာချာလေးစီမံဖို့လိုပါတယ်။ အာဟာရများစွာပါဝင်ဖို့ ပါဝင်ဖို့လိုအပ်ပြီး ပရိုတင်းဓာတ်လေးလည်း နေ့စဉ်စားသောက်မှုထဲမှာ ထည့်ထားဖို့လိုပါတယ်။ ဒါကြောင့် ဈေးဝယ်ထွက်တဲ့အခါမှာ ဒါလေးကတော့ ဘာအတွက်ဘယ်လိုထောက်ပံ့ဖြစ်စေသလဲ၊ ဘာလေးတွေလိုဦးမလဲဆိုတာ စဉ်းစားသင့်ပါတယ်။


၂။ ကျန်းမာအောင်နေထိုင်ပါ။
အဝလွန်တာကို ဘယ်သူမှမကြိုက်ပါဘူး။ အဝလွန်တာကို ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အဝလွန်တာ ကအခြားသော ရောဂါတွေကိုလက်ယပ်ခေါ်သလိုလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင် နေရင်တော့ အကောင်းဆုံးပေါ့။ မပိန်လွန်း၊ မဝလွန်းတဲ့အနေအထားက အဆင်ပြေလှပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်၊ ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အစားသောက်တွေစားသောက်မယ်ဆိုတာက ခန္ဓာ ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် ထောက်ပံ့ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကတော့ ကယ်လိုရီ လောင်ကျွမ်းဖို့အတွက် အကောင်းဆုံးထောက်ပံ့စေမှာဖြစ်ပါတယ်။


၃။ စိတ်ပိုင်းရာကျန်းမာဖို့လည်းလိုပါတယ်။
ကိုယ်ခန္ဓာကတော့ ဒေါင်ဒေါင်မြည်မြည်ပါပဲ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိဘူး၊ စိတ်ပိုင်းကျန်းမာရေး မကောင်းမွန်ဘူးဆိုရင်လည်း အဆင်မပြေလှပါဘူး။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအတွက် စိတ်ပိုင်း ဆိုင်ရာကျန်းမာဖို့ အရေးကြီးပါတယ်။ တရားထိုင်မယ်၊ အသက်ရှုလေ့ကျင့်ခန်းလုပ်မယ်ဆိုတာတွေက စိတ်ဖိ စီးမှုတွေကိုလျော့ကျစေနိုင်ပါတယ်။


၄။ ဆေးလိပ်ဖြတ်ပါ။
ဒါကတော့ ခဏခဏတွေ့နေရတဲ့ သတိပေးစာသားဖြစ်မှာပါ။ ဆေးလိပ်သောက်ခြင်းက အဆုတ်ကိုတော်တော် လေးဒုက္ခပေးပါတယ်။ တစ်လိပ်ပဲလေဆိုတာ မလုပ်ပါနဲ့။ တစ်လိပ်ကလည်း သိသာပါတယ်။ လက်ရှိဖြစ်ပွားနေ တဲ့ကပ်ရောဂါက အဆုတ်နဲ့ဆိုင်လို့ဆေးလိပ်ဖြတ်ဖို့ အကြံပြုချင်ပါတယ်။


၅။ ရေများများသောက်ပါ။
ကာဗွန်နိတ်ပါတဲ့အအေး၊ ကိုလာနဲ့ ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေက သင်တို့ရဲ့နေ့စဉ်စားသောက်မှု နည်းနည်းလေးမှာ မသိသာစေပေမယ့် များလာရင်တော့အနှောင့်အယှက်ပေးနိုင်ပါတယ်။ မသောက်နဲ့မ ဟုတ်ပေမယ့် တစ်နေ့တည်းအများကြီးတော့ မသောက်သင့်ပါဘူး။ နောက်တစ်ခုကတော့ အဖျော်ယမကာ တော်တော်များများက သကြားဓာတ်ပါတာပါ။ ဒါကကိုယ်အလေးချိန်တက်စေပါတယ်။ မသောက်ပဲ မနေနိုင်ဘူး ဆိုရင်လည်း ကျန်းမာရေးနဲ့ကိုက်ညီမယ့် ကျန်းမာရေးလဘက်ရည်၊ သံပုရာရည်နဲ့ detox water တွေကို သောက်သင့်ပါတယ်။

 

 

 

က်န္းမာဖို႔အေရးလိုက္နာသင့္တဲ့ လွ်ိဳ႕၀ွက္ခ်က္ ၅ ခ်က္

ယေန႔ ဧၿပီလ ၇ ရက္ေန႔ကေတာ့ ကမာၻ႔က်န္းမာေရးေန႔ပဲျဖစ္ပါတယ္။ ကမာၻ႔က်န္းမာေရးေန႔မွာ ကၽြန္ေတာ္တို႔ Sayar Guide ကေနၿပီးေတာ့ စာဖတ္သူပရိတ္သတ္ေတြအတြက္ ေရာဂါဘယေတြကင္းေ၀းတဲ့ ဘ၀ေတြကိုပိုင္ ဆိုင္ေစဖို႔ ေန႔စဥ္အစားအေသာက္ေတြထဲမွာ ဘာေတြကိုထည့္သြင္းစားေသာက္ရမယ္ဆိုတဲ့ လွ်ိဳ႕၀ွက္ခ်က္ ၅ ခ်က္ကိုတင္ဆက္ေပးလိုက္ပါတယ္။


၁။ အဟာရညီမွ်စြာစားေသာက္ပါ။
ေန႔စဥ္စားေသာက္မႈပံုစံက ကၽြန္ေတာ္တို႔ရဲ႕က်န္းမာေရးကိုမ်ားစြာအေထာက္ပံ့ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေသေသခ်ာခ်ာေလးစီမံဖို႔လိုပါတယ္။ အာဟာရမ်ားစြာပါ၀င္ဖို႔ ပါ၀င္ဖို႔လိုအပ္ၿပီး ပ႐ိုတင္းဓာတ္ေလးလည္း ေန႔စဥ္စားေသာက္မႈထဲမွာ ထည့္ထားဖို႔လိုပါတယ္။ ဒါေၾကာင့္ ေစ်း၀ယ္ထြက္တဲ့အခါမွာ ဒါေလးကေတာ့ ဘာအတြက္ဘယ္လိုေထာက္ပံ့ျဖစ္ေစသလဲ၊ ဘာေလးေတြလိုဦးမလဲဆိုတာ စဥ္းစားသင့္ပါတယ္။


၂။ က်န္းမာေအာင္ေနထိုင္ပါ။
အ၀လြန္တာကို ဘယ္သူမွမႀကိဳက္ပါဘူး။ အ၀လြန္တာကို ေရာဂါတစ္ခုလို႔လည္း ဆိုႏိုင္ပါတယ္။ အ၀လြန္တာ ကအျခားေသာ ေရာဂါေတြကိုလက္ယပ္ေခၚသလိုလည္း ျဖစ္ႏိုင္ပါတယ္။ က်န္းမာတဲ့ခႏၶာကိုယ္တစ္ခု ပိုင္ဆိုင္ ေနရင္ေတာ့ အေကာင္းဆံုးေပါ့။ မပိန္လြန္း၊ မ၀လြန္းတဲ့အေနအထားက အဆင္ေျပလွပါတယ္။ ေလ့က်င့္ခန္း ပံုမွန္လုပ္မယ္၊ က်န္းမာေရးအတြက္အေထာက္အကူျပဳတဲ့ အစားေသာက္ေတြစားေသာက္မယ္ဆိုတာက ခႏၶာ ကိုယ္အေလးခ်ိန္ထိန္းလိုသူေတြအတြက္ ေထာက္ပံ့ေပးႏိုင္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းကေတာ့ ကယ္လိုရီ ေလာင္ကၽြမ္းဖို႔အတြက္ အေကာင္းဆံုးေထာက္ပံ့ေစမွာျဖစ္ပါတယ္။


၃။ စိတ္ပိုင္းရာက်န္းမာဖို႔လည္းလိုပါတယ္။
ကိုယ္ခႏၶာကေတာ့ ေဒါင္ေဒါင္ျမည္ျမည္ပါပဲ။ ဒါေပမယ့္ စိတ္ပိုင္းဆိုင္ရာၾကံ႕ခိုင္မႈမရွိဘူး၊ စိတ္ပိုင္းက်န္းမာေရး မေကာင္းမြန္ဘူးဆိုရင္လည္း အဆင္မေျပလွပါဘူး။ တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြအတြက္ စိတ္ပိုင္း ဆိုင္ရာက်န္းမာဖို႔ အေရးႀကီးပါတယ္။ တရားထိုင္မယ္၊ အသက္ရႈေလ့က်င့္ခန္းလုပ္မယ္ဆိုတာေတြက စိတ္ဖိ စီးမႈေတြကိုေလ်ာ့က်ေစႏိုင္ပါတယ္။


၄။ ေဆးလိပ္ျဖတ္ပါ။
ဒါကေတာ့ ခဏခဏေတြ႕ေနရတဲ့ သတိေပးစာသားျဖစ္မွာပါ။ ေဆးလိပ္ေသာက္ျခင္းက အဆုတ္ကိုေတာ္ေတာ္ ေလးဒုကၡေပးပါတယ္။ တစ္လိပ္ပဲေလဆိုတာ မလုပ္ပါနဲ႔။ တစ္လိပ္ကလည္း သိသာပါတယ္။ လက္ရွိျဖစ္ပြားေန တဲ့ကပ္ေရာဂါက အဆုတ္နဲ႔ဆိုင္လို႔ေဆးလိပ္ျဖတ္ဖို႔ အၾကံျပဳခ်င္ပါတယ္။


၅။ ေရမ်ားမ်ားေသာက္ပါ။
ကာဗြန္နိတ္ပါတဲ့အေအး၊ ကိုလာနဲ႔ ကဖင္းဓာတ္ပါတဲ့ ေသာက္စရာေတြက သင္တို႔ရဲ႕ေန႔စဥ္စားေသာက္မႈ နည္းနည္းေလးမွာ မသိသာေစေပမယ့္ မ်ားလာရင္ေတာ့အေႏွာင့္အယွက္ေပးႏိုင္ပါတယ္။ မေသာက္နဲ႔မ ဟုတ္ေပမယ့္ တစ္ေန႔တည္းအမ်ားႀကီးေတာ့ မေသာက္သင့္ပါဘူး။ ေနာက္တစ္ခုကေတာ့ အေဖ်ာ္ယမကာ ေတာ္ေတာ္မ်ားမ်ားက သၾကားဓာတ္ပါတာပါ။ ဒါကကိုယ္အေလးခ်ိန္တက္ေစပါတယ္။ မေသာက္ပဲ မေနႏိုင္ဘူး ဆိုရင္လည္း က်န္းမာေရးနဲ႔ကိုက္ညီမယ့္ က်န္းမာေရးလဘက္ရည္၊ သံပုရာရည္နဲ႔ detox water ေတြကို ေသာက္သင့္ပါတယ္။

 

Read times
Rate this articles
(0 votes)