×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 21 July 2020

လေ့လာမှတ်သားစရာ မြန်မာဘန်းစကားများ

လေ့လာမှတ်သားစရာ မြန်မာဘန်းစကားများ

မြန်မာဘန်းစကားများရဲ့ဆိုလိုရင်းများကို လေ့လာမှတ်သားနိုင်စေဖို့ရန်ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်

 

ကညာစစ်သည် (နှေးကွေးလေးလံစွာပြုခြင်း)
အပျိုစင်မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍ မရဲတရဲ မဝံံ့တဝံ့နှင့် ရှက်စနိုးအမူအရာဖြင့် နှေးကွေးဇာချဲ့၍ ပြုမူလှုပ်ရှားတတ်ကြသည်ဖြစ်ရာ တစ်စုံတစ်ရာနှေးကွေးလေးလံစွာ ကနွဲ့ကလျ လှုပ်ရှားဆောင်ရွက်နေသူအား အပျိုကလေးတစ်ယောက်ကဲ့သို့ပြုလုပ်နေလေရော့သလားဟု အပြစ်တင်သောအားဖြင့် ကညာစစ်နေသည်ဟု တင်စားပြောဆိုကြသည်။

 

ကလိန်စေ့ငြမ်းစင်သည်။ (မဖြစ်နိုင်သည်ကို လုပ်ကြံသည်)
ကလိန်မှ ကလိန်သီး၏အစေ့သည် ပြောင်ချော၍နေသည်။ ထိုကလိန်စေ့ကို တစ်စေ့ပေါ်တွင်တစ်စေ့ လျောမကျစေရန် ဆင့်တင်ရန် ခက်ခဲလှပေသည်။ ထိုသို့ မဖြစ်နိုင်ဘဲလျက် အလွန်မြင့်သော လူတက်ရောက်စရာ ငြမ်းအဖြစ်ဆင်သည်ဟု ဆိုသည်မှာ အလွန့်အလွန် မဖြစ်နိုင်သော အလုပ်တစ်ခုကို လုပ်နေကြောင်း လေးနက်အောင် ပမာပြုခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မဖြစ်နိုင်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ တင်စားသုံးသည်။ သို့ရာတွင် “ကလိမ်”ဟူသောအသံနှင့် “ဆင်” ဟူသောအသုံးကိုစွဲ၍ “လိမ်လည်၍ ဉာဏ်ဆင်သည်” ဟူ၍လည်း အမှတ်ထားကာ သုံးကြသည်။

 

ကြိုးကိုင်သည် / ကြိုးဆွဲသည် (သြဇာပေး၍ စေစားထိန်းကိုင်သည် / သူတစ်ပါးကို ခြယ်လှယ်သည်)
ရုပ်သေးကပြသည့်အခါတွင် ရုပ်သေးရုပ်လေးများကို လိုသလို လှုပ်ရှားစေရန် အရုပ်ကြိုးကိုကိုင်၍ စေစားလှုပ်ရှားပေးရသည်ဖြစ်ရာ စေစား၍ လိုရင်းကို ပြုပြင်ပေးနေသောအခါ “ကြိုးကိုင်သည်” မိမိအလိုကျ ပြုမူစေရန် ချယ်လှယ်စီမံခြင်း၊ သြဇာလွှမ်းမိုးခြင်းမျိုးကို “ကြိုးဆွဲသည်” ဟု ဆိုကြသည်။

 

ကာလနဂါး (အအိပ်ကြီးသောသူ)
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရပြီးနောက် နေရဉ္စရာမြစ်တွင် ဃနာနို့ဆွမ်းကို ဘုန်းပေးပြီးသော် ရွှေခွက်ကိုမျှောတော်မူရာ ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့မြှုပ်ရာအရပ်သို့ရောက်လျှင် ရွှေခွက်နစ်၍ ရှေးရေခွက်တို့နှင့်ထိလျက် အသံမြည်လေသည်။ ထိုအသံကို အိပ်ပျော်နေသော ကာလနဂါးနိုး၍ ကြားလေသော် “သြော် ဘုရားတစ်ဆူ ပွင့်ပြန်လေပြီ” ဟု ဆိုမြည်းလေသည်။ ကာလနဂါးသည် ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးသည်ဟု ဆိုသည်။ ထိုနဂါးကိုစွဲ၍ အအိပ်ကြီးသူ၊ အအိမ်မက်သူတို့အား တင်စား၍ခေါ်သည်။

 

ချောသည် (သေသည်)
မွန်ဘာသာ (ချိတ်) ဖြစ်၍ အသံထွက်မှာ “ချော” ဟူ၍ဖြစ်သည်။ “သေသည်” ဟု အဓိပ္ပာယ်ရသည်။ ဘန်းစကားအဖြစ် အသုံးပြုကြရာတွင် အချို့က ချောမွတ်ပြီးပြတ်သည့် မြန်မာစကားဟု အထင်ရှိ၍ ကိစ္စချောသည် “သေသည်” ကို တင်စားသုံးနှုန်းကြသည်။

 

ခြေရာတိုင်းသည် (တုပသည်၊ အန်တုသည်)
ခြင်္သေ့သားငယ်သည် ဖခင်ခြင်္သေ့နှင့်ခွန်အားစွမ်းအင်ခြင်း တူ/မတူကို ခြေရာချင်းတိုင်း၍ကြည့်ရာ ခြေရာအရွယ်အစားချင်းတာမျှလာသောအခါ အင်အားတူပြီဟူ၍ ဖခင်ကို အန်တုသည့် ပုံဝတ္ထုအားမှီး၍ ဖက်ပြိုင်ခြင်း၊ အန်တုခြင်းတို့ကို တင်စား၍ ခိုင်းနှိုင်းသည်။


ခွင်ကျသည် (အနေအသားကျသည်၊ တိုက်ဆိုင်အပ်စပ်သည်)
ဗိသုကာပညာရပ်တွင် အခုံးနှင့်အခွက် အလာစာနှင့်ဘောင်ခွေ၊ တွင်းနှင့်စို့ အံကျကိုက်ညီ၍ နေသားတကျရှိခြင်းကို ခွင်ကျသည်ဟု ဆိုသည်။ ထိုသဘေကိုတင်စား၍ မိမိအပ်စပ်သောနေရာနှင့် အရည်အချင်း တိုင်ဆိုင်မိခြင်းကိုလည်းကောင်း။ ပုံမှန်နေသားတကျရှိခြင်းကိုလည်းကောင်း ခွင်ကျသည်ဟု ဆိုသည်။

 

ချွတ်ခြုံကြသည် (အလွန်ဆင်းရဲသည်)
ဆင်းရဲလွန်းသောသူသည် ခြုံစရာစောင်မရှိ၍ အဝတ်တစ်ထည်ကို နေ့အခါဝတ်၍ ညအခါ ချွတ်ခြုံရသည်။ ဒါဝတ်အဖြစ်တစ်လှည့်၊ ခြုံလွှာအဖြစ်တစ်လှည့် တစ်ထည်တည်းကိုသာ အသုံးပြုရသော ဘဝကို ချွတ်ခြုံကျသည်ဟု ဆိုသည်။ အလွန်ဆင်းရဲခြင်း၊ ခေါင်းပါးခြင်းကို ခိုင်းနှိုင်းအဆုံးပြုသည်။


ချက်ကြွေ (ဇာတိရပ်မြေ၊ မွေးဖွားရာဒေသ)
ကလေးငယ်သည် မွေးဖွားပြီးနောက် ရက်အနည်းငယ်အတွင်း ချက်တိုင်ခြောက်၍ ချက်ကြွေကျလေရာ ထိုသို့ချက်ကြွေသောအရပ်သည် မွေးဖွားရာအရပ်ပင်ဖြစ်၍ တင်စားသောအားဖြင့် ဇာတိရပ်မြေကို ချက်ကြွေဟုပင်ခေါ်သည်။ ထိုကြွေသောချက်ကို မြှုပ်ရာအရပ်ကို အစွဲပြု၍ ချက်မြှုပ်ရာအရပ်ဟုလည်း ခေါ်ကြသည်။

 

ချောက်တွန်းသည်/ချောက်ကျသည်။ (ဂျောက်တွန်းသည်) (အပြစ်ကျအောင် တွန်းပို့၍ အဆိုးဘက်သို့နှစ်သည်)
လူတစ်ဦးတစ်ယောက်အား အမြင့်သို့တွန်းမတင်ဘဲ ချောက်ကမ်းပါးအတွင်းသို့ တွန်းချဘိသကဲ့သို့ အမှား၊ အပြစ်၊ အရှုံးစသော အဆိုးဘက်သို့ ကျရောက်လေအောင် စေတနာအရေခြံလျှက် ဆွဲဆောင်တွန်းပို့ခြင်းပြုသည်ကို တင်စား၍ သုံးသည်။

 

ဂေါ်သည် (နောက်ပိုးသည်၊ လူပျိုလှည့်သည်)
ဤစကားမှာ သင်္ဂဇာစကားပုံတွင် ပါဝင်သော ရသေ့တစ်ပါးနှင့် မယ်သီလတစ်ပါးသ်ည စင်ပေါ်တွင် အိပ်ကြရာ တစ်ဦးကတစ်ဦးကို အိပ်ပျော်၍ ဟောက်သံ ဂေါ်ဂေါ်ဟူသောအသံနှင့်အတူ မိမိပြောလိုရာကို အိပ်ပျော်ရင်း ယောင်ဟန်ပြု၍ ကာမဂုဏ်စကားပြောကြပုံ ဝတ္ထုကိုစွဲ၍ သုံးကြသည်။

 

ဒက်ထိတိုးသည် (တိုက်ရိုက်တည့်မတ်စွာ တိုက်ဆိုင်သည်
မြင်းပွဲတွင် ပြိုင်မြင်းနှစ်ကာင်စလုံး တညီတည်း တစ်ပြိုင်တည်း အတူပန်းဝင်သည့်ပွဲကို အင်္ဂလိပ်ဘသာဖြင့် (Dead Heat) အသံထွက်အားဖြင့် ဒက်ထိဟုခေါ်သည်။ ထိုသို့ နှစ်ကောင်တိုက်ညီခြင်းကို တင်စား၍ စာမေးပွဲမေးခွန်းနှင့် ကျက်ထားသောစာပုဒ်တို့ အံကိုက်ကျခြင်း၊ မီးရထားနှစ်စင်း တစ်ချိန်တည်း အရေက်တူခြင်း စသည်တို့ကို ဒက်ထိတိုးသည်။ ဒက်ထိရောက်သည်ဟု ဆိုကြသည်။။ မြန်မစကာဟုပင် အချို့မှတ်ထင်ကြသည်။

 

ဒုံရင်းဆိုက်သည်။ (ပင်ရင်းနေရာ ပြန်ရောက်သည်)
ပြေးပွဲများတွင် စ၍ တာထွက်ရာအစကို ဒုံဟုခေါ်၍ ပန်းဝင်ရာ တာအဆုံးကို ပန်းတိုင်ဟု ခေါ်လေသည်။ ထို့ကြောင့် အရင်းအစသို့ ပြန်ရောက်ခြင်းကို ဒုံရင်းဆိုက်သည်၊ ဒုံရင်းကျသည်ဟု တင်စား၍ ဆိုသည်။

 

ဒေါင်းတောက်သည် (အနှံ့အပြားရှာဖွေသည်)
ဥဒေါင်းငှက်မျာသည် ကြက်များအစာကောက်သကဲ့သို့ ဆက်ကာ ဆက်က လည်ငေါက်၍ ဟိုဟိုသည်သည် နှုတ်သီးတောက်လေ့ရှိသည်။ ထိုနည်းပမာကို တင်စား၍ နေရာအနှံ့အပြားလှည့်ကာ မနားမနေ ရှာဖွေခြင်းကို ဒေါင်းတောက်အောင်ရှာသည်ဟု သုံးစွဲကြလေသည်။

 

နောင်ကြဉ်သည် (အနာဂတ်အတွက် တစ်ဖန်မကျူးလွန်ဝံ့အာင် သင်ခန်းစာရသည်)
လူတစ်ဦးတစ်ယောက်သည် တစ်ကြိမ်တစ်ခါတွင် အမှားအယွင်းပြုမိ၍ လက်တွေ့အပြစ်ခံယူရရှိသောအခါ နောင်အနာဂတ်တွင် ထိုသို့ထပ်မံပြုမိခဲ့လျှင် တွေ့ကြုံရမည့်အပြစ်ကိုသိပြီးဖြစ်၍ နောင်အခါတွင် ရှောင်ကြဉ်ရလာက်အောင် အသိစွဲမြဲခိုင်မာ၍ အမှန်ကိုသိရှိလာသည်ကို အကြောင်းပြု၍ ထိုသို့သင်ခန်းစာရခြင်းကို နောင်ကြဉ်သည်ဟုဆိုသည်။

 

ပါစားပေးသည် (အခွင့်သာပေးသည်)
ပုဆစ်ကြွေကစားရာတွင် ကြွေနှစ်ပွင့်ကို “ပါ” ဟုခေါ်ရာ တစ်ဘက်အား လက်ရည်အသာပေး၍ ကစားလိုသဖြင့် ပါစားပေးသည်ဟု အစွဲပြု၍ အခွင့်အရေးပေးခြင်း၊ အလိုလိုက်ခြင်း မျက်နှာသာပေးခြင်းတို့ကို ဆိုသည်။


သရေပွဲ (အရံှုံးအနိုင်မရှိသည့်ပွဲ)
မွန်စကား (စရာ)။ မည်သည့်ဘက်ကမှ အရှုံးအနိုင်မရှိ၊ နှစ်ဖက်ခြေစွမ်းလက်စွမ်းညီ၊ ဉာဏ်စွမ်းညီ အပြီးသတ်သော ကစားပွဲဟူသမျှကိုသရေပွဲဟူခေါ်သည်။ နှစ်ဖက်ဂုဏ်သရေပျက်သောပွဲဟု ဆိုလိုသည်။

 

Credit : လှသမိန်ရေးသားသည့် ဘန်းစကားအနက်အဓိပ္ပာယ်စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

 

ေလ့လာမွတ္သားစရာ ျမန္မာဘန္းစကားမ်ား

ျမန္မာဘန္းစကားမ်ားရဲ႕ဆိုလိုရင္းမ်ားကို ေလ့လာမွတ္သားႏိုင္ေစဖို႔ရန္ရည္ရြယ္ၿပီး မွ်ေ၀ေပးလိုက္ပါတယ္

 

ကညာစစ္သည္ (ေႏွးေကြးေလးလံစြာျပဳျခင္း)
အပ်ိဳစင္မိန္းကေလးမ်ားသည္ ရဲတင္းဖ်တ္လတ္ျခင္း နည္းပါး၍ မရဲတရဲ မ၀ံံ့တ၀ံ့ႏွင့္ ရွက္စႏိုးအမူအရာျဖင့္ ေႏွးေကြးဇာခ်ဲ႕၍ ျပဳမူလႈပ္ရွားတတ္ၾကသည္ျဖစ္ရာ တစ္စံုတစ္ရာေႏွးေကြးေလးလံစြာ ကႏြဲ႕ကလ် လႈပ္ရွားေဆာင္ရြက္ေနသူအား အပ်ိဳကေလးတစ္ေယာက္ကဲ့သုိ႔ ့ျပဳလုပ္ေနေလေရာ့သလားဟု အျပစ္တင္ေသာအားျဖင့္ ကညာစစ္ေနသည္ဟု တင္စားေျပာဆိုၾကသည္။

 

ကလိန္ေစ့ျငမ္းစင္သည္။ (မျဖစ္ႏိုင္သည္ကို လုပ္ႀကံသည္)
ကလိန္မွ ကလိန္သီး၏အေစ့သည္ ေျပာင္ေခ်ာ၍ေနသည္။ ထိုကလိန္ေစ့ကို တစ္ေစ့ေပၚတြင္တစ္ေစ့ ေလ်ာမက်ေစရန္ ဆင့္တင္ရန္ ခက္ခဲလွေပသည္။ ထိုသို႔ မျဖစ္ႏိုင္ဘဲလ်က္ အလြန္ျမင့္ေသာ လူတက္ေရာက္စရာ ျငမ္းအျဖစ္ဆင္သည္ဟု ဆိုသည္မွာ အလြန္႔အလြန္ မျဖစ္ႏိုင္ေသာ အလုပ္တစ္ခုကို လုပ္ေနေၾကာင္း ေလးနက္ေအာင္ ပမာျပဳျခင္းပင္ျဖစ္သည္။ ထို႔ေၾကာင့္ မျဖစ္ႏိုင္သည္ကို ျပဳလုပ္သည္ျဖစ္ေစ၊ ေျပာသည္ျဖစ္ေစ တင္စားသံုးသည္။ သို႔ရာတြင္ “ကလိမ္”ဟူေသာအသံႏွင့္ “ဆင္” ဟူေသာအသံုးကိုစြဲ၍ “လိမ္လည္၍ ဥာဏ္ဆင္သည္” ဟူ၍လည္း အမွတ္ထားကာ သံုးၾကသည္။

 

ႀကိဳးကိုင္သည္ / ႀကိဳးဆြဲသည္ (ၾသဇာေပး၍ ေစစားထိန္းကိုင္သည္ / သူတစ္ပါးကို ျခယ္လွယ္သည္)
ရုပ္ေသးကျပသည့္အခါတြင္ ရုပ္ေသးရုပ္ေလးမ်ားကို လိုသလို လႈပ္ရွားေစရန္ အရုပ္ႀကိဳးကိုကိုင္၍ ေစစားလႈပ္ရွားေပးရသည္ျဖစ္ရာ ေစစား၍ လိုရင္းကို ျပဳျပင္ေပးေနေသာအခါ “ႀကိဳးကိုင္သည္” မိမိအလိုက် ျပဳမူေစရန္ ခ်ယ္လွယ္စီမံျခင္း၊ ၾသဇာလႊမ္းမိုးျခင္းမ်ိဳးကို “ႀကိဳးဆြဲသည္” ဟု ဆိုၾကသည္။

 

ကာလနဂါး (အအိပ္ႀကီးေသာသူ)
ျမတ္စြာဘုရားသည္ သဗၺညဳတဥာဏ္ေတာ္ကို ရၿပီးေနာက္ ေနရၪၥရာျမစ္တြင္ ဃနာႏို႔ဆြမ္းကို ဘုန္းေပးၿပီးေသာ္ ေရႊခြက္ကိုေမွ်ာေတာ္မူရာ ေရွးဘုရားရွင္တို႔၏ ေရႊခြက္တို႔ျမွဳပ္ရာအရပ္သို႔ေရာက္လွ်င္ ေရႊခြက္နစ္၍ ေရွးေရခြက္တို႔ႏွင့္ထိလ်က္ အသံျမည္ေလသည္။ ထိုအသံကို အိပ္ေပ်ာ္ေနေသာ ကာလနဂါးႏိုး၍ ၾကားေလေသာ္ “ေၾသာ္ ဘုရားတစ္ဆူ ပြင့္ျပန္ေလၿပီ” ဟု ဆိုျမည္းေလသည္။ ကာလနဂါးသည္ ဘုရားတစ္ဆူပြင့္မွ တစ္ႀကိမ္ႏိုးသည္ဟု ဆိုသည္။ ထိုနဂါးကိုစြဲ၍ အအိပ္ႀကီးသူ၊ အအိမ္မက္သူတို႔အား တင္စား၍ေခၚသည္။

 

ေခ်ာသည္ (ေသသည္)
မြန္ဘာသာ (ခ်ိတ္) ျဖစ္၍ အသံထြက္မွာ “ေခ်ာ” ဟူ၍ျဖစ္သည္။ “ေသသည္” ဟု အဓိပၸာယ္ရသည္။ ဘန္းစကားအျဖစ္ အသံုးျပဳၾကရာတြင္ အခ်ိဳ႕က ေခ်ာမြတ္ၿပီးျပတ္သည့္ ျမန္မာစကားဟု အထင္ရွိ၍ ကိစၥေခ်ာသည္ “ေသသည္” ကို တင္စားသံုးႏႈန္းၾကသည္။

 

ေျခရာတိုင္းသည္ (တုပသည္၊ အန္တုသည္)
ျခေသၤ့သားငယ္သည္ ဖခင္ျခေသၤ့ႏွင့္ခြန္အားစြမ္းအင္ျခင္း တူ/မတူကို ေျခရာခ်င္းတိုင္း၍ၾကည့္ရာ ေျခရာအရြယ္အစားခ်င္းတာမွ်လာေသာအခါ အင္အားတူၿပီဟူ၍ ဖခင္ကို အန္တုသည့္ ပံု၀တၳဳအားမွီး၍ ဖက္ၿပိဳင္ျခင္း၊ အန္တုျခင္းတို႔ကို တင္စား၍ ခိုင္းႏိႈင္းသည္။


ခြင္က်သည္ (အေနအသားက်သည္၊ တိုက္ဆိုင္အပ္စပ္သည္)
ဗိသုကာပညာရပ္တြင္ အခံုးႏွင့္အခြက္ အလာစာႏွင့္ေဘာင္ေခြ၊ တြင္းႏွင့္စို႔ အံက်ကိုက္ညီ၍ ေနသားတက်ရွိျခင္းကို ခြင္က်သည္ဟု ဆိုသည္။ ထိုသေဘကိုတင္စား၍ မိမိအပ္စပ္ေသာေနရာႏွင့္ အရည္အခ်င္း တိုင္ဆိုင္မိျခင္းကိုလည္းေကာင္း။ ပံုမွန္ေနသားတက်ရွိျခင္းကိုလည္းေကာင္း ခြင္က်သည္ဟု ဆိုသည္။

 

ခၽြတ္ၿခံဳၾကသည္ (အလြန္ဆင္းရဲသည္)
ဆင္းရဲလြန္းေသာသူသည္ ၿခံဳစရာေစာင္မရွိ၍ အ၀တ္တစ္ထည္ကို ေန႔အခါ၀တ္၍ ညအခါ ခၽြတ္ၿခံဳရသည္။ ဒါ၀တ္အျဖစ္တစ္လွည့္၊ ၿခံဳလႊာအျဖစ္တစ္လွည့္ တစ္ထည္တည္းကိုသာ အသံုးျပဳရေသာ ဘ၀ကို ခၽြတ္ၿခံဳက်သည္ဟု ဆိုသည္။ အလြန္ဆင္းရဲျခင္း၊ ေခါင္းပါးျခင္းကို ခိုင္းႏိႈင္းအဆံုးျပဳသည္။


ခ်က္ေၾကြ (ဇာတိရပ္ေျမ၊ ေမြးဖြားရာေဒသ)
ကေလးငယ္သည္ ေမြးဖြားၿပီးေနာက္ ရက္အနည္းငယ္အတြင္း ခ်က္တိုင္ေျခာက္၍ ခ်က္ေၾကြက်ေလရာ ထိုသို႔ခ်က္ေၾကြေသာအရပ္သည္ ေမြးဖြားရာအရပ္ပင္ျဖစ္၍ တင္စားေသာအားျဖင့္ ဇာတိရပ္ေျမကို ခ်က္ေၾကြဟုပင္ေခၚသည္။ ထိုေၾကြေသာခ်က္ကို ျမွဳပ္ရာအရပ္ကို အစြဲျပဳ၍ ခ်က္ျမွဳပ္ရာအရပ္ဟုလည္း ေခၚၾကသည္။

 

ေခ်ာက္တြန္းသည္/ေခ်ာက္က်သည္။ (ေဂ်ာက္တြန္းသည္) (အျပစ္က်ေအာင္ တြန္းပို႔၍ အဆိုးဘက္သို႔ႏွစ္သည္)
လူတစ္ဦးတစ္ေယာက္အား အျမင့္သို႔တြန္းမတင္ဘဲ ေခ်ာက္ကမ္းပါးအတြင္းသို႔ တြန္းခ်ဘိသကဲ့သို႔ အမွား၊ အျပစ္၊ အရံႈးစေသာ အဆိုးဘက္သို႔ က်ေရာက္ေလေအာင္ ေစတနာအေရၿခံလွ်က္ ဆြဲေဆာင္တြန္းပို႔ျခင္းျပဳသည္ကို တင္စား၍ သံုးသည္။

 

ေဂၚသည္ (ေနာက္ပိုးသည္၊ လူပ်ိဳလွည့္သည္)
ဤစကားမွာ သဂၤဇာစကားပံုတြင္ ပါ၀င္ေသာ ရေသ့တစ္ပါးႏွင့္ မယ္သီလတစ္ပါးသ္ည စင္ေပၚတြင္ အိပ္ၾကရာ တစ္ဦးကတစ္ဦးကို အိပ္ေပ်ာ္၍ ေဟာက္သံ ေဂၚေဂၚဟူေသာအသံႏွင့္အတူ မိိမိေျပာလိုရာကို အိပ္ေပ်ာ္ရင္း ေယာင္ဟန္ျပဳ၍ ကာမဂုဏ္စကားေျပာၾကပံု ၀တၳဳကိုစြဲ၍ သံုးၾကသည္။

 

ဒက္ထိတိုးသည္ (တိုက္ရိုက္တည့္မတ္စြာ တိုက္ဆိုင္သည္
ျမင္းပြဲတြင္ ၿပိဳင္ျမင္းႏွစ္ကာင္စလံုး တညီတည္း တစ္ၿပိဳင္တည္း အတူပန္း၀င္သည့္ပြဲကို အဂၤလိပ္ဘသာျဖင့္ (Dead Heat) အသံထြက္အားျဖင့္ ဒက္ထိဟုေခၚသည္။ ထိုသို႔ ႏွစ္ေကာင္တိုက္ညီျခင္းကို တင္စား၍ စာေမးပြဲေမးခြန္းႏွင့္ က်က္ထားေသာစာပုဒ္တို႔ အံကိုက္က်ျခင္း၊ မီးရထားႏွစ္စင္း တစ္ခ်ိန္တည္း အေရက္တူျခင္း စသည္တို႔ကို ဒက္ထိတိုးသည္။ ဒက္ထိေရာက္သည္ဟု ဆိုၾကသည္။။ ျမန္မစကာဟုပင္ အခ်ိဳ႕မွတ္ထင္ၾကသည္။

 

ဒံုရင္းဆိုက္သည္။ (ပင္ရင္းေနရာ ျပန္ေရာက္သည္)
ေျပးပြဲမ်ားတြင္ စ၍ တာထြက္ရာအစကို ဒံုဟုေခၚ၍ ပန္း၀င္ရာ တာအဆံုးကို ပန္းတိုင္ဟု ေခၚေလသည္။ ထို႔ေၾကာင့္ အရင္းအစသို႔ ျပန္ေရာက္ျခင္းကို ဒံုရင္းဆိုက္သည္၊ ဒံုရင္းက်သည္ဟု တင္စား၍ ဆိိုသည္။

 

ေဒါင္းေတာက္သည္ (အႏွံ႔အျပားရွာေဖြသည္)
ဥေဒါင္းငွက္မ်ာသည္ ၾကက္မ်ားအစာေကာက္သကဲ့သို႔ ဆက္ကာ ဆက္က လည္ေငါက္၍ ဟိုဟိုသည္သည္ ႏႈတ္သီးေတာက္ေလ့ရွိသည္။ ထိုနည္းပမာကို တင္စား၍ ေနရာအႏွံ႕အျပားလွည့္ကာ မနားမေန ရွာေဖြျခင္းကို ေဒါင္းေတာက္ေအာင္ရွာသည္ဟု သံုးစြဲၾကေလသည္။

 

ေနာင္ၾကဥ္သည္ (အနာဂတ္အတြက္ တစ္ဖန္မက်ဴးလြန္၀ံ့အာင္ သင္ခန္းစာရသည္)
လူတစ္ဦးတစ္ေယာက္သည္ တစ္ႀကိမ္တစ္ခါတြင္ အမွားအယြင္းျပဳမိ၍ လက္ေတြ႔အျပစ္ခံယူရရွိေသာအခါ ေနာင္အနာဂတ္တြင္ ထိုသို႔ထပ္မံျပဳမိခဲ့လွ်င္ ေတြ႕ႀကံဳရမည့္အျပစ္ကိုသိၿပီးျဖစ္၍ ေနာင္အခါတြင္ ေရွာင္ၾကဥ္ရလာက္ေအာင္ အသိစြဲျမဲခိုင္မာ၍ အမွန္ကိုသိရွိလာသည္ကို အေၾကာင္းျပဳ၍ ထိုသို႔သင္ခန္းစာရျခင္းကို ေနာင္ၾကဥ္သည္ဟုဆိုသည္။

 

ပါစားေပးသည္ (အခြင့္သာေပးသည္)
ပုဆစ္ေၾကြကစားရာတြင္ ေၾကြႏွစ္ပြင့္ကို “ပါ” ဟုေခၚရာ တစ္ဘက္အား လက္ရည္အသာေပး၍ ကစားလိုသျဖင့္ ပါစားေပးသည္ဟု အစြဲျပဳ၍ အခြင့္အေရးေပးျခင္း၊ အလိုလိုက္ျခင္း မ်က္ႏွာသာေပးျခင္းတို႔ကို ဆိုသည္။


သေရပြဲ (အရံံႈးအႏိုင္မရွိသည့္ပြဲ)
မြန္စကား (စရာ)။ မည္သည့္ဘက္ကမွ အရံႈးအႏိုင္မရွိ၊ ႏွစ္ဖက္ေျခစြမ္းလက္စြမ္းညီ၊ ဥာဏ္စြမ္းညီ အၿပီးသတ္ေသာ ကစားပြဲဟူသမွ်ကိုသေရပြဲဟူေခၚသည္။ ႏွစ္ဖက္ဂုဏ္သေရပ်က္ေသာပြဲဟု ဆိုလိုသည္။

 

Credit : လွသမိန္ေရးသားသည့္ ဘန္းစကားအနက္အဓိပၸာယ္စာအုပ္မွ ေကာက္ႏႈတ္တင္ျပပါသည္။

 

 

Read times
Rate this articles
(0 votes)