×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 17 December 2020

စီးပွားရေးတိုင်းအတွက် အရေးကြီးတဲ့ Market Research လုပ်မယ်ဆိုရင်…

စီးပွားရေးတိုင်းအတွက် အရေးကြီးတဲ့ Market Research လုပ်မယ်ဆိုရင်…

အောင်မြင်နေတဲ့ ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းတိုင်းဟာ လုပ်ငန်းစတင်ခဲ့စဉ်က မိမိလုပ်ငန်းရဲ့ ပြိုင်ဘက်တွေ၊ Customer တွေနဲ့ ပတ်သတ်ပြီး သုတေသနတွေ၊ စစ်တမ်းတွေ ကောက်ယူကြပါတယ်။
လုပ်ငန်းရဲ့ ဈေးကွက်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ဆိုရင် ပြိုင်ဘက်တွေ၊ Customer တွေရဲ့ အသေးစိတ် အချက်အလက်တွေ ရရှိဖို့က ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုပါပဲ။

 

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာလည်း ဈေးကွက်သုတေသနရဲ့ အရေးပါပုံကို နားလည်လာပြီး သူတို့ရဲ့ Potential Clients တွေက ဘယ်သူတွေလဲ၊ ဈေးကွက်အခြေအနေ ဘယ်လိုရှိလဲ၊ မိမိလုပ်ငန်းရဲ့ ပြိုင်ဘက်တွေက ဘာတွေလုပ်နေကြလဲ စသဖြင့် ပိုမို သိထားဖို့ လိုအပ်တယ်ဆိုတာကို နောက်ဆုံးမှာ သဘောပေါက်လာကြပါပြီ။

ဒါကြောင့်မို့လို့ မိမိမှာ ရှိနေပြီးသား ဒါမှမဟုတ် အသစ်စတင်မယ့် ဝန်ဆောင်မှုနဲ့ ထုတ်ကုန်လုပ်ငန်းတွေကို ပိုမို တိုးတက်အောင်လုပ်ဖို့ ကြိုးစားနေတယ်ဆိုရင် မိမိရဲ့ လုပ်ငန်းပြိုင်ဘက်တွေရဲ့ အကြောင်းကို သိအောင်လုပ်ပါ။ လုပ်ငန်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဈေးကွက်သုတေသန လုပ်ခြင်းအားဖြင့် ရရှိနိုင်ပါတယ်။

 

သင့်ရဲ့ စီးပွားရေးလုပ်ငန်း မြန်ဆန်စွာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လုပ်လို့ ရနိုင်တဲ့ ဈေးကွက်သုတေသနဆိုင်ရာ အကြောင်းအရာ (၅) ခုကို ထုတ်နုတ် ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့ Customer တွေ အကြောင်းကို သေချာ သိနားလည်အောင် လုပ်ပါ။
ဘယ်သူတွေက သင့်ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူမှာလဲ၊ သူတို့ ဘာလိုအပ်တာလဲ၊ ဘာလိုချင်တာလဲ၊ စသဖြင့် အရင်သိအောင် လုပ်ရပါမယ်။ သူတို့ဆီက အသံတွေ နားထောင်ပြီး သူတို့ဝယ်အောင် ဘာလုပ်လို့ရမလဲ၊ ဈေးကွက် အရွယ်အစားက ဘယ်လောက်ရှိလဲ ဆိုတာတွေ သိလာမယ့်အပြင် Potential Customer ဖြစ်လာမယ့်သူတွေရဲ့ တည်နေရာ၊ အသက်အရွယ်၊ ကျား/မ၊ ဝင်ငွေတွေကိုလည်း သိရှိပြီး ဈေးနှုန်းသတ်မှတ်တဲ့ နေရာမှာ သင့်ကို အထောက်အကူ ရစေမှာ ဖြစ်ပါတယ်။ Customer တွေဆီက အဖြေများများ ရလေလေ သင်ဘာလုပ်လို့ ရနိုင်မလဲဆိုတာ သင်သေချာ နားလည်လာလေ ဖြစ်မှာပါ။

 

၂။ သင့်ရဲ့ ပြိုင်ဘက်တွေ ဈေးကွက်ထဲ ဘယ်လိုဝင်ရောက်သလဲဆိုတာ သိအောင် လုပ်ပါ။
ပြိုင်ဘက်တွေက ဘယ်သူတွေလဲ၊ သူတို့ သင့်ရဲ့ Customer တွေကို ဘယ်လို ရယူပြီး ဈေးကွက်မှာ နေရာရသွားတာလဲ စတာတွေကို သိဖို့ လိုအပ်ပါတယ်။ ဒါဟာ သူတို့ ဈေးကွက်သုတေသန လုပ်ထားတယ်ဆိုတဲ့ သက်သေပါ။ သင့်အနေနဲ့ ဈေးကွက်ထဲမှာ သင့်ပြိုင်ဘက်ကို အနိုင်တိုက်ချင်တယ်ဆိုရင် ဈေးကွက်သုတေသန များများလုပ်ပါ။ ဘာတွေ လိုအပ်ချက် ရှိနေလဲ၊ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲ ဆိုတာ ပြန်လည် ဆန်းစစ်ပါ။
ဈေးကွက်သုတေသန လုပ်ခြင်းအားဖြင့် သင့်ပြိုင်ဘက်ရဲ့ အားသာချက်တွေကို သာမက အားနည်းချက်တွေကိုပါ သိမြင်လာပြီး Customer တွေ ပိုများလာအောင် ဘယ်လို နည်းဗျူဟာသစ်တွေနဲ့ ချည်းကပ်လို့ ရနိုင်မလဲ ဆိုတာကိုလည်း အဖြေရှာတွေ့လာပါလိမ့်မယ်။ သင့်ပြိုင်ဘက်ကို သင်သေချာသိပြီဆိုရင် သင့်လုပ်ငန်း အောင်မြင်ဖို့လည်း မကြာတော့ပါဘူး။

 

၃။ သင့်ရဲ့ထုတ်ကုန် သို့ ဝန်ဆောင်မှုကို Launch မလုပ်ခင်မှာ ပြန်စစ်ဆေးပါ။
သင့်ဆီမှာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှု အသင့်ရှိနေပြီဆိုရင် Customer တွေ လက်ထဲရောက်ရှိဖို့အတွက် Sales & Marketing တွေ စလုပ်ရတော့မယ်လို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်၊ အဲဒါ မှားပါတယ်။ Customers User Experience နဲ့ Testing တွေပေါ် အခြေပြုပြီး သင့်ရဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုကို ပြန်လည် စမ်းသုံးကြည့်ပြီး ပိုကောင်းအောင် လုပ်နိုင်ခွင့် ရှိနေပါသေးတယ်။
Customer တွေက သင့်ရဲ့ထုတ်ကုန်ပစ္စည်းတွေ ဝန်ဆောင်မှုတွေကို ၁၀၀ ရာခိုင်နှုန်း ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါသလား။ စမ်းမသုံးကြည့်လိုက်ပဲ သူတို့ လက်ထဲကိုသာ တန်းထည့်ပေးလိုက်မယ်ဆိုရင် တစ်ခုခု အဆင်မပြေတာမျိုး ပေါ်လာတဲ့အခါ သင့်ရဲ့ ပထမဆုံး ထုတ်ကုန် သို့ ဝန်ဆောင်မှုအနေနဲ့ ချက်ချင်း ပြန်လည် ထူထောင်နိုင်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။

 

၄။ မအောင်မြင်ဘူး ဆိုပြီး လက်ရှိလုပ်နေတဲ့ စီးပွားရေးကို လက်မလျှော့လိုက်ပါနဲ့။
အချို့သော စီးပွားရေးလုပ်ငန်းကြီးတွေ ဒေဝါလီခံလိုက်ရတာ၊ ဆက်မလုပ်တော့တာတွေကို အားလုံး မြင်တွေ့ဖူး၊ ကြားဖူးကြမှာပါ။ ဒါပေမဲ့ Nokia ကတော့ ဈေးကွက်ထဲမှာ ကျရှုံးပြီး သူ့ကို လူတွေ မေ့လုနီးနီး ဖြစ်နေတာကိုတောင်မှ အားသွန်ခွန်စိုက် ဆက်ပြီး ကြိုးစားနေတုန်းပါပဲ။ Netflix နဲ့ Apple တို့ကတော့ စကတည်းက ဈေးကွက်သုတေသနကို သေချာလုပ်ခဲ့ပြီး သူတို့ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို လေ့လာတယ်၊ ပြီးတော့ ကွာဟချက်တွေကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တာကို တွေ့ရပါတယ်။

 

၅။ သင့်ရဲ့လုပ်ငန်း ကြီးထွားလာအောင် မြှင့်တင်ပါ။
မိမိ စီးပွားရေးလုပ်ငန်းကို ဒီထက်ပိုပြီး ကျယ်ပြန့်ချင်တယ်၊ အမြတ်ငွေ များများ ရရှိချင်တယ်ဆိုရင်လည်း ဈေးကွက်သုတေသနက အရေးကြီးပါတယ်။ ဈေးကွက်သုတေသန ပြုလုပ်ခြင်းအားဖြင့် သင်ဟာ နောက်ထပ် ဈေးကွက် အခွင့်အလမ်းတွေကို ပိုမြင်လာစေမယ်၊ ပိုမို အဆင်ပြေတဲ့ ဈေးနှုန်းသတ်မှတ်ဖို့နဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုတစ်ခု ထပ်မံ လုပ်ဆောင်တဲ့ နေရာမှာ အကူအညီ ပေးပါလိမ့်မယ်။ ဒါ့အပြင် ဈေးကွက်အသစ်တွေနဲ့ Customer တွေဆီ ဘယ်လိုပို့လို့ ရနိုင်မလဲဆိုတဲ့ လမ်းကြောင်းအသစ်တွေလည်း သိလာပါလိမ့်မယ်။

ပြန်ပြီး အကျဉ်းချုပ်ရမယ်ဆိုရင် ဈေးကွက်သုတေသနလုပ်ခြင်းဟာ လုပ်ငန်းပြိုင်ဘက်တွေနဲ့ Customer တွေရဲ့ အကြောင်းနဲ့ ဈေးကွက်လိုအပ်ချက်တွေ အကြောင်းကို သိရှိဖို့အတွက် စိစစ်လေ့လာတဲ့နေရာမှာ လိုအပ်တဲ့ အချက်အလက်များစွာ ရရှိအောင် ထောက်ကူပေးပါတယ်။ ပြီးတော့ မိမိထုတ်ကုန် သို့ ဝန်ဆောင်မှုတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ ချနိုင်စေပြီး သင့်စီးပွားရေးလုပ်ငန်း ကြီးထွား ဖွံ့ဖြိုးလာအောင်လည်း ကူညီပေးပါတယ်။ ဈေးကွက်သုတေသနဟာ စီးပွားရေးလုပ်ငန်း ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အရေးကြီးတာကြောင့် မလုပ်မဖြစ် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Credit : Su Mon Oo (Ref: Medium)

 

 

စီးပြားေရးတိုင္းအတြက္ အေရးၾကီးတဲ႔ Market Research လုပ္မယ္ဆိုရင္…

ေအာင္ျမင္ေနတဲ႔ ကုန္ထုတ္လုပ္ငန္း သို႔မဟုတ္ ၀န္ေဆာင္မႈလုပ္ငန္းတိုင္းဟာ လုပ္ငန္းစတင္ခ႔ဲစဥ္က မိမိလုပ္ငန္းရဲ႕ ျပိဳင္ဘက္ေတြ၊ Customer ေတြနဲ႔ ပတ္သတ္ျပီး သုေတသနေတြ၊ စစ္တမ္းေတြ ေကာက္ယူၾကပါတယ္။
လုပ္ငန္းရဲ႕ ေစ်းကြက္ဆိုင္ရာ ဖြံ႔ျဖိဳး တိုးတက္ဖို႔အတြက္ဆိုရင္ ျပိဳင္ဘက္ေတြ၊ Customer ေတြရဲ႕ အေသးစိတ္ အခ်က္အလက္ေတြ ရရွိဖို႔က ပထမဦးဆံုးနဲ႔ အေရးၾကီးဆံုး ေျခလွမ္းတစ္ခုပါပဲ။

 

အေသးစားနဲ႔ အလတ္စား စီးပြားေရးလုပ္ငန္းေတြဟာလည္း ေစ်းကြက္သုေတသနရဲ႕ အေရးပါပံုကို နားလည္လာျပီး သူတို႔ရဲ႕ Potential Clients ေတြက ဘယ္သူေတြလဲ၊ ေစ်းကြက္အေျခအေန ဘယ္လိုရွိလဲ၊ မိမိလုပ္ငန္းရဲ႕ ျပိဳင္ဘက္ေတြက ဘာေတြလုပ္ေနၾကလဲ စသျဖင့္ ပိုမို သိထားဖို႔ လိုအပ္တယ္ဆိုတာကို ေနာက္ဆံုးမွာ သေဘာေပါက္လာၾကပါျပီ။

ဒါေၾကာင့္မို႔လို႔ မိမိမွာ ရွိေနျပီးသား ဒါမွမဟုတ္ အသစ္စတင္မယ္႔ ၀န္ေဆာင္မႈနဲ႔ ထုတ္ကုန္လုပ္ငန္းေတြကို ပိုမို တိုးတက္ေအာင္လုပ္ဖို႔ ၾကိဳးစားေနတယ္ဆိုရင္ မိမိရဲ႕ လုပ္ငန္းျပိဳင္ဘက္ေတြရဲ႕ အေၾကာင္းကို သိေအာင္လုပ္ပါ။ လုပ္ငန္းအတြက္ မွန္ကန္တ႔ဲ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္နိုင္ဖို႔အတြက္ လိုအပ္တဲ႔ အခ်က္အလက္ေတြကို ေစ်းကြက္သုေတသန လုပ္ျခင္းအားျဖင့္ ရရွိနိုင္ပါတယ္။

 

သင့္ရဲ႕ စီးပြားေရးလုပ္ငန္း ျမန္ဆန္စြာ ဖြံ႔ျဖိဳး တိုးတက္ဖို႔အတြက္ လုပ္လို႔ ရနိုင္တဲ႔ ေစ်းကြက္သုေတသနဆိုင္ရာ အေၾကာင္းအရာ (၅) ခုကို ထုတ္ႏုတ္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သင့္ရဲ႕ Customer ေတြ အေၾကာင္းကို ေသခ်ာ သိနားလည္ေအာင္ လုပ္ပါ။
ဘယ္သူေတြက သင့္ရဲ႕ ထုတ္ကုန္ သို႔မဟုတ္ ၀န္ေဆာင္မႈကို ၀ယ္ယူမွာလဲ၊ သူတိုု႔ ဘာလိုအပ္တာလဲ၊ ဘာလိုခ်င္တာလဲ၊ စသျဖင့္ အရင္သိေအာင္ လုပ္ရပါမယ္။ သူတို႔ဆီက အသံေတြ နားေထာင္ျပီး သူတို႔၀ယ္ေအာင္ ဘာလုပ္လို႔ရမလဲ၊ ေစ်းကြက္ အရြယ္အစားက ဘယ္ေလာက္ရွိလဲ ဆိုတာေတြ သိလာမယ္႔အျပင္ Potential Customer ျဖစ္လာမယ္႔သူေတြရဲ႕ တည္ေနရာ၊ အသက္အရြယ္၊ က်ား/မ၊ ၀င္ေငြေတြကိုလည္း သိရွိျပီး ေစ်းႏႈန္းသတ္မွတ္တဲ႔ ေနရာမွာ သင့္ကို အေထာက္အကူ ရေစမွာ ျဖစ္ပါတယ္။ Customer ေတြဆီက အေျဖမ်ားမ်ား ရေလေလ သင္ဘာလုပ္လို႔ ရနိုင္မလဲဆိုတာ သင္ေသခ်ာ နားလည္လာေလ ျဖစ္မွာပါ။

 

၂။ သင့္ရဲ႕ ျပိဳင္ဘက္ေတြ ေစ်းကြက္ထဲ ဘယ္လို၀င္ေရာက္သလဲဆိုတာ သိေအာင္ လုပ္ပါ။
ျပိဳင္ဘက္ေတြက ဘယ္သူေတြလဲ၊ သူတို႔ သင့္ရဲ႕ Customer ေတြကို ဘယ္လို ရယူျပီး ေစ်းကြက္မွာ ေနရာရသြားတာလဲ စတာေတြကို သိဖို႔ လိုအပ္ပါတယ္။ ဒါဟာ သူတို႔ ေစ်းကြက္သုေတသန လုပ္ထားတယ္ဆိုတဲ႔ သက္ေသပါ။ သင့္အေနနဲ႔ ေစ်းကြက္ထဲမွာ သင့္ျပိဳင္ဘက္ကို အနိုင္တိုက္ခ်င္တယ္ဆိုရင္ ေစ်းကြက္သုေတသန မ်ားမ်ားလုပ္ပါ။ ဘာေတြ လိုအပ္ခ်က္ ရွိေနလဲ၊ ဘယ္လိုလုပ္ရင္ အဆင္ေျပနိုင္မလဲ ဆိုတာ ျပန္လည္ ဆန္းစစ္ပါ။
ေစ်းကြက္သုေတသန လုပ္ျခင္းအားျဖင့္ သင့္ျပိဳင္ဘက္ရဲ႕ အားသာခ်က္ေတြကို သာမက အားနည္းခ်က္ေတြကိုပါ သိျမင္လာျပီး Customer ေတြ ပိုမ်ားလာေအာင္ ဘယ္လို နည္းဗ်ဴဟာသစ္ေတြနဲ႔ ခ်ည္းကပ္လို႔ ရနိုင္မလဲ ဆုိတာကိုလည္း အေျဖရွာေတြ႔လာပါလိမ္႔မယ္။ သင့္ျပိဳင္ဘက္ကို သင္ေသခ်ာသိျပီဆိုရင္ သင့္လုပ္ငန္း ေအာင္ျမင္ဖို႔လည္း မၾကာေတာ႔ပါဘူး။

 

၃။ သင့္ရဲ႕ထုတ္ကုန္ သို႔ ၀န္ေဆာင္မႈကို Launch မလုပ္ခင္မွာ ျပန္စစ္ေဆးပါ။
သင့္ဆီမွာ ထုတ္ကုန္ ဒါမွမဟုတ္ ၀န္ေဆာင္မႈ အသင့္ရွိေနျပီဆိုရင္ Customer ေတြ လက္ထဲေရာက္ရွိဖို႔အတြက္ Sales & Marketing ေတြ စလုပ္ရေတာ႔မယ္လို႔ သင္ထင္ေကာင္းထင္ပါလိမ္႔မယ္၊ အဲဒါ မွားပါတယ္။ Customers User Experience နဲ႔ Testing ေတြေပၚ အေျချပဳျပီး သင့္ရဲ႕ ထုတ္ကုန္ သို႔ ၀န္ေဆာင္မႈကို ျပန္လည္ စမ္းသံုးၾကည္႔ျပီး ပိုေကာင္းေအာင္ လုပ္နိုင္ခြင့္ ရွိေနပါေသးတယ္။
Customer ေတြက သင့္ရဲ႕ထုတ္ကုန္ပစၥည္းေတြ ၀န္ေဆာင္မႈေတြကို ၁၀၀ ရာခိုင္ႏႈန္း ၾကိဳက္ႏွစ္သက္ၾကမယ္လို႔ ထင္ပါသလား။ စမ္းမသံုးၾကည္႔လိုက္ပဲ သူတို႔ လက္ထဲကိုသာ တန္းထည္႔ေပးလိုက္မယ္ဆိုရင္ တစ္ခုခု အဆင္မေျပတာမ်ိဳး ေပၚလာတဲ႔အခါ သင့္ရဲ႕ ပထမဆံုး ထုတ္ကုန္ သို႔ ၀န္ေဆာင္မႈအေနန႔ဲ ခ်က္ခ်င္း ျပန္လည္ ထူေထာင္နိုင္ဖို႔ ခဲယဥ္းသြားပါလိမ္႔မယ္။

 

၄။ မေအာင္ျမင္ဘူး ဆိုျပီး လက္ရွိလုပ္ေနတဲ႔ စီးပြားေရးကို လက္မေလွ်ာ႔လိုက္ပါနဲ႔။
အခ်ိဳ႕ေသာ စီးပြားေရးလုပ္ငန္းၾကီးေတြ ေဒ၀ါလီခံလိုက္ရတာ၊ ဆက္မလုပ္ေတာ႔တာေတြကို အားလံုး ျမင္ေတြ႔ဖူး၊ ၾကားဖူးၾကမွာပါ။ ဒါေပမဲ႔ Nokia ကေတာ႔ ေစ်းကြက္ထဲမွာ က်ရံႈးျပီး သူ႔ကို လူေတြ ေမ႔လုနီးနီး ျဖစ္ေနတာကိုေတာင္မွ အားသြန္ခြန္စိုက္ ဆက္ျပီး ၾကိဳးစားေနတုန္းပါပဲ။ Netflix နဲ႔ Apple တို႔ကေတာ႔ စကတည္းက ေစ်းကြက္သုေတသနကို ေသခ်ာလုပ္ခဲ႔ျပီး သူတို႔ျပိဳင္ဘက္ေတြရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို ေလ႔လာတယ္၊ ျပီးေတာ႔ ကြာဟခ်က္ေတြကို အက်ိဳးရွိရွိ အသံုးခ်နိုင္ခဲ႔တာကို ေတြ႔ရပါတယ္။

 

၅။ သင့္ရဲ႕လုပ္ငန္း ၾကီးထြားလာေအာင္ ျမွင့္တင္ပါ။
မိမိ စီးပြားေရးလုပ္ငန္းကို ဒီထက္ပိုျပီး က်ယ္ျပန္႔ခ်င္တယ္၊ အျမတ္ေငြ မ်ားမ်ား ရရွိခ်င္တယ္ဆိုရင္လည္း ေစ်းကြက္သုေတသနက အေရးၾကီးပါတယ္။ ေစ်းကြက္သုေတသန ျပဳလုပ္ျခင္းအားျဖင့္ သင္ဟာ ေနာက္ထပ္ ေစ်းကြက္ အခြင့္အလမ္းေတြကို ပိုျမင္လာေစမယ္၊ ပိုုမို အဆင္ေျပတဲ႔ ေစ်းႏႈန္းသတ္မွတ္ဖို႔နဲ႔ ထုတ္ကုန္ သို႔ ၀န္ေဆာင္မႈတစ္ခု ထပ္မံ လုပ္ေဆာင္တဲ႔ ေနရာမွာ အကူအညီ ေပးပါလိမ္႔မယ္။ ဒါ႔အျပင္ ေစ်းကြက္အသစ္ေတြနဲ႔ Customer ေတြဆီ ဘယ္လိုပို႔လို႔ ရနိုင္မလဲဆိုတဲ႔ လမ္းေၾကာင္းအသစ္ေတြလည္း သိလာပါလိမ္႔မယ္။

ျပန္ျပီး အက်ဥ္းခ်ဳပ္ရမယ္ဆိုရင္ ေစ်းကြက္သုေတသနလုပ္ျခင္းဟာ လုပ္ငန္းျပိဳင္ဘက္ေတြနဲ႔ Customer ေတြရဲ႕ အေၾကာင္းနဲ႔ ေစ်းကြက္လိုအပ္ခ်က္ေတြ အေၾကာင္းကို သိရွိဖို႔အတြက္ စိစစ္ေလ႔လာတဲ႔ေနရာမွာ လိုအပ္တဲ႔ အခ်က္အလက္မ်ားစြာ ရရွိေအာင္ ေထာက္ကူေပးပါတယ္။ ျပီးေတာ႔ မိမိထုတ္ကုန္ သို႔ ၀န္ေဆာင္မႈေတြအတြက္ ပိုမိုေကာင္းမြန္တဲ႔ ဆံုးျဖတ္ခ်က္မ်ား ခ်နိုင္ေစျပီး သင့္စီးပြားေရးလုပ္ငန္း ၾကီးထြား ဖြံ႔့ျဖိဳးလာေအာင္လည္း ကူညီေပးပါတယ္။ ေစ်းကြက္သုေတသနဟာ စီးပြားေရးလုပ္ငန္း ၾကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ အေရးၾကီးတာေၾကာင့္ မလုပ္မျဖစ္ လုပ္ေဆာင္ဖို႔ တုိက္တြန္းလိုက္ပါတယ္။

 

Credit : Su Mon Oo (Ref: Medium)

 

Read times
Rate this articles
(0 votes)