×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 26 February 2021

စာတမ်းပြုစုခြင်း၊စာတမ်းမပြုစုရခြင်း Master Degree

စာတမ်းပြုစုခြင်း၊စာတမ်းမပြုစုရခြင်း Master Degree
( Thesis and Non-Thesis in Master Degree )

၂၀ ရာစုကာလအတွင်းမှာ ပညာရေးကို အလေးထား လိုက်စားလာကြပြီး တက္ကသိုလ်ပညာရေး တည်ထောင်ရင်း Programme မျိုးစုံတီထွင်ဖန်တီးလျှက် လူသားတွေ ပညာရေးကို ချဲ့ထွင်လာခဲ့ကြတယ်။ ၂၁ ရာစုအတွင်းမှာ ဘွဲ့ဒီဂရီတစ်ခုတည်းဖြင့် ဘဝရပ်တည်ဖို့ လုံလောက်မှု့မရှိဘူး ဆိုတာကို ခံစားလာကြသည်နှင့်အမျှ ကျောင်းသား တွေဟာ ဘွဲ့လွန် ဒီဂရီများ ကို ရယူဖို့ ဒုန်းစိုင်းလာကြပြန်တယ်။ ဒါပေမယ့် တချို့ကျောင်းသား တွေဟာ Master Degree ဆိုတာ ဘာကိုခေါ်သလဲ ဆိုတာရယ်၊ဘာတွေလေ့လာ လုပ်ဆောင် ရသလဲဆိုရယ်၊ စတာတွေကို အများ အားဖြင့် မသိရှိကြ။ ဒါလေးကို အနည်းအကျဉ်း မိတ်ဆက်သဘော မျှတင်ပြပါမယ်။

 

Master Degree ဟာ သူ့ မေဂျာအလိုက် ဘွဲ့နာမည် အမျိုးမျိုး ရှိပါတယ်။ စာတမ်းပြုစု စရာမလိုပဲ သင်တန်းတက်ရောက်မှု့ ကိုအခြေခံ တဲ့ (Course-Study Base) Master နဲ့ စာတမ်းပြု စုခြင်း ( Master With Thesis) Master လို့ (၂)မျိုး ရှိပါတယ်။

 

(၁) Master Based on Course –Study Base ဆိုတာ သတ်မှတ် ထားတဲ့သင်တန်းများကို အချိန်မှန်တက် ရောက် ပြီး တော့၊ ဆရာများ၊ ပါမေက္ခများကပေးတဲ့ Assignment တွေကို တင်ပြ၊ ဆွေးနွေးခြင်း တွေ လုပ်ပြီး Course တွေ ပြီးဆုံးတဲ့အခါ ဘွဲ့လက်မှတ် တွေ ရရှိနိုင်တဲ့ Master ကိုခေါ်ပါတယ်၊

 

(၂) Master Based Thesis ဆိုတာ မိမိယူထားတဲ့ မေဂျာနှင့် ပတ်သတ်ပြီး၊ ပေးထားတဲ့ဆရာ များနှင့် နှီးနှောတိုင်ပင်ကာ ၊စာမျက်နှာ (၁၀၀) ထက်ပိုများ တဲ့ စာတမ်းတစ်စောင်ကို သတ်မှတ်တဲ့ရက် မကုန်ဆုံးမှီရေးသား တင်ပြရပါတယ်။ Thesis Paper နဲ့ ပတ်သတ်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှသာ Master ဘွဲ့ သင်ယူပြီး ဆုံးအောင်မြင်ကြောင်း ဆရာများက လက်မှတ် ရေးထိုးကြပါတယ်။ Course ကိုအခြေခံတဲ့ Master Degree ဟာ (၁)နှစ်ပတ်ဝန်းကျင်ရှိပြီး၊ Master with Thesis ကတော့ ၂ နှစ် ပတ်ဝန်းကျင်ရှိပါတယ်။

 

(သတ်မှတ်တဲ့ ခုနှစ်များဟာ တက္ကသိုလ်တခုနှင့် တခုမတူ ညီကြ)

 

Thesis နဲ့ရတဲ့ Master ဘွဲ့များဟာ အချိန်ကုန်၊ ငွေကုန် ပင်ပန်းပေမယ့်၊ Ph.D တက်ရောက် လိုရင်ဖြစ်စေ၊ တချို့ လုပ်ငန်းများမှာ ဝင်ရောက် လုပ်ကိုင်လိုတယ်ဆိုရင်ဖြစ်စေ အခက်ခဲမရှိပေမယ့် Course ဖြင့်ရတဲ့ Master များကို Ph.D ဆက်တက်မယ် ဆိုရင် တချို့တက္ကသိုလ်များက လက်မခံကြတာတွေ ရှိတတ်ပါတယ်။

 

အရည်အသွေးဖြင့် ယှဉ်ကြည့်မယ်ဆိုရင်လဲ Master with Thesis ရရှိတဲ့သူများဟာ သုတေသန နှင့် ပတ်သတ်ပြီး ခိုင်မာတဲ့ ယုံကြည်ချက်ရှိကြပေမယ့် Course နဲ့ပြီးတဲ့ Master ဘွဲ့ကျောင်းသားများက အတွေ့အကြုံအရ သိပ်မရှိကြပါ။

 

ဒါ့ကြောင့် Master ဘွဲ့ကိုတက်ရောက်လိုတဲ့ ကျောင်းသားများအနေနဲ့ မိမိ တက်ရောက်မယ့် Master များမှာ Course နဲ့ဘွဲ့ယူမလား၊ Thesis နဲ့ဘွဲ့ယူမလား ဆိုတာ ကို စဉ်းစားပြီး ကြိုတင်ပြင်ဆင်ထား ဖို့အထူး လိုအပ်ပါ တယ်။ Thesis နဲ့ ဘွဲ့ယူမယ်လို့ စိတ်ကူးထား တယ်ဆိုရင် ဆိုင်ရာ စာအုပ်များ၊အချက်အလက်များကို ကြိုတင် စုဆောင်းဖတ်ရှု့လေ့လာထားပါက Thesis စတင်ရေးတဲ့အခါ ပိုပြီးအထောက်ကူပြုပါလိမ့်မယ်။

 

Credit : အလင်း

 

 

စာတမ္းျပဳစုျခင္း၊စာတမ္းမျပဳစုရျခင္း Master Degree
( Thesis and Non-Thesis in Master Degree )

 

၂၀ ရာစုကာလအတြင္းမွာ ပညာေရးကို အေလးထား လိုက္စားလာၾကၿပီး တကၠသိုလ္ပညာေရး တည္ေထာင္ရင္း Programme မ်ိဳးစုံတီထြင္ဖန္တီးလွ်က္ လူသားေတြ ပညာေရးကို ခ်ဲ႕ထြင္လာခဲ့ၾကတယ္။ ၂၁ ရာစုအတြင္းမွာ ဘြဲ႕ဒီဂရီတစ္ခုတည္းျဖင့္ ဘ၀ရပ္တည္ဖို႔ လုံေလာက္မႈ႕မရွိဘူး ဆိုတာကို ခံစားလာၾကသည္ႏွင့္အမွ် ေက်ာင္းသား ေတြဟာ ဘြဲ႕လြန္ ဒီဂရီမ်ား ကို ရယူဖို႔ ဒုန္းစိုင္းလာၾကျပန္တယ္။ ဒါေပမယ့္ တခ်ိဳ႕ေက်ာင္းသား ေတြဟာ Master Degree ဆိုတာ ဘာကိုေခၚသလဲ ဆိုတာရယ္၊ဘာေတြေလ့လာ လုပ္ေဆာင္ ရသလဲဆိုရယ္၊ စတာေတြကို အမ်ား အားျဖင့္ မသိရွိၾက။ ဒါေလးကို အနည္းအက်ဥ္း မိတ္ဆက္သေဘာ မွ်တင္ျပပါမယ္။

 

Master Degree ဟာ သူ႔ ေမဂ်ာအလိုက္ ဘြဲ႕နာမည္ အမ်ိဳးမ်ိဳး ရွိပါတယ္။ စာတမ္းျပဳစု စရာမလိုပဲ သင္တန္းတက္ေရာက္မႈ႕ ကိုအေျခခံ တဲ့ (Course-Study Base) Master နဲ႔ စာတမ္းျပဳ စုျခင္း ( Master With Thesis) Master လို႔ (၂)မ်ိဳး ရွိပါတယ္။

 

(၁) Master Based on Course –Study Base ဆိုတာ သတ္မွတ္ ထားတဲ့သင္တန္းမ်ားကို အခ်ိန္မွန္တက္ ေရာက္ ၿပီး ေတာ့၊ ဆရာမ်ား၊ ပါေမကၡမ်ားကေပးတဲ့ Assignment ေတြကို တင္ျပ၊ ေဆြးေႏြးျခင္း ေတြ လုပ္ၿပီး Course ေတြ ၿပီးဆုံးတဲ့အခါ ဘြဲ႕လက္မွတ္ ေတြ ရရွိႏိုင္တဲ့ Master ကိုေခၚပါတယ္၊

 

(၂) Master Based Thesis ဆိုတာ မိမိယူထားတဲ့ ေမဂ်ာႏွင့္ ပတ္သတ္ၿပီး၊ ေပးထားတဲ့ဆရာ မ်ားႏွင့္ ႏွီးေႏွာတိုင္ပင္ကာ ၊စာမ်က္ႏွာ (၁၀၀) ထက္ပိုမ်ား တဲ့ စာတမ္းတစ္ေစာင္ကို သတ္မွတ္တဲ့ရက္ မကုန္ဆုံးမွီေရးသား တင္ျပရပါတယ္။ Thesis Paper နဲ႔ ပတ္သတ္ၿပီး သတ္မွတ္ထားတဲ့ စံႏႈန္းေတြနဲ႔ ကိုက္ညီမွသာ Master ဘြဲ႕ သင္ယူၿပီး ဆုံးေအာင္ျမင္ေၾကာင္း ဆရာမ်ားက လက္မွတ္ ေရးထိုးၾကပါတယ္။ Course ကိုအေျခခံတဲ့ Master Degree ဟာ (၁)ႏွစ္ပတ္၀န္းက်င္ရွိၿပီး၊ Master with Thesis ကေတာ့ ၂ ႏွစ္ ပတ္၀န္းက်င္ရွိပါတယ္။

(သတ္မွတ္တဲ့ ခုႏွစ္မ်ားဟာ တကၠသိုလ္တခုႏွင့္ တခုမတူ ညီၾက)

 

Thesis နဲ႔ရတဲ့ Master ဘြဲ႕မ်ားဟာ အခ်ိန္ကုန္၊ ေငြကုန္ ပင္ပန္းေပမယ့္၊ Ph.D တက္ေရာက္ လိုရင္ျဖစ္ေစ၊ တခ်ိဳ႕ လုပ္ငန္းမ်ားမွာ ၀င္ေရာက္ လုပ္ကိုင္လိုတယ္ဆိုရင္ျဖစ္ေစ အခက္ခဲမရွိေပမယ့္ Course ျဖင့္ရတဲ့ Master မ်ားကို Ph.D ဆက္တက္မယ္ ဆိုရင္ တခ်ိဳ႕တကၠသိုလ္မ်ားက လက္မခံၾကတာေတြ ရွိတတ္ပါတယ္။

 

အရည္အေသြးျဖင့္ ယွဥ္ၾကည့္မယ္ဆိုရင္လဲ Master with Thesis ရရွိတဲ့သူမ်ားဟာ သုေတသန ႏွင့္ ပတ္သတ္ၿပီး ခိုင္မာတဲ့ ယုံၾကည္ခ်က္ရွိၾကေပမယ့္ Course နဲ႔ၿပီးတဲ့ Master ဘြဲ႕ေက်ာင္းသားမ်ားက အေတြ႕အႀကဳံအရ သိပ္မရွိၾကပါ။

 

ဒါ့ေၾကာင့္ Master ဘြဲ႕ကိုတက္ေရာက္လိုတဲ့ ေက်ာင္းသားမ်ားအေနနဲ႔ မိမိ တက္ေရာက္မယ့္ Master မ်ားမွာ Course နဲ႔ဘြဲ႕ယူမလား၊ Thesis နဲ႔ဘြဲ႕ယူမလား ဆိုတာ ကို စဥ္းစားၿပီး ႀကိဳတင္ျပင္ဆင္ထား ဖို႔အထူး လိုအပ္ပါ တယ္။ Thesis နဲ႔ ဘြဲ႕ယူမယ္လို႔ စိတ္ကူးထား တယ္ဆိုရင္ ဆိုင္ရာ စာအုပ္မ်ား၊အခ်က္အလက္မ်ားကို ႀကိဳတင္ စုေဆာင္းဖတ္ရႈ႕ေလ့လာထားပါက Thesis စတင္ေရးတဲ့အခါ ပိုၿပီးအေထာက္ကူျပဳပါလိမ့္မယ္။

 

Credit : အလင္း

Read times
Rate this articles
(1 Vote)