×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 05 May 2020

ကိုရိုနာဖြစ်ပွားနေစဉ် ဆရာများ ရွေ့ပြောင်းလိုက်သင့်တဲ့ အွန်လိုင်းမှ စာသင်ကြားခြင်း

ကိုရိုနာ ရောဂါ ကမ္ဘာအနှံအပြားတွင်ဖြစ်ပွားမှု့ကြောင့် ကျောင်းတွေ ၊ တက္ကသိုလ်တွေ အကုန်လုံး ပိတ်ခဲ့ကြရပါတယ်။ထိုအချိန်မှာ ကမ္ဘာ့နေရာအသီးသီးမှ ထောင် ၊ သောင်း မကသော ကျောင်းများ နှင့် နာမည်ကြီးတက္ကသိုလ်ကြီးများက အရွေ့တစ်ခုကို နမူနာစံပြ ပြောင်းလဲခဲ့ပါတယ် ဒါကတော့ အွန်လိုင်းကနေစာသင်ကြားခြင်းပင်ဖြစ်ပါတယ်။

 

အခုအချိန်မှာဆိုရင်တော့ ခေတ်မှီတဲ့ ဆရာ တော်တော်များများဟာ အွန်လိုင်းက စာသင်ကြား ခြင်းဖြင့် အလုပ်အတော်ရှုပ်နေကြတယ်သိရပါတယ်။တကယ်တန်းမှာ ထို အွန်လိုင်းမှ စာသင်ကြား ခြင်းကလည်း မျက်နှာခြင်းဆိုင်သင်ကြား ရတာဖြစ်ပြီး အပြင်မှာ စာသင်ရသလို လုံလောက်တဲ့ အချိန်မပမာဏ ပေးရပြီး အားထုတ်မှု့လည်း ဆရာဘက်ပုံမှန်တိုင်း စိုက်ထုတ်ရပါတယ်တဲ့။

 

အွန်လိုင်းကနေစာသင်ကြားတဲ့ အခါမှာ တချို့က Facebook Group လုပ်ပြီးစာသင်ကြားကြတယ် ၊ တချို့ကျ Zoom ကနေသင်ကြားကျတယ် ၊ တချို့ကျ Skype ကနေစာသင်ကြားကြတယ် ၊ တချို့ကကျ မိုဘိုင်းအသုံးပြုတာများတဲ့ ခေတ်မှာ Mobile App လုပ်ပြီးသင်ကြားမယ်စတာတွေ အမျိုးစုံရှိပါတယ်။

 

ပထမ တစ်ချက်က သင်က ဆရာတစ်ယောက်အနေနဲ့ လုပ်ထားသင့်တာက သင် အွန်လိုင်းကစာသင်တဲ့ တစ်ဖက်ကကျောင်းသားတွေဟာ အင်တာနက် လိုင်းကောင်းချင်မှကောင်းပါလိမ့်မည် ဒီတော့ သင့်အနေနဲ့ သင်ကြားမှု့စပြီဆိုကတည်းက ဗီဒီယို Record ယူထားသင့်ပါတယ် ထိုသို့ ဗီဒီယို ရှိနေခြင်းက သင့်အတွက်ရော တစ်ဖက်က စာသင်ကြားနေတဲ့ သင့်ကလေးအတွက်ရော ပိုပြီးစိတ်အေးလက်အေးနဲ့ သင်ယူ / သင်ကြားနိုင်စေမှာပါ။

 

အသံနဲ့ သင်တာထက် သင့်ရဲ့ မျက်နှာကိုပြပြီးသင်တာပိုထိရောက်ပါတယ်။ကျောင်းသားတွေရဲ့ အာရုံစူးစိုက်မှု့က သင်မျက်နှာပြထားမှ ပိုပြီး သက်ဝင်နေမှာပါ။သင့်အနေနဲ့ သင်ခန်းစာတွေကို ၁ ပုဒ်ကို တစ်ခါ သင်ကြားရေးစသင့်ပါတယ်။၁၅ မိနစ်ကျော်ရင် အင်တာနက်လိုင်း ကလေးလာတတ်သဖြင့် တိုတိုနဲ့ ၁၅ မိနစ် ၃ ခါ လောက်သင်သင့်ပါတယ်။

 

ကလေးတွေနဲ့ ပုံမှန်အတိုင်း အမေးအဖြေ သာ လုပ်သင့်ပါတယ် ဒါ့ထက် အသံကို အနည်းငယ်ကျယ်ပေးသင့်ပါတယ် သင့်ကျောင်းသား စိတ်မပါပဲ မနေရအောင်ဟာသလည်း နဂိုအတိုင်းပြောပေးနိုင်ပါတယ်။ပြင်ဆင်မှု့ကလည်း အရေးကြီးပါတယ် ပုံဆွဲပြီးပြသ ရမည့် ဘာသာရပ်တွေသင်တဲ့ဆရာဆို စာသင်မည့်ရက်မတိုင်ခင်ကတည်းက ကြိုတင်လေ့ကျင့်မှု့ကိုတိကျစွာလုပ်ဆောင်ထားသင့်ပြီး ပြင်ဆင်ထားပါ မပြင်မှာ သင်သလိုပုံမှန်သာ သဘောထားပြီးသင်ပါအဆင်ပြေသွားမှာပါပဲ။

 

ပညာရေးဆိုတာ အရေးကြီး တဲ့ ကိစ္စတစ်ရပ်ပင်ဖြစ်ပြီးတိုင်းပြည်တိုးတတ်စေမည့်ကိစ္စရပ်တွေမှလည်း အရေးပါပါတယ်။စာသင်ကြားမှု့တွေကို ရပ်တန့်ပြစ်လို့မရသလို တကယ်တန်းက အွန်လိုင်းကနေပြီးဆက်သွားကာ ပညာရေး နယ်ပယ်ဖွံ့ဖြိုးနေတာ အကောင်းဆုံးပါ။

 

ကိုယ်ပိုင် အထက်တန်းကျောင်းတွေ ကတော့ ယခုအချိန်မှာ ကျောင်းသား အရည်အတွက် နည်းလို့ အရှုံးပေါ်နေတယ်သိရပေမည့် သူတို့လည်း များမကြာခင်မှာ အွန်လိုင်းသင်ကြားခြင်းဖက်ရောက်လာမှာပါ ဒါတွေဟာ တကယ်တန်းမှာ နည်းပညာအပေါ် ပညာရေး အတွက် ရလိုရဌား အမြတ်ထုတ်ခြင်းပင်ဖြစ်ပြီး အဆိုးထဲက အကောင်းဆိုရမယ် ကိုရိုနာ ရောဂါဖြစ်ပွားမှု့ကိစ္စရပ်တွေပြီးသွားရင်တောင် အွန်လိုင်းမှ စာသင်ချင်းတွေကတော့ ဆက်သွားနေအုံးမှာပါ။

 

<<< Zawgyi >>>

 


---------------------------------------



 


 


 


 


 


 


 


 

Ref ; The Conversation

 

Read times
Rate this articles
(0 votes)