×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 26 June 2020

နောက်ဆုံးလူ

နောက်ဆုံးလူ
*********
ဒီနေ့အတွက်တော့ ပေါ့ပေါ့ပါးပါး ပုံပြင်လေးတစ်ပုဒ်ကို လေ့လာကြရအောင်။
********

ဟိုးရှေးရှေးတုန်းကပေါ့ အိန္ဒိယ နိုင်ငံရဲ့ နယ်လေးတစ်နယ်မှာ လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။ တနေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်း ရုတ်တရက် မိုးတွေအုံ့လာပြီးတော့ လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော။

မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်းတိုက် လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့ လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက သစ်ပင်ကြီး တစ်ပင်ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။

အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေတာကို လယ်သမား ငါးယောက်စလုံးက သတိထားမိလိုက်ကြတယ်။ အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့ ခဏတိုင်း အနီးကပ် လျှပ်စီးလျှက်နေတာပါ။

ဒီလိုဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာ ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ်ဆိုတာ လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့်အော်ဟစ်ပြီးတော့ ငိုတဲ့သူငို ဘုရားစာရွတ်တဲ့လူက ဘုရားစာရွတ်နဲ့ ဆူညံနေကြတာပေါ့ ။

အဲဒီအချိန်သူတို့ ငါးယောက်ထဲမှာ အသက်လည်းကြီးပြီး ဝါအရရော သမ္ဘာအရရော အတွေ့အကြုံအရပါ အားလုံးထက်မြင့်တဲ့ လယ်သမားတစ်ယောက်က ဒီအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်လိုက်တယ်။

ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်း ပစ်ပြီးလောက်ပြီ။ လူတွေကို ပစ်ချင်ရင်လည်း ပစ်ပြီးလောက်ပြီ။ ဘာဖြစ်လို့ အခုထိ မပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို လျှပ်စီးလက်နေရတာလဲ။ ငါတို့ ငါးယောက်ထဲက တစ်ယောက်ယောက်ကိုများ ရွေးပြီး ပစ်ချင်နေတာများလား။ အကုသိုလ်ကောင် တစ်ကောင်ကောင်တော့ ငါတို့ထဲမှာပါနေပြီ။ တော်ကြာ အဲဒီကောင်ကို ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါ ရောပြီး သေရလိမ့်မယ်။

မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းနေနေလို့တော့ မဖြစ်ဘူး ။အကုသိုလ်ကောင်ကို အမြန်ရှင်းထုတ်မှ ရတော့မယ်ဆိုပြီး လယ်သမားကြီးက ကျန်တဲ့လေးယောက်ကို အခုလို ပြောပါတယ်။

ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာ တစ်ယောက်ယောက်ကိုတော့ မိုးကြိုးပစ်တော့မယ်ဆိုတာ သေချာနေပြီ။ ငါတို့ ငါးယောက်လုံး ဒီလိုအတူတူ ရှိနေမယ်ဆိုရင် ငါးယောက်လုံး သေသွားနိုင်တယ်။ အဲဒီတော့ အလှည့်ကျ အနေနဲ့ တစ်ယောက်ချင်း ဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့ သစ်ပင်ငယ်လေး ရှိတဲ့အထိ ပြေးသွားရမယ်။ မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့ ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုးထိမှန်မယ်။

အေး မိုးကြိုး အပစ်မခံရဘူးဆိုရင်တော့ ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့အောက်ကို ပြန်လာပေါ့။ ကဲ ဘယ့်နဲ့လဲဟေ့ အားလုံး သဘောတူကြရဲ့လား ဆိုတော့ ငါးယောက်လုံးက သဘောတူကြတယ်။
ပထမဆုံးအနေနဲ့ အသက်အကြီးဆုံးဖြစ်တဲ့ လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ်။ သစ်ပင်ငယ်နားရောက်ပြီး မိုးကြိုး အပစ်မခံရတော့ အရမ်းဝမ်းသာသွားတာပေါ့။ ဟေး မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး ငါ သူတို့ဆီကို ပြန်သွားလို့ရပြီ ဆိုပြီးတော့ သစ်ပင်ကြီးရှိတဲ့ဆီကို ပြန်ပြေးလာတယ်။

နောက်တစ်ယောက် အလှည့်အနေနဲ့ ဒုတိယလူက ထွက်ပြေးတယ်။ ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုး အပစ်မခံရဘဲ ပြန်လှည့်လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၎င်း ဘာမှမဖြစ်သွားဘူး။ စတုတ္ထလူလည်း သူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့ နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ပဲ မိုးကြိုး အပစ်ခံရမယ့်လူဆိုတာ သေချာပြီပေါ့။

အဲဒီတော့ နောက်ဆုံးလူက အင်မတန်အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ ထွက်ပြေးဖို့ မလုပ်ရဲတော့ဘူး။ ငိုယိုပြီး အားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် မသွားရဲဘူး ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ် ကျွန်တော့်ကို ကယ်ကြပါဆိုပြီး ငိုငိုယိုယိုနဲ့ သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်။

လျှပ်စီးလျှက်တာကလည်း သစ်ပင်ကြီးရဲ့ အနားနား ဆက်တိုက်ဆက်တိုက် နီးနီးကပ်ကပ်နဲ့ ပိုပိုပြီးတော့ မြန်သထက်မြန်လာတော့ အားလုံးရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်လာကြပါတယ်။ ဒါကြောင့်ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့ မရတော့ဘူး အားလုံး သေကုန်လိမ့်မယ် ဒီအကုသိုလ်ကောင်ကြီးကို မြန်မြန်ထုတ်မှရတော့မယ် မဟုတ်ရင် အားလုံးသေရလိမ့်မယ်။ ဒီကောင့်ကို ဆွဲထုတ်ကြရအောင်ဆိုပြီး ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့ ကြိုးစားလာကြတော့ တစ်ယောက်ထဲအားက ဘယ်ခံနိုင်ပါ့မလဲ။ နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူး သေရင်လည်း သေပါစေတော့ ငါ ထွက်ပြေးပါတော့မယ်ဆိုပြီး ပြေးပါတော့တယ်။

သူလည်းထွက်ပြေးပြီး လမ်းတစ်ဝက်လောက်လည်း ရောက်ရော အုံးခနဲ ဂျိန်းခနဲ မိုးကြိုးပစ်ချပါတော့တယ်။ ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံးထွက်ပြေးနေတဲ့လူကို ပစ်တာမဟုတ်ဘဲ သစ်ပင်ကြီးရဲ့အောက်မှာ ကျန်ခဲ့တဲ့ လူလေးယောက်လုံးကို ပစ်ချလိုက်တာဖြစ်တယ်။

ဒါကြောင့် လေးယောက်လုံး တစ်ပြိုင်တည်းသေကုန်ကြတယ်။ သေရမယ့်ကံက နောက်ဆုံးလူမှာ မပါဘူး။ စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲ သေရမယ် ထင်နေကြတာ။ တကယ်တော့ နောက်ဆုံးလူက သူတို့ကို ကယ်နေတာ ဖြစ်နေတယ်။

နောက်ဆုံးလူက သူတို့နဲ့ အတူတကွရှိနေလို့သာ သူတို့တွေကို မိုးကြိုးက မပစ်ခဲ့တာ။ နောက်ဆုံးလူကသာ ကံအထူးဆုံးလူ ဖြစ်နေခဲ့တာ။ သူ့ကံအရှိန်နဲ့ ကျန်တဲ့ လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာ။ ပုံပြင်လေးကတော့ ဒါပါပဲ။

တခါတလေကျရင် ငါရှိနေလို့သာ သူတို့တွေ အဆင်ပြေနေကြတာ ဆိုတာထက် သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာ ဆိုတာကိုလည်း မမေ့စေချင်ပါဘူး။
Credit. Zaya Ditha via Khine Min

 

 

ေနာက္ဆံုးလူ
*********
ဒီေန႔အတြက္ေတာ့ ေပါ့ေပါ့ပါးပါး ပံုျပင္ေလးတစ္ပုဒ္ကို ေလ့လာၾကရေအာင္။
********

ဟိုးေရွးေရွးတုန္းကေပါ့ အိႏၵိယ ႏိုင္ငံရဲ႕ နယ္ေလးတစ္နယ္မွာ လယ္နီးနားခ်င္း လယ္သမား ငါးေယာက္ ရွိတယ္။ တေန႔ေတာ့ သူတို႔ငါးေယာက္ လယ္ထြန္ေနၾကတုန္း ရုတ္တရက္ မိုးေတြအံု႔လာၿပီးေတာ့ ေလေရာမိုးပါ ခပ္ၾကမ္းၾကမ္း ရြာခ်ပါေလေရာ။

မိုးကလည္း သည္းႀကီးမဲႀကီးရြာ ေလျပင္းေတြကလည္းတိုက္ လၽွပ္စီးေတြလည္း တအုံးအုံး တဂ်ိန္းဂ်ိန္းနဲ႔ဆိုေတာ့ လယ္သမား ငါးေယာက္စလုံးဟာ အနီးအနားက သစ္ပင္ႀကီး တစ္ပင္ရဲ႕ေအာက္ထဲ ေျပးသြားၿပီး မိုးခိုၾကတယ္။

အဲဒီလို မိုးခိုေနၾကတုန္း ထူးဆန္းတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ေနတာကို လယ္သမား ငါးေယာက္စလံုးက သတိထားမိလိုက္ၾကတယ္။ အဲဒါက ဘာလဲဆိုေတာ့ လွ်ပ္စီးေတြဟာ သစ္ပင္ႀကီးကို မိုးႀကိဳးပစ္ေတာ့မယ့္ ပုံစံနဲ႔ ခဏတိုင္း အနီးကပ္ လၽွပ္စီးလွ်က္ေနတာပါ။

ဒီလိုျဖစ္ေနတာဟာ သစ္ပင္ႀကီးရဲ႕ေအာက္မွာ ရွိေနတဲ့ လူေတြကို မိုးႀကိဳးပစ္ေတာ့မယ္ဆိုတာ လယ္သမားေတြက အလိုလို သေဘာေပါက္လိုက္ၾကတယ္။ ဒါေၾကာင့္ စိုးရိမ္စိတ္ေတြနဲ႔ ေၾကာက္လန္႔ေအာ္ဟစ္ၿပီးေတာ့ ငိုတဲ့သူငို ဘုရားစာ႐ြတ္တဲ့လူက ဘုရားစာ႐ြတ္နဲ႔ ဆူညံေနၾကတာေပါ့ ။

အဲဒီအခ်ိန္သူတို႔ ငါးေယာက္ထဲမွာ အသက္လည္းႀကီးၿပီး ဝါအရေရာ သမၻာအရေရာ အေတြ႕အၾကံဳအရပါ အားလုံးထက္ျမင့္တဲ့ လယ္သမားတစ္ေယာက္က ဒီအျဖစ္အပ်က္ကို ေသခ်ာစဥ္းစားၾကည့္လိုက္တယ္။

ဒီမိုးႀကိဳးဟာ သစ္ပင္ႀကီးကို ပစ္ခ်င္ေနရင္လည္း ပစ္ၿပီးေလာက္ၿပီ။ လူေတြကို ပစ္ခ်င္ရင္လည္း ပစ္ၿပီးေလာက္ၿပီ။ ဘာျဖစ္လို႔ အခုထိ မပစ္ႏိုင္ဘဲ ခဏတိုင္း ဒီသစ္ပင္နားကို လၽွပ္စီးလက္ေနရတာလဲ။ ငါတို႔ ငါးေယာက္ထဲက တစ္ေယာက္ေယာက္ကိုမ်ား ေရြးၿပီး ပစ္ခ်င္ေနတာမ်ားလား။ အကုသိုလ္ေကာင္ တစ္ေကာင္ေကာင္ေတာ့ ငါတို႔ထဲမွာပါေနၿပီ။ ေတာ္ၾကာ အဲဒီေကာင္ကို ပစ္ခ်လိုက္ရင္ မဆိုင္တဲ့ ေလးေယာက္ပါ ေရာၿပီး ေသရလိမ့္မယ္။

မျဖစ္ဘူး မျဖစ္ဘူး ဒီအတိုင္းေနေနလို႔ေတာ့ မျဖစ္ဘူး ။အကုသိုလ္ေကာင္ကို အျမန္ရွင္းထုတ္မွ ရေတာ့မယ္ဆိုၿပီး လယ္သမားႀကီးက က်န္တဲ့ေလးေယာက္ကို အခုလို ေျပာပါတယ္။

ကဲ မိတ္ေဆြတို႔ ငါတို႔ ငါးေယာက္ထဲမွာ တစ္ေယာက္ေယာက္ကိုေတာ့ မိုးႀကိဳးပစ္ေတာ့မယ္ဆိုတာ ေသခ်ာေနၿပီ။ ငါတို႔ ငါးေယာက္လံုး ဒီလိုအတူတူ ရွိေနမယ္ဆိုရင္ ငါးေယာက္လံုး ေသသြားႏိုင္တယ္။ အဲဒီေတာ့ အလွည့္က် အေနနဲ႔ တစ္ေယာက္ခ်င္း ဒီသစ္ပင္ကေန ဟိုး အေရွ႕မွာ ျမင္ေနရတဲ့ သစ္ပင္ငယ္ေလး ရွိတဲ့အထိ ေျပးသြားရမယ္။ မိုးႀကိဳး ပစ္ခံရမယ့္လူ ျဖစ္ေနခဲ့ရင္ေတာ့ ေျပးေနရင္း လမ္းခုလပ္မွာပဲ မိုးႀကိဳးထိမွန္မယ္။

ေအး မိုးႀကိဳး အပစ္မခံရဘူးဆိုရင္ေတာ့ ငါတို႔ရွိတဲ့ ဒီသစ္ပင္ႀကီးရဲ႕ေအာက္ကို ျပန္လာေပါ့။ ကဲ ဘယ့္နဲ႔လဲေဟ့ အားလံုး သေဘာတူၾကရဲ႕လား ဆိုေတာ့ ငါးေယာက္လံုးက သေဘာတူၾကတယ္။
ပထမဆံုးအေနနဲ႔ အသက္အႀကီးဆံုးျဖစ္တဲ့ လယ္သမားႀကီးက စၿပီးေတာ့ ထြက္ေျပးတယ္။ သစ္ပင္ငယ္နားေရာက္ၿပီး မိုးႀကိဳး အပစ္မခံရေတာ့ အရမ္းဝမ္းသာသြားတာေပါ့။ ေဟး မိုးႀကိဳးက ငါ့ကို ပစ္ခ်င္တာ မဟုတ္ဘူး ငါ သူတို႔ဆီကို ျပန္သြားလို႔ရၿပီ ဆိုၿပီးေတာ့ သစ္ပင္ႀကီးရွိတဲ့ဆီကို ျပန္ေျပးလာတယ္။

ေနာက္တစ္ေယာက္ အလွည့္အေနနဲ႔ ဒုတိယလူက ထြက္ေျပးတယ္။ ဒုတိယလူလည္း ပထမလူလိုပဲ မိုးႀကိဳး အပစ္မခံရဘဲ ျပန္လွည့္လာႏိုင္ခဲ့တယ္။ ဒီလိုနဲ႔ တတိယလူလည္း ထိုနည္း၄င္း ဘာမွမျဖစ္သြားဘူး။ စတုတၳလူလည္း သူတို႔လိုပဲ ဘာမွမျဖစ္ဘဲ ျပန္လာႏိုင္ခဲ့ေတာ့ ေနာက္ဆံုးက်န္တဲ့ လူတစ္ေယာက္ပဲ မိုးႀကိဳး အပစ္ခံရမယ့္လူဆိုတာ ေသခ်ာၿပီေပါ့။

အဲဒီေတာ့ ေနာက္ဆံုးလူက အင္မတန္အေၾကာက္လြန္ၿပီး သစ္ပင္ႀကီးကေန ထြက္ေျပးဖို႔ မလုပ္ရဲေတာ့ဘူး။ ငိုယိုၿပီး အားလံုးကို ေတာင္းပန္ပါတယ္။ ကၽြန္ေတာ္ မသြားရဲဘူး ကၽြန္ေတာ့္ကို မိုးႀကိဳးပစ္ေတာ့မယ္ ကၽြန္ေတာ့္ကို ကယ္ၾကပါဆိုၿပီး ငိုငိုယိုယိုနဲ႔ သစ္ပင္ႀကီးကို ဖက္တြယ္ၿပီး ထြက္ေျပးဖို႔ ျငင္းဆန္ေနတယ္။

လၽွပ္စီးလွ်က္တာကလည္း သစ္ပင္ႀကီးရဲ႕ အနားနား ဆက္တိုက္ဆက္တိုက္ နီးနီးကပ္ကပ္နဲ ႔ ပိုပိုၿပီးေတာ့ ျမန္သထက္ျမန္လာေတာ့ အားလံုးရဲ႕ စိုးရိမ္စိတ္ေတြက ျမင့္တက္လာၾကပါတယ္။ ဒါေၾကာင့္ငါတို႔ေတြ ဒီအတိုင္း အခ်ိန္ဆြဲေနလို႔ မရေတာ့ဘူး အားလံုး ေသကုန္လိမ့္မယ္ ဒီအကုသိုလ္ေကာင္ႀကီးကို ျမန္ျမန္ထုတ္မွရေတာ့မယ္ မဟုတ္ရင္ အားလုံးေသရလိမ့္မယ္။ ဒီေကာင့္ကို ဆြဲထုတ္ၾကရေအာင္ဆိုၿပီး ဆြဲထုတ္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။

လူေလးေယာက္အားနဲ႔ ဆြဲထုတ္ဖို႔ ႀကိဳးစားလာၾကေတာ့ တစ္ေယာက္ထဲအားက ဘယ္ခံႏိုင္ပါ့မလဲ။ ေနာက္ဆုံးေတာ့ ကဲ မတတ္ႏိုင္ေတာ့ဘူး ေသရင္လည္း ေသပါေစေတာ့ ငါ ထြက္ေျပးပါေတာ့မယ္ဆိုၿပီး ေျပးပါေတာ့တယ္။

သူလည္းထြက္ေျပးၿပီး လမ္းတစ္ဝက္ေလာက္လည္း ေရာက္ေရာ အံုးခနဲ ဂ်ိန္းခနဲ မိုးႀကိဳးပစ္ခ်ပါေတာ့တယ္။ ထူးဆန္းတာက မိုးႀကိဳးဟာ ေနာက္ဆုံးထြက္ေျပးေနတဲ့လူကို ပစ္တာမဟုတ္ဘဲ သစ္ပင္ႀကီးရဲ႕ေအာက္မွာ က်န္ခဲ့တဲ့ လူေလးေယာက္လုံးကို ပစ္ခ်လိုက္တာျဖစ္တယ္။

ဒါေၾကာင့္ ေလးေယာက္လံုး တစ္ၿပိဳင္တည္းေသကုန္ၾကတယ္။ ေသရမယ့္ကံက ေနာက္ဆုံးလူမွာ မပါဘူး။ စဥ္းစားၾကည့္ရင္ အားလုံးက ေနာက္ဆုံးလူပဲ ေသရမယ္ ထင္ေနၾကတာ။ တကယ္ေတာ့ ေနာက္ဆုံးလူက သူတို႔ကို ကယ္ေနတာ ျဖစ္ေနတယ္။

ေနာက္ဆံုးလူက သူတို႔နဲ႔ အတူတကြရွိေနလို႔သာ သူတို႔ေတြကို မိုးႀကိဳးက မပစ္ခဲ့တာ။ ေနာက္ဆုံးလူကသာ ကံအထူးဆုံးလူ ျဖစ္ေနခဲ့တာ။ သူ႔ကံအရွိန္နဲ႔ က်န္တဲ့ ေလးေယာက္က ေသေဘးကေန လြတ္ေနခဲ့တာ။ ပုံျပင္ေလးကေတာ့ ဒါပါပဲ။

တခါတေလက်ရင္ ငါရွိေနလို႔သာ သူတို႔ေတြ အဆင္ေျပေနၾကတာ ဆိုတာထက္ သူတို႔ေတြ ရွိေနလို႔သာ ငါအဆင္ေျပေနတာ ဆိုတာကိုလည္း မေမ့ေစခ်င္ပါဘူး။
Credit. Zaya Ditha via Khine Min

Read times
Rate this articles
(2 votes)