×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 29 September 2017

Friday 13th ရဲ႕ ေနာက္ကြယ္

Friday 13th ရဲ႕ ေနာက္ကြယ္ google.com

Friday 13th စတင္ျဖစ္လာပံုနဲ႕ ပက္သက္ၿပီး ဘယ္သူကမွ ေရေရရာရာ မသိၾကပါဘူး။
တခ်ိဳ႕ကေတာ့ Friday 13th ဟာ ခရစ္ယာန္ဘာသာဝင္ေတြကေန စတင္ခဲ့တယ္လို႕ ယံုၾကည္ထားၾကပါတယ္။

ေယရႈခရစ္ေတာ္ဟာ ေသာၾကာေန႕မွာ ကားတိုင္ထက္အဆံုးစီရင္မခံခဲ့ရခင္မွာ ေနာက္ဆံုး ညလယ္စာကို ဧည့္သည္ ၁၂ေယာက္နဲ႕အတူစားခဲ့တာကေနအစျပဳၿပီးေတာ့ Friday 13th ျဖစ္ေပၚလာခဲ့တယ္လို႕ ဆိုပါတယ္။

သမိုင္းပညာရွင္ တခ်ိဳ႕ကေတာ့ ၁၉ရာစုေနွာင္းေပါင္းေလာက္မွ Friday 13th နဲ႕ ပက္သက္တဲ့ အယူသည္းမႈေတြ ေပၚလာခဲ့တယ္လို႕ ယံုၾကည္ၾကပါတယ္။

ပထမဆံုးေသာ Friday 13th ကို ေသာၾကာေန႕ ၁၃ရက္ေန႕မွာ ကြယ္လြန္ခဲ့တဲ့ အီတလီလူမ်ိဳး သီခ်င္းေရးဆရာ Gioachino Rossini ရဲ႕ အတၳဳပတၱိမွာ စတင္မွတ္တမ္းတင္ခဲ့ၾကပါတယ္။
Recommended for you - ကုိယ့္ကိုယ္ကို အသံုးမက်တဲ့သူတစ္ေယာက္အျဖစ္ ျမင္ေနတာလား


အဲ့ေနာက္ ၁၉၀၇ခုနွစ္မွာ ထုတ္ေဝခဲ့တဲ့ Friday the 13th ဆိုတဲ့စာအုပ္မွာ Friday the 13th နဲ႕ ပက္သက္တဲ့ အယူသည္းမႈေတြကို ပိုမို မီးေမာင္းထိုးခဲ့ပါတယ္။

Friday 13th နဲ႕ပက္သက္ၿပီး တစ္နိုင္ငံလံုးအတိုင္းအတာအေနနဲ႕ အယူသည္းတဲ့ နိုင္ငံကေတာ့ ဖင္လန္နိုင္ငံပါ။
၁၉၉၅ ခုနွစ္ကတည္းက အစျပဳၿပီး ဖင္လန္နိုင္ငံမွာ Friday 13th ေရာက္တိုင္း လံုျခံဳေရးနဲ႕ ယာဥ္အႏၱရယ္ သတိျပဳမႈ နႈိးေဆာင္ေရးေတြ ေဆာင္ရြက္ေလ့ရွိပါတယ္။

လူအမ်ားစုဟာ ထိုေန႕မွာ အလုပ္သြားဖို႕နဲ႕ ခရီးသြားလာဖို႕ ေၾကာက္ရြံ႕ၾကတာမို႕ Friday 13th ေရာက္တုိင္း ကမၻာ့စီးပြားေရးဟာ ၉၀၀မီလီယမ္ခန္႕ သိသိသာသာ အရံႈးေပၚေလ့ရွိတယ္လို႕ Donald Dassey က ဆိုခဲ့ပါတယ္။
Recommended for you - အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။
Friday 13th ကို ေၾကာက္တဲ့ေရာဂါကိုေတာ့ paraskevidekatriaphobia သို႕ friggatriskaidekaphobia လို႕ ေခၚၾကပါတယ္။

အံၾသစရာတစ္ခုက ၁၃ ဂဏန္းဟာ ေတလာဆြစ္ဖ္ရဲ႕ ကံေကာင္းတဲ့ ဂဏန္းျဖစ္ေနပါတယ္။
သူမကို ၁၃ရက္ေန႕မွာ ေမြးခဲ့ၿပီး ေသာၾကာေန႕ ၁၃ရက္မွာ အသက္ ၁၃နွစ္ျပည့္ခဲ့ပါတယ္။
သူမရဲ႕ ပထမဆံုး အယ္လ္ဘမ္က ၁၃ပါတ္အတြင္း နာမည္ၾကီးခဲ့ၿပီး ပထမဆံုး သီခ်င္းရဲ႕ intro က ၁၃ စကၠန္႕ ၾကာတယ္ လို႕ ၂၀၀၉ ခုနွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ပါတယ္။

အီတလီမွာေတာ့ Fridy 17th ဟာ ကံမေကာင္းတဲ့ေန႕ျဖစ္ၿပီးေတာ့
ဂရိနိုင္ငံမွာေတာ့ Tuesday 13th ကို ကံမေကာင္းတဲ့အျဖစ္ သတ္မွတ္ၾကပါတယ္။

စာဖတ္သူေတြေရာ Friday 13th ကုို ယံုၾကည္ပါသလား။ Friday 13th နဲ႕ ပက္သက္တဲ့ အမွတ္တရေတြ ရွိရင္လည္း ေဝမွ်ေပးခဲ့ပါအံုးဗ်ာ။

Source ; phothutaw

Unicode

Friday 13th စတင်ဖြစ်လာပုံနဲ့ ပက်သက်ပြီး ဘယ်သူကမှ ရေရေရာရာ မသိကြပါဘူး။
တချို့ကတော့ Friday 13th ဟာ ခရစ်ယာန်ဘာသာဝင်တွေကနေ စတင်ခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။

ယေရှုခရစ်တော်ဟာ သောကြာနေ့မှာ ကားတိုင်ထက်အဆုံးစီရင်မခံခဲ့ရခင်မှာ နောက်ဆုံး ညလယ်စာကို ဧည့်သည် ၁၂ယောက်နဲ့အတူစားခဲ့တာကနေအစပြုပြီးတော့ Friday 13th ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

သမိုင်းပညာရှင် တချို့ကတော့ ၁၉ရာစုနှောင်းပေါင်းလောက်မှ Friday 13th နဲ့ ပက်သက်တဲ့ အယူသည်းမှုတွေ ပေါ်လာခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

ပထမဆုံးသော Friday 13th ကို သောကြာနေ့ ၁၃ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အီတလီလူမျိုး သီချင်းရေးဆရာ Gioachino Rossini ရဲ့ အတ္ထုပတ္တိမှာ စတင်မှတ်တမ်းတင်ခဲ့ကြပါတယ်။

Recommended for you - ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူတစ်ယောက်အဖြစ် မြင်နေတာလား

အဲ့နောက် ၁၉၀၇ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Friday the 13th ဆိုတဲ့စာအုပ်မှာ Friday the 13th နဲ့ ပက်သက်တဲ့ အယူသည်းမှုတွေကို ပိုမို မီးမောင်းထိုးခဲ့ပါတယ်။

Friday 13th နဲ့ပက်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အယူသည်းတဲ့ နိုင်ငံကတော့ ဖင်လန်နိုင်ငံပါ။
၁၉၉၅ ခုနှစ်ကတည်းက အစပြုပြီး ဖင်လန်နိုင်ငံမှာ Friday 13th ရောက်တိုင်း လုံခြုံရေးနဲ့ ယာဉ်အန္တရယ် သတိပြုမှု နှိုးဆောင်ရေးတွေ ဆောင်ရွက်လေ့ရှိပါတယ်။

လူအများစုဟာ ထိုနေ့မှာ အလုပ်သွားဖို့နဲ့ ခရီးသွားလာဖို့ ကြောက်ရွံ့ကြတာမို့ Friday 13th ရောက်တိုင်း ကမ္ဘာ့စီးပွားရေးဟာ ၉၀၀မီလီယမ်ခန့် သိသိသာသာ အရှုံးပေါ်လေ့ရှိတယ်လို့ Donald Dassey က ဆိုခဲ့ပါတယ်။

Recommended for you - အခက်အခဲဆိုတိုင်း ဒူးထောက်အရှုံးပေးရမှာလား။

Friday 13th ကို ကြောက်တဲ့ရောဂါကိုတော့ paraskevidekatriaphobia သို့ friggatriskaidekaphobia လို့ ခေါ်ကြပါတယ်။

အံသြစရာတစ်ခုက ၁၃ ဂဏန်းဟာ တေလာဆွစ်ဖ်ရဲ့ ကံကောင်းတဲ့ ဂဏန်းဖြစ်နေပါတယ်။
သူမကို ၁၃ရက်နေ့မှာ မွေးခဲ့ပြီး သောကြာနေ့ ၁၃ရက်မှာ အသက် ၁၃နှစ်ပြည့်ခဲ့ပါတယ်။
သူမရဲ့ ပထမဆုံး အယ်လ်ဘမ်က ၁၃ပါတ်အတွင်း နာမည်ကြီးခဲ့ပြီး ပထမဆုံး သီချင်းရဲ့ intro က ၁၃ စက္ကန့် ကြာတယ် လို့ ၂၀၀၉ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

အီတလီမှာတော့ Fridy 17th ဟာ ကံမကောင်းတဲ့နေ့ဖြစ်ပြီးတော့
ဂရိနိုင်ငံမှာတော့ Tuesday 13th ကို ကံမကောင်းတဲ့အဖြစ် သတ်မှတ်ကြပါတယ်။

စာဖတ်သူတွေရော Friday 13th ကိုု ယုံကြည်ပါသလား။ Friday 13th  နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိရင်လည်း ဝေမျှပေးခဲ့ပါအုံးဗျာ။

Source; phothutaw

Read times Last modified on Friday, 27 December 2019 16:02
Rate this articles
(2 votes)