×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 09 October 2020

နားထောင်တတ်ပါသလား

နားထောင်တတ်ပါသလား

 

နားထောင်တတ်သလားဟု အမေးခံရလျှင် မေးသူကို ရူးများနေသလားဟူ၍ ထင်ကြပေလိမ့်မည်။ သို့သော် လူ (၁၀၀) လျှင် (၇၅)ယောက်သည် သေချာစွာ နားထောင်လေ့မရှိသူ၊ တစ်နည်းအားဖြင့် နားမထောင်တတ်သူများ ဖြစ်ကြသည်။ မယုံလျှင် စမ်းကြည့်ပါ။ မိတ်ဆွေတစ်ဦးနှင့်လမ်းတွင် ဆုံမိလျှင်ဆုံမိချင်း ဘာဟင်းနဲ့စားခဲ့သလဲဟု ပြုံးပြုံးရွှင်ရွှင် မေးလိုက်ပါ။ အိမ်ပြန်မလို့ . . .စသဖြင့် ဖြေဖို့ရာ ရာခိုင်နှုန်းအတော်များများသေချာပါသည်။ အဘယ့်ကြောင့်ဆိုသော် သေချာစွာ နားမထောင်ဘဲ မေးနေကျအတိုင်း ဘယ်သွားမလို့လဲဟူ၍ မေးသည်ထင်ပြီး ဖြေခြင်းဖြစ်သည်။ ကြည့်သူသည် မြင်လိုသည့်အရာကိုမှ မြင်သကဲ့သို့ နားထောင်သူသည်လည်း ကြားလိုသောအရာကိုသာ ကြားခြင်းဖြစ်ပါသည်။

 

နားထောင်ခြင်း၏ အရေးပါပုံ
လုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်နေကြသော အလုပ်သမား ၆၈ဦးတို့၏ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုများကို နှစ်လကြာမျှ သုတေသနပြုကြည့်ရာတွင် ယင်းတို့တစ်ဦးစီသည် ပျမ်းမျှခြင်းအားဖြင့် နိုးကြားနေသော အချိန်၏ (၇၅%)ကို အသံဖြင့် ဆက်သွယ်မှုတွင် အသုံးပြုကြောင်း၊ ယင်း (၇၅%) အနက်( ၃၀%) မှာ စကားပြောခြင်းဖြစ်၍ (၄၅%) မှာ နားထောင်ခြင်းဖြစ်ကြောင်း တွေ့ရပါသည်။ တစ်နည်းအားဖြင့် စကားပြောခြင်းထက် နားထောင်ခြင်းကို ပိုမိုပြုလုပ်ကြောင်း တွေ့ရသည်။

 

သာမာန်လူတစ်ဦး၏ နားထောင်စွမ်းရည်
အမေရိကန်ပြည်နယ်၊ မီနီဆိုတာတက္ကသိုလ် (University of Minnesota) မှ ပြုလုပ်သော စမ်းသပ်မှုများအရ သာမာန်လူတစ်ဦးသည် မိမိကြားသမျှ၏ (၅၀%)သာ နားဝင်ကြောင်း တွေ့ရသည်။ အိန္ဒိယနိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတစ်ခုတွင ်ဝန်ကြီးချုပ်သည် ဂူဂျရတ်ပီစီစီ၏ မစ္စတာ ဟီတန်ဒရာဒေဆိုင်း (Mr. Hitendra Desai) အား ပြည်ထောင်စုဝန်ကြီးအဖွဲ့တွင် လုပ်ငန်းနှင့်အိမ်ရာဝန်ကြီးအဖြစ် ခန့်အပ်သည်ဟု သိရသည်ဟူသော စာသားများကို ဆွေးနွေးပွဲတက်ရောက်သူများအား လက်ဆင့်ကမ်း၍ ပြောကြားစေခြင်းဖြင့် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။

(ထပ်ပြောကြားခြင်း၊ ရှင်းပြခြင်းမပြုဘဲ တစ်ကြိမ်စီသာ ပြောကြားစေခြင်း ဖြစ်သည့်အပြင် တစ်ဆင့်ကြားရသူတိုင်းအား မိမိကြားရသမျှကို ရေးမှတ်ထားစေခြင်း ဖြစ်သည်)။

သုံးဆင့်မြောက်ပြောကြားခံရသူက ဝန်ကြီးချုပ်သည် ရတ်ပီစီစီ အကြီးအကဲအား ပြည်ထောင်စုဝန်ကြီးအဖွဲ့တွင် ခန့်လိုက်သည်ဟူ၍လည်းကောင်း၊ (၁၀)ဦးမြောက်ကြားရသူက ဝန်ကြိးချုပ်သည် ဂူဂျာရတ်မှ ပီဆီဆက်သီးအား ဝန်းကြီးအဖြစ် ခေါ်ယူလိုက်ကြောင်း၊ (၂၀)ဦးမြောက်မှ ဝန်ကြီးချုပ်သည် ဆက်သီအား စီအမ်ဂူဂျာရတ်အဖြစ် ရွေးလိုက်ကြောင်း စသဖြင့် အဆင့်ဆင့် ကွဲပြားစွာ ရေးထားကြောင်း တွေ့ရပေသည်။

 

အရင်နားထောင်ပါ။
သေချာစွာ နားမထောင်တတ်လျှင် ဆုံးရှုံးမှုများ ပေါ်ပေါက်နိုင်ပေသည်။ သို့ဖြစ်ရင် ဘာမှမလုပ်ခင် အရင်နားထောင်ရန် အရးကြီးကြောင်း လေ့လာစမ်းသပ်မှုများအရ တွေ့ခဲ့ရသည်။

 

လေ့ကျင်လျှင် တိုးတက်မည်
လေ့ကျင့်ပေးလျှင် နားထောင်မှုစွမ်းရည် တိုးတက်လာနိုင်ပေသည်။ နားထောင်မှုစွမ်းရည် တိုးတက်စေရန်အတွက် ပထမဦးဆုံးအနေဖြင့် သင်၏နားထောင်မှုစွမ်းရည် မည်သည့်အဆင့်အထိ ညံ့ဖျင်းကြောင်း၊ မည်သည့်အတွက် ညံ့ဖျင်းရကြောင်း အကြောင်းရင်းကိုသိရှိရန် လိုအပ်ပြီး ထိုအားနည်းမှုများအား မည်သည့်နည်းဖြင့် တိုးတက်စေရန် လုပ်ဆောင်ရမည့်ဆိုသည့်အကြောင်းကို လေ့လာသင့်ပါသည်။

 

ကြားသည့်စကားကို ပြန်တွေးပါ။
အတွေးနှုန်းသည် အပြောနှုန်းထက် လေးဆမြန်ပါသည်။ တစ်မိနစ်လျှင် စာလုံးရေ (၁၂၅)လုံးမျှ ပြောနိုင်စွမ်းရှိသဖြင့် လူတစ်ဦး တစ်မိနစ်မျှ စကားပြောလိုက်ချိန်တွင် နားထောင်သူအဖို့ စကားလုံးပေါင်း (၄၀၀) စာမျှ တွေးချိန်ရလိုက်ပါသည်။ ထိုအချိန်အတွင်း စိတ်အာရုံသည် အခြားသို့လွင့်ပျံ့ကုန်သဖြင့် နားထောင်သူသည် ပြောသူ၏ စကားအချို့ကို လွတ်ကုန်တတ်ပေသည်။ ထို့ကြောင့် နားထောင်စွမ်းရည် တိုးတက်စေရန် တစ်မိနစ်လျှင် စကားလုံး ၄၀၀စာမျှ တွေးချိန်ရသဖြင့် အခြားကိုမတွေးဘဲ မိမိကြားလိုက်သမျှကိုသာ ပြန်တွေးရပါ။ အချက်အလက်များ တိကျပါရဲ့လား၊ အကြောင်းရပ်အားလုံးကို ပြောခြင်းလား၊ ဘက်လိုက်မှုကင်းရဲ့လား စသဖြင့် ပြန်တွေးရပါမယ်။

 

စိတ်ဝင်စားပါ။
နားထောင်ခြင်းဆိုင်ရာ စမ်းသပ်မှုများအားလုံးတွင် စိတ်ဝင်စားမှုသည် အလွန်အရေးပါကြောင်း ဖော်ပြနေပါသည်။ နားထောင်တတ်သူများသည် မိမိကြားသမျှတွင် စိတ်ဝင်စားစရာများ၊ မိမိအတွက် အသုံးဝင်သည်များကို ရှာလေ့ရှိသည်။ စကားလုံးများသာမက အသံအနိမ့်အမြင့်၊ ခြေဟန်လက်ဟန် စသည်တို့ကိုလည်း သတိပြုမှတ်သား၍ နားထောင်လေ့ရှိသည်။ အကြောင်းမှာ ပြောသူသည် ပြောလိုသည့် အရာအားလုံးကို စကားလုံးဖြင့်သာမက အသံအနိမ့်အမြင့်၊ မျက်နှာအမူအရာ၊ ခြေဟန်လက်ဟန်တို့ဖြင့်လည်း ဖော်ပြတတ်သောကြောင့်ဖြစ်သည်။

 

အဓိကအကြောင်းရင်းကို ဂရုစိုက်ပါ။
စကားပြောသူသည် အကြောင်းအရာများစွာကို ပြောသါားမည်ဖြစ်သော်လည်း းယင်းတို့သည် အဓိကအကြောင်းရပ် (Theme) ကို ဖော်ဆောင်နေခြင်းသာဖြစ်၍ နားထောင်သူသည် ယင်းအဓိကအကြောင်းရပ်ကို ဂရိုစိုက်နားထောင်ရမည်ဖြစ်သည်။

 

စိတ်ရှည်ပါ။
နားထောင်တတ်သူတစ်ဦးမှာ ကောင်းစွာနားလည်သည်အထိ စိတ်ရှည်ရှည်ဖြင့် နားထောင်ရမည်ဖြစ်သည်။ ထုသို့နားထောင်ခြင်းအားဖြင့် စကားပြောသူ၏အတွေးအခေါ်၊ အယူအဆများကိုပါ ပိုမိုထိရောက်စွာ နားလည်လာနိုင်မည်ဖြစ်သည်။

 

အာရုံစိုက်ပါ
အာရုံစိုက်၍နားထောင်ခြင်းသည် ပြောသူကို စိတ်ပါလက်ပါဖြင့် ယင်းသိသမျှကို အားပေးရာရောက်ပါသည်။ ပေါ့ဆစွာနားထောင်လျှင် ပြောသူကလည်း ပေါ့ဆစွာ ပြောပေလိမ့်မည်။

 

အကျိုးတရားများ
နားထောင်တတ်ခြင်းဖြင့် ဗဟုသုတတိုးခြင်း၊ အလုပ်တွင်ကျယ်ခြင်း၊ စကေားပြောကောင်းသူတစ်ဦးဖြစ်လာခြင်း စသည့်အကျိုးတရားမျာကို ရရှိနိုင်မှာဖြစ်ပါတယ်။ လူတို့က အများအားဖြင့် များများပြောပြီး နည်းနည်း နားထောင်လေ့ရှိကြသည်။ နားထောင်တတ်ရန် လေ့ကျင့်ခြင်းအားဖြင့် နည်းနည်းပြောပြီး များများ နားထောင်တတ်လာမည်ဖြစ်ပါတယ်။ တရုတ်စကားပုံတစ်ခုရှိပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို နားရွက်နှစ်ဘက်နဲ့ ပါးစပ်တစ်ပေါက် ပေးထားဖြင့် ကျွန်တော်တို့သည် များများနားထောင်ပြီး နည်းနည်းပြောရမှာဖြစ်ပါတယ်။

 

အားလုံးပဲ နားထောင်တတ်သူတွေဖြစ်ပါစေ။

 

 

နားေထာင္တတ္ပါသလား

နားေထာင္တတ္သလားဟု အေမးခံရလွ်င္ ေမးသူကို ရူးမ်ားေနသလားဟူ၍ ထင္ၾကေပလိမ့္မည္။ သို႔ေသာ္ လူ (၁၀၀) လွ်င္ (၇၅)ေယာက္သည္ ေသခ်ာစြာ နားေထာင္ေလ့မရွိသူ၊ တစ္နည္းအားျဖင့္ နားမေထာင္တတ္သူမ်ား ျဖစ္ၾကသည္။ မယံုလွ်င္ စမ္းၾကည့္ပါ။ မိတ္ေဆြတစ္ဦးႏွင့္လမ္းတြင္ ဆံုမိလွ်င္ဆံုမိခ်င္း ဘာဟင္းနဲ႔စားခဲ့သလဲဟု ၿပံဳးၿပံဳးရႊင္ရႊင္ ေမးလိုက္ပါ။ အိမ္ျပန္မလို႔ . . .စသျဖင့္ ေျဖဖို႔ရာ ရာခိုင္ႏႈန္းအေတာ္မ်ားမ်ားေသခ်ာပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ေသခ်ာစြာ နားမေထာင္ဘဲ ေမးေနက်အတိုင္း ဘယ္သြားမလို႔လဲဟူ၍ ေမးသည္ထင္ၿပီး ေျဖျခင္းျဖစ္သည္။ ၾကည့္သူသည္ ျမင္လိုသည့္အရာကိုမွ ျမင္သကဲ့သို႔ နားေထာင္သူသည္လည္း ၾကားလိုေသာအရာကိုသာ ၾကားျခင္းျဖစ္ပါသည္။

 

နားေထာင္ျခင္း၏ အေရးပါပံု
လုပ္ငန္းမ်ိဳးစံုတြင္ လုပ္ကိုင္ေနၾကေသာ အလုပ္သမား ၆၈ဦးတို႔၏ ပုဂၢိဳလ္ေရးဆက္သြယ္မႈမ်ားကို ႏွစ္လၾကာမွ် သုေတသနျပဳၾကည့္ရာတြင္ ယင္းတို႔တစ္ဦးစီသည္ ပ်မ္းမွ်ျခင္းအားျဖင့္ ႏိုးၾကားေနေသာ အခ်ိန္၏ (၇၅%)ကို အသံျဖင့္ ဆက္သြယ္မႈတြင္ အသံုးျပဳေၾကာင္း၊ ယင္း (၇၅%) အနက္( ၃၀%) မွာ စကားေျပာျခင္းျဖစ္၍ (၄၅%) မွာ နားေထာင္ျခင္းျဖစ္ေၾကာင္း ေတြ႕ရပါသည္။ တစ္နည္းအားျဖင့္ စကားေျပာျခင္းထက္ နားေထာင္ျခင္းကို ပိုမိုျပဳလုပ္ေၾကာင္း ေတြ႕ရသည္။

 

သာမာန္လူတစ္ဦး၏ နားေထာင္စြမ္းရည္
အေမရိကန္ျပည္နယ္၊ မီနီဆိုတာတကၠသိုလ္ (University of Minnesota) မွ ျပဳလုပ္ေသာ စမ္းသပ္မႈမ်ားအရ သာမာန္လူတစ္ဦးသည္ မိမိၾကားသမွ်၏ (၅၀%)သာ နား၀င္ေၾကာင္း ေတြ႕ရသည္။ အိႏၵိယႏိုင္ငံတြင္ ျပဳလုပ္ခဲ့ေသာ ေဆြးေႏြးပြဲတစ္ခုတြင ္၀န္ႀကီးခ်ဳပ္သည္ ဂူဂ်ရတ္ပီစီစီ၏ မစၥတာ ဟီတန္ဒရာေဒဆိုင္း (Mr. Hitendra Desai) အား ျပည္ေထာင္စု၀န္ႀကီးအဖြဲ႕တြင္ လုပ္ငန္းႏွင့္အိမ္ရာ၀န္ႀကီးအျဖစ္ ခန္႔အပ္သည္ဟု သိရသည္ဟူေသာ စာသားမ်ားကို ေဆြးေႏြးပြဲတက္ေရာက္သူမ်ားအား လက္ဆင့္ကမ္း၍ ေျပာၾကားေစျခင္းျဖင့္ စမ္းသပ္မႈတစ္ခုျပဳလုပ္ခဲ့သည္။

(ထပ္ေျပာၾကားျခင္း၊ ရွင္းျပျခင္းမျပဳဘဲ တစ္ႀကိမ္စီသာ ေျပာၾကားေစျခင္း ျဖစ္သည့္အျပင္ တစ္ဆင့္ၾကားရသူတိုင္းအား မိမိၾကားရသမွ်ကို ေရးမွတ္ထားေစျခင္း ျဖစ္သည္)။

သံုးဆင့္ေျမာက္ေျပာၾကားခံရသူက ၀န္ႀကီးခ်ဳပ္သည္ ရတ္ပီစီစီ အႀကီးအကဲအား ျပည္ေထာင္စု၀န္ႀကီးအဖြဲ႕တြင္ ခန္႔လိုက္သည္ဟူ၍လည္းေကာင္း၊ (၁၀)ဦးေျမာက္ၾကားရသူက ၀န္ႀကိးခ်ဳပ္သည္ ဂူဂ်ာရတ္မွ ပီဆီဆက္သီးအား ၀န္းႀကီးအျဖစ္ ေခၚယူလိုက္ေၾကာင္း၊ (၂၀)ဦးေျမာက္မွ ၀န္ႀကီးခ်ဳပ္သည္ ဆက္သီအား စီအမ္ဂူဂ်ာရတ္အျဖစ္ ေရြးလိုက္ေၾကာင္း စသျဖင့္ အဆင့္ဆင့္ ကြဲျပားစြာ ေရးထားေၾကာင္း ေတြ႕ရေပသည္။

 

အရင္နားေထာင္ပါ။
ေသခ်ာစြာ နားမေထာင္တတ္လွ်င္ ဆံုးရွံဳးမႈမ်ား ေပၚေပါက္ႏို္င္ေပသည္။ သို႔ျဖစ္ရင္ ဘာမွမလုပ္ခင္ အရင္နားေထာင္ရန္ အရးႀကီးေၾကာင္း ေလ့လာစမ္းသပ္မႈမ်ားအရ ေတြ႕ခဲ့ရသည္။

 

ေလ့က်င္လွ်င္ တိုးတက္မည္
ေလ့က်င့္ေပးလွ်င္ နားေထာင္မႈစြမ္းရည္ တိုးတက္လာႏိုင္ေပသည္။ နားေထာင္မႈစြမ္းရည္ တိုးတက္ေစရန္အတြက္ ပထမဦးဆံုးအေနျဖင့္ သင္၏နားေထာင္မႈစြမ္းရည္ မည္သည့္အဆင့္အထိ ညံ့ဖ်င္းေၾကာင္း၊ မည္သည့္အတြက္ ညံ့ဖ်င္းရေၾကာင္း အေၾကာင္းရင္းကိုသိရွိရန္ လိုအပ္ၿပီး ထိုအားနည္းမႈမ်ားအား မည္သည့္နည္းျဖင့္ တိုးတက္ေစရန္ လုပ္ေဆာင္ရမည့္ဆိုသည့္အေၾကာင္းကို ေလ့လာသင့္ပါသည္။

 

ၾကားသည့္စကားကို ျပန္ေတြးပါ။
အေတြးႏႈန္းသည္ အေျပာႏႈန္းထက္ ေလးဆျမန္ပါသည္။ တစ္မိနစ္လွ်င္ စာလံုးေရ (၁၂၅)လံုးမွ် ေျပာႏိုင္စြမ္းရွိသျဖင့္ လူတစ္ဦး တစ္မိနစ္မွ် စကားေျပာလိုက္ခ်ိန္တြင္ နားေထာင္သူအဖို႔ စကားလံုးေပါင္း (၄၀၀) စာမွ် ေတြးခ်ိန္ရလိုက္ပါသည္။ ထိုအခ်ိန္အတြင္း စိတ္အာရံုသည္ အျခားသို႔လြင့္ပ်ံ႕ကုန္သျဖင့္ နားေထာင္သူသည္ ေျပာသူ၏ စကားအခ်ိဳ႕ကို လြတ္ကုန္တတ္ေပသည္။ ထို႔ေၾကာင့္ နားေထာင္စြမ္းရည္ တိုးတက္ေစရန္ တစ္မိနစ္လွ်င္ စကားလံုး ၄၀၀စာမွ် ေတြးခ်ိန္ရသျဖင့္ အျခားကိုမေတြးဘဲ မိမိၾကားလိုက္သမွ်ကိုသာ ျပန္ေတြးရပါ။ အခ်က္အလက္မ်ား တိက်ပါရဲ႕လား၊ အေၾကာင္းရပ္အားလံုးကို ေျပာျခင္းလား၊ ဘက္လိုက္မႈကင္းရဲ႕လား စသျဖင့္ ျပန္ေတြးရပါမယ္။

 

စိတ္၀င္စားပါ။
နားေထာင္ျခင္းဆိုင္ရာ စမ္းသပ္မႈမ်ားအားလံုးတြင္ စိတ္၀င္စားမႈသည္ အလြန္အေရးပါေၾကာင္း ေဖာ္ျပေနပါသည္။ နားေထာင္တတ္သူမ်ားသည္ မိမိၾကားသမွ်တြင္ စိတ္၀င္စားစရာမ်ား၊ မိမိအတြက္ အသံုး၀င္သည္မ်ားကို ရွာေလ့ရွိသည္။ စကားလံုးမ်ားသာမက အသံအနိမ့္အျမင့္၊ ေျခဟန္လက္ဟန္ စသည္တုိ႔ကိုလည္း သတိျပဳမွတ္သား၍ နားေထာင္ေလ့ရွိသည္။ အေၾကာင္းမွာ ေျပာသူသည္ ေျပာလိုသည့္ အရာအားလံုးကို စကားလံုးျဖင့္သာမက အသံအနိမ့္အျမင့္၊ မ်က္ႏွာအမူအရာ၊ ေျခဟန္လက္ဟန္တို႔ျဖင့္လည္း ေဖာ္ျပတတ္ေသာေၾကာင့္ျဖစ္သည္။

 

အဓိကအေၾကာင္းရင္းကို ဂရုစိုက္ပါ။
စကားေျပာသူသည္ အေၾကာင္းအရာမ်ားစြာကို ေျပာသါားမည္ျဖစ္ေသာ္လည္း းယင္းတို႔သည္ အဓိကအေၾကာင္းရပ္ (Theme) ကို ေဖာ္ေဆာင္ေနျခင္းသာျဖစ္၍ နားေထာင္သူသည္ ယင္းအဓိကအေၾကာင္းရပ္ကို ဂရုိစိုက္နားေထာင္ရမည္ျဖစ္သည္။

 

စိတ္ရွည္ပါ။
နားေထာင္တတ္သူတစ္ဦးမွာ ေကာင္းစြာနားလည္သည္အထိ စိတ္ရွည္ရွည္ျဖင့္ နားေထာင္ရမည္ျဖစ္သည္။ ထုသို႔နားေထာင္ျခင္းအားျဖင့္ စကားေျပာသူ၏အေတြးအေခၚ၊ အယူအဆမ်ားကိုပါ ပိုမိုထိေရာက္စြာ နားလည္လာႏို္င္မည္ျဖစ္သည္။

 

အာရံုစိုက္ပါ
အာရံုစိုက္၍နားေထာင္ျခင္းသည္ ေျပာသူကို စိတ္ပါလက္ပါျဖင့္ ယင္းသိသမွ်ကို အားေပးရာေရာက္ပါသည္။ ေပါ့ဆစြာနားေထာင္လွ်င္ ေျပာသူကလည္း ေပါ့ဆစြာ ေျပာေပလိမ့္မည္။

 

အက်ိဳးတရားမ်ား
နားေထာင္တတ္ျခင္းျဖင့္ ဗဟုသုတတိုးျခင္း၊ အလုပ္တြင္က်ယ္ျခင္း၊ စေကားေျပာေကာင္းသူတစ္ဦးျဖစ္လာျခင္း စသည့္အက်ိဳးတရားမ်ာကို ရရွိႏိုင္မွာျဖစ္ပါတယ္။ လူတို႔က အမ်ားအားျဖင့္ မ်ားမ်ားေျပာၿပီး နည္းနည္း နားေထာင္ေလ့ရွိၾကသည္။ နားေထာင္တတ္ရန္ ေလ့က်င့္ျခင္းအားျဖင့္ နည္းနည္းေျပာၿပီး မ်ားမ်ား နားေထာင္တတ္လာမည္ျဖစ္ပါတယ္။ တရုတ္စကားပံုတစ္ခုရွိပါတယ္။ ဘုရားသခင္က ကၽြန္ေတာ္တို႔ကို နားရြက္ႏွစ္ဘက္နဲ႔ ပါးစပ္တစ္ေပါက္ ေပးထားျဖင့္ ကၽြန္ေတာ္တို႔သည္ မ်ားမ်ားနားေထာင္ၿပီး နည္းနည္းေျပာရမွာျဖစ္ပါတယ္။

 

အားလံုးပဲ နားေထာင္တတ္သူေတြျဖစ္ပါေစ။

Read times
Rate this articles
(0 votes)