×

Warning

JUser: :_load: Unable to load user with ID: 81428


Success

Wednesday, 30 September 2020

Talent Management (အရည်အချင်းစီမံခန့်ခွဲရေး)

CEO မဂ္ဂဇင်းမှာ ဆရာ ညွှန့်သောင်းရေးသားထားတဲ့ အရည်အချင်းစီမခံခန့်ခွဲရေး (Talent Management) အကြောင်းကို ဝေမျှလိုပါတယ်။ Talent Management ဆိုတာဘာလဲ? အမှန်တကယ်လိုက်နာဆောင်ရွက်သင့်တဲ့အချက်တွေက ဘာတွေလဲ ? ? ? မိမိရဲ့အဖိုးတန်တဲ့အချိန်မှာ အဖိုးတန်တဲ့ သင်ခန်းစာတစ်ခုကို အတူတူ လေ့လာကြရအောင်။

 

Talent Management (အရည်အချင်းစီမံခန့်ခွဲရေး)
---------------------------


ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးမှာဖြစ်ဖြစ်၊ လူမှန်၊ နေရာမှန်ဖြစ်ဖို့ဟာ လုပ်ငန်းအောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ လုပ်ငန်းအတွက်လိုအပ်တဲ့ အရင်းအမြစ်တွေထဲမှာအရှားပါးဆုံး၊ ဈေးအကြီးဆုံးတွေထဲမှာ ပါဝင်နေတာကတော့ အလုပ်အတွက်သင့်တော်တဲ့ လူတွေဖြစ်တယ်။ အရည်အချင်းစီမံခန့်ခွဲတတ်ရင် ဒီလိုလူမျိုးတွေစဉ်ဆက်မပြတ်ရရှိနေမှာဖြစ်တယ်။

 

လူတော်တွေကို အရှာရခက်တယ်။ လူဦးရေနည်းလိုက်လာတဲ့ ကာလ၊ အထူးသဖြင့်ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာ လူတော်တွေ၊ အရည်အချင်းရှိသူတွေကိုရဖို့ ခက်ခဲလာနေတယ်၊ ပိုပြီးယှဉ်ပြိုင်နေရတယ်။ ဒါကို ဖြေရှင်းပေးနိုင်တာကတော့ အရည်အချင်းစီမံခန့်ခွဲရေးပဲဖြစ်တယ်။ လူမှန်နေရာမှန် လုပ်နိုင်တဲ့လူတွေကို ဆွဲဆောင်နိုင်ရေး၊ သူတို့ကိုပိုတော်လာအောင်လုပ်ရေး၊ တခြားကိုပြောင်းမသွားဘဲ ဆက်နေသွားအောင်ထိန်းထားနိုင်ရေးပဲဖြစ်တယ်။

 

အရည်အချင်းအရှိဆုံးလူတွေကို ပြုစုပျိုးထောင်ဖို့၊ ပိုပြီးတော်လာအောင်လုပ်ဖို့နဲ့ သူတို့ကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် သက်ဆိုင်ရာအကြောင်းအရာကို နက်နက်ရှိုင်းရှိုင်းဂဃနဏ နားလည်ကျမ်းကျင်မှုတွေလိုတယ်။ အရည်အချင်းစီမံခန့်ခွဲမှုကို သိသိသာသာထင်ရှားစွာအာရုံစိုက်လုပ်ကိုင်ခြင်းရဲ့ အရေးကြီးပုံကို Mellon ကုမ္ပဏီကို ကြည့်ရင်အထင်အရှားတွေ့နိုင်တယ်။ ဒီကုမ္ပဏီဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေတစ်လျောက် သမားရိုးကျဘဏ်လုပ်ငန်းအဆင့်ကနေ ခိုင်မာတောင့်တင်းတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီးအဖြစ်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်။ ဒီကုမ္ပဏီရဲ့ စိန်ခေါ်မှုကဘာလဲဆိုရင် လုပ်ငန်းသစ်တွေနဲ့ဝန်ဆောင်မှုအသစ်တွေကို ဖန်တီးဖို့ပဲဖြစ်တယ်။ မိမိရဲ့ဘဏ်နဲ့ ဆက်သွယ်လုပ်ကိုင်နေသူတွေရဲ့ လုပ်ငန်းတွေကိုလည်းကူညီကြော်ငြာပေးဖို့နဲ့ ဈေးကွက်သစ်တွေ ချဲ့ထွင်ဖို့တွေပဲဖြစ်တယ်။ အဲဒီလိုလုပ်တဲ့အခါ ကျွမ်းကျင်မှုအသစ်တွေကို လိုတယ်။ လုပ်နည်းလုပ်ဟန်လည်း ပြောင်းဖို့လိုလာတယ်။ ဒါ့ကြောင့်ဒီကုမ္ပဏီဟာ CEO ဖြစ်သူ Marty Miguim ရဲ့ ဦးဆောင်မှုနဲ့ ကုမ္ပဏီအတွင်းမှာပဲ အရည်အချင်းစီမံခန့်ခွဲမှုအတွက်ဆောင်ရွက်ချက်အတော်များများကို စတင်လုပ်ကိုင်ပါတော့တယ်။ ဦးဆောင်မှုဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေကို အထူးကျွမ်းကျင်သူတွေပို့ချကြတယ်။ ကုမ္ပဏီရဲ့ဌာနစိတ်တွေက ဝန်ထမ်းဟောင်းတွေကို သင်ကြားပေးတယ်။ စီမံခန့်ခွဲရေးအထက်တန်းအဆင့်ဝန်ထမ်းတွေကို သင်ကြားပေးတယ်။ စီမံခန့်ခွဲရေးအထက်တန်းအဆင့် ဝန်ထမ်းတွေ၊ မန်နေဂျာတွေက ခေါင်းဆောင်ဖြစ်လာစ ဝန်ထမ်းတွေ ရှိအပ်တဲ့အရည်အချင်းကျွမ်းကျင်မှုများ အကြောင်းရှင်းပြပြီး အကူအညီတွေလည်းပေးတယ်၊ အရည်အချင်းစီမံခန့်ခွဲမှုဟာ ဒီကုမ္ပဏီရဲ့အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်။

 

လက်တွေ့ဆောင်ရွက်ရန် . . .
အဓိကကျတဲ့ ကိစ္စအတော်များများကိုကိုင်တွယ်ဖြေရှင်းလုပ်ဆောင်နိုင်ရင် အရည်အချင်းစီမံခန့်ခွဲမှုကို အာရုံစိုက်လုပ်ကိုင်လာနိုင်မှာဖြစ်တယ်။

 

ကုမ္ပဏီအတွင်း ဝန်ထမ်းအချင်းချင်းဆက်ဆံရေး၊ စနစ်နဲ့စီမံခန့်ခွဲရေးအပိုင်း၊ တစ်ဦးနဲ့တစ်ဦးအမြင် သဘောထားယုံကြည်ချက်စတာတွေနဲ့ ပတ်သက်ပြီးသိထားဖို့လိုတယ်။ မိမိဦးစားပေးချင်တာတွေကဘာတွေလဲ ကုမ္ပဏီတွင်းမှာလိုချင်တဲ့အတွေးအမြင်တွေရှိပြီလား၊ ဝန်ထမ်းအားလုံးဟာ သင်ရဲ့မျှော်မှန်းချက်နဲ့ အဓိကတန်ဖိုးထားတာတွေကို နားလည်နေပြီလား၊ ဝန်ထမ်းတွေ နေ့စဉ်နေ့တိုင်း အလုပ်လာလုပ်နေတာဟာဘာကြောင့်များပါလဲ၊ သူတို့အချင်းချင်းမှာရော၊ ဖောက်သည်တွေနဲ့ပါ အချင်းချင်းသဘောထားတွေ၊ ပြုမူဆက်ဆံနေကြတာတွေဟာဘာကြောင့်ပါလဲ။

 

  • ဝန်ထမ်းရွေးချယ်ခန့်ထားရေးမှာ လူမှန်နေရာမှန်ဖြစ်ရေးအတွက် ဘယ်လိုသတ်မှတ်ပြီး ရွေးသလဲ၊ အခုနဲ့နောင်တစ်ချိန် လိုအပ်တဲ့အရည်အချင်းတွေကို ပီပီပြင်ပြင်နားလည်ပါသလား။ အတော်ဆုံးလူကို ရရဲ့လား။
  • လုပ်ငန်းပြီးစီးမှုနဲ့ပတ်သက်ပြီး သင်ဟာတက်ကြွစွာ စီမံခန့်ခွဲနေပါသလား။ ဝန်ထမ်းလုပ်ထားတဲ့ အလုပ်ကို စိစစ်ခြင်း၊ အကြံပေးဝေဖန်ခြင်းပြုပါသလား၊ ဝန်ထမ်းတွေလုပ်ရည်ကိုင်ရည်တိုးတက်အောင်သင်ပေးပါသလား။
  • ဝန်ထမ်းတွေ အရည်အချင်းဖွံ့ဖြိုးလာအောင် လိုအပ်တဲ့အရင်းအမြစ်တွေသင့်မှာရှိသလား။ ဝန်ထမ်းအားလုံးကရော သူတို့မှာအရည်ချင်းတိုးတက်ရေးအတွက်ကိုယ်ပိုင်အစီအစဉ်ရှိကြသလား။
  • ချီးမြှင့်ငွေကို လျော်ကန်သင့်မြတ်စွာပေးရဲ့လား သင်ပေးတဲ့ဘောနပ်ဆုကြေးငွေဟာဝန်ထမ်းအလုပ် ဆောင်ရွက်မှုကောင်းလာရေးအတွက် အားပေးနိုင်ပါသလား။
  • ရာထူးဆက်ခံရေးအစီအစဉ်၊ ဦးဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေးအတွက် အထူးသဖြင့် အဓိကတာဝန်လုပ်ငန်းတွေအတွက် ဆက်ခံတာဝန်ယူရေး အစီအစဉ်တွေရှိပြီလား။

ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအမျိုးမျိုး ထုတ်လုပ်ဆောင်ရွက်ရေး၊ လိုက်နာဆောင်ရွက်ရေးနဲ့ လုပ်နည်းလုပ်ထုံးများနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမှာတွေကတော့ သင့်ရဲ့ ဝန်ထမ်းတွေဟာ ဖောက်သည်တွေ အကြိုက်လုပ်သလား၊ ဈေးကွက်နဲ့ အံဝင်ခွင်ကျရဲ့လား၊ တရားဥပဒေတွေနဲ့အညီ လုပ်ကိုင်ပါသလား၊ သင့်စီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ အဓိကလူတွေနဲ့ရောဝန်ထမ်းတွေနဲ့ပါ ဆက်ဆံရေးတွေကောင်းအောင်ဆောင်ရွက်လုပ်ကိုင်နေပါသလားဆိုတာတွေကို လုပ်ရမှာဖြစ်ပါတယ်။

 

 

 

CEO မဂၢဇင္းမွာ ဆရာ ၫႊန႔္ေသာင္းေရးသားထားတဲ့ အရည္အခ်င္းစီမခံခန္႔ခြဲေရး (Talent Management) အေၾကာင္းကို ေ၀မွ်လိုပါတယ္။ Talent Management ဆိုတာဘာလဲ? အမွန္တကယ္လိုက္နာေဆာင္ရြက္သင့္တဲ့အခ်က္ေတြက ဘာေတြလဲ ? ? ? မိမိရဲ႕အဖိုးတန္တဲ့အခ်ိန္မွာ အဖိုးတန္တဲ့ သင္ခန္းစာတစ္ခုကို အတူတူ ေလ့လာၾကရေအာင္။

 

Talent Management (အရည္အခ်င္းစီမံခန႔္ခြဲေရး)

---------------------------


ဘယ္လိုစီးပြားေရးလုပ္ငန္းမ်ိဳးမွာျဖစ္ျဖစ္၊ လူမွန္၊ ေနရာမွန္ျဖစ္ဖို႔ဟာ လုပ္ငန္းေအာင္ျမင္ေရးအတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ လုပ္ငန္းအတြက္လိုအပ္တဲ့ အရင္းအျမစ္ေတြထဲမွာအရွားပါးဆုံး၊ ေဈးအႀကီးဆုံးေတြထဲမွာ ပါဝင္ေနတာကေတာ့ အလုပ္အတြက္သင့္ေတာ္တဲ့ လူေတြျဖစ္တယ္။ အရည္အခ်င္းစီမံခန႔္ခြဲတတ္ရင္ ဒီလိုလူမ်ိဳးေတြစဥ္ဆက္မျပတ္ရရွိေနမွာျဖစ္တယ္။

 

လူေတာ္ေတြကို အရွာရခက္တယ္။ လူဦးေရနည္းလိုက္လာတဲ့ ကာလ၊ အထူးသျဖင့္ဖြံ႕ၿဖိဳးၿပီး အေနာက္ႏိုင္ငံေတြမွာ လူေတာ္ေတြ၊ အရည္အခ်င္းရွိသူေတြကိုရဖို႔ ခက္ခဲလာေနတယ္၊ ပိုၿပီးယွဥ္ၿပိဳင္ေနရတယ္။ ဒါကို ေျဖရွင္းေပးႏိုင္တာကေတာ့ အရည္အခ်င္းစီမံခန႔္ခြဲေရးပဲျဖစ္တယ္။ လူမွန္ေနရာမွန္ လုပ္ႏိုင္တဲ့လူေတြကို ဆြဲေဆာင္ႏိုင္ေရး၊ သူတို႔ကိုပိုေတာ္လာေအာင္လုပ္ေရး၊ တျခားကိုေျပာင္းမသြားဘဲ ဆက္ေနသြားေအာင္ထိန္းထားႏိုင္ေရးပဲျဖစ္တယ္။

 

အရည္အခ်င္းအရွိဆုံးလူေတြကို ျပဳစုပ်ိဳးေထာင္ဖို႔၊ ပိုၿပီးေတာ္လာေအာင္လုပ္ဖို႔နဲ႔ သူတို႔ကို ဆက္လက္ထိန္းထားႏိုင္ဖို႔အတြက္ သက္ဆိုင္ရာအေၾကာင္းအရာကို နက္နက္ရႈိင္းရႈိင္းဂဃနဏ နားလည္က်မ္းက်င္မႈေတြလိုတယ္။ အရည္အခ်င္းစီမံခန႔္ခြဲမႈကို သိသိသာသာထင္ရွားစြာအာ႐ုံစိုက္လုပ္ကိုင္ျခင္းရဲ႕ အေရးႀကီးပုံကို Mellon ကုမၸဏီကို ၾကည့္ရင္အထင္အရွားေတြ႕ႏိုင္တယ္။ ဒီကုမၸဏီဟာ ၁၉၉ဝ ျပည့္လြန္ႏွစ္ေတြတစ္ေလ်ာက္ သမား႐ိုးက်ဘဏ္လုပ္ငန္းအဆင့္ကေန ခိုင္မာေတာင့္တင္းတဲ့ ဘ႑ာေရးဝန္ေဆာင္မႈ လုပ္ငန္းႀကီးအျဖစ္ဖြံ႕ၿဖိဳးတိုးတက္လာခဲ့တယ္။ ဒီကုမၸဏီရဲ႕ စိန္ေခၚမႈကဘာလဲဆိုရင္ လုပ္ငန္းသစ္ေတြနဲ႔ဝန္ေဆာင္မႈအသစ္ေတြကို ဖန္တီးဖို႔ပဲျဖစ္တယ္။ မိမိရဲ႕ဘဏ္နဲ႔ ဆက္သြယ္လုပ္ကိုင္ေနသူေတြရဲ႕ လုပ္ငန္းေတြကိုလည္းကူညီေၾကာ္ျငာေပးဖို႔နဲ႔ ေဈးကြက္သစ္ေတြ ခ်ဲ႕ထြင္ဖို႔ေတြပဲျဖစ္တယ္။ အဲဒီလိုလုပ္တဲ့အခါ ကြၽမ္းက်င္မႈအသစ္ေတြကို လိုတယ္။ လုပ္နည္းလုပ္ဟန္လည္း ေျပာင္းဖို႔လိုလာတယ္။ ဒါ့ေၾကာင့္ဒီကုမၸဏီဟာ CEO ျဖစ္သူ Marty Miguim ရဲ႕ ဦးေဆာင္မႈနဲ႔ ကုမၸဏီအတြင္းမွာပဲ အရည္အခ်င္းစီမံခန႔္ခြဲမႈအတြက္ေဆာင္႐ြက္ခ်က္အေတာ္မ်ားမ်ားကို စတင္လုပ္ကိုင္ပါေတာ့တယ္။ ဦးေဆာင္မႈဖြံ႕ၿဖိဳးေရးဆိုင္ရာ သင္တန္းေတြကို အထူးကြၽမ္းက်င္သူေတြပို႔ခ်ၾကတယ္။ ကုမၸဏီရဲ႕ဌာနစိတ္ေတြက ဝန္ထမ္းေဟာင္းေတြကို သင္ၾကားေပးတယ္။ စီမံခန႔္ခြဲေရးအထက္တန္းအဆင့္ဝန္ထမ္းေတြကို သင္ၾကားေပးတယ္။ စီမံခန႔္ခြဲေရးအထက္တန္းအဆင့္ ဝန္ထမ္းေတြ၊ မန္ေနဂ်ာေတြက ေခါင္းေဆာင္ျဖစ္လာစ ဝန္ထမ္းေတြ ရွိအပ္တဲ့အရည္အခ်င္းကြၽမ္းက်င္မႈမ်ား အေၾကာင္းရွင္းျပၿပီး အကူအညီေတြလည္းေပးတယ္၊ အရည္အခ်င္းစီမံခန႔္ခြဲမႈဟာ ဒီကုမၸဏီရဲ႕အေရးပါတဲ့အခ်က္တစ္ခ်က္ျဖစ္တယ္။

 

လက္ေတြ႕ေဆာင္႐ြက္ရန္ . . .
အဓိကက်တဲ့ ကိစၥအေတာ္မ်ားမ်ားကိုကိုင္တြယ္ေျဖရွင္းလုပ္ေဆာင္ႏိုင္ရင္ အရည္အခ်င္းစီမံခန႔္ခြဲမႈကို အာ႐ုံစိုက္လုပ္ကိုင္လာႏိုင္မွာျဖစ္တယ္။

ကုမၸဏီအတြင္း ဝန္ထမ္းအခ်င္းခ်င္းဆက္ဆံေရး၊ စနစ္နဲ႔စီမံခန႔္ခြဲေရးအပိုင္း၊ တစ္ဦးနဲ႔တစ္ဦးအျမင္ သေဘာထားယုံၾကည္ခ်က္စတာေတြနဲ႔ ပတ္သက္ၿပီးသိထားဖို႔လိုတယ္။ မိမိဦးစားေပးခ်င္တာေတြကဘာေတြလဲ ကုမၸဏီတြင္းမွာလိုခ်င္တဲ့အေတြးအျမင္ေတြရွိၿပီလား၊ ဝန္ထမ္းအားလုံးဟာ သင္ရဲ႕ေမွ်ာ္မွန္းခ်က္နဲ႔ အဓိကတန္ဖိုးထားတာေတြကို နားလည္ေနၿပီလား၊ ဝန္ထမ္းေတြ ေန႔စဥ္ေန႔တိုင္း အလုပ္လာလုပ္ေနတာဟာဘာေၾကာင့္မ်ားပါလဲ၊ သူတို႔အခ်င္းခ်င္းမွာေရာ၊ ေဖာက္သည္ေတြနဲ႔ပါ အခ်င္းခ်င္းသေဘာထားေတြ၊ ျပဳမူဆက္ဆံေနၾကတာေတြဟာဘာေၾကာင့္ပါလဲ။

  • ဝန္ထမ္းေ႐ြးခ်ယ္ခန႔္ထားေရးမွာ လူမွန္ေနရာမွန္ျဖစ္ေရးအတြက္ ဘယ္လိုသတ္မွတ္ၿပီး ေ႐ြးသလဲ၊ အခုနဲ႔ေနာင္တစ္ခ်ိန္ လိုအပ္တဲ့အရည္အခ်င္းေတြကို ပီပီျပင္ျပင္နားလည္ပါသလား။ အေတာ္ဆုံးလူကို ရရဲ႕လား။
  • လုပ္ငန္းၿပီးစီးမႈနဲ႔ပတ္သက္ၿပီး သင္ဟာတက္ႂကြစြာ စီမံခန႔္ခြဲေနပါသလား။ ဝန္ထမ္းလုပ္ထားတဲ့ အလုပ္ကို စိစစ္ျခင္း၊ အႀကံေပးေဝဖန္ျခင္းျပဳပါသလား၊ ဝန္ထမ္းေတြလုပ္ရည္ကိုင္ရည္တိုးတက္ေအာင္သင္ေပးပါသလား။
  • ဝန္ထမ္းေတြ အရည္အခ်င္းဖြံ႕ၿဖိဳးလာေအာင္ လိုအပ္တဲ့အရင္းအျမစ္ေတြသင့္မွာရွိသလား။ ဝန္ထမ္းအားလုံးကေရာ သူတို႔မွာအရည္ခ်င္းတိုးတက္ေရးအတြက္ကိုယ္ပိုင္အစီအစဥ္ရွိၾကသလား။
  • ခ်ီးျမႇင့္ေငြကို ေလ်ာ္ကန္သင့္ျမတ္စြာေပးရဲ႕လား သင္ေပးတဲ့ေဘာနပ္ဆုေၾကးေငြဟာဝန္ထမ္းအလုပ္ ေဆာင္႐ြက္မႈေကာင္းလာေရးအတြက္ အားေပးႏိုင္ပါသလား။
  • ရာထူးဆက္ခံေရးအစီအစဥ္၊ ဦးေဆာင္မႈစြမ္းရည္ ဖြံ႕ၿဖိဳးေရးအတြက္ အထူးသျဖင့္ အဓိကတာဝန္လုပ္ငန္းေတြအတြက္ ဆက္ခံတာဝန္ယူေရး အစီအစဥ္ေတြရွိၿပီလား။

ကုန္ပစၥည္း သို႔မဟုတ္ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳး ထုတ္လုပ္ေဆာင္႐ြက္ေရး၊ လိုက္နာေဆာင္႐ြက္ေရးနဲ႔ လုပ္နည္းလုပ္ထုံးမ်ားနဲ႔ ပတ္သက္ၿပီး ေဆာင္႐ြက္ရမွာေတြကေတာ့ သင့္ရဲ႕ ဝန္ထမ္းေတြဟာ ေဖာက္သည္ေတြ အႀကိဳက္လုပ္သလား၊ ေဈးကြက္နဲ႔ အံဝင္ခြင္က်ရဲ႕လား၊ တရားဥပေဒေတြနဲ႔အညီ လုပ္ကိုင္ပါသလား၊ သင့္စီးပြားေရးလုပ္ငန္းမွာ ပါဝင္ပတ္သက္ေနတဲ့ အဓိကလူေတြနဲ႔ေရာဝန္ထမ္းေတြနဲ႔ပါ ဆက္ဆံေရးေတြေကာင္းေအာင္ေဆာင္႐ြက္လုပ္ကိုင္ေနပါသလားဆိုတာေတြကို လုပ္ရမွာျဖစ္ပါတယ္။

Read times
Rate this articles
(1 Vote)