×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Friday, 15 September 2017

သင္က ေၾကာက္တတ္တဲ့သူ တစ္ေယာက္လား ? ? ?

သင္က ေၾကာက္တတ္တဲ့သူ တစ္ေယာက္လား ? ? ? google.com

အေၾကာက္တရားဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ခံစားခ်က္မ်ိဳးစံု ရွိပါတယ္။ ေၾကာက္တာျခင္းတူေပမယ့္ ေၾကာက္တဲ့အရာျခင္းေတာ့ မတူပါဘူး။ တခ်ိဳ႕က သရဲေၾကာက္တတ္တယ္၊

တခ်ိဳ႕က လူေၾကာက္တတ္တယ္၊ တခ်ိဳ႕က အျမင့္ေၾကာက္တတ္တယ္၊ တခ်ိဳ႕က ေရေၾကာက္တယ္၊ တခ်ိဳ႕က ေသရမွာ ေၾကာက္တယ္…မ်ိဳးစံုပါပဲ။

ေလာကမွာ ေၾကာက္စရာအေကာင္းဆံုးက ေၾကာက္တတ္တဲ့စိတ္ပဲ။ ေပ်ာ္ေနတဲ့အခ်ိန္မွာ ေၾကာက္တတ္တဲ့စိတ္ရွိလား…ဘယ္ရွိမလဲ သူဝင္စရာေနရာမွ မရွိတာ။ လူေတြအမ်ားၾကီး ရွိတဲ့အခ်ိန္ မီးပ်က္သြားတယ္ အားလံုးေမွာင္သြားတယ္ သင္ေၾကာက္မလား။ တစ္ေယာက္ထဲရွိတဲ့အခ်ိန္ဆိုရင္ေရာ ေၾကာက္တာေပ့ါ။ အမွန္တကယ္ မီးပ်က္သြားေတာ့ သင္ေၾကာက္ေနတာေတြ တကယ္ျဖစ္သြားသလား။ ဘာမွ မျဖစ္ဘူးေလ ကိုယ့္ဘာသာကိုယ္ ေၾကာက္ေနတာ။

ေၾကာက္တဲ့စိတ္ ဘယ္ကျဖစ္လာသလဲ။ ပတ္ဝန္းက်င္ရဲ႕ လွံဳ႕ေဆာ္မွဳတစ္ခုခုေၾကာင့္ ျဖစ္လာရတာပါ။ ဘယ္သူမွေတာ့ အလကားေနရင္း ေၾကာက္မေနပါဘူး။ သရဲေၾကာက္တယ္ဆိုရင္လည္း သရဲကားၾကည့္လို႔ ေၾကာက္တယ္။ လူေၾကာက္တတ္တဲ့သူေတြဆိုရင္လည္း ငယ္ငယ္ကတည္းက လူေတာထဲမတိုးဘူးတဲ့ သူေတြ ငယ္ငယ္ကတည္းက ဖိနွိပ္ခံရတဲ့သူေတြ ၊ တျခားေခါင္းစဥ္ေအာက္က ေၾကာက္တတ္တဲ့သူေတြ ဆိုရင္လည္း သူတို႔မွာ အဲ့ဒီအေၾကာင္းအရာနဲ႔ပက္သက္တဲ့ ဆိုက္ကို ခံစားမွဳတစ္ခုခု ရွိေနလို႔ဆိုတာ ေသခ်ာသေလာက္ပါပဲ။

RECOMMENDED FOR YOU - အခ်ိန္ေတြကို ျဖဳန္းတီးေနတာ သင္

လူေတြက အျပင္မွာတကယ္ျဖစ္မလာနိုင္တဲ့ ၈၀ ရာခိုင္ႏွဳန္းေလာက္ကို ေၾကာက္လန္႔ေနတတ္ၾကတယ္။ တခါတေလ မျဖစ္နိုင္တာေတြ ေၾကာက္လန္႔ေနရင္း အက်ိဳးမရွိတဲ့ အေၾကာက္တရားေတြကို စိတ္ထဲမွာ ေမြးျမဴထားျပီး ကိုယ့္ကိုယ္ကို အေၾကာက္တရားဆိုတဲ့ ဝဲဂယက္ထဲ ႏွစ္မွန္းမသိ ႏွစ္ေနတတ္ၾကတယ္။

ေၾကာက္တတ္တဲ့စိတ္မ်ား ေနမယ္ဆိုရင္ သင္က တျခားလူေတြထက္ တစ္ပန္းရွံဳးေနပါျပီ။ တနည္းေျပာရရင္ ကို္ယ့္ကိုယ္ကို ယံုၾကည္မွဳ ေလ်ာ့နည္းတာလို႕လည္း ေျပာလို႕ရပါတယ္။ စီးပြါးေရးနယ္ပယ္မွာ ဆိုရင္လည္း လုပ္ငန္းတခုစေတာ့မယ္ ဘာမွမလုပ္ရေသးဘူး မေအာင္ျမင္မွာ ေၾကာက္တယ္ အားလံုးဆံုးရွံုးသြားမွာကို ေၾကာက္တယ္။ Relationship တစ္ခုမွာဆိုရင္လည္း ကိုယ့္ကို ထားသြားမွာ ေၾကာက္တယ္။ ဒီလိုမ်ိဳး အက်ိဳးမရွိတာေတြကို ေၾကာက္ေနရင္းနဲ႕ ကြ်ႏ္ုပ္တို႔ဘဝ အက်ိဳးမရွိဘဲ ေသသြားမွာကိုေကာ မေၾကာက္ဘူးလား…။

RECOMMENDED FOR YOU - ဘာမွ မလုပ္ခ်င္ေတာ့တဲ့အခါ

ဒါျဖင့္ ဒီအေၾကာက္တရားၾကီးကို ဘယ္လိုတြန္းလွန္ၾကမလဲ။ ကိုယ္ေၾကာက္ေနတဲ့အရာတစ္ခုကို ေသခ်ာစဥ္းစားလိုက္ပါ ဘာေၾကာင့္ေၾကာက္ေနရတာလဲ လူေတာထဲမွာ စကားေျပာရတာ ေၾကာက္တယ္ဆုိရင္ ဘာေၾကာင့္ေၾကာက္တာလဲ ကိုယ့္ကိုယ္ကို ယံုၾကည္မွဳမရွိလို႔လား။ ကိုယ္ေျပာရမယ့္ အေၾကာင္းအရာကို ေသခ်ာမသိလို႔လား။ ဒါေတြကို တခုျခင္းခ်ေရးျပီး အေျဖရွာပါ။

ကိုယ္စီ အေၾကာက္တရားမ်ားမွ ရုန္းထြက္နိုင္ျပီး လွပတဲ့ ေလာကအလွကို ခံစားနိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း…

Minsayar

မိမိတို႔ သင္ၾကားလိုသည့္ ဘာသာရပ္မ်ားစြာကို အလြယ္တကူ ရွာေဖြလိုပါက ဒီ Link မွာ ရွိေသာ ဆရာမ်ားနဲ႕ တုိက္ရုိက္ ဆက္သြယ္ႏိုင္ပါတယ္။

Unicode

အကြောက်တရားဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခံစားချက်မျိုးစုံ ရှိပါတယ်။ ကြောက်တာခြင်းတူပေမယ့် ကြောက်တဲ့အရာခြင်းတော့ မတူပါဘူး။ တချို့က သရဲကြောက်တတ်တယ်၊ တချို့က လူကြောက်တတ်တယ်၊ တချို့က အမြင့်ကြောက်တတ်တယ်၊ တချို့က ရေကြောက်တယ်၊ တချို့က သေရမှာ ကြောက်တယ်…မျိုးစုံပါပဲ။
လောကမှာ ကြောက်စရာအကောင်းဆုံးက ကြောက်တတ်တဲ့စိတ်ပဲ။ ပျော်နေတဲ့အချိန်မှာ ကြောက်တတ်တဲ့စိတ်ရှိလား…ဘယ်ရှိမလဲ သူဝင်စရာနေရာမှ မရှိတာ။ လူတွေအများကြီး ရှိတဲ့အချိန် မီးပျက်သွားတယ် အားလုံးမှောင်သွားတယ် သင်ကြောက်မလား။ တစ်ယောက်ထဲရှိတဲ့အချိန်ဆိုရင်ရော ကြောက်တာပေ့ါ။ အမှန်တကယ် မီးပျက်သွားတော့ သင်ကြောက်နေတာတွေ တကယ်ဖြစ်သွားသလား။ ဘာမှ မဖြစ်ဘူးလေ ကိုယ့်ဘာသာကိုယ် ကြောက်နေတာ။
ကြောက်တဲ့စိတ် ဘယ်ကဖြစ်လာသလဲ။ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတစ်ခုခုကြောင့် ဖြစ်လာရတာပါ။ ဘယ်သူမှတော့ အလကားနေရင်း ကြောက်မနေပါဘူး။ သရဲကြောက်တယ်ဆိုရင်လည်း သရဲကားကြည့်လို့ ကြောက်တယ်။ လူကြောက်တတ်တဲ့သူတွေဆိုရင်လည်း ငယ်ငယ်ကတည်းက လူတောထဲမတိုးဘူးတဲ့ သူတွေ ငယ်ငယ်ကတည်းက ဖိနှိပ်ခံရတဲ့သူတွေ ၊ တခြားခေါင်းစဉ်အောက်က ကြောက်တတ်တဲ့သူတွေ ဆိုရင်လည်း သူတို့မှာ အဲ့ဒီအကြောင်းအရာနဲ့ပက်သက်တဲ့ ဆိုက်ကို ခံစားမှုတစ်ခုခု ရှိနေလို့ဆိုတာ သေချာသလောက်ပါပဲ။

RECOMMENDED FOR YOU - အချိန်တွေကို ဖြုန်းတီးနေတာ သင်
လူတွေက အပြင်မှာတကယ်ဖြစ်မလာနိုင်တဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ကြောက်လန့်နေတတ်ကြတယ်။ တခါတလေ မဖြစ်နိုင်တာတွေ ကြောက်လန့်နေရင်း အကျိုးမရှိတဲ့ အကြောက်တရားတွေကို စိတ်ထဲမှာ မွေးမြူထားပြီး ကိုယ့်ကိုယ်ကို အကြောက်တရားဆိုတဲ့ ဝဲဂယက်ထဲ နှစ်မှန်းမသိ နှစ်နေတတ်ကြတယ်။
ကြောက်တတ်တဲ့စိတ်များ နေမယ်ဆိုရင် သင်က တခြားလူတွေထက် တစ်ပန်းရှံုးနေပါပြီ။ တနည်းပြောရရင် ကို်ယ့်ကိုယ်ကို ယုံကြည်မှု လျော့နည်းတာလို့လည်း ပြောလို့ရပါတယ်။ စီးပွါးရေးနယ်ပယ်မှာ ဆိုရင်လည်း လုပ်ငန်းတခုစတော့မယ် ဘာမှမလုပ်ရသေးဘူး မအောင်မြင်မှာ ကြောက်တယ် အားလုံးဆုံးရှံုးသွားမှာကို ကြောက်တယ်။ Relationship တစ်ခုမှာဆိုရင်လည်း ကိုယ့်ကို ထားသွားမှာ ကြောက်တယ်။ ဒီလိုမျိုး အကျိုးမရှိတာတွေကို ကြောက်နေရင်းနဲ့ ကျွန်ုပ်တို့ဘဝ အကျိုးမရှိဘဲ သေသွားမှာကိုကော မကြောက်ဘူးလား…။

RECOMMENDED FOR YOU - ဘာမှ မလုပ်ချင်တော့တဲ့အခါ
ဒါဖြင့် ဒီအကြောက်တရားကြီးကို ဘယ်လိုတွန်းလှန်ကြမလဲ။ ကိုယ်ကြောက်နေတဲ့အရာတစ်ခုကို သေချာစဉ်းစားလိုက်ပါ ဘာကြောင့်ကြောက်နေရတာလဲ လူတောထဲမှာ စကားပြောရတာ ကြောက်တယ်ဆိုရင် ဘာကြောင့်ကြောက်တာလဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့လား။ ကိုယ်ပြောရမယ့် အကြောင်းအရာကို သေချာမသိလို့လား။ ဒါတွေကို တခုခြင်းချရေးပြီး အဖြေရှာပါ။


ကိုယ်စီ အကြောက်တရားများမှ ရုန်းထွက်နိုင်ပြီး လှပတဲ့ လောကအလှကို ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

Minsayar

Read times Last modified on Friday, 27 December 2019 15:56
Rate this articles
(3 votes)