×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 19 November 2020

ရူပဗေဒနယ်ပယ်မှာ နိုဘယ်ဆုရရှိခဲ့ကြတဲ့ ရူပဗေဒပညာရှင်ကြီးများနှင့် သူတို့၏ တီထွင်မှုများ

ရူပဗေဒနယ်ပယ်မှာ နိုဘယ်ဆုရရှိခဲ့ကြတဲ့ ရူပဗေဒပညာရှင်ကြီးများနှင့် သူတို့၏ တီထွင်မှုများ

 

Johannes van der Waals ( 1837 – 1923) - ဒပ်(ချ်) လူမျိုးဖြစ်ပြီး ဓာတ်ငွေ့နှင့်အရည်အတွက်ညီမျှခြင်းတွေထုတ်ပေးခဲ့ပါတယ်။

Lord Rayleigh ( 1842 – 1919 ) - အာဂွန်ဓာတ်ငွေ့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အလင်းဖြာခြင်းကြောင့် နေဝင်တဲ့အခါ ကောင်းကင် က အနီရောင်နှင့်အပြာရောင် အရောအထွေးဖြစ်နေရကြောင်း ရှင်းပြခဲ့တဲ့ ဗြိတိန်နိုဘယ်ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။

Wilhelm Rontren ( 1845 – 1923 ) – X rays အကြောင်းရှာဖွေလေ့လာခဲ့တဲ့ ဂျာမန်လူမျိုးပညာရှင်ကြီးဖြစ်ပါတယ်။

Antoine Henri Becquerel ( 1852 – 1908 ) - ရေဒီယိုသတ္တိကြွစွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပြင်သစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Sir Joseph John Thomson ( 1856 – 1940 ) - အလက်ထရွန် တွေ တည်ရှိပုံကို သက်သေပြခဲ့တဲ့ ဗြိတိန်ပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။

Pierre Curie ( 1859 – 1906 ) - ရေဒီယိုသတ္တိကြွခြင်း ကို ဇနီး မာရီကူရီ နှင့်အတူလေ့လာခဲ့ပါတယ်။ ပြင်သစ်လူမျိုး ပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။

Marie Curie ( 1867 – 1934 ) - ရေဒီယိုသတ္တိကြွပစ္စည်း ( Thorium, Radium, Polonium ) တို့ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပိုလန်ဖွားပြင်သစ်သူတစ်ယောက်ဖြစ်ပါတယ်။

Robert Millikan ( 1868 – 1953 ) - အီလက်ထရွန် တိုင်းတာနှုန်းကိုလေ့လာခဲ့ပြီး အာကာသမှလာတဲ့ ဓာတ်ရောင်ခြည်တစ်မျိုးဖြစ်တဲ့ Cosmic rays နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ပညာရှင်ကြီး ဖြစ်ပါတယ်။

Guglielmo Marconi ( 1874 – 1937 ) - ပထမဆုံးသော ကြိုးမဲ့ကြေးနန်းစနစ်သစ်ကို တီထွင်ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ် ။

 

 


 

Johannes van der Waals ( 1837 – 1923) - ဒပ်(ခ်ျ) လူမျိုးဖြစ်ပြီး ဓာတ်ငွေ့နှင့်အရည်အတွက်ညီမျှခြင်းတွေထုတ်ပေးခဲ့ပါတယ်။









Read times
Rate this articles
(0 votes)