×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 13 October 2020

လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ဝန်ထမ်းအမျိုးအစားများ

လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော ဝန်ထမ်းအမျိုးအစားများ

 

မတူညီသောနေရာအသီးသီးတွင် အလုပ်လုပ်ကိုင်နေသော လူများသည် တွေ့ကြုံဖြတ်သန်းခဲ့သော အခြေအနေများအပေါ် မူတည်၍ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများမှာလည်း ကွဲပြားခြားနားသွားလေ့ရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။ အချို့လူများသည် အလွယ်တကူ ပေါင်းသင်းဆက်ဆံရန် အဆင်ပြေသော်လည်း အချို့မှာ အဆင်ပြေအောင် လိုက်လျောညီထွေစွာ နေထိုင်ရန်ပင် မကွယ်ကူလှပေ။ လုပ်ငန်းခွင်သည် ဝန်ထမ်းများအဖို့ Second Home ဟုပင် တင်စားခေါ်ဝေါ်ရသည်အထိ ကျွန်တော်တို့၏ အချိန်အများစုအား လုပ်ငန်းခွင်တွင်သာ ကုန်ဆုံးရသည်သာဖြစ်သည်။ မိသားစုဝင်များနှင့်အတူ ကုန်ဆုံးရချိန်ထက် ဝန်ထမ်းအချင်းချင်း ပေါင်းသင်းဆက်ဆံရချိန်က ပိုများသည်မဟုတ်ပါလား။

ဝန်ထမ်းများရဲ့ မတူညီသောကိုယ်ရည်ကိုယ်သွေးမှ ကျွန်တော်တို့ မည်သည့်အရာများကို စစ်ထုတ်ရရှိနိုင်မလဲ ???

 

နာခံတတ်သော ဝန်ထမ်းများ
ထိုအမျိုးအစား ဝန်ထမ်းများသည် ယေဘုယျအားဖြင့် နောက်လိုက်နောက်ပါကောင်းများ ဖြစ်ကြသည်။ ရုံးကိစ္စများ၊ အဖွဲ့လိုက် လုပ်ဆောင်ရသော ကိစ္စရပ်များတွင် သူတို့သည် အားတက်သရော ထောက်ပံ့ပါဝင် အားပေးကူညီကြလေ့ရှိသည်။ ဝန်ထမ်းအချင်းချင်း လိုအပ်သော အကူအညီများအား တတ်အားသရွေ့ ပါဝင်ပေးစွမ်းနိုင်ရန် အစဉ် ကြိုးပမ်းနေကြသူများဖြစ်သည်။

 

ယှဉ်ပြိုင်တတ်သော ဝန်ထမ်းများ
ထိုအမျိုးအစားဝန်ထမ်းများသည် များသောအားဖြင့် လုပ်ငန်းခွင်အတွင်း ၎င်းတို့ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲပြသနာများအား ပျော်ပျော်ကြီး ကိုင်တွယ်ဖြေရှင်းချင်ကြသူများ ဖြစ်ကြသည်။ အဆိုပါဝန်ထမ်းများသည် ဉာဏ်ကောင်းကြသူများဖြစ်ကြပြီး ဖိအားများနှင့် စိန်ခေါ်မှုများသည် သူတို့၏ စွမ်းရည်နှင့် လုပ်ကိုင်နိုင်စွမ်းအား ပိုမိုကောင်းမွန်လာစေသည်ဟု ယုံကြည်စိတ်ရှိကြသူများဖြစ်သည်။ ထိုဝန်ထမ်း၏ ကြိုးစားအားထုတ်မှုများသည် ရာနှုန်းပြည့် ကောင်းမွန်သော ရလဒ်များကိုသာ ယူဆောင်လာလေ့ရှိသည်။

 

ခေါင်းဆောင်များ
နှစ်ပေါင်းများစွာ ရရှိလာသော အတွေ့အကြုံများအပေါ်အခြေခံပြီး ခေါင်းဆောင်နေရာကို ရရှိလာသောဝန်ထမ်းများ ဖြစ်ကြသည်။ လက်အောက်ငယ်သား ဝန်ထမ်းများအား မည်သို့ဦးဆောင်၍ ခေါ်ဆောင်သွားရမည်ကို ကောင်းစွာသိရှိနားလည်သူများ ဖြစ်ကြသည်။ သူတို့အဖွဲ့ထဲမှ ဝန်ထမ်းတစ်သီးချင်းစီ၏ လုပ်ရည်ကိုင်ရည်နှင့် လုပ်နိုင်စွမ်းတို့ကို ကောင်းစွာ သဘောပေါက် နားလည်သူတို့ ဖြစ်ကြသည်။ လုပ်ငန်းသစ်တစ်ခုအား စတင်ခြင်းနှင့် ထိုလုပ်ငန်းအသစ်တွင် ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်လာအောင် သိမ်းသွင်းနိုင်သူများ ဖြစ်ကြသည်။ ယုံကြည်မှုပြင်းထန်သူများဖြစ်ကြပြီး တာဝန်နှင့်ဝတ္တရားအား ကောင်းစွာ သဘောပေါက် နားလည်သူများဖြစ်ကြသည်။

 

ဝေဖန်တတ်သူများ
ထိုအမျိုးအစားဝန်ထမ်းမျာသည် ကိစ္စတစ်ခုအပေါ်တွင် ကြည့်သော ရှု့မြင်တတ်သောနေရာတွင် အကောင်းဘက်မှနေ၍စဉ်းစားခြင်းထက် အဆိုးဘက်မှနေ၍စဉ်းစားခြင်းကိုသာ အားသာတတ်သော လူမျိုးများဖြစ်ကြသည်။ ထိုသူများသည် မိမိကိုယ်တိုင် ကောင်းမွန်သောကိစ္စရပ်များကို မဖန်တီးနိုင်ကြသော်ငြား အခြားသူများ ကောင်းစွာပြုလုပ်ထားသော ကိစ္စများ၏ အသေးငယ်ဆုံးသော လွဲချော်မှုများ မြင်နိုင်စွမ်း ရှိကြသူများဖြစ်ကြသည်။

 

“ဟုတ်ကဲ့” အမြဲပြောသူများ
ထိုအမျိုးအစား ဝန်ထမ်းမျာသည် သူတို့၏ ကိုယ်ပိုင်ထင်မြင်ူဆချက်များကို ထုတ်ဖော်ပြောကြားဆွေးနွေးခြင်းထက် ရှေ့မှပြသွားသော အစီအစဉ်များနောက်ကိုလိုကို့ရန် အားသာသူများ ဖြစ်ကြသည်။ သူတို့ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ နှစ်သက်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရှေ့မှဦးဆောင်သူ၏ ပြောသမျှအား ခေငါးညိတ်ခြင်းဖြင့်သော်လည်းကောင်း၊ ပြောသမျှအား ထောက်ခံခြင်းဖြင့်သော်လည်းကောင်း နောက်ကလိုက်လ့ရှိကြသူများ ဖြစ်ကြသည်။ ထိုသူများသည် လုပ်ငန်းခွင်အတွင်း အဆင်အပြေဆုံး ပေါင်းသင်းနထိုင်နိုင်သူများဖြစ်ကြသည်။

 

စကားများများ ပြောတတ်သူများ
ထိုအမျိုးအစားဝန်ထမ်းများတွင် ကိစ္စအတော်များများနှင့်ပတ်သက်၍ ပြောစရာများနှင့် အကြံဉာဏ်များ အမြောက်အများရှိနေတတ်သည်။ ထိုဝန်ထမ်းများ၏ အရပ်မနား စကားပြောဆိုခြင်းသည် အလုပ်ချိန်အတွင်း စိတ်အနှောက်အယှက်များ ရရှိနိုင်သော်လည်း လုပ်ငန်းခွင်အတွင်းရှိ အခြားဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ ကောင်းခြင်း၊ ဆိုးခြင်းများအားလုံးနှင့် ပါဝင်ပတ်သတ်နေသောကြောင့် ထိုသူများများ “Social Butterflies” များဟုပင် တင်စားခေါ်ဝေါ်ရမည်ဖြစ်သည်။။

 

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့သည် လုပ်ငန်းခွင်အတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနှင့် ကူးလူးဆက်ဆံနေရမည်မှာ ရှောင်လွဲ၍မရသောကိစ္စဖြစ်ပြီး နားလည်မှုရှိရှိဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းအား ဖန်တီးရမည်မှာလည်း အရေးပါသော အချက်တစ်ချက်ပင်ဖြစ်သည်။

 

 

 

လုပ္ငန္းခြင္တြင္ ႀကံဳေတြ႕ရေသာ ၀န္ထမ္းအမ်ိဳးအစားမ်ား

မတူညီေသာေနရာအသီးသီးတြင္ အလုပ္လုပ္ကိုင္ေနေသာ လူမ်ားသည္ ေတြ႕ႀကံဳျဖတ္သန္းခဲ့ေသာ အေျခအေနမ်ားအေပၚ မူတည္၍ တစ္ဦးခ်င္းစီ၏ ကိုယ္ရည္ကိုယ္ေသြးမ်ားမွာလည္း ကြဲျပားျခားနားသြားေလ့ရွိသည္မွာ အထင္အရွားပင္ ျဖစ္သည္။ အခ်ိဳ႕လူမ်ားသည္ အလြယ္တကူ ေပါင္းသင္းဆက္ဆံရန္ အဆင္ေျပေသာ္လည္း အခ်ိဳ႕မွာ အဆင္ေျပေအာင္ လိုက္ေလ်ာညီေထြစြာ ေနထိုင္ရန္ပင္ မကြယ္ကူလွေပ။ လုပ္ငန္းခြင္သည္ ၀န္ထမ္းမ်ားအဖို႔ Second Home ဟုပင္ တင္စားေခၚေ၀ၚရသည္အထိ ကၽြန္ေတာ္တို႔၏ အခ်ိန္အမ်ားစုအား လုပ္ငန္းခြင္တြင္သာ ကုန္ဆံုးရသည္သာျဖစ္သည္။ မိသားစု၀င္မ်ားႏွင့္အတူ ကုန္ဆံုးရခ်ိန္ထက္ ၀န္ထမ္းအခ်င္းခ်င္း ေပါင္းသင္းဆက္ဆံရခ်ိန္က ပိုမ်ားသည္မဟုတ္ပါလား။

၀န္ထမ္းမ်ားရဲ႕ မတူညီေသာကိုယ္ရည္ကိုယ္ေသြးမွ ကၽြန္ေတာ္တို႔ မည္သည့္အရာမ်ားကို စစ္ထုတ္ရရွိႏိုင္မလဲ ???

 

 

နာခံတတ္ေသာ ၀န္ထမ္းမ်ား
ထိုအမ်ိဳးအစား ၀န္ထမ္းမ်ားသည္ ေယဘုယ်အားျဖင့္ ေနာက္လိုက္ေနာက္ပါေကာင္းမ်ား ျဖစ္ၾကသည္။ ရံုးကိစၥမ်ား၊ အဖြဲ႕လိုက္ လုပ္ေဆာင္ရေသာ ကိစၥရပ္မ်ားတြင္ သူတို႔သည္ အားတက္သေရာ ေထာက္ပံ့ပါ၀င္ အားေပးကူညီၾကေလ့ရွိသည္။ ၀န္ထမ္းအခ်င္းခ်င္း လိုအပ္ေသာ အကူအညီမ်ားအား တတ္အားသေရြ႕ ပါ၀င္ေပးစြမ္းႏိုင္ရန္ အစဥ္ ႀကိဳးပမ္းေနၾကသူမ်ားျဖစ္သည္။

 

ယွဥ္ၿပိဳင္တတ္ေသာ ၀န္ထမ္းမ်ား
ထိုအမ်ိဳးအစား၀န္ထမ္းမ်ားသည္ မ်ားေသာအားျဖင့္ လုပ္ငန္းခြင္အတြင္း ၄င္းတို႔ရင္ဆိုင္ေျဖရွင္းရမည့္ အခက္အခဲျပသနာမ်ားအား ေပ်ာ္ေပ်ာ္ႀကီး ကိုင္တြယ္ေျဖရွင္းခ်င္ၾကသူမ်ား ျဖစ္ၾကသည္။ အဆိုပါ၀န္ထမ္းမ်ားသည္ ဥာဏ္ေကာင္းၾကသူမ်ားျဖစ္ၾကၿပီး ဖိအားမ်ားႏွင့္ စိန္ေခၚမႈမ်ားသည္ သူတို႔၏ စြမ္းရည္ႏွင့္ လုပ္ကိုင္ႏိုင္စြမ္းအား ပိုမိုေကာင္းမြန္လာေစသည္ဟု ယံုၾကည္စိတ္ရွိၾကသူမ်ားျဖစ္သည္။ ထို၀န္ထမ္း၏ ႀကိဳးစားအားထုတ္မႈမ်ားသည္ ရာႏႈန္းျပည့္ ေကာင္းမြန္ေသာ ရလဒ္မ်ားကိုသာ ယူေဆာင္လာေလ့ရွိသည္။

 

ေခါင္းေဆာင္မ်ား
ႏွစ္ေပါင္းမ်ားစြာ ရရွိလာေသာ အေတြ႕အႀကံဳမ်ားအေပၚအေျခခံၿပီး ေခါင္းေဆာင္ေနရာကို ရရွိလာေသာ၀န္ထမ္းမ်ား ျဖစ္ၾကသည္။ လက္ေအာက္ငယ္သား ၀န္ထမ္းမ်ားအား မည္သုိ႔ဦးေဆာင္၍ ေခၚေဆာင္သြားရမည္ကို ေကာင္းစြာသိရွိနားလည္သူမ်ား ျဖစ္ၾကသည္။ သူတို႔အဖြဲ႕ထဲမွ ၀န္ထမ္းတစ္သီးခ်င္းစီ၏ လုပ္ရည္ကိုင္ရည္ႏွင့္ လုပ္ႏိုင္စြမ္းတို႔ကို ေကာင္းစြာ သေဘာေပါက္ နားလည္သူတို႔ ျဖစ္ၾကသည္။ လုပ္ငန္းသစ္တစ္ခုအား စတင္ျခင္းႏွင့္ ထိုလုပ္ငန္းအသစ္တြင္ ၀န္ထမ္းမ်ား ေပ်ာ္ရႊင္စြာ ပါ၀င္လာေအာင္ သိမ္းသြင္းႏိုင္သူမ်ား ျဖစ္ၾကသည္။ ယံုၾကည္မႈျပင္းထန္သူမ်ားျဖစ္ၾကၿပီး တာ၀န္ႏွင့္၀တၱရားအား ေကာင္းစြာ သေဘာေပါက္ နားလည္သူမ်ားျဖစ္ၾကသည္။

 

ေ၀ဖန္တတ္သူမ်ား
ထိုအမ်ိဳးအစား၀န္ထမ္းမ်ာသည္ ကိစၥတစ္ခုအေပၚတြင္ ၾကည့္ေသာ ရႈ႕ျမင္တတ္ေသာေနရာတြင္ အေကာင္းဘက္မွေန၍စဥ္းစားျခင္းထက္ အဆိုးဘက္မွေန၍စဥ္းစားျခင္းကိုသာ အားသာတတ္ေသာ လူမ်ိဳးမ်ားျဖစ္ၾကသည္။ ထိုသူမ်ားသည္ မိမိကိုယ္တိုင္ ေကာင္းမြန္ေသာကိစၥရပ္မ်ားကို မဖန္တီးႏိုင္ၾကေသာ္ျငား အျခားသူမ်ား ေကာင္းစြာျပဳလုပ္ထားေသာ ကိစၥမ်ား၏ အေသးငယ္ဆံုးေသာ လြဲေခ်ာ္မႈမ်ား ျမင္ႏိုင္စြမ္း ရွိၾကသူမ်ားျဖစ္ၾကသည္။

 

“ဟုတ္ကဲ့” အၿမဲေျပာသူမ်ား
ထိုအမ်ိဳးအစား ၀န္ထမ္းမ်ာသည္ သူတို႔၏ ကိုယ္ပိုင္ထင္ျမင္ူဆခ်က္မ်ားကို ထုတ္ေဖာ္ေျပာၾကားေဆြးေႏြးျခင္းထက္ ေရွ႕မွျပသြားေသာ အစီအစဥ္မ်ားေနာက္ကိုလိုက္ို႔ရန္ အားသာသူမ်ား ျဖစ္ၾကသည္။ သူတို႔ကိုယ္ပိုင္ စိတ္ပိုင္းဆိုင္ရာ ႏွစ္သက္ျခင္းရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ ေရွ႕မွဦးေဆာင္သူ၏ ေျပာသမွ်အား ေခငါးညိတ္ျခင္းျဖင့္ေသာ္လည္းေကာင္း၊ ေျပာသမွ်အား ေထာက္ခံျခင္းျဖင့္ေသာ္လည္းေကာင္း ေနာက္ကလိုက္လ့ရွိၾကသူမ်ား ျဖစ္ၾကသည္။ ထိုသူမ်ားသည္ လုပ္ငန္းခြင္အတြင္း အဆင္အေျပဆံုး ေပါင္းသင္းနထိုင္ႏိုင္သူမ်ားျဖစ္ၾကသည္။

 

စကားမ်ားမ်ား ေျပာတတ္သူမ်ား
ထိုအမ်ိဳးအစား၀န္ထမ္းမ်ားတြင္ ကိစၥအေတာ္မ်ားမ်ားႏွင့္ပတ္သက္၍ ေျပာစရာမ်ားႏွင့္ အႀကံဥာဏ္မ်ား အေျမာက္အမ်ားရွိေနတတ္သည္။ ထို၀န္ထမ္းမ်ား၏ အရပ္မနား စကားေျပာဆိုျခင္းသည္ အလုပ္ခ်ိန္အတြင္း စိတ္အေႏွာက္အယွက္မ်ား ရရွိႏိုင္ေသာ္လည္း လုပ္ငန္းခြင္အတြင္းရွိ အျခား၀န္ထမ္းမ်ား၏ စိတ္ပိုင္းဆိုင္ရာ ေကာင္းျခင္း၊ ဆိုးျခင္းမ်ားအားလံုးႏွင့္ ပါ၀င္ပတ္သတ္ေနေသာေၾကာင့္ ထိုသူမ်ားမ်ား “Social Butterflies” မ်ားဟုပင္ တင္စားေခၚေ၀ၚရမည္ျဖစ္သည္။

 

မည္သို႔ပင္ျဖစ္ေစ ကၽြန္ေတာ္တို႔သည္ လုပ္ငန္းခြင္အတြင္းရွိ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ကူးလူးဆက္ဆံေနရမည္မွာ ေရွာင္လြဲ၍မရေသာကိစၥျဖစ္ၿပီး နားလည္မႈရွိရွိျဖင့္ ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ လုပ္ငန္းအား ဖန္တီးရမည္မွာလည္း အေရးပါေသာ အခ်က္တစ္ခ်က္ပင္ျဖစ္သည္။

Read times
Rate this articles
(0 votes)