ကိုယ့္ရဲ႕ အခ်စ္ဆံုးခ်စ္သူေလးကို အဂၤလိပ္လို romantic ဆန္ဆန္ ေျပာလို႔ရေအာင္ love idioms မ်ားကို ေလ့လာဖို႔ ေဖာ္ျပေပးလိုက္တယ္ေနာ္။
၁. A match made in heaven - ေနနဲ႕လ၊ ေရႊနဲ႕ျမလို အတြဲညီျပီး ေပ်ာ္ရႊင္ဖြယ္ ဘဝတစ္ခုကို တည္ေဆာက္ျဖတ္သန္း ၾကမယ္လို႕ ဆိုလိုတာပါ။ ( ဘဝလက္တြဲေဖာ္ကို ကံၾကမၼာက နဂိုကတည္းက သတ္မွတ္ျပီးသား လို႔ဆိုပါတယ္။
We are a match made in heaven. Let’s get married.
၂. To fall head over heels in love - လံုးဝကို ခ်စ္မိေနျပီတဲ့။ ကိုယ့္ေအာက္က ကမၻာေျမၾကီးေတာင္ ေပ်ာက္သြားျပီး ကြ်မ္းျပန္သြားေလာက္ေအာင္ကုိ ခ်စ္မိသြားျပီတဲ့။
He has fallen head over heels in love with Jane.
၃. To be smitten with someone - အစြဲၾကီးစြဲမိေနျပီ။ အခ်စ္ေလွာင္အိမ္မွာ ပိတ္မိေနျပီတဲ့။ စားလဲဒီစိတ္၊ သြားလဲ ဒီစိတ္၊ ဘယ္လိုမွ ေမ့လို႔မရဘူးတဲ့။
Sally is smitten with this Gary chap she met the other day. She can’t stop talking about him.
Recommended for you - လူငယ္ေတြၾကားထဲမွာ ေပၚျပဴလာျဖစ္တဲ့ ဗန္းစကားမ်ား
၄. To be the apple of someone’s eye - ဒါကေတာ့ အခ်စ္ခံရတာကို ေျပာတာပါ။ ပံုမွန္အားျဖင့္ မိဘေတြရဲ႕ အခ်စ္ကို ခံရတာကို ေျပာတာ။
Yamin can do no wrong. She is the apple of her father’s eye.
၅. To be a soul mate - တစ္ေယာက္ရဲ႕ အတြင္းစိတ္ ခံစားခ်က္ေတြကို တစ္ေယာက္က ေကာင္းေကာင္း သိတယ္။ ႏွစ္ကုိယ့္တစ္စိတ္လို႔ ေျပာရမလားပဲေနာ္။
My husband is my best friend and my soul mate.
၆. To take one’s breath away - အသက္ရွဳေတာင္ ရပ္သြားေလာက္ေအာင္ လွလြန္းလို႔၊ ျမင္ျမင္ခ်င္း သိပ္သိပ္ ခ်စ္မိသြားျပီတဲ့။ ပိုျပီး romantic ျဖစ္သြားေအာင္ Berlin ရဲ႕ သီခ်င္းေလး “ Take my breath away” ပါ နားေထာင္လိုက္ပါဦး။
You are so beautiful that you take my breath away.
၇. To be someone’s one and only - တစ္ေယာက္ဆိုတစ္ေယာက္၊ ပိေတာက္ဆိုပိေတာက္ ပါဘဲတဲ့။ မင္းေလးက ကိုယ့္အတြက္ အႏွိုင္းမဲ့ပါပဲတဲ့။
You will always be my one and only one.
Recommended for you - အခက္အခဲကုိယ္စီႏွင့္ ကိုယ္ပိုင္ဘဝမ်ား
၈. To have a crush on someone - အရူးအမူးခ်စ္မိေနျပီ။ ဒီအေျခအေနက teenage ေတြ စိတ္ကစားတဲ့ အရြယ္မွာ ျဖစ္ေလ့ရွိတဲ့ ဆန္႕က်င္ဘက္ အေပၚစိတ္ဝင္စားတဲ့ အရြယ္မွာ ျဖစ္ေလ့ရွိတဲ့ စြဲလမ္းမွဳပါ။
Sally has had a crush on James since they were at university together. He doesn’t realise this.
၉. To fancy someone - ဒါကရိုးရိုး ျဗိတိသွ် အဂၤလိပ္အေခၚအေဝၚျဖစ္တဲ့ ၾကိဳက္တယ္လို႔ အိေျႏၵရရ ေျပာတဲ့ အသံုးပါဘဲ။
My friend really fancies you.
၁၀. To love someone with all of one’s heart and soul - ဒါကေတာ့ အသည္းႏွလံုးေရာ၊ ဝိဥာဥ္ေရာ ပံုျပီး ခ်စ္တယ္လို႔ ကဗ်ာဆန္ဆန္ေလး ေျပာတာပါ။
John loves Leslie with all his heart and soul.
Credit; myanmar-network.net
[Unicode Version]
ကိုယ့်ရဲ့ အချစ်ဆုံးချစ်သူလေးကို အင်္ဂလိပ်လို romantic ဆန်ဆန် ပြောလို့ရအောင် love idioms များကို လေ့လာဖို့ ဖော်ပြပေးလိုက်တယ်နော်။
၁. A match made in heaven - နေနဲ့လ၊ ရွှေနဲ့မြလို အတွဲညီပြီး ပျော်ရွှင်ဖွယ် ဘဝတစ်ခုကို တည်ဆောက်ဖြတ်သန်း ကြမယ်လို့ ဆိုလိုတာပါ။ ( ဘဝလက်တွဲဖော်ကို ကံကြမ္မာက နဂိုကတည်းက သတ်မှတ်ပြီးသား လို့ဆိုပါတယ်။
We are a match made in heaven. Let’s get married.
၂. To fall head over heels in love - လုံးဝကို ချစ်မိနေပြီတဲ့။ ကိုယ့်အောက်က ကမ္ဘာမြေကြီးတောင် ပျောက်သွားပြီး ကျွမ်းပြန်သွားလောက်အောင်ကို ချစ်မိသွားပြီတဲ့။
He has fallen head over heels in love with Jane.
၃. To be smitten with someone - အစွဲကြီးစွဲမိနေပြီ။ အချစ်လှောင်အိမ်မှာ ပိတ်မိနေပြီတဲ့။ စားလဲဒီစိတ်၊ သွားလဲ ဒီစိတ်၊ ဘယ်လိုမှ မေ့လို့မရဘူးတဲ့။
Sally is smitten with this Gary chap she met the other day. She can’t stop talking about him.
Recommended for you - လူငယ်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗန်းစကားများ
၄. To be the apple of someone’s eye - ဒါကတော့ အချစ်ခံရတာကို ပြောတာပါ။ ပုံမှန်အားဖြင့် မိဘတွေရဲ့ အချစ်ကို ခံရတာကို ပြောတာ။
Yamin can do no wrong. She is the apple of her father’s eye.
၅. To be a soul mate - တစ်ယောက်ရဲ့ အတွင်းစိတ် ခံစားချက်တွေကို တစ်ယောက်က ကောင်းကောင်း သိတယ်။ နှစ်ကိုယ့်တစ်စိတ်လို့ ပြောရမလားပဲနော်။
My husband is my best friend and my soul mate.
၆. To take one’s breath away - အသက်ရှုတောင် ရပ်သွားလောက်အောင် လှလွန်းလို့၊ မြင်မြင်ချင်း သိပ်သိပ် ချစ်မိသွားပြီတဲ့။ ပိုပြီး romantic ဖြစ်သွားအောင် Berlin ရဲ့ သီချင်းလေး “ Take my breath away” ပါ နားထောင်လိုက်ပါဦး။
You are so beautiful that you take my breath away.
၇. To be someone’s one and only - တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက် ပါဘဲတဲ့။ မင်းလေးက ကိုယ့်အတွက် အနှိုင်းမဲ့ပါပဲတဲ့။
You will always be my one and only one.
Recommended for you - အခက်အခဲကိုယ်စီနှင့် ကိုယ်ပိုင်ဘဝများ
၈. To have a crush on someone - အရူးအမူးချစ်မိနေပြီ။ ဒီအခြေအနေက teenage တွေ စိတ်ကစားတဲ့ အရွယ်မှာ ဖြစ်လေ့ရှိတဲ့ ဆန့်ကျင်ဘက် အပေါ်စိတ်ဝင်စားတဲ့ အရွယ်မှာ ဖြစ်လေ့ရှိတဲ့ စွဲလမ်းမှုပါ။
Sally has had a crush on James since they were at university together. He doesn’t realise this.
၉. To fancy someone - ဒါကရိုးရိုး ဗြိတိသျှ အင်္ဂလိပ်အခေါ်အဝေါ်ဖြစ်တဲ့ ကြိုက်တယ်လို့ အိန္ဒြေရရ ပြောတဲ့ အသုံးပါဘဲ။
My friend really fancies you.
၁၀. To love someone with all of one’s heart and soul - ဒါကတော့ အသည်းနှလုံးရော၊ ဝိဉာဉ်ရော ပုံပြီး ချစ်တယ်လို့ ကဗျာဆန်ဆန်လေး ပြောတာပါ။
John loves Leslie with all his heart and soul.
Credit; myanmar-network.net