×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 18 December 2020

Fashion Stylist တစ်ယောက်ဖြစ်ဖို့အတွက်

Fashion Stylist တစ်ယောက်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အချက်( ၅ ) ချက်

သင့်မှာသူတစ်ပါးကို ပိုလှသွားအောင် ပိုဆွဲဆောင်မှုရှိသွားအောင် လုပ်ပေးနိုင်တဲ့အမြင် ရှိနေပါသလား? ဒါဆို Fashion Stylist Career က သင်နဲ့အသင့်တော်ဆုံးဖြစ်ပါတယ်။

 

Fashion Stylist ဆိုတာဘာလဲ?
Fashion Stylist ဆိုတာ သူတစ်ပါးရဲ့အလှတရား၊ နူးညံ့မှု၊ ဆွဲဆောင်မှုတွေကို ပိုပြီး ထင်ပေါ်လာအောင် မိမိရဲ့ ထူးခြားဆန်းသစ်တဲ့အမြင်တွေနဲ့ ဖန်တီးပုံဖော်ပေးရတာဖြစ်ပါတယ်။ Fashion Stylist တွေက နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ကြပေမယ့် အများအားဖြင့်တော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ၊ တေးဂီတသမားတွေ၊ သူဌေးသူကြွယ်တွေ အစရှိတဲ့ High-profile ရှိတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ကြရတာများပါတယ်။

 

>> Fashion Design သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင် - https://bit.ly/3r7TQj5 <<

 

Fashion Stylist တစ်ယောက်က ဘာတွေလုပ်ရသလဲ?
သင့်အနေနဲ့ Fashion Stylist တစ်ယောက်က သူတစ်ပါးကို ပိုပြီးလှအောင်လုပ်ပေးရုံပဲ လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် Fashion Stylist တစ်ယောက်ရဲ့ တာဝန်က ဒီ့ထက်ပိုပါတယ်။ ဘာလို့လဲဆိုတော့ Fashion Stylist တစ်ယောက်မှာ အတတ်ပညာလည်းရှိရသလို အနုပညာ လည်းရှိရပါတယ်။

 

ဥပမာ - ကျော်ကြားနေတဲ့ မော်ဒယ်တစ်ယောက်ကို E-girl ပုံစံ (e-girl - ၂၀၁၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင်ပေါ်ထွက်လာခဲ့ပြီးလူမှုမီဒီယာများတွင်တွေ့မြင်ရလေ့ရှိပြီးလူငယ်ယဉ်ကျေးမှုတစ်ခု - e.g ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်များကဖက်ရှင်၊ anime, K-pop, hip hop, and rave . . . ) ရိုက်ကူးမှုလုပ်ချင်တယ် ဆိုကြပါစို့။
ဒါဆို Fashion Stylist တစ်ယောက်က တစ်ခေတ်တစ်ခါက E-girl က ဘယ်လို့ပုံစံတွေလဲ။ အခုခေတ် E-girl ပုံဆိုရင်ရော ဘယ်လိုဖြစ်မလဲ။ ဒီနှစ်ခုကြားမှာ အများနဲ့မတူတဲ့ ထူးခြားတဲ့အသွင်တစ်ခုကို ဖော်ထုတ်ရတာပါ။

ဒါ့အပြင် Fashion Stylist တစ်ယောက်ရဲ့အလုပ်က မော်ဒယ်ကို အဝတ်အစားပြင်ဆင်ပေးလိုက်ရုံနဲ့ မပြီးသွားပါဘူး။ သူဖန်တီးလိုတဲ့ အနုပညာတစ်ခု ရုပ်လုံးပေါ်ဖို့အတွက် ဓာတ်ပုံဆရာတွေ၊ Hairstylist တွေ၊ Makeup Artist တွေ၊ Brand creative directors တွေ အစရှိသူတွေကို အကြံပေးဆွေးနွေးမှုတွေ လုပ်ရတာဖြစ်တဲ့အတွက် Fashion Stylist တစ်ယောက်ရဲ့အလုပ် က ကျယ်ပြန့်လွန်းလှတယ် လို့ ဆိုကြပါတယ်။

 

Fashion Stylist တစ်ယောက်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်(၅) ချက်
(၁) ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေး( Networking skill ) ကောင်းအောင်လုပ်ပါ။
Stylist တစ်ယောက်က ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ အထက်ကပြောခဲ့သလိုပဲ Fashion Stylist တစ်ယောက်ရဲ့ အလုပ်ကကျယ်ပြန့်လွန်းလှတာကြောင့် လူအမျိုးမျိုး စိတ်အထွေထွေနဲ့ အစဉ်သဖြင့် အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် Networking skill ကောင်းဖို့လိုပါလိမ့်မယ်။

 

(၂) ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးတွေဖန်တီးတတ်ပါစေ။
ရင်းနှီးကျွမ်းဝင်မှု က သင့်ကို Client တွေဖန်တီးပေးမှာပါ။ အောင်မြင်ကျော်ကြားတဲ့ Stylist တွေက မကျော်ကြားခင်အဆက်အသွယ်ကောင်းတွေရဲ့အကူအညီကိုယူကြရပါတယ်။ဒီလို အဆက်အသွယ်ကောင်းတွေကို ဖန်တီးနိုင်ဖို့အတွက် ဆက်ဆံရေးတိုင်းလိုလိုမှာ ရင်းနှီးကျွမ်းဝင်မှုတွေပြည့်နှက်နေဖို့ ကြိုးစားရပါမယ်။

 

(၃) မရှက်ပါနဲ့။
အောင်မြင်ဖို့ဆို သင်ရှက်နေလို့မရပါဘူး။ သင်ယူဖို့ မရှက်ပါနဲ့။ တတ်နိုင်သမျှ လူဝင်ဆံ့နိုင်ဖို့အတွက် ပါတီတွေ၊ ညပွဲတွေကို ရဲရဲဝံ့ဝံ ဆင်နွှဲပါ။ Fashion Stylist တစ်ယောက်အနေနဲ့ သင့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုကို တည်ထောင်နိုင်ဖို့အတွက် စီနီယာတွေ၊ နည်းပြတွေဆီက အကူအညီတောင်းဖို့ မရှက်ပါနဲ့။

 

(၄) အတွေ့အကြုံက ဒီပလိုမာ ထက်ပိုအရေးကြီးပါတယ်။
Professional Fashion Stylist တစ်ယောက်ကို အင်တာဗျူးကြည့်ရင် သူဘယ်မှာ ဒီပညာကို သင်ယူခဲ့ပါတယ် လို့ဆိုတာထက် ဒီ Career ကို သူရွေးချယ်လျှောက်လှမ်းခဲ့တာ ဘယ်နှနှစ်ရှိပါပြီလို့ပဲ ဖြေကြပါတယ်။ ဆိုလိုတာက Stylist နယ်ပယ်မှာ ရှင်သန်နိုင်ဖို့အတွက် က လေ့လာအား၊ဆန်းသစ်နိုင်စွမ်း နဲ့ အတွေ့အကြုံတွေ လိုအပ်ပါတယ်။

 

(၅) အမြဲ up to date ဖြစ်နေပါစေ။
Fashion Stylist လုပ်နေပြီဆိုရင်တော့ ခေတ်နောက်ကျကျန်ခဲ့လို့မရပါဘူး။ ခေတ်ဟောင်း၊ခေတ်သစ်‌ရဲ့ ပုံရိပ်အားလုံးကို အမိဖမ်းနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် သင်က Fashion Stylist တစ်ယောက်ဖြစ်လိုတယ်ဆိုရင်တော့ အမြဲ up to date ဖြစ်နေပါစေ။

မြန်မာနိုင်ငံမှာလည်း အရင်တည်းက Fashion Stylists တွေရှိခဲ့ပေမယ့် ခုလောက်ထိတွင်တွင်ကျယ်ကျယ် မြင်မြင်သာသာမရှိပါဘူး။ ဒါပေမယ့် အခုဆိုရင် မြန်မာနိုင်ငံမှာ Fashion Stylist ဆိုတဲ့ Career တစ်ခုကို ထဲထဲဝင်ဝင် လက်ခံလာကြပြီဖြစ်တဲ့အတွက် သင့်အနေနဲ့ သင့်အိပ်မက်က Fashion Stylist တစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ တုံ့ဆိုင်းမနေဘဲ အခုပဲ သင့်အိပ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။

 

>> Fashion Design သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင် - https://bit.ly/3r7TQj5<<

 

 

Fashion Stylist တစ္ေယာက္ျဖစ္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့အခ်က္( ၅ ) ခ်က္

သင့္မွာသူတစ္ပါးကို ပိုလွသြားေအာင္ ပိုဆြဲေဆာင္မႈရွိသြားေအာင္ လုပ္ေပးႏိုင္တဲ့အျမင္ ရွိေနပါသလား? ဒါဆို Fashion Stylist Career က သင္နဲ႔အသင့္ေတာ္ဆုံးျဖစ္ပါတယ္။

 

Fashion Stylist ဆိုတာဘာလဲ?
Fashion Stylist ဆိုတာ သူတစ္ပါးရဲ႕အလွတရား၊ ႏူးညံ့မႈ၊ ဆြဲေဆာင္မႈေတြကို ပိုၿပီး ထင္ေပၚလာေအာင္ မိမိရဲ႕ ထူးျခားဆန္းသစ္တဲ့အျမင္ေတြနဲ႔ ဖန္တီးပုံေဖာ္ေပးရတာျဖစ္ပါတယ္။ Fashion Stylist ေတြက နယ္ပယ္အသီးသီးမွာ အလုပ္လုပ္ၾကေပမယ့္ အမ်ားအားျဖင့္ေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္ေတြ၊ ေတးဂီတသမားေတြ၊ သူေဌးသူႂကြယ္ေတြ အစရွိတဲ့ High-profile ရွိတဲ့ ပတ္ဝန္းက်င္မွာ အလုပ္လုပ္ၾကရတာမ်ားပါတယ္။

 

>> Fashion Design သင္ၾကားေပးေနသည့္ ဆရာ၊ ဆရာမမ်ားကို ရွာေဖြလိုပါလွ်င္ - https://bit.ly/3r7TQj5 <<

 

Fashion Stylist တစ္ေယာက္က ဘာေတြလုပ္ရသလဲ?
သင့္အေနနဲ႔ Fashion Stylist တစ္ေယာက္က သူတစ္ပါးကို ပိုၿပီးလွေအာင္လုပ္ေပး႐ုံပဲ လို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမယ့္ Fashion Stylist တစ္ေယာက္ရဲ႕ တာဝန္က ဒီ့ထက္ပိုပါတယ္။ ဘာလို႔လဲဆိုေတာ့ Fashion Stylist တစ္ေယာက္မွာ အတတ္ပညာလည္းရွိရသလို အႏုပညာ လည္းရွိရပါတယ္။

ဥပမာ - ေက်ာ္ၾကားေနတဲ့ ေမာ္ဒယ္တစ္ေယာက္ကို E-girl ပုံစံ (e-girl - ၂၀၁၀ ျပည့္လြန္ႏွစ္မ်ားေႏွာင္းပိုင္းတြင္ေပၚထြက္လာခဲ့ၿပီးလူမႈမီဒီယာမ်ားတြင္ေတြ႕ျမင္ရေလ့ရွိၿပီးလူငယ္ယဥ္ေက်းမႈတစ္ခု - e.g ၁၉၉၀ မွ ၂၀၀၀ ျပည့္ႏွစ္မ်ားကဖက္ရွင္၊ anime, K-pop, hip hop, and rave . . . ) ႐ိုက္ကူးမႈလုပ္ခ်င္တယ္ ဆိုၾကပါစို႔။


ဒါဆို Fashion Stylist တစ္ေယာက္က တစ္ေခတ္တစ္ခါက E-girl က ဘယ္လို႔ပုံစံေတြလဲ။ အခုေခတ္ E-girl ပုံဆိုရင္ေရာ ဘယ္လိုျဖစ္မလဲ။ ဒီႏွစ္ခုၾကားမွာ အမ်ားနဲ႔မတူတဲ့ ထူးျခားတဲ့အသြင္တစ္ခုကို ေဖာ္ထုတ္ရတာပါ။

ဒါ့အျပင္ Fashion Stylist တစ္ေယာက္ရဲ႕အလုပ္က ေမာ္ဒယ္ကို အဝတ္အစားျပင္ဆင္ေပးလိုက္႐ုံနဲ႔ မၿပီးသြားပါဘူး။ သူဖန္တီးလိုတဲ့ အႏုပညာတစ္ခု ႐ုပ္လုံးေပၚဖို႔အတြက္ ဓာတ္ပုံဆရာေတြ၊ Hairstylist ေတြ၊ Makeup Artist ေတြ၊ Brand creative directors ေတြ အစရွိသူေတြကို အႀကံေပးေဆြးေႏြးမႈေတြ လုပ္ရတာျဖစ္တဲ့အတြက္ Fashion Stylist တစ္ေယာက္ရဲ႕အလုပ္ က က်ယ္ျပန႔္လြန္းလွတယ္ လို႔ ဆိုၾကပါတယ္။

 

Fashion Stylist တစ္ေယာက္ျဖစ္ဖို႔အတြက္ မရွိမျဖစ္လိုအပ္တဲ့ အခ်က္(၅) ခ်က္
(၁) ခိုင္မာတဲ့ ေပါင္းသင္းဆက္ဆံေရး( Networking skill ) ေကာင္းေအာင္လုပ္ပါ။
Stylist တစ္ေယာက္က ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႔ အေရးႀကီးဆုံးျဖစ္ပါတယ္။ အထက္ကေျပာခဲ့သလိုပဲ Fashion Stylist တစ္ေယာက္ရဲ႕ အလုပ္ကက်ယ္ျပန႔္လြန္းလွတာေၾကာင့္ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြနဲ႔ အစဥ္သျဖင့္ အလုပ္လုပ္ေနရတာျဖစ္တဲ့အတြက္ Networking skill ေကာင္းဖို႔လိုပါလိမ့္မယ္။

 

(၂) ရင္းႏွီးကြၽမ္းဝင္တဲ့ ဆက္ဆံေရးေတြဖန္တီးတတ္ပါေစ။
ရင္းႏွီးကြၽမ္းဝင္မႈ က သင့္ကို Client ေတြဖန္တီးေပးမွာပါ။ ေအာင္ျမင္ေက်ာ္ၾကားတဲ့ Stylist ေတြက မေက်ာ္ၾကားခင္အဆက္အသြယ္ေကာင္းေတြရဲ႕အကူအညီကိုယူၾကရပါတယ္။ဒီလို အဆက္အသြယ္ေကာင္းေတြကို ဖန္တီးႏိုင္ဖို႔အတြက္ ဆက္ဆံေရးတိုင္းလိုလိုမွာ ရင္းႏွီးကြၽမ္းဝင္မႈေတြျပည့္ႏွက္ေနဖို႔ ႀကိဳးစားရပါမယ္။

 

(၃) မရွက္ပါနဲ႔။
ေအာင္ျမင္ဖို႔ဆို သင္ရွက္ေနလို႔မရပါဘူး။ သင္ယူဖို႔ မရွက္ပါနဲ႔။ တတ္ႏိုင္သမွ် လူဝင္ဆံ့ႏိုင္ဖို႔အတြက္ ပါတီေတြ၊ ညပြဲေတြကို ရဲရဲဝံ့ဝံ ဆင္ႏႊဲပါ။ Fashion Stylist တစ္ေယာက္အေနနဲ႔ သင့္ရဲ႕ကိုယ္ပိုင္စီးပြားေရးတစ္ခုကို တည္ေထာင္ႏိုင္ဖို႔အတြက္ စီနီယာေတြ၊ နည္းျပေတြဆီက အကူအညီေတာင္းဖို႔ မရွက္ပါနဲ႔။

 

(၄) အေတြ႕အႀကဳံက ဒီပလိုမာ ထက္ပိုအေရးႀကီးပါတယ္။
Professional Fashion Stylist တစ္ေယာက္ကို အင္တာဗ်ဴးၾကည့္ရင္ သူဘယ္မွာ ဒီပညာကို သင္ယူခဲ့ပါတယ္ လို႔ဆိုတာထက္ ဒီ Career ကို သူေ႐ြးခ်ယ္ေလွ်ာက္လွမ္းခဲ့တာ ဘယ္ႏွႏွစ္ရွိပါၿပီလို႔ပဲ ေျဖၾကပါတယ္။ ဆိုလိုတာက Stylist နယ္ပယ္မွာ ရွင္သန္ႏိုင္ဖို႔အတြက္ က ေလ့လာအား၊ဆန္းသစ္ႏိုင္စြမ္း နဲ႔ အေတြ႕အႀကဳံေတြ လိုအပ္ပါတယ္။

 

(၅) အၿမဲ up to date ျဖစ္ေနပါေစ။
Fashion Stylist လုပ္ေနၿပီဆိုရင္ေတာ့ ေခတ္ေနာက္က်က်န္ခဲ့လို႔မရပါဘူး။ ေခတ္ေဟာင္း၊ေခတ္သစ္‌ရဲ႕ ပုံရိပ္အားလုံးကို အမိဖမ္းႏိုင္ဖို႔ သိပ္အေရးႀကီးပါတယ္။ ဒါေၾကာင့္ သင္က Fashion Stylist တစ္ေယာက္ျဖစ္လိုတယ္ဆိုရင္ေတာ့ အၿမဲ up to date ျဖစ္ေနပါေစ။

ျမန္မာႏိုင္ငံမွာလည္း အရင္တည္းက Fashion Stylists ေတြရွိခဲ့ေပမယ့္ ခုေလာက္ထိတြင္တြင္က်ယ္က်ယ္ ျမင္ျမင္သာသာမရွိပါဘူး။ ဒါေပမယ့္ အခုဆိုရင္ ျမန္မာႏိုင္ငံမွာ Fashion Stylist ဆိုတဲ့ Career တစ္ခုကို ထဲထဲဝင္ဝင္ လက္ခံလာၾကၿပီျဖစ္တဲ့အတြက္ သင့္အေနနဲ႔ သင့္အိပ္မက္က Fashion Stylist တစ္ေယာက္ျဖစ္ဖို႔ဆိုရင္ေတာ့ တုံ႔ဆိုင္းမေနဘဲ အခုပဲ သင့္အိပ္မက္ကို အေကာင္အထည္ေဖာ္လိုက္ပါ။

>> Fashion Design သင္ၾကားေပးေနသည့္ ဆရာ၊ ဆရာမမ်ားကို ရွာေဖြလိုပါလွ်င္ - https://bit.ly/3r7TQj5 <<

Read times
Rate this articles
(0 votes)