×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Wednesday, 09 September 2020
နှစ်မျိုးလုံးမှန်တဲ့ အင်္ဂလိပ်စာလုံးပေါင်းလေးတွေ
နှစ်မျိုးလုံးမှန်တဲ့ အင်္ဂလိပ်စာလုံးပေါင်းလေးတွေ
(1) Axe, Ax (n) ပုဆိန်
e.g(1) He used an axe to cut down the trees. (သစ်ပင်ကိုခုတ်လှဲဖို့ သူက ပုဆိန်ကို သုံးတယ်)
e.g(2) An ax is a tool for chopping wood. (ပုဆိန်ဆိုတာ ထင်းခုတ်ဖို့သုံးတဲ့ ကိရိယာလက်နက်ဖြစ်တယ်)
Axe – အင်္ဂလိပ်စာလုံးပေါင်း
Ax - အမေရိကန်စာလုံးပေါင်း
(2) Bus – Buses, Busses
Bus ဆိုတဲ့စကားလုံးကို အများကိန်းပြောင်းတဲ့နောမှာ အင်္ဂလန်မှာတော့ “Buses” လို့ပေါင်းပါတယ်။ အမေရိကန်မှာတော့ “Busses” လို့ သုံးပါတယ်။
Bus (n) ဘတ်စ်ကား
e.g(1) The passengers are waiting for the bus at the bus stop. (ဘတ်စ်စကားမှတ်တိုင်မှာ ခရီးသည်တွေက ဘတ်စ်ကားကို စောင့်နေကြတယ်။)
Bus (v) ဘတ်စ်ကားဖြင့် ပို့သည်
e.g(2) The will bus the clerks to the office. (ဝန်ထမ်းတွေကို ရုံးသို့ ဘတ်စ်ကားဖြင့် ပို့ပေးမယ်)
Buses - အင်္ဂလိပ်စာလုံးပေါင်း
Busses - အမေရိကန် စာလုံးပေါင်း
(3) Armour, Armor (n) သံချပ်ကာအိင်္ကျ ီ
e.g(1) In the museum, you can see the suite of armour worn by Maha Bandoola. (မဟာဗန္ဓုလဝတ်ခဲ့တဲ့ သံချပ်အင်္ကျ ီကို ပြတိုက်ထဲမှာ တွေ့နိုင်ပါတယ်။)
Armour - အင်္ဂလိပ်စာလုံးပေါင်း
Armor - အမေရိကန် စာလုံးပေါင်း
(4) Artefact, Artifact (n) လူ့အသုံးအဆောင်ပစ္စည်း
ရှေးဟောင်းသုတေသနပညာရှင်တွေက ရှေးဟောင်းမြို့ကြီးတွေ၊ နေရာတွေကို တူးဖော်တဲ့အခါ တွေ့ရှိတဲ့ ရှေးကလူတွေပြုလုပ်အသုံးပြုခဲ့တဲ့ လက်နက်ကိရိယာ အဆင်တန်ဆာတွေကို ဆိုလိုပါတယ်။
e.g(1) When the archaeologists dug up the ancient sites, they found the artefact used in Pyu dynasty.
(ရှေးဟောင်းသုတေသနပညာရှင်တွေက ရှေးဟောင်းမြို့တော်နေရာကိုတူးဖော်ကြည့်တဲ့အခါ ပျူမင်းဆက်လက်ထက်က အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို တွေ့တယ်)
Artefact - အင်္ဂလိပ်စာလုံးပေါင်း
Artifact - အမေရိကန် စာလုံးပေါင်း
(5) Ardour, Ardor (n) စိတ်ထက်သန်မှု၊ လှိုက်လှဲသော စိတ်ဆန္ဒ
e.g(1) Because of his ardour, he will achieve his ambition. (သူ့ရဲ့စိတ်အားထက်သန်မှုကြောင့် သူ့ရဲ့ရည်မှန်းချက်ကို စွမ်းဆောင်ရယူနိုင်လိမ့်မယ်)
Ardour - အင်္ဂလိပ်စာလုံးပေါင်း
Ardor - အမေရိကန် စာလုံးပေါင်း
(6) Behalf - အတွက်၊ အစား၊ ကိုယ်စား
On behalf of / in behalf of – (တစ်ဦးတစ်ယောက်အတွက်) ကိုယ်စားပြု၍
e.g(1) He is speaking on behalf of his father. / He is speaking on his father’s behalf. (သူက သူ့အဖေကိုယ်စား ပြောနေတာ)
e.g(2) The client cannot come but the lawyer appears in his behalf. (အမှုသည်က မလာနိုင်ဘူး။ ဒါပေမယ့် ရှေ့နေက သူ့ကိုယ်စား လာရောက်တယ်။)
on behalf of - အင်္ဂလိပ်စာလုံးပေါင်း
in behalf of - အမေရိကန် စာလုံးပေါင်း
(7) Centenary, Centennial (n) အနှစ်တစ်ရာပြည့်ပွဲ၊ ရာစုနှစ်၊ ရာပြည့်နှစ်
e.g(1) The year 1999 was the centenary of Theikpan Maung Wa. (He was born in 1898). (1999 ခုနှစ်ဟာ သိပ္ပံမောင်ဝရဲ့ အနှစ်တစ်ရာပြည့်ပွဲဖြစ်ပါတယ်။ (သူ့ကို 1898 ခုနှစ်မှာ မွေးခဲ့တာ)
Centenary - အင်္ဂလိပ်စာလုံးပေါင်း
Centennial - အမေရိကန် စာလုံးပေါင်း
(8) Calibre, Caliber (n) သေနတ်ပြောင်းအချင်း၊ သေနတ်ပြောင်း ထိပ်ဝအကျယ်
e.g(1) You should observe the calibre before you buy the bullets. (ကျယ်ဆံမဝယ်ခင်၊ သေနတ်ပြောင်းကို ကြည့်ရှုစိစစ်သင့်တယ်)
Calibre - အင်္ဂလိပ်စာလုံးပေါင်း
Caliber - အမေရိကန် စာလုံးပေါင်း
(9) Cauldron, Caldron (n) ဒယ်အိုးကြီး
e.g(1) We need a caldron to arrange kyarzanhin for my birthday. (ကျွန်တော့်မွေးနေ့ပွဲအတွက် ကြာဆံဟင်းချက်ဖို့ ဒယ်အိုးကြီးတစ်လုံး လိုအပ်နေပါတယ်)
Cauldron - အင်္ဂလိပ်စာလုံးပေါင်း
Caldron - အမေရိကန် စာလုံးပေါင်း
(10) Carcass, Carcase (n) တိရစ္ဆာန်အသေကောင်
e.g(1) Today we will cook beef. Go and buy meat from a carcass. Don’t buy tinned meat. (ဒီနေ့အမဲသားဟင်းချက်မယ်။ (ဆိုင်က) အမဲသားလတ်လတ်ဆတ်ဆတ်ဝယ်ခဲ့၊ စည်သွပ်ဘူးတွေ ဝယ်မလာနဲ့)
Carcass, Carcase - အင်္ဂလိပ်စာလုံးပေါင်း
Carcass - အမေရိကန် စာလုံးပေါင်း
(ဆရာဦးသိန်းလွင် - The Light of English – No.59, Nov.1999)
(1) Axe, Ax (n) ပုဆိန်
(2) Bus – Buses, Busses
Bus (n) ဘတ်စ်ကား