×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 28 September 2017

သရဲေၾကာက္တတ္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား

သရဲေၾကာက္တတ္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား google.com

ေၾကာက္တတ္တယ္ဆုိတာကလည္း ငယ္ငယ္ကတည္းက လူၾကီးေတြက စေနာက္ျပီးေတာ့ပဲျဖစ္ျဖစ္ ေလွ်ာက္မသြားေအာင္ တမင္ေျခာက္တာျဖစ္ျဖစ္ လုပ္တတ္ပါတယ္။

အဲ့ဒီအခါမွာ ကေလးဘဝကတည္းက သရဲေၾကာက္တတ္တာကအက်င့္ တစ္ခုလိုျဖစ္သြားတတ္ပါတယ္။ တခါတေလလဲ ဘာမွန္းမသိစိတ္ကိုက ေျခာက္ျခားေနတဲ့အခါမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ သရဲေၾကာက္တတ္တဲ့စိတ္ကို ေဖ်ာက္ၾကည့္ရေအာင္။

ကဲ… သရဲကားဆိုလည္း ေရွ႕ဆံုးက ၾကည့္ခ်င္တယ္ ျပီးရင္ေၾကာက္တတ္တာလည္း သူ႔ျပင္ႏွစ္ေယာက္မရွိဘူး ဆိုတဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။

၁. ငါဘာေၾကာင့္ ေၾကာက္ေနရတာလဲ၊ ဘာကို ေၾကာက္ေနတာလဲဆိုတာ ကိုယ့္ကုိယ္ကို ျပန္ေမးရပါမယ္။ အႏၱရာယ္တစ္ခုခုၾကံဳလို႔ ေၾကာက္တာလား၊ ဘာမွန္းမသိတဲ့အရာတစ္ခုခုကို ေၾကာက္ေနတာလားဆိုတာ ျပန္ဆန္းစစ္ရပါမယ္။

Recommended for you - အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။

၂. သရဲဆိုတာမ်ိဳးကို တခါမွ မၾကံဳဖူးေပမယ့္လည္း ကိုယ့္ရဲ႕စိတ္ထဲမွာ ကိုယ့္ဟာကုိယ္ ပံုေဖာ္ျပီး ေၾကာက္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အမွန္တကယ္က သရဲက ကိုယ့္ကိုယ္ေၾကာက္ေအာင္ ေျခာက္ေနတာမဟုတ္ပါဘူး။ ကုိယ့္စိတ္က ကုိယ့္ကုိယ္ကုိျပန္ေျခာက္ေနတယ္ဆိုတာကို သိဖို႔ လိုပါတယ္။

၃. သရဲေတြက ကုိယ့္ကိုယ္ထိခိုက္ေအာင္ မလုပ္နိုင္ဘူးဆိုတာကို သတိရပါ။ ယံုၾကည္မွဳတစ္ခုက သရဲေတြဆီမွာ လူေတြကို ရုပ္ပိုင္းဆိုင္ရာ ထိခိုက္ေအာင္လုပ္နိုင္တဲ့စြမ္းအားေတြ မရွိပါဘူး။

၄. သရဲကားေတြက လူေတြရဲ႕ ေၾကာက္စိတ္ကို ေဒၚလာေပါင္းေျမာက္ျမားစြာအျဖစ္ ေျပာင္းလဲလိုက္တာပါ။ သရဲကားေတြ ၾကည့္ရင္ ကုိယ့္ကုိယ္သတိေပးေနပါ… ဒါက ရုပ္ရွင္ပဲ လူေတြပဲ သရုပ္ေဆာင္ထား တယ္ဆိုတာ သတိရပါ။

Recommended for you - ဘြဲ႔မရေပမယ့္လည္း ေအာင္ျမင္နိုင္ပါတယ္။

၅. သရဲကားၾကည့္ျပီး အရမ္းေၾကာက္ေနတယ္ဆိုရင္ အင္တာနက္ေပၚမွာ အဲဒီကားရဲ႕ ရိုက္ကြင္း (behind the sense) ရွာျပီး ၾကည့္ၾကည့္တာမ်ိဳးေတြ လုပ္ပါ။ သူတို႔ ရိုက္ကြင္းေတြ ျပန္ၾကည့္ရတဲ့အခါ ရိုက္ကြင္းမွာ ၾကံဳတဲ့အလြဲေတြေၾကာင့္ ရီေနရတဲ့အတြက္ စိတ္ေပါ့ပါးသြားပါလိမ့္မယ္။

၆. အရမ္းေၾကာက္လာတဲ့အခါက်ရင္ သီခ်င္းအက်ယ္ၾကီး ေအာ္ဆိုတာမ်ိဳးေတြ လုပ္ေပးပါ။

၇. ေၾကာက္ေနတယ္ဆိုတာ ေၾကာက္ရမယ့္ အရာတစ္ခုခုကို စိတ္ထဲမွာ ေတြးေနမိတဲ့အတြက္ ျဖစ္ပါတယ္။ ဒီအခါမွာ ကိုယ့္စိတ္ထဲမွာ အဲဒီအေတြးေတြ ေပ်ာက္သြားေအာင္လို႔ စိတ္ကို အလုပ္ေပးဖို႔လိုပါတယ္။ သူငယ္ခ်င္းနဲ႕ စကားေျပာတာမ်ိဳး၊ ကာတြန္းၾကည့္လိုက္တာမ်ိဳး၊ ေလ့က်င့္ခန္းေတြ လုပ္တာမ်ိဳးေတြ ျပဳလုပ္သင့္ပါတယ္။

ကိုယ့္ကုိယ္ကို ယံုၾကည္မွဳရွိရွိနဲ႕ အရာရာကို ရင္ဆိုင္ေက်ာ္ျဖတ္ျပီး လွပတဲ့အနာဂတ္ကို ပိုင္ဆိုင္နိုင္ပါေစဗ်ာ။

သင္တန္းတက္ခ်င္ျပီးေတာ့ သြားလာဖို႔အခ်ိန္မေပးနိုင္သူမ်ား sayar.com.mm မွာ ကိုယ္သင္ခ်င္တဲ့ ဘာသာရပ္ကို ေရြးခ်ယ္ျပီး ဆရာ ဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။

Scorpian

Unicode

ကြောက်တတ်တယ်ဆိုတာကလည်း ငယ်ငယ်ကတည်းက လူကြီးတွေက စနောက်ပြီးတော့ပဲဖြစ်ဖြစ် လျှောက်မသွားအောင် တမင်ခြောက်တာဖြစ်ဖြစ် လုပ်တတ်ပါတယ်။ အဲ့ဒီအခါမှာ ကလေးဘဝကတည်းက သရဲကြောက်တတ်တာကအကျင့် တစ်ခုလိုဖြစ်သွားတတ်ပါတယ်။ တခါတလေလဲ ဘာမှန်းမသိစိတ်ကိုက ခြောက်ခြားနေတဲ့အခါမျိုးတွေ ဖြစ်တတ်ပါတယ်။ သရဲကြောက်တတ်တဲ့စိတ်ကို ဖျောက်ကြည့်ရအောင်။
ကဲ… သရဲကားဆိုလည်း ရှေ့ဆုံးက ကြည့်ချင်တယ် ပြီးရင်ကြောက်တတ်တာလည်း သူ့ပြင်နှစ်ယောက်မရှိဘူး ဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။


၁. ငါဘာကြောင့် ကြောက်နေရတာလဲ၊ ဘာကို ကြောက်နေတာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ်။ အန္တရာယ်တစ်ခုခုကြုံလို့ ကြောက်တာလား၊ ဘာမှန်းမသိတဲ့အရာတစ်ခုခုကို ကြောက်နေတာလားဆိုတာ ပြန်ဆန်းစစ်ရပါမယ်။

Recommended for you - အခက်အခဲဆိုတိုင်း ဒူးထောက်အရှုံးပေးရမှာလား။
၂. သရဲဆိုတာမျိုးကို တခါမှ မကြံုဖူးပေမယ့်လည်း ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ့်ဟာကိုယ် ပုံဖော်ပြီး ကြောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမှန်တကယ်က သရဲက ကိုယ့်ကိုယ်ကြောက်အောင် ခြောက်နေတာမဟုတ်ပါဘူး။ ကိုယ့်စိတ်က ကိုယ့်ကိုယ်ကိုပြန်ခြောက်နေတယ်ဆိုတာကို သိဖို့ လိုပါတယ်။
၃. သရဲတွေက ကိုယ့်ကိုယ်ထိခိုက်အောင် မလုပ်နိုင်ဘူးဆိုတာကို သတိရပါ။ ယုံကြည်မှုတစ်ခုက သရဲတွေဆီမှာ လူတွေကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်နိုင်တဲ့စွမ်းအားတွေ မရှိပါဘူး။
၄. သရဲကားတွေက လူတွေရဲ့ ကြောက်စိတ်ကို ဒေါ်လာပေါင်းမြောက်မြားစွာအဖြစ် ပြောင်းလဲလိုက်တာပါ။ သရဲကားတွေ ကြည့်ရင် ကိုယ့်ကိုယ်သတိပေးနေပါ… ဒါက ရုပ်ရှင်ပဲ လူတွေပဲ သရုပ်ဆောင်ထား တယ်ဆိုတာ သတိရပါ။

Recommended for you - ဘွဲ့မရပေမယ့်လည်း အောင်မြင်နိုင်ပါတယ်။
၅. သရဲကားကြည့်ပြီး အရမ်းကြောက်နေတယ်ဆိုရင် အင်တာနက်ပေါ်မှာ အဲဒီကားရဲ့ ရိုက်ကွင်း (behind the sense) ရှာပြီး ကြည့်ကြည့်တာမျိုးတွေ လုပ်ပါ။ သူတို့ ရိုက်ကွင်းတွေ ပြန်ကြည့်ရတဲ့အခါ ရိုက်ကွင်းမှာ ကြံုတဲ့အလွဲတွေကြောင့် ရီနေရတဲ့အတွက် စိတ်ပေါ့ပါးသွားပါလိမ့်မယ်။
၆. အရမ်းကြောက်လာတဲ့အခါကျရင် သီချင်းအကျယ်ကြီး အော်ဆိုတာမျိုးတွေ လုပ်ပေးပါ။
၇. ကြောက်နေတယ်ဆိုတာ ကြောက်ရမယ့် အရာတစ်ခုခုကို စိတ်ထဲမှာ တွေးနေမိတဲ့အတွက် ဖြစ်ပါတယ်။ ဒီအခါမှာ ကိုယ့်စိတ်ထဲမှာ အဲဒီအတွေးတွေ ပျောက်သွားအောင်လို့ စိတ်ကို အလုပ်ပေးဖို့လိုပါတယ်။ သူငယ်ချင်းနဲ့ စကားပြောတာမျိုး၊ ကာတွန်းကြည့်လိုက်တာမျိုး၊ လေ့ကျင့်ခန်းတွေ လုပ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ အရာရာကို ရင်ဆိုင်ကျော်ဖြတ်ပြီး လှပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေဗျာ။
သင်တန်းတက်ချင်ပြီးတော့ သွားလာဖို့အချိန်မပေးနိုင်သူများ sayar.com.mm မှာ ကိုယ်သင်ချင်တဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
Scorpian

Read times Last modified on Monday, 30 December 2019 14:44
Rate this articles
(3 votes)