×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 17 June 2020

အားတက်ဖွယ်ရာ ဈာပန အခမ်းအနားတစ်ခု

အားတက်ဖွယ်ရာ ဈာပန အခမ်းအနားတစ်ခု

ဆရာမ ဒွန်နာ၏ စတုတ္ထတန်းသင်ခန်းစာလေးမှာ မြင်နေကျ အခြားသင်ခန်းစာများနှင့်မခြားလှ။ ကလေးတွေ စာရေးစားပွဲကိုယ်စီနှင့် ထိုင်နေကြသည်။ ခုံတန်း ငါးတန်း၊ တစ်တန်းမှာ ခြောက်ခုံ၊ ဆရာမ စားပွဲက အတန်းရှေ့မှာ။ ကျောင်းသားတွေနှင့်မျက်နှာချင်းဆိုင်လျက်။ မှတ်တမ်းဘုတ်မှာ ကလေးတွေ ဆောင်ရွက်နေသည့် ကျောင်းသင်ခန်းစာအမည်ကို ဖော်ပြထားသည်။

ခြုံကြည့်လိုက်လျှင်တော့ သမရိုးကျ မူလတန်းသင်ခန်းစာတစ်ခန်းလိုပင် ထင်ရသည်။ သို့သည် သည်အခန်းထဲဝင်သည်နှင့်ပင် တစ်ခုခုတော့ ထူးခြားသည်ဆိုတာ ကျွန်တော်ခံစားမိလိုက်သည်။ အပေါ်ယံက ငြိမ်သက်နေသော်လည်း ကလေးတွေအားလုံး စိတ်လှုပ်ရှား တက်ကြွနေကြသည်ပဲ။

ဒွန်နာက လုပ်သက်ရင့်ဆရာမကြီးတစ်ယောက်ဖြစ်သည်။ အငြိမ်းစားယူရန် နှစ်နှစ်မျှသာ လိုတော့သည်။ သူက ပုံမှန်သင်ကြားရေးအလုပ်အပြင် ကျွန်တော်စီစဉ်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး မွမ်းမံသင်တန်းသို့လည်း ဆန္ဒအလျောက် တက်ရောက်နေသူဖြစ်သည်။ သည်သင်တန်း၏ အဓိကဦးတည်ချက်က ကျောင်းသား၊ ကျောင်းသူများအား ကိုယ့်အားကိုယ်ကိုးစိတ်အပါအဝင် စိတ်ထားကောင်းများ ကိန်းအောင်းလာအောင် ပျိုးထောင်လေ့ကျင့်ပေးရေးဖြစ်သည်။ ဒွန်နာ့အလုပ်က သင်တန်းတက်ရန်နှင့် သင်တန်းပို့ချပေးလိုက်သည့် သဘောတရားများကို စာသင်ခန်းတွင်းမှာ လက်တွေ့အသုံးချ ကြည့်ရန်ဖြစ်ပြီး ကျွန်တော်က စာသင်ခန်းတွေ လှည့်လည်ကြည့်ရှုကာ စိတ်ဓာတ်ရေးရာသင်ခန်းစာများ လက်တွေ့အသုံးချမှု ထိရောက်အောင်မြင်အောင် အားပေးကူညီရန်ဖြစ်သည်။

စာသင်ခန်းအနောက်ပိုင်းရှိ ထိုင်ခုံအလွတ်တစ်လုံးမှာ ဝင်ထိုင်ကာ အတန်းကို ကျွန်တော်အကဲခတ်ကြည့်နေသည်။ ကျောင်းသားအားလုံးပင် ဆရာမပေးထားသောအလုပ်တွင် အာရုံစူးစိုက်နေကြသည်။ သူတို့စိတ်ကူး၍ ရသမျှကို ဗလာစာရွက်တစ်ခုတွင် ချရေးနေခြင်းပင်။ ဘာစိတ်ကူးတွေလည်း။

ကျွန်တော့်အနီးရှိ ဆယ်နှစ်အရွယ် ကျောင်းသူလေးက သူမ၏ စာရွက်တွင် “ကျွန်မမလုပ်နိုင်သော အရာများ” ဟူသည်ကို တစ်ခုပြီးတစ်ခု ရေးချနေသည်။ "ဘောလုံးကို အလယ်တန်းကစားသူများထက်ကျော်အောင် ကျွန်မ မကန်နိုင်” “ဒက်ဘီ ကျွန်မကိုခင်လာအောင် ကျွန်မ မလုပ်နိုင်”

သူမ၏စာရွက်မှာ တစ်ဝက်ခန့်ပြည့်နေပြီ။ သူ့သော် ရပ်မည့်အရိပ်လက္ခဏာ လုံးဝမပြ။ ဆက်ပြီးသာ စဉ်းစားလိုက် ချရေးလိုက်နှင့် စိတ်ပါလက်ပါ လုပ်ကိုင်နေသည်။ ကျွန်တော် ခုံတန်းတွေအကြား လျှောက်သွားကာ ဟိုသည် ငဲ့စောင်းကြည့်သည်။ အားလုံးသည် သူတို့မလုပ်နိုင်သော အရာတွေချည်း တစ်ကြောင်းပြီးတစ်ကြောင်း ရေးချနေကြသည်။

“ကျွန်တော် ဆယ်ကြိမ်ပြည့်အောင် ဒိုက်(ဗ်) ထိုး၍မရ”
“ဘေ့စဘောကို ဘယ်ဘက်ကွင်းစည်းကျော်အောင် ကျွန်တော်မရိုက်နိုင်”
“ကျွန်တော်ကွတ်ကီးစားရလျှင် တစ်ခုတည်းနှင့် ဘယ်တော့မှ မတင်းတိမ်နိုင်”
သည်ဟာတွေကို လိုက်ဖတ်ကြည့်ပြီး ကျွန်တော်သိချင်လာသည်။ ဘာအဓိပ္ပာယ်လဲ၊ ဘာအတွက် ဒါတွေ ရေးနေကြသလဲ။ သည်ကိစ္စ ဆရာမကိုမေးကြည့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။ သို့သော် ဆရာမအနီးရောက်လာတော့ သူလည်း ဒါတွေပဲ သဲသဲမဲမဲ ရေးနေတာ တွေ့မြင်ရသည်။

အနှောက်အယှက်မပေးတာ ကောင်းပါတယ်ဟု တွေးမိပြီး တစ်စေ့တစ်စောင်းသာ လှမ်းကြည့်မိသည်။
“ဂျွန်၏မိခင်ကို ဆရာမနှင့်လာတွေ့ရန် ကျွန်မခေါ်၍မရ”
“သမီးအား ကားဓာတ်ဆီဖြည့်ရန် ကျွန်မခိုင်း၍မရ”
“အလန်အား လက်သီးအစား စကားကိုအသုံးပြုရန် ကျွန်မပြော၍မရ”
ဘာကြောင့် ကလေးတွေရော ဆရာမမပါ အပြုသဘောဆောင်သည့် “ကျွန်တော်၊ ကျွန်မ လုပ်နိုင်သောအရာများ” ကို အရေးဘဲ အပျက်သဘောဖြစ်သည့် “မလုပ်နိုင်သောအရာများ” ဆိုသည်ကို ရေးနေရသနည်း ဆိုတာ မေးချင်လှသည်။ သို့သော် လတ်တလောအခြေအနေ မပေးသည်နှင့် နောက်ဘက်ပိုင်းရှိ စောစောက ခုံမှပင် အသာပြန်ထိုင်ကာ ဆက်၍အကဲခတ်နေမိသည်။

နောက်ထပ်ဆယ်မိနစ်ခန့် သူတို့ရေးနေကြသည်။ အတော်များများပင် စာတစ်မျက်နှာ ပြည့်သွားကြသည်။ အချိုကက နောက်တစ်မျက်နှာ ဆက်ရေးနေသည်။ “အခုရေးနေတဲ့ တစ်ခုပြီးရင် တော်ပြီ၊ နောက်ဆက်မရေးနဲ့တော့” ဒွန်နာက ကလေးတွေကို ရပ်နားခိုင်လိုက်သည်။ ပြီးလျှင် မိမိတို့ ရေးပြီးသား စာရွက်များကို ခေါက်ပြီး ယူလာကြရန် ညွန်ကြားသည်။ အဲ့သည့်နောက် ကလေးများအားလုံး “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သောအရာများ” ရေးမှတ်ထားသည့် စာရွက်ခေါက်အသီးသီးကို ဆရာမအနီးရှိ ဖိနပ်ဘူးခွံထဲသို့ ထည့်ကြသည်။

ကလေးများ၏ စာရွက်တွေ စုံပြီးသည့်နောက် ဒွန်နာက သူမ၏မှတ်တမ်းစာအုပ်ကို ထည့်သည်။ ထို့နောက် ဘူးခွံကို အဖုံးပိတ်လိုက်ကြီး ချိုင်းကြားမှာ ညှပ်ကာ အခန်းအပြင်ဘက် ထွက်လာသည်။ အပြင်ခန်းမအတိုင်း လျှောက်ထွက်သွားရာ တပည့်တွေ သူ့နောက်က တန်းစီ၍ လိုက်ကြသည်။ ကျွန်တော်လည်း သူတို့နောက်က။

ခန်းမဘကီးအလယ်ပိုင်းနားလောက်တွင် စတိုးခန်းရှိသည်။ ဒွန်နာက စတိုးခန်းထဲဝင်ရောက်ရှာဖွေပြီး ဂေါ်ပြားတစ်လက်နှင့် ပြန်ထွက်လာသည်။ ဂေါ်ပြားကို လက်တစ်ဖက်ကကိုင်၊ ဖိနပ်ဘူးကို နောက်တစ်ဖက်ကကိုင်ကာ တပည့်များကို ဦးဆောင်လျှက် ကျောင်းကစားကွင်း၏ ဟိုအဝေးဆုံး ထောင့်ဘက်ဆီသို့ ဒွန်နာ ချီတက်သွားသည်။

အဲ့သည်နားမှာ သူတို့တွင်းတူးကြသည်။
လက်စသက်တော့ သူတို့မလုပ်နိုင်သောအရာများကို မြေမြှုပ်သဂြိုဟ်ရန် စီမံနေကြခြင်းပဲကိုး။

ကလေးတိုင်းလိုလို တစ်ချက်လောက်တော့ ဝင်တူးချင်ကြသဖြင့် သူတို့ကို အလှည့်ပေးနေရသည်ဖြစ်ရာ တွင်းတူးချိန် ဆယ်မိနစ်လောက် ကြာသွားသည်။ သုံးပေအနောက်လောက်တွင် တွင်းတူးရပ်သည်။ “ကျွန်တော်၊ ကျွန်မ မလုပ်နိုင်သောအရာများ” ကို တွင်းအောက်ခြေမှာ နေရာချပြီးနောက်တွင် အလျင်အမြန် မြေပြန်ဖို့ကြသည်။

၁၀နှစ်၊ ၁၁နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ သုံးဆယ့်တစ်ဦး လတ်လတ်ဆတ်ဆတ် သချို ၤင်းမြေပုံ နံဘေးမှာ ရပ်နေကြသည်။ သူတို့အသီးသီး၏ စာတစ်မျက်နှာ အပြည့်စီရှိသည့် “မလုပ်နိုင်သောအရာ” တွေသည် မြေကြီးအောက်ရှိ ဖိနပ်ဘူးတါင် ရောက်ရှိနေပြီ။ သူတို့သာမဟုတ်၊ ဆရာမ၏ မလုပ်နိုင်သောအရာများသည်လည်း အဲ့သည့်အထဲမှာ ပါသည်။ သည်အချိန်တွင် ဆရာမက ကြေငြာသည်။ “သားတို့၊ သမီးတို့ ……. တစ်ယော်ကနဲ့တစ်ယောက် လက်ချင်းချိတ်ကြ၊ အားလုံး ဦးညွတ်ကြ”
ချက်ချင်းပင် ကလေးများအားလုံး သချို ၤင်းမြေပုံကို ပတ်ဝိုင်းကာ လက်ချင်းချိတ်တွဲလိုက်ကြသည်။ သည်နောက် ခေါင်းတွေငုံ့ကာ ဆရာမအသံကို နားစွင့်နေကြသည်။ ဆရာမ ဒွန်နာက သေဆုံးသူအတွက် နှုတ်ဆက်စကားပြောကြားသည်။

“မိတ်ဆွေများ …. သည်ကနေ့ ကျွန်ုပ်တို့ဟာ ကျွန်တော်/ကျွန်မ မလုပ်နိုင်သောအရာများအတွက် နောက်ဆုံး နှုတ်ဆက်စကားဆိုဖို့ စုဝေးရောက်ရှိနေကြခြင်းဖြစ်ပါတယ်။ သူဟာ ဒီကမ္ဘာမြေမှာ ကျွန်ုပ်တို့နဲ့အတူ အသက်ထင်ရှားရှိစဉ်က ကျွန်ုပ်တို့ရဲ့ဘဝများအပေါ် ရိုက်ခတ်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ တစ်ချို့လူများအပေါ်မှာဆိုရင် ပိုလို့တောင် လွှမ်းမိုးမှုရှိခဲ့ပါတယ်။ သူရဲ့အမည်နာမကို စာသင်ကျောင်းတွေ၊ မြို့တော်ခန်းမတွေ၊ ပြည်နယ်လွှတ်တော်ရုံးတွေသာမက သမ္မတအိမ်တော် အပါအဝင်ဖြစ်တဲ့ အများပြည်သူဆိုင်ရာ နေရာဌာနတိုင်းမှာ ပြောဆိုနေခဲ့ကြရကြောင်း ဝမ်းနည်းစွာ ပြောကြားလိုပါတယ်။
ယခု သည်ကနေ့မှာတော့ ကျွနု်ပ်တို့ဟာ ကျွန်တော်/ကျွန်မ မလုပ်နိုင်သောအရာများ အတွက် နောက်ဆုံးလဲလျောင်းရာ နေရာကို သတ်မှတ်ပေးလိုက်ပါပြီ။ သူအတွက် ကမ္ပည်းကျောက်စာတိုင်တစ်တိုင်လည်း အဆင်သင့်ရှိနေပါပြီ။ သူကွယ်လွန်သွားပြီးတဲ့နောက်မှာ သူရဲ့ မောင်၊ ညီ/ညီမ များဖြစ်တဲ့ “ကျွန်တော်/ကျွန်မ လုပ်နိုင်ပါတယ်” “ကျွန်တော်/ကျွန်မ လုပ်ပါ့မယ်” “အခုချက်ချင်း ကျွန်တော်/ကျွန်မ ထလုပ်မယ်” တို့ ကျန်ရစ်ခဲ့ပါတယ်။ သူတို့ကတော့ ကွယ်လွန်သူလောက် လူသိမများ၊ မထင်ရှားကြပါဘူး။ သူ့လောက်လည်း တန်ခိုးစွမ်းအား မကြီးမားကြပါဘူး။ သို့သော် တစ်နေ့မှာတော့ သူတို့ဟာ မိတ်ဆွေတို့ရဲ့အကူအညီနဲ့ တန်ခိုးစွမ်းအား တက်လာပါလိမ့်မယ်။ သူတို့ရဲ့ ကွယ်လွန်သူ သားချင်းထက်တောင် ပိုကြီးကျယ်ထင်ရှားတဲ့ လုပ်ရပ်တွေ ဒီကမ္ဘာပေါ်မှာ ထင်ရှားပြသလာပါလိမ့်မယ်။
ကျွန်တော် / ကျွန်မမလုပ်နိုင်သောအရာများသည် ထာဝရငြိမ်းချမ်းစွာ နားနေအိပ်စက် နိုင်ပါစေသည်း။ သူမရှိသည့်နောက် လူအားတို့ပင် မိမိတို့ဘဝကို မိမိတို့ထူထောင်ကာ ရှေ့သို့ တက်လှမ်းနိုင်ကြပါစေသတည်း။”

ထို့နောက် ဈာပနအခမ်းအနားတွင် ဆရာမဒွန်နာ ပြောကြားခဲ့သည့်စကားများကို နားထောင်ရင်း သူမ၏တပည့် ကျောင်းသူ/ကျောင်းသားလေးများအဖို့ သည်ကနေ့ အတွေ့အကြုံကို ဘယ်သောအခါမျှ မေ့ပျောက်နိုင်ကြလိမ့်မည်မဟုတ်ဟု ကျွန်တော် သဘောပေါက်နေခဲ့မိသည်။ ထိုနေ့က သူတို့လုပ်ရပ်သည် ဘဝအတွက် အလွန်တန်ဖိုးရှိသည့် အနက်အဓိပ္ပာယ်တွေ အများကြီးပါသော သင်္ကေတ လုပ်ရပ်တစ်ခုဖြစ်သည်။ အဲ့သည့်နေ့ အတွေ့အကြုံသည် သူတို့၏ သိစိတ်မှာရော မသိစိတ်ထဲမှာပါ ထာဝရ စွဲကပ် ကိန်းအောင်သွားမည့် လက်ယာဦးနှောက်ခြမ်း အတွေ့အကြုံ တစ်ရပ်ပင်ဖြစ်သည်။

မလုပ်နိုင်သောအရာများကို ရေးသားခြင်း၊ ၎င်းတို့ကို မြှုပ်နှံသဂြို ၤဟ်ခြင်း၊ ကွယ်လွန်သူအတွက် နှုတ်ဆက်စကားပြောကြားခြင်း စသည့် လုပ်ရိုးလုပ်စဉ်မဟုတ်သော အလုပ်များကို တမင်တကာ စီစဉ်လုပ်ကိုင်ရသည်မှာ ဆရာမတစ်ဦးအဖို့ လွယ်ကူမည်မဟုတ်ပါ။ သို့သော် ဒွန်နာကတော့ ထိုမျှနှင့်ပင် မကျေနပ်သေး။ နှုတ်ဆက်စကားပြောကြားပြီးသည့်နောက်တွင် တပည့်များကို စာသင်ခန်းဘက်သို့ ပြန်လည်ချီတက်စေညပီး ဈာပနအထိမ်းအမှတ် စားသောက်ပွဲတစ်ရပ် ကျင်းပသည်။

“မလုပ်နိုင်သောအရာများ” အထိမ်းအမှတ် ကွတ်ကီး၊ ပြောင်းဖူးပေါက်ပေါက်နှင့် သစ်သီးဖျော်ရည်များ သူတို့စားသောက်ကြသည်။ အထိမ်းအမှတ်ပွဲ၏ အစီအစဉ်တစ်ရပ်အဖြစ် ဒွန်နာက ကတ်ထူစက္ကူချပ်ကြီးတစ်ခုကို ဖြတ်တောက်ကာ ကမ္ပည်းကျောက်စာတိုင်တစ်ခု ပြုလုပ်သည်။ “ကျွန်တော်/ကျွန်မ မလုပ်နိုငသောအရာများ” ဟူသော နာမည်စာလုံးကို စာချပ်အထက်ပိုင်းတွင်ရေးပြီး ကွယ်လွန်သော နေ့ရက်ကို အောက်တွင် ရေးထိုးသည်။

စက္ကူကမ္ပည်းကျောက်စာတိုင်ကို ဒွန်နာ၏ စာသင်ခန်းတွင်း ထိုနှစ်တစ်နှစ်လုံး ဆက်လက်ချိတ်ဆွဲထားသည်။ ရှားရှားပါးပါး တစ်ခါတစ်ရံ ကော်ငးသားတစ်ယောက်တစ်လေက ကျွန်တော်/ကျွန်မ မလုပ်နိုင်ပါဟူသော စကားကို ယောင်မှားပြောဆိုမိပါက ဒွန်နာက အဆိုပါသချို ၤင်းကျောက်စာကို လှမ်း၍ညွှန်ပြလေ့ရှသ်ည။ သည်အခါ တပည့်ဖြစ်သူလည်း မလုပ်နိုင်သော အရာများ သေဆုံးသွားခဲ့ပြီဟူသည်ကို ချက်ချင်း ပြန်လည်အမှတ်ရကြ မိမိ၏စကားကို ပြန်ပြင်မိရမြဲဖြစ်သည်။
ကျွန်တော်ကား ဒွန်နာ၏ တပည့်တစ်ဦးမဟုတ်ပါ။ သူမသာလျှင် ကျွန်တော်၏တပည့်ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ထို့နေ့ကမူ တစ်သက်မမေ့နိုင်သည့် သင်ခန်းစာတစ်ခုကို သူမထံမှ ကျွန်တော်ရရှိခဲ့ပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးသည့် သည်ကနေ့ကာလတိုင်အောင်ပင် “မလုပ်နိုင်ပါ” ဆိုသော စကား တစ်ခွန်းကြားမိတိုငး စတုတ္ထတန်းကျောင်းသား/ကျောင်းသူျား၏ ဈာပနအခမ်းအနားကို ကျွန်တောပြန်လည်မြင်ယောင်မိရမြဲဖြစ်သည်။ ထိုကလေးများနည်းတူပင် “မလုပ်နိုင်သောအရာများ” သေဆုံးခဲ့ပြီးပြီဆိုသည်ကို ကျွန်တော် အမှတ်ရနေမိပါသည်။

(မူရင်း ။ ။ Chick Moorman ၏ Rest In Peace : “I Can’t Funeral) (ဖေမြင့် ဘာသာပြန်သည်။)

 

 

 

အားတက္ဖြယ္ရာ စ်ာပန အခမ္းအနားတစ္ခု

ဆရာမ ဒြန္နာ၏ စတုတၳတန္းသင္ခန္းစာေလးမွာ ျမင္ေနက် အျခားသင္ခန္းစာမ်ားႏွင့္မျခားလွ။ ကေလးေတြ စာေရးစားပြဲကိုယ္စီႏွင့္ ထိုင္ေနၾကသည္။ ခံုတန္း ငါးတန္း၊ တစ္တန္းမွာ ေျခာက္ခံု၊ ဆရာမ စားပြဲက အတန္းေရွ႕မွာ။ ေက်ာင္းသားေတြႏွင့္မ်က္ႏွာခ်င္းဆိုင္လ်က္။ မွတ္တမ္းဘုတ္မွာ ကေလးေတြ ေဆာင္ရြက္ေနသည့္ ေက်ာင္းသင္ခန္းစာအမည္ကို ေဖာ္ျပထားသည္။

ၿခံဳၾကည့္လိုက္လွ်င္ေတာ့ သမရိုးက် မူလတန္းသင္ခန္းစာတစ္ခန္းလိုပင္ ထင္ရသည္။ သို႔သည္ သည္အခန္းထဲ၀င္သည္ႏွင့္ပင္ တစ္ခုခုေတာ့ ထူးျခားသည္ဆိုတာ ကၽြန္ေတာ္ခံစားမိလိုက္သည္။ အေပၚယံက ၿငိမ္သက္ေနေသာ္လည္း ကေလးေတြအားလံုး စိတ္လႈပ္ရွား တက္ၾကြေနၾကသည္ပဲ။

ဒြန္နာက လုပ္သက္ရင့္ဆရာမႀကီးတစ္ေယာက္ျဖစ္သည္။ အၿငိမ္းစားယူရန္ ႏွစ္ႏွစ္မွ်သာ လိုေတာ့သည္။ သူက ပံုမွန္သင္ၾကားေရးအလုပ္အျပင္ ကၽြန္ေတာ္စီစဥ္ေဆာင္ရြက္လ်က္ရွိသည့္ ဖြံ႕ၿဖိဳးေရး မြမ္းမံသင္တန္းသို႔လည္း ဆႏၵအေလ်ာက္ တက္ေရာက္ေနသူျဖစ္သည္။ သည္သင္တန္း၏ အဓိကဦးတည္ခ်က္က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ကိုယ့္အားကိုယ္ကိုးစိတ္အပါအ၀င္ စိတ္ထားေကာင္းမ်ား ကိန္းေအာင္းလာေအာင္ ပ်ိဳးေထာင္ေလ့က်င့္ေပးေရးျဖစ္သည္။ ဒြန္နာ့အလုပ္က သင္တန္းတက္ရန္ႏွင့္ သင္တန္းပို႔ခ်ေပးလိုက္သည့္ သေဘာတရားမ်ားကို စာသင္ခန္းတြင္းမွာ လက္ေတြ႕အသံုးခ် ၾကည့္ရန္ျဖစ္ၿပီး ကၽြန္ေတာ္က စာသင္ခန္းေတြ လွည့္လည္ၾကည့္ရွဳကာ စိတ္ဓာတ္ေရးရာသင္ခန္းစာမ်ား လက္ေတြ႕အသံုးခ်မႈ ထိေရာက္ေအာင္ျမင္ေအာင္ အားေပးကူညီရန္ျဖစ္သည္။

စာသင္ခန္းအေနာက္ပိုင္းရွိ ထိုင္ခံုအလြတ္တစ္လံုးမွာ ၀င္ထိုင္ကာ အတန္းကို ကၽြန္ေတာ္အကဲခတ္ၾကည့္ေနသည္။ ေက်ာင္းသားအားလံုးပင္ ဆရာမေပးထားေသာအလုပ္တြင္ အာရံုစူးစိုက္ေနၾကသည္။ သူတို႔စိတ္ကူး၍ ရသမွ်ကို ဗလာစာရြက္တစ္ခုတြင္ ခ်ေရးေနျခင္းပင္။ ဘာစိတ္ကူးေတြလည္း။

ကၽြန္ေတာ့္အနီးရွိ ဆယ္ႏွစ္အရြယ္ ေက်ာင္းသူေလးက သူမ၏ စာရြက္တြင္ “ကၽြန္မမလုပ္ႏိုင္ေသာ အရာမ်ား” ဟူသည္ကို တစ္ခုၿပီးတစ္ခု ေရးခ်ေနသည္။ "ေဘာလံုးကို အလယ္တန္းကစားသူမ်ားထက္ေက်ာ္ေအာင္ ကၽြန္မ မကန္ႏိုင္” “ဒက္ဘီ ကၽြန္မကိုခင္လာေအာင္ ကၽြန္မ မလုပ္ႏိုင္”

သူမ၏စာရြက္မွာ တစ္၀က္ခန္႔ျပည့္ေနၿပီ။ သူ႔ေသာ္ ရပ္မည့္အရိပ္လကၡဏာ လံုး၀မျပ။ ဆက္ၿပီးသာ စဥ္းစားလိုက္ ခ်ေရးလိုက္ႏွင့္ စိတ္ပါလက္ပါ လုပ္ကိုင္ေနသည္။ ကၽြန္ေတာ္ ခံုတန္းေတြအၾကား ေလွ်ာက္သြားကာ ဟိုသည္ ငဲ့ေစာင္းၾကည့္သည္။ အားလံုးသည္ သူတို႔မလုပ္ႏိုင္ေသာ အရာေတြခ်ည္း တစ္ေၾကာင္းၿပီးတစ္ေၾကာင္း ေရးခ်ေနၾကသည္။

“ကၽြန္ေတာ္ ဆယ္ႀကိမ္ျပည့္ေအာင္ ဒိုက္(ဗ္) ထိုး၍မရ”
“ေဘ့စေဘာကို ဘယ္ဘက္ကြင္းစည္းေက်ာ္ေအာင္ ကၽြန္ေတာ္မရိုက္ႏိုင္”
“ကၽြန္ေတာ္ကြတ္ကီးစားရလွ်င္ တစ္ခုတည္းႏွင့္ ဘယ္ေတာ့မွ မတင္းတိမ္ႏိုင္”
သည္ဟာေတြကို လိုက္ဖတ္ၾကည့္ၿပီး ကၽြန္ေတာ္သိခ်င္လာသည္။ ဘာအဓိပၸာယ္လဲ၊ ဘာအတြက္ ဒါေတြ ေရးေနၾကသလဲ။ သည္ကိစၥ ဆရာမကိုေမးၾကည့္ရန္ ကၽြန္ေတာ္ ဆံုးျဖတ္လိုက္သည္။ သို႔ေသာ္ ဆရာမအနီးေရာက္လာေတာ့ သူလည္း ဒါေတြပဲ သဲသဲမဲမဲ ေရးေနတာ ေတြ႕ျမင္ရသည္။

အေႏွာက္အယွက္မေပးတာ ေကာင္းပါတယ္ဟု ေတြးမိၿပီး တစ္ေစ့တစ္ေစာင္းသာ လွမ္းၾကည့္မိသည္။
“ဂၽြန္၏မိခင္ကို ဆရာမႏွင့္လာေတြ႕ရန္ ကၽြန္မေခၚ၍မရ”
“သမီးအား ကားဓာတ္ဆီျဖည့္ရန္ ကၽြန္မခိုင္း၍မရ”
“အလန္အား လက္သီးအစား စကားကိုအသံုးျပဳရန္ ကၽြန္မေျပာ၍မရ”
ဘာေၾကာင့္ ကေလးေတြေရာ ဆရာမမပါ အျပဳသေဘာေဆာင္သည့္ “ကၽြန္ေတာ္၊ ကၽြန္မ လုပ္ႏိုင္ေသာအရာမ်ား” ကို အေရးဘဲ အပ်က္သေဘာျဖစ္သည့္ “မလုပ္ႏိုင္ေသာအရာမ်ား” ဆိုသည္ကို ေရးေနရသနည္း ဆိုတာ ေမးခ်င္လွသည္။ သို႔ေသာ္ လတ္တေလာအေျခအေန မေပးသည္ႏွင့္ ေနာက္ဘက္ပိုင္းရွိ ေစာေစာက ခံုမွပင္ အသာျပန္ထိုင္ကာ ဆက္၍အကဲခတ္ေနမိသည္။

ေနာက္ထပ္ဆယ္မိနစ္ခန္႔ သူတို႔ေရးေနၾကသည္။ အေတာ္မ်ားမ်ားပင္ စာတစ္မ်က္ႏွာ ျပည့္သြားၾကသည္။ အခ်ိဳကက ေနာက္တစ္မ်က္ႏွာ ဆက္ေရးေနသည္။ “အခုေရးေနတဲ့ တစ္ခုၿပီးရင္ ေတာ္ၿပီ၊ ေနာက္ဆက္မေရးနဲ႔ေတာ့” ဒြန္နာက ကေလးေတြကို ရပ္နားခိုင္လိုက္သည္။ ၿပီးလွ်င္ မိမိတို႔ ေရးၿပီးသား စာရြက္မ်ားကို ေခါက္ၿပီး ယူလာၾကရန္ ညြန္ၾကားသည္။ အဲ့သည့္ေနာက္ ကေလးမ်ားအားလံုး “ကၽြန္ေတာ္၊ ကၽြန္မ မလုပ္ႏိုင္ေသာအရာမ်ား” ေရးမွတ္ထားသည့္ စာရြက္ေခါက္အသီးသီးကို ဆရာမအနီးရွိ ဖိနပ္ဘူးခြံထဲသို႔ ထည့္ၾကသည္။

ကေလးမ်ား၏ စာရြက္ေတြ စံုၿပီးသည့္ေနာက္ ဒြန္နာက သူမ၏မွတ္တမ္းစာအုပ္ကို ထည့္သည္။ ထို႔ေနာက္ ဘူးခြံကို အဖံုးပိတ္လိုက္ႀကီး ခ်ိဳင္းၾကားမွာ ညွပ္ကာ အခန္းအျပင္ဘက္ ထြက္လာသည္။ အျပင္ခန္းမအတိုင္း ေလွ်ာက္ထြက္သြားရာ တပည့္ေတြ သူ႔ေနာက္က တန္းစီ၍ လိုက္ၾကသည္။ ကၽြန္ေတာ္လည္း သူတို႔ေနာက္က။

ခန္းမဘကီးအလယ္ပိုင္းနားေလာက္တြင္ စတိုးခန္းရွိသည္။ ဒြန္နာက စတိုးခန္းထဲ၀င္ေရာက္ရွာေဖြၿပီး ေဂၚျပားတစ္လက္ႏွင့္ ျပန္ထြက္လာသည္။ ေဂၚျပားကို လက္တစ္ဖက္ကကိုင္၊ ဖိနပ္ဘူးကို ေနာက္တစ္ဖက္ကကိုင္ကာ တပည့္မ်ားကို ဦးေဆာင္လွ်က္ ေက်ာင္းကစားကြင္း၏ ဟိုအေ၀းဆံုး ေထာင့္ဘက္ဆီသို႔ ဒြန္နာ ခ်ီတက္သြားသည္။

အဲ့သည္နားမွာ သူတို႔တြင္းတူးၾကသည္။
လက္စသက္ေတာ့ သူတို႔မလုပ္ႏိုင္ေသာအရာမ်ားကို ေျမျမွဳပ္သၿဂိဳဟ္ရန္ စီမံေနၾကျခင္းပဲကိုး။

ကေလးတိုင္းလိုလို တစ္ခ်က္ေလာက္ေတာ့ ၀င္တူးခ်င္ၾကသျဖင့္ သူတို႔ကို အလွည့္ေပးေနရသည္ျဖစ္ရာ တြင္းတူးခ်ိန္ ဆယ္မိနစ္ေလာက္ ၾကာသြားသည္။ သံုးေပအေနာက္ေလာက္တြင္ တြင္းတူးရပ္သည္။ “ကၽြန္ေတာ္၊ ကၽြန္မ မလုပ္ႏိုင္ေသာအရာမ်ား” ကုိ တြင္းေအာက္ေျခမွာ ေနရာခ်ၿပီးေနာက္တြင္ အလ်င္အျမန္ ေျမျပန္ဖို႔ၾကသည္။

၁၀ႏွစ္၊ ၁၁ႏွစ္အရြယ္ ေက်ာင္းသား၊ ေက်ာင္းသူ သံုးဆယ့္တစ္ဦး လတ္လတ္ဆတ္ဆတ္ သခ်ိဳ ၤင္းေျမပံု နံေဘးမွာ ရပ္ေနၾကသည္။ သူတို႔အသီးသီး၏ စာတစ္မ်က္ႏွာ အျပည့္စီရွိသည့္ “မလုပ္ႏိုင္ေသာအရာ” ေတြသည္ ေျမႀကီးေအာက္ရွိ ဖိနပ္ဘူးတါင္ ေရာက္ရွိေနၿပီ။ သူတို႔သာမဟုတ္၊ ဆရာမ၏ မလုပ္ႏိုင္ေသာအရာမ်ားသည္လည္း အဲ့သည့္အထဲမွာ ပါသည္။ သည္အခ်ိန္တြင္ ဆရာမက ေၾကျငာသည္။ “သားတို႔၊ သမီးတို႔ ……. တစ္ေယာ္ကနဲ႔တစ္ေယာက္ လက္ခ်င္းခ်ိတ္ၾက၊ အားလံုး ဦးညြတ္ၾက”
ခ်က္ခ်င္းပင္ ကေလးမ်ားအားလံုး သခ်ိဳ ၤင္းေျမပံုကို ပတ္၀ုိင္းကာ လက္ခ်င္းခ်ိတ္တြဲလိုက္ၾကသည္။ သည္ေနာက္ ေခါင္းေတြငံု႕ကာ ဆရာမအသံကို နားစြင့္ေနၾကသည္။ ဆရာမ ဒြန္နာက ေသဆံုးသူအတြက္ ႏႈတ္ဆက္စကားေျပာၾကားသည္။

“မိတ္ေဆြမ်ား …. သည္ကေန႔ ကၽြႏ္ုပ္တို႔ဟာ ကၽြန္ေတာ္/ကၽြန္မ မလုပ္ႏိုင္ေသာအရာမ်ားအတြက္ ေနာက္ဆံုး ႏႈတ္ဆက္စကားဆိုဖို႔ စုေ၀းေရာက္ရွိေနၾကျခင္းျဖစ္ပါတယ္။ သူဟာ ဒီကမၻာေျမမွာ ကၽြႏ္ုပ္တို႔နဲ႔အတူ အသက္ထင္ရွားရွိစဥ္က ကၽြႏ္ုပ္တို႔ရဲ႕ဘ၀မ်ားအေပၚ ရိုက္ခတ္လႊမ္းမိုးမႈရွိခဲ့ပါတယ္။ တစ္ခ်ိဳ႕လူမ်ားအေပၚမွာဆိုရင္ ပိုလို႔ေတာင္ လႊမ္းမိုးမႈရွိခဲ့ပါတယ္။ သူရဲ႕အမည္နာမကို စာသင္ေက်ာင္းေတြ၊ ၿမိဳ႕ေတာ္ခန္းမေတြ၊ ျပည္နယ္လႊတ္ေတာ္ရံုးေတြသာမက သမၼတအိမ္ေတာ္ အပါအ၀င္ျဖစ္တဲ့ အမ်ားျပည္သူဆိုင္ရာ ေနရာဌာနတိုင္းမွာ ေျပာဆိုေနခဲ့ၾကရေၾကာင္း ၀မ္းနည္းစြာ ေျပာၾကားလိုပါတယ္။
ယခု သည္ကေန႔မွာေတာ့ ကၽြႏု္ပ္တို႔ဟာ ကၽြန္ေတာ္/ကၽြန္မ မလုပ္ႏိုင္ေသာအရာမ်ား အတြက္ ေနာက္ဆံုးလဲေလ်ာင္းရာ ေနရာကို သတ္မွတ္ေပးလိုက္ပါၿပီ။ သူအတြက္ ကမၸည္းေက်ာက္စာတိုင္တစ္တိုင္လည္း အဆင္သင့္ရွိေနပါၿပီ။ သူကြယ္လြန္သြားၿပီးတဲ့ေနာက္မွာ သူရဲ႕ ေမာင္၊ ညီ/ညီမ မ်ားျဖစ္တဲ့ “ကၽြန္ေတာ္/ကၽြန္မ လုပ္ႏိုင္ပါတယ္” “ကၽြန္ေတာ္/ကၽြန္မ လုပ္ပါ့မယ္” “အခုခ်က္ခ်င္း ကၽြန္ေတာ္/ကၽြန္မ ထလုပ္မယ္” တို႔ က်န္ရစ္ခဲ့ပါတယ္။ သူတို႔ကေတာ့ ကြယ္လြန္သူေလာက္ လူသိမမ်ား၊ မထင္ရွားၾကပါဘူး။ သူ႔ေလာက္လည္း တန္ခိုးစြမ္းအား မႀကီးမားၾကပါဘူး။ သို႔ေသာ္ တစ္ေန႔မွာေတာ့ သူတို႔ဟာ မိတ္ေဆြတို႔ရဲ႕အကူအညီနဲ႔ တန္ခိုးစြမ္းအား တက္လာပါလိမ့္မယ္။ သူတို႔ရဲ႕ ကြယ္လြန္သူ သားခ်င္းထက္ေတာင္ ပိုႀကီးက်ယ္ထင္ရွားတဲ့ လုပ္ရပ္ေတြ ဒီကမၻာေပၚမွာ ထင္ရွားျပသလာပါလိမ့္မယ္။
ကၽြန္ေတာ္ / ကၽြန္မမလုပ္ႏိုင္ေသာအရာမ်ားသည္ ထာ၀ရၿငိမ္းခ်မ္းစြာ နားေနအိပ္စက္ ႏိုင္ပါေစသည္း။ သူမရွိသည့္ေနာက္ လူအားတို႔ပင္ မိမိတို႔ဘ၀ကို မိမိတို႔ထူေထာင္ကာ ေရွ႕သို႔ တက္လွမ္းႏိုင္ၾကပါေစသတည္း။”

ထို႔ေနာက္ စ်ာပနအခမ္းအနားတြင္ ဆရာမဒြန္နာ ေျပာၾကားခဲ့သည့္စကားမ်ားကို နားေထာင္ရင္း သူမ၏တပည့္ ေက်ာင္းသူ/ေက်ာင္းသားေလးမ်ားအဖို႔ သည္ကေန႔ အေတြ႕အႀကံဳကို ဘယ္ေသာအခါမွ် ေမ့ေပ်ာက္ႏိုင္ၾကလိမ့္မည္မဟုတ္ဟု ကၽြန္ေတာ္ သေဘာေပါက္ေနခဲ့မိသည္။ ထိုေန႔က သူတို႔လုပ္ရပ္သည္ ဘ၀အတြက္ အလြန္တန္ဖိုးရွိသည့္ အနက္အဓိပၸာယ္ေတြ အမ်ားႀကီးပါေသာ သေကၤတ လုပ္ရပ္တစ္ခုျဖစ္သည္။ အဲ့သည္႔ေန႔ အေတြ႕အႀကံဳသည္ သူတို႔၏ သိစိတ္မွာေရာ မသိစိတ္ထဲမွာပါ ထာ၀ရ စြဲကပ္ ကိန္းေအာင္သြားမည့္ လက္ယာဦးေႏွာက္ျခမ္း အေတြ႕အႀကံဳ တစ္ရပ္ပင္ျဖစ္သည္။

မလုပ္ႏိုင္ေသာအရာမ်ားကို ေရးသားျခင္း၊ ၄င္းတို႔ကို ျမွဳပ္ႏွံသၿဂိဳ ၤဟ္ျခင္း၊ ကြယ္လြန္သူအတြက္ ႏႈတ္ဆက္စကားေျပာၾကားျခင္း စသည့္ လုပ္ရိုးလုပ္စဥ္မဟုတ္ေသာ အလုပ္မ်ားကို တမင္တကာ စီစဥ္လုပ္ကိုင္ရသည္မွာ ဆရာမတစ္ဦးအဖို႔ လြယ္ကူမည္မဟုတ္ပါ။ သို႔ေသာ္ ဒြန္နာကေတာ့ ထိုမွ်ႏွင့္ပင္ မေက်နပ္ေသး။ ႏႈတ္ဆက္စကားေျပာၾကားၿပီးသည့္ေနာက္တြင္ တပည့္မ်ားကို စာသင္ခန္းဘက္သို႔ ျပန္လည္ခ်ီတက္ေစညပီး စ်ာပနအထိမ္းအမွတ္ စားေသာက္ပြဲတစ္ရပ္ က်င္းပသည္။

“မလုပ္ႏိုင္ေသာအရာမ်ား” အထိမ္းအမွတ္ ကြတ္ကီး၊ ေျပာင္းဖူးေပါက္ေပါက္ႏွင့္ သစ္သီးေဖ်ာ္ရည္မ်ား သူတို႔စားေသာက္ၾကသည္။ အထိမ္းအမွတ္ပြဲ၏ အစီအစဥ္တစ္ရပ္အျဖစ္ ဒြန္နာက ကတ္ထူစကၠဴခ်ပ္ႀကီးတစ္ခုကို ျဖတ္ေတာက္ကာ ကမၸည္းေက်ာက္စာတိုင္တစ္ခု ျပဳလုပ္သည္။ “ကၽြန္ေတာ္/ကၽြန္မ မလုပ္ႏို္ငေသာအရာမ်ား” ဟူေသာ နာမည္စာလံုးကို စာခ်ပ္အထက္ပိုင္းတြင္ေရးၿပီး ကြယ္လြန္ေသာ ေန႔ရက္ကို ေအာက္တြင္ ေရးထိုးသည္။

စကၠဴကမၸည္းေက်ာက္စာတိုင္ကို ဒြန္နာ၏ စာသင္ခန္းတြင္း ထိုႏွစ္တစ္ႏွစ္လံုး ဆက္လက္ခ်ိတ္ဆြဲထားသည္။ ရွားရွားပါးပါး တစ္ခါတစ္ရံ ေကာ္ငးသားတစ္ေယာက္တစ္ေလက ကၽြန္ေတာ္/ကၽြန္မ မလုပ္ႏိုင္ပါဟူေသာ စကားကို ေယာင္မွားေျပာဆိုမိပါက ဒြန္နာက အဆိုပါသခ်ိဳ ၤင္းေက်ာက္စာကို လွမ္း၍ညႊန္ျပေလ့ရွသ္ည။ သည္အခါ တပည့္ျဖစ္သူလည္း မလုပ္ႏိုင္ေသာ အရာမ်ား ေသဆံုးသြားခဲ့ၿပီဟူသည္ကို ခ်က္ခ်င္း ျပန္လည္အမွတ္ရကျ မိမိ၏စကားကို ျပန္ျပင္မိရၿမဲျဖစ္သည္။
ကၽြန္ေတာ္ကား ဒြန္နာ၏ တပည့္တစ္ဦးမဟုတ္ပါ။ သူမသာလွ်င္ ကၽြန္ေတာ္၏တပည့္ျဖစ္ခဲ့ဖူးပါသည္။ သို႔ေသာ္ ထို႔ေန႔ကမူ တစ္သက္မေမ့ႏိုင္သည့္ သင္ခန္းစာတစ္ခုကို သူမထံမွ ကၽြန္ေတာ္ရရွိခဲ့ပါသည္။
ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးသည့္ သည္ကေန႔ကာလတိုင္ေအာင္ပင္ “မလုပ္ႏိုင္ပါ” ဆိုေသာ စကား တစ္ခြန္းၾကားမိတို္ငး စတုတၳတန္းေက်ာင္းသား/ေက်ာင္းသူ်ား၏ စ်ာပနအခမ္းအနားကို ကၽြန္ေတာျပန္လည္ျမင္ေယာင္မိရၿမဲျဖစ္သည္။ ထိုကေလးမ်ားနည္းတူပင္ “မလုပ္ႏိုင္ေသာအရာမ်ား” ေသဆံုးခဲ့ၿပီးၿပီဆိုသည္ကို ကၽြန္ေတာ္ အမွတ္ရေနမိပါသည္။

(မူရင္း ။ ။ Chick Moorman ၏ Rest In Peace : “I Can’t Funeral) (ေဖျမင့္ ဘာသာျပန္သည္။)

Read times
Rate this articles
(0 votes)