×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 22 January 2021

ဆိတ်ဆိတ်နေတတ်တဲ့ Introvert လေးတွေရဲ့ အားသာချက်များ

ဆိတ်ဆိတ်နေတတ်တဲ့ Introvert လေးတွေရဲ့ အားသာချက်များ
ကျွန်တော်တို့က Introvert ပဲ ဖြစ်ဖြစ်၊ Extrovert ပဲ ဖြစ်ဖြစ် အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကိုယ်ပိုင် Personality ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သေချာသိရှိခြင်းက Personal Development ဖြစ်ဖို့အတွက် အကူအညီကောင်းတွေပေးနိုင်တာကြောင့် သေချာသိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ဆိတ်ဆိတ်နေတတ်တဲ့ Introvert လေးတွေရဲ့ အားသာချက်တွေကို ဖော်ပြပေးပါ့မယ်။

 

(၁) စာနာတတ်တဲ့နှလုံးသားရှိခြင်း။
Introvert တွေက Good Listener တွေဖြစ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့က နှလုံးသားလှတဲ့ စာနာတတ်သူလေးတွေဖြစ်ကြပါတယ်။ ဒါ့အပြင် တစ်ခြားသောသူတစ်ယောက်က စကားတစ်ခွန်းပြောလိုက်တာနဲ့ သူတို့ဘာကိုဆိုလိုသလဲ။ ဘာပြောချင်သလဲ ဆိုတာကို တန်းသိနိုင်တဲ့အရည်အချင်းမျိုးတွေကို ပိုင်ဆိုင်ထားကြပါတယ်။

 

(၂) ကိုယ့်ကိုယ်ကို အားပေးတတ်ခြင်း။
ဒါကတော့ ရှင်းပါတယ်။ Introvert တွေက တစ်ဦးတည်းနေတတ်တဲ့သူတွေဖြစ်တာကြောင့် သူတို့ရဲ့ စိတ်အတက်အကျအားလုံးကို သူတို့ကိုယ်တိုင် ကောင်းကောင်း ထိန်းချုပ်နိုင်ကြပါတယ်။ တခြားလူတွေနဲ့လည်း‌ေရောရောနှောနှော မနေသလို တခြားလူတွေရဲ့ Effect ကြောင့် သူတို့ပြောင်းလဲသွားအောင် မလုပ်နိုင်စွမ်းကြပါဘူး။ ဒါကြောင့် သူတို့က ကိုယ့်ကိုယ်ကို အားတက်အောင် အားပေးနိုင်တဲ့ Self-Motivator လေးတွေဖြစ်ကြပါတယ်။

 

(၃) ဆွဲဆောင်မှုအားကောင်းခြင်း။
ဘာမှမတွေးဘဲ ပြောချင်ရာဇွတ်ပြောလိုက်တယ်ဆိုတာမျိုးက Introvert တွေမှာမရှိပါဘူး။ ဘယ်အရာကိုမဆို သေသေချာချာ လေးလေးနက်နက်စဉ်းစားပြီးမှ တိကျသေချာတဲ့စကားကို ပြောတတ်သူတွေပါ။ ဒီအချက်ကပဲ သူတို့ကို ဆွဲဆောင်မှုအားကောင်းအောင် ပံ့ပိုးပေးနေတာပါ။ ဒါကြောင့် လူအများကြားမှာ သူတို့က ပညာရှိလူအေးလေးတွေ လို့ အမြဲနာမည်ကြီးကြတာပါ။

 

(၄) တိကျသေချာခြင်း။
Extrovert တွေက Introvert တွေကို ဘယ်တော့မှမယှဉ်နိုင်တဲ့အချက်တစ်ချက်ရှိပါတယ်။ အဲ့တာကတော့ တိကျသေချာခြင်းပါ။ ဘာပဲလုပ်လုပ် ဘာပဲပြောပြော အသေးဖွဲလေးတွေကစပြီး အကြီးကြီးထိ နေရာလပ်မရှိ၊ ဟာကွက်မရှိအောင် လုပ်နိုင်စွမ်းက Introvert တွေရဲ့ တန်ဖိုးအရှိဆုံးအင်အားကြီးတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒီလို တိကျသေချာစွာပြုမူတတ်တဲ့ စွမ်းရည်ကြောင့် ပန်းတိုင်ကို အချိန်တိုတိုနဲ့ရောက်အောင်လှမ်းနိုင်ကြတာဖြစ်ပါတယ်။

 

(၅) သဘာဝမှ စာရေးဆရာများ။
Introvert တွေက လူတွေနဲ့ ဆက်ဆံတဲ့အခါ ခပ်ဝေးဝေးတစ်နေရာကနေပြီးပဲ ဆက်ဆံချင်ကြပါတယ်။ ပြီးတော့ သူတို့ရင်ထဲကအတွေးတွေကို စာလုံးတွေအဖြစ် အသွင်ကူးပြီးဖော်ပြရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့က သဘာဝဆီက လာတဲ့ စာရေးဆရာပေါက်စလေးတွေဖြစ်ကြပါတယ်။

 

(၆) အကောင်းမြင်စိတ်ထားခြင်း။
Introvert လေးတွေက သူတို့အပေါ်ကို မကောင်းတာလုပ်လာခဲ့ရင်တောင် အဲ့မနှစ်မြို့ဖွယ်အပြုအမူတွေကို နှစ်သက်ပေးနိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လောက်ဆိုးတဲ့အခြေအနေမှာမဆို သူတို့လေးတွေက အကောင်းမြင်စိတ်ထားတတ်ကြပါတယ်။

ခု ဒီဆောင်းပါးလေးကို ဖတ်နေတဲ့ စာဖတ်ပရိသတ်ကရော Introvert တစ်ယောက်လား? ဒီအချက်လေးတွေ သင့်မှာ ရှိမရှိ ဆန်းစစ်သွားပါဦးနော်။

 

 

ဆိတ္ဆိတ္ေနတတ္တဲ့ Introvert ေလးေတြရဲ႕ အားသာခ်က္မ်ား
ကြၽန္ေတာ္တို႔က Introvert ပဲ ျဖစ္ျဖစ္၊ Extrovert ပဲ ျဖစ္ျဖစ္ အားသာခ်က္၊ အားနည္းခ်က္ကိုယ္စီရွိၾကပါတယ္။ ကိုယ္ပိုင္ Personality ရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို ေသခ်ာသိရွိျခင္းက Personal Development ျဖစ္ဖို႔အတြက္ အကူအညီေကာင္းေတြေပးႏိုင္တာေၾကာင့္ ေသခ်ာသိထားဖို႔လိုအပ္ပါတယ္။ ဒါေၾကာင့္ ဒီေန႔မွာ ဆိတ္ဆိတ္ေနတတ္တဲ့ Introvert ေလးေတြရဲ႕ အားသာခ်က္ေတြကို ေဖာ္ျပေပးပါ့မယ္။

 

(၁) စာနာတတ္တဲ့ႏွလုံးသားရွိျခင္း။
Introvert ေတြက Good Listener ေတြျဖစ္ၾကပါတယ္။ ဒါေၾကာင့္လည္း သူတို႔က ႏွလုံးသားလွတဲ့ စာနာတတ္သူေလးေတြျဖစ္ၾကပါတယ္။ ဒါ့အျပင္ တစ္ျခားေသာသူတစ္ေယာက္က စကားတစ္ခြန္းေျပာလိုက္တာနဲ႔ သူတို႔ဘာကိုဆိုလိုသလဲ။ ဘာေျပာခ်င္သလဲ ဆိုတာကို တန္းသိႏိုင္တဲ့အရည္အခ်င္းမ်ိဳးေတြကို ပိုင္ဆိုင္ထားၾကပါတယ္။

 

(၂) ကိုယ့္ကိုယ္ကို အားေပးတတ္ျခင္း။
ဒါကေတာ့ ရွင္းပါတယ္။ Introvert ေတြက တစ္ဦးတည္းေနတတ္တဲ့သူေတြျဖစ္တာေၾကာင့္ သူတို႔ရဲ႕ စိတ္အတက္အက်အားလုံးကို သူတို႔ကိုယ္တိုင္ ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ၾကပါတယ္။ တျခားလူေတြနဲ႔လည္း‌ေေရာေရာေႏွာေႏွာ မေနသလို တျခားလူေတြရဲ႕ Effect ေၾကာင့္ သူတို႔ေျပာင္းလဲသြားေအာင္ မလုပ္ႏိုင္စြမ္းၾကပါဘူး။ ဒါေၾကာင့္ သူတို႔က ကိုယ့္ကိုယ္ကို အားတက္ေအာင္ အားေပးႏိုင္တဲ့ Self-Motivator ေလးေတြျဖစ္ၾကပါတယ္။

 

(၃) ဆြဲေဆာင္မႈအားေကာင္းျခင္း။
ဘာမွမေတြးဘဲ ေျပာခ်င္ရာဇြတ္ေျပာလိုက္တယ္ဆိုတာမ်ိဳးက Introvert ေတြမွာမရွိပါဘူး။ ဘယ္အရာကိုမဆို ေသေသခ်ာခ်ာ ေလးေလးနက္နက္စဥ္းစားၿပီးမွ တိက်ေသခ်ာတဲ့စကားကို ေျပာတတ္သူေတြပါ။ ဒီအခ်က္ကပဲ သူတို႔ကို ဆြဲေဆာင္မႈအားေကာင္းေအာင္ ပံ့ပိုးေပးေနတာပါ။ ဒါေၾကာင့္ လူအမ်ားၾကားမွာ သူတို႔က ပညာရွိလူေအးေလးေတြ လို႔ အၿမဲနာမည္ႀကီးၾကတာပါ။

 

(၄) တိက်ေသခ်ာျခင္း။
Extrovert ေတြက Introvert ေတြကို ဘယ္ေတာ့မွမယွဥ္ႏိုင္တဲ့အခ်က္တစ္ခ်က္ရွိပါတယ္။ အဲ့တာကေတာ့ တိက်ေသခ်ာျခင္းပါ။ ဘာပဲလုပ္လုပ္ ဘာပဲေျပာေျပာ အေသးဖြဲေလးေတြကစၿပီး အႀကီးႀကီးထိ ေနရာလပ္မရွိ၊ ဟာကြက္မရွိေအာင္ လုပ္ႏိုင္စြမ္းက Introvert ေတြရဲ႕ တန္ဖိုးအရွိဆုံးအင္အားႀကီးတစ္ခုလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒီလို တိက်ေသခ်ာစြာျပဳမူတတ္တဲ့ စြမ္းရည္ေၾကာင့္ ပန္းတိုင္ကို အခ်ိန္တိုတိုနဲ႔ေရာက္ေအာင္လွမ္းႏိုင္ၾကတာျဖစ္ပါတယ္။

 

(၅) သဘာဝမွ စာေရးဆရာမ်ား။
Introvert ေတြက လူေတြနဲ႔ ဆက္ဆံတဲ့အခါ ခပ္ေဝးေဝးတစ္ေနရာကေနၿပီးပဲ ဆက္ဆံခ်င္ၾကပါတယ္။ ၿပီးေတာ့ သူတို႔ရင္ထဲကအေတြးေတြကို စာလုံးေတြအျဖစ္ အသြင္ကူးၿပီးေဖာ္ျပရတာကို ပိုႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္ပဲ သူတို႔က သဘာဝဆီက လာတဲ့ စာေရးဆရာေပါက္စေလးေတြျဖစ္ၾကပါတယ္။

 

(၆) အေကာင္းျမင္စိတ္ထားျခင္း။
Introvert ေလးေတြက သူတို႔အေပၚကို မေကာင္းတာလုပ္လာခဲ့ရင္ေတာင္ အဲ့မႏွစ္ၿမိဳ႕ဖြယ္အျပဳအမူေတြကို ႏွစ္သက္ေပးႏိုင္ဖို႔ ႀကိဳးစားတတ္ၾကပါတယ္။ ဒါေၾကာင့္ ဘယ္ေလာက္ဆိုးတဲ့အေျခအေနမွာမဆို သူတို႔ေလးေတြက အေကာင္းျမင္စိတ္ထားတတ္ၾကပါတယ္။

 

ခု ဒီေဆာင္းပါးေလးကို ဖတ္ေနတဲ့ စာဖတ္ပရိသတ္ကေရာ Introvert တစ္ေယာက္လား? ဒီအခ်က္ေလးေတြ သင့္မွာ ရွိမရွိ ဆန္းစစ္သြားပါဦးေနာ္။

Read times
Rate this articles
(4 votes)