×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 03 December 2020

ဘတ်စကတ်ဘော ကစားဖြစ်အောင်ကစားပါ။

Covid ပြီးလို့ သူငယ်ချင်းတွေနဲ့ပြန်တွေ့ရတဲ့အခါ ဘတ်စကတ်ဘော ကစားဖြစ်အောင်ကစားပါ။ ဘာလို့လဲဆိုတော့ ဘတ်စကတ်ဘောကစားခြင်း က သူငယ်ချင်းကြားရင်းနှီးမှုကိုတိုးတက်စေတဲ့အပြင် များစွာသောအကျိုးကျေးဇူးများကို ရရှိစေလို့ပါ။
ဘတ်စကတ်ဘောကစားခြင်း က သင့်ကို ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုနှင့်တကွ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုပါ ဖြစ်စေပါတယ်။ ဒါဆို ဘတ်စကတ်ဘောကစားခြင်းကြောင့်ရရှိမယ့် ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုက ဘာတွေလဲ?


( ၁ ) သင့်ရဲ့ ကြွက်သားစနစ်ပိုမိုကောင်းမွန်လာပါမယ်။
ဘတ်စကတ်ဘောကစားတဲ့အခါ တက်တက်ကြွကြွ ခွန်အားရှိရှိနဲ့ သွက်သွက်လက်လက် ကစားရပါတယ်။ အချိန် အကန့်အသတ်အတွင်းမှာ အလျင်အမြန်လှုပ်ရှားကြရတာကြောင့် ကြွက်သားတွေကို ပိုအသုံးချရပါတယ်။ ဒါကြောင့် သင့်ရဲ့ကြွက်သားစနစ်ကို ပိုသန်မာလာစေချင်ရင် ဘတ်စကတ်ဘောဆော့ပါ။


( ၂ ) အရိုးအဆစ်သန်မာစေပါတယ်။
၂၀၁၈ ခုနှစ်တုန်းက ပြုစုခဲ့တဲ့ သုတေသနမှတ်တမ်းတွေအရ ဘတ်စကတ်ဘောကစားခြင်းက အရိုးအဆစ်ဖွဲ့စည်းမှု ကို အထောက်အကူကောင်းပေးတယ် လို့ သိကြရပါတယ်။


( ၃ ) ခန္ဓာကိုယ် ကို မျှတစွာအသုံးချတတ်လာပါလိမ့်မယ်။

ဘတ်စကတ်ဘောကစားတဲ့အခါ မျက်လုံး၊ခြေထောက်၊လက်၊ ဦးနှောက် တို့ ကို အသုံးချဆော့ရပါတယ်။ ဒါကြောင့် ဘတ်စကတ်ဘောအမြဲဆော့နေတဲ့လူ က သူများထက်ပိုပြီး ခန္ဓာကိုယ်ကို မျှတအောင် အသုံးချတတ်ပါတယ်။


( ၄ ) နှလုံးသွေးလည်ပတ်မှုကို မြှင့်တင်ပေးပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက နှလုံးကျန်းမာရေးအတွက်‌ အထောက်အကူကောင်းတစ်ရပ်ဖြစ်ပါတယ်။ ၂၀၁၉ စစ်တမ်းတွေအရ ဘတ်စကတ်ဘောသမားတစ်ယောက် ရဲ့ နှလုံးအားကောင်းမှု က ပုံမှန်လူရဲ့ ၁ ဆခွဲလောက်မြင့်ပါတယ်တဲ့။


ဒါဆို စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကရော?
( ၁ ) ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်တက်စေပါတယ်။
နေရာတစ်ခုမှာသင့်ရဲ့အရေးပါအရာရောက်မှုကို မြင်လေ သင့်ရဲ့ Self-confidence မြင့်တက်လေဖြစ်ပါတယ်။ ဘတ်စကတ်ဘောက အသင်းအဖွဲ့နဲ့ ဆော့ရတာကြောင့် အသင်းသားအချင်းချင်း အားပေးတာ၊ အကြံပေးတာ၊ အထောက်အကူပြုတာတွေ အမြဲရှိနေတာကြောင့် သေချာပေါက် သင့်ရဲ့ ယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ်။

 

( ၂ ) စိတ်ဖိစီးမှုတွေ လျော့ကျလာပါလိမ့်မယ်။
ခန္ဓာကိုယ်လှုပ်ရှားတဲ့အခါ Endorphins လို့ခေါ်တဲ့ ပျော်စေတဲ့ ဟော်မုန်းထွက်တာကြောင့် ကိုယ်လက်လှုပ်ရှားရတဲ့ ကစားနည်းတိုင်း က သင့်ကို စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ Endorphins က သင့်ရဲ့ အပြုသဘောဆောင်တဲ့ ဉာဏ်ကိုလည်းနှိုးဆွပေးတာကြောင့် အချိန်တိုင်းမှာ Positive Vibes ( အကောင်းမြင်စိတ် ) ဖြစ်နေမှာပါ။


ဒါ့အပြင့် ဘတ်စကတ်ဘောကစားခြင်း က တစ်ဉီးနှင့်တစ်ဦး နားလည်မှု၊ ရင်းနှီးမှုကို ရစေတာကြောင့် ဒီ Covid ပြီးတဲ့အခါ သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘော ကစားဖြစ်အောင်ကစားနော်။

 

 

Covid ၿပီးလို႔ သူငယ္ခ်င္းေတြနဲ႔ျပန္ေတြ႕ရတဲ့အခါ ဘတ္စကတ္ေဘာ ကစားျဖစ္ေအာင္ကစားပါ။ ဘာလို႔လဲဆိုေတာ့ ဘတ္စကတ္ေဘာကစားျခင္း က သူငယ္ခ်င္းၾကားရင္းႏွီးမႈကိုတိုးတက္ေစတဲ့အျပင္ မ်ားစြာေသာအက်ိဳးေက်းဇူးမ်ားကို ရရွိေစလို႔ပါ။
ဘတ္စကတ္ေဘာကစားျခင္း က သင့္ကို ႐ုပ္ပိုင္းဆိုင္ရာတိုးတက္မႈႏွင့္တကြ စိတ္ပိုင္းဆိုင္ရာတိုးတက္မႈကိုပါ ျဖစ္ေစပါတယ္။ ဒါဆို ဘတ္စကတ္ေဘာကစားျခင္းေၾကာင့္ရရွိမယ့္ ႐ုပ္ပိုင္းဆိုင္ရာတိုးတက္မႈက ဘာေတြလဲ?


( ၁ ) သင့္ရဲ႕ ႂကြက္သားစနစ္ပိုမိုေကာင္းမြန္လာပါမယ္။
ဘတ္စကတ္ေဘာကစားတဲ့အခါ တက္တက္ႂကြႂကြ ခြန္အားရွိရွိနဲ႔ သြက္သြက္လက္လက္ ကစားရပါတယ္။ အခ်ိန္ အကန႔္အသတ္အတြင္းမွာ အလ်င္အျမန္လႈပ္ရွားၾကရတာေၾကာင့္ ႂကြက္သားေတြကို ပိုအသုံးခ်ရပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ႂကြက္သားစနစ္ကို ပိုသန္မာလာေစခ်င္ရင္ ဘတ္စကတ္ေဘာေဆာ့ပါ။


( ၂ ) အ႐ိုးအဆစ္သန္မာေစပါတယ္။
၂၀၁၈ ခုႏွစ္တုန္းက ျပဳစုခဲ့တဲ့ သုေတသနမွတ္တမ္းေတြအရ ဘတ္စကတ္ေဘာကစားျခင္းက အ႐ိုးအဆစ္ဖြဲ႕စည္းမႈ ကို အေထာက္အကူေကာင္းေပးတယ္ လို႔ သိၾကရပါတယ္။


( ၃ ) ခႏၶာကိုယ္ ကို မွ်တစြာအသုံးခ်တတ္လာပါလိမ့္မယ္။
ဘတ္စကတ္ေဘာကစားတဲ့အခါ မ်က္လုံး၊ေျခေထာက္၊လက္၊ ဦးေႏွာက္ တို႔ ကို အသုံးခ်ေဆာ့ရပါတယ္။ ဒါေၾကာင့္ ဘတ္စကတ္ေဘာအၿမဲေဆာ့ေနတဲ့လူ က သူမ်ားထက္ပိုၿပီး ခႏၶာကိုယ္ကို မွ်တေအာင္ အသုံးခ်တတ္ပါတယ္။


( ၄ ) ႏွလုံးေသြးလည္ပတ္မႈကို ျမႇင့္တင္ေပးပါတယ္။
ေလ့က်င့္ခန္းပုံမွန္လုပ္ျခင္းက ႏွလုံးက်န္းမာေရးအတြက္‌ အေထာက္အကူေကာင္းတစ္ရပ္ျဖစ္ပါတယ္။ ၂၀၁၉ စစ္တမ္းေတြအရ ဘတ္စကတ္ေဘာသမားတစ္ေယာက္ ရဲ႕ ႏွလုံးအားေကာင္းမႈ က ပုံမွန္လူရဲ႕ ၁ ဆခြဲေလာက္ျမင့္ပါတယ္တဲ့။


ဒါဆို စိတ္ပိုင္းဆိုင္ရာတိုးတက္မႈေတြကေရာ?
( ၁ ) ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ျမင့္တက္ေစပါတယ္။
ေနရာတစ္ခုမွာသင့္ရဲ႕အေရးပါအရာေရာက္မႈကို ျမင္ေလ သင့္ရဲ႕ Self-confidence ျမင့္တက္ေလျဖစ္ပါတယ္။ ဘတ္စကတ္ေဘာက အသင္းအဖြဲ႕နဲ႔ ေဆာ့ရတာေၾကာင့္ အသင္းသားအခ်င္းခ်င္း အားေပးတာ၊ အႀကံေပးတာ၊ အေထာက္အကူျပဳတာေတြ အၿမဲရွိေနတာေၾကာင့္ ေသခ်ာေပါက္ သင့္ရဲ႕ ယုံၾကည္မႈကိုတည္ေဆာက္ႏိုင္ပါတယ္။


( ၂ ) စိတ္ဖိစီးမႈေတြ ေလ်ာ့က်လာပါလိမ့္မယ္။
ခႏၶာကိုယ္လႈပ္ရွားတဲ့အခါ Endorphins လို႔ေခၚတဲ့ ေပ်ာ္ေစတဲ့ ေဟာ္မုန္းထြက္တာေၾကာင့္ ကိုယ္လက္လႈပ္ရွားရတဲ့ ကစားနည္းတိုင္း က သင့္ကို စိတ္ဖိစီးမႈေတြ ေလ်ာ့က်ေစပါတယ္။ Endorphins က သင့္ရဲ႕ အျပဳသေဘာေဆာင္တဲ့ ဉာဏ္ကိုလည္းႏႈိးဆြေပးတာေၾကာင့္ အခ်ိန္တိုင္းမွာ Positive Vibes ( အေကာင္းျမင္စိတ္ ) ျဖစ္ေနမွာပါ။


ဒါ့အျပင့္ ဘတ္စကတ္ေဘာကစားျခင္း က တစ္ဉီးႏွင့္တစ္ဦး နားလည္မႈ၊ ရင္းႏွီးမႈကို ရေစတာေၾကာင့္ ဒီ Covid ၿပီးတဲ့အခါ သူငယ္ခ်င္းေတြနဲ႔ ဘတ္စကတ္ေဘာ ကစားျဖစ္ေအာင္ကစားေနာ္။

Read times
Rate this articles
(0 votes)