×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Print this page
Thursday, 12 October 2017

ဘဝကို ေရွ႕ဆက္သြားနိုင္ဖို႔ စြန္႕လႊတ္ရမယ့္ အရာေတြ

ဘဝကို ေရွ႕ဆက္သြားနိုင္ဖို႔ စြန္႕လႊတ္ရမယ့္ အရာေတြ google.com

တခါတေလမွာ ကိုယ္ျဖစ္ခ်င္တာ မျဖစ္နိုင္တဲ့အခါ ျဖစ္သင့္တာေတြလုပ္ရင္းနဲ႕ ဘဝကို ျဖတ္သန္းေနတဲ့ အခ်ိန္ေတြ ၾကံဳရတတ္ပါတယ္။ ေျခကုန္လက္ပန္းက်ျပီး ေရွ႕တစ္လွမ္းလွမ္းဖို႔ေတာင္ အနိုင္နိုင္ျဖစ္ေနတဲ့အခါ ကိုယ္စြန္႔လႊတ္သင့္တဲ့အရာေတြကို စြန္႔လႊတ္ရပါမယ္။

ဒါမွ ေရွ႕ဆက္သြားျပီး ကိုယ္ေမွ်ာ္မွန္းထားတဲ့ဘဝကို ပိုင္ဆိုင္နိုင္မွာပါ။

၁။ အျခားသူမ်ား၏ အျမင္မ်ားျဖင့္ သင့္ဘ၀ကို ထိန္းခ်ဳပ္ခြင့္ျပဳျခင္း

အေရးႀကီးတာက တျခားသူေတြ ဘယ္လုိထင္တယ္ဆိုတာ မဟုတ္ပါဘူး။ သင့္ကိုယ္သင္ ဘယ္လိုထင္တယ္ဆိုတာကသာ အေရးႀကီးပါတယ္။သင္ဟာ သင့္ကိုယ္တိုင္အတြက္၊ သင့္ဘ၀အတြက္ အေကာင္းဆုံးအရာကို လုပ္ရပါမယ္။

၂။ အတိတ္ကအမွားမ်ားကို ရွက္ရြံ႕ေနျခင္း

သင့္ရဲ႕ အတိတ္ဆိုတာ သင့္ရဲ႕အနာဂတ္နဲ႕ ညီမွ်ျခင္းမဟုတ္ပါဘူး။အေရးပါတာကေတာ့ သင္ အခု လုပ္ေနတဲ့အရာပဲျဖစ္ပါတယ္။

၃။ ကိုယ္ ဘာလိုခ်င္တယ္ဆိုတာကို တိတိက်က် မဆုံးျဖတ္ႏိုင္ျခင္း

သင္ဘယ္ကိုသြားခ်င္တယ္ဆိုတာ မဆုံးျဖတ္ႏုိင္မခ်င္း သင္ ဘယ္ကိုမွ ေရာက္မွာမဟုတ္ပါဘူး။သင္ ဘာကိုလိုခ်င္တယ္ဆိုတာကို သိေအာင္ ဆုံးျဖတ္ပါ။ အဲဒီအရာေနာက္ကို စိတ္ေရာကိုယ္ပါ လုိက္ပါ။

Recommended for you -သားသမီးေတြ အမွားလုပ္တာ မိဘေတြေၾကာင့္လား

၄။ သင့္အတြက္ အေရးပါေသာ ရည္မွန္းခ်က္မ်ားကို အခ်ိန္ဆြဲေနျခင္း

ဘ၀မွာ အဓိက ေရြးခ်ယ္စရာ ႏွစ္ခုရွိပါတယ္။ (၁) အျဖစ္အပ်က္ေတြကို သူ႕အရွိအတုိင္းပဲ လုိက္ခံလုိက္တာ (၂) သင္ဟာ အဲဒီအျဖစ္အပ်က္ေတြကို ေျပာင္းလဲႏုိင္တယ္လုိ႕ ယုံၾကည္တာ။သစ္ပင္တစ္ပင္ကို စုိက္ခဲ့ဖို႕ အေကာင္းဆုံးအခ်ိန္ကေတာ့ လြန္ခဲ့တဲ့အႏွစ္ (၂၀)ေလာက္ကေပါ့။ ဒုတိယအေကာင္းဆုံးအခ်ိန္ကေတာ့ အခုအခ်ိန္ပါ။

၅။ ဘာမွမလုပ္ဖို႕ ေရြးခ်ယ္လုိက္ျခင္း

သင္ ဘယ္အခ်ိန္မွာေသမယ္၊ ဘယ္လုိေသမယ္ဆိုတာကို ေရြးခ်ယ္လုိ႕မရပါဘူး။သင္ ေရြးခ်ယ္လို႕ရတာကေတာ့ အခု ဘယ္လိုရွင္သန္မလဲဆိုတာပဲ ျဖစ္ပါတယ္။ေန႕ရက္တုိင္းဟာ သင္ ေရြးခ်ယ္ႏုိင္တဲ့ အခြင့္အေရးပါပဲ။

၆။ သင့္လုိအပ္ခ်က္ အၿမဲမွန္ျခင္း

ေအာင္ျမင္မွဳကုိ ရည္မွန္းပါ။ ဒါေပမယ့္ သင့္ရဲ႕ ရွဳံးနိမ့္ပိုင္ခြင့္ကိုလည္း လက္မလႊတ္ပါနဲ႕။ဘာျဖစ္လို႕လည္းဆိုေတာ့ သင့္ရဲ႕ ရွဳံးနိမ့္ပိုင္ခြင့္ကို လက္လႊတ္လုိက္ရင္ သင္ဟာ အေၾကာင္းအရာသစ္ေတြ သင္ယူႏုိင္ခြင့္ကိုပါ ဆုံးရွဳံးသြားလို႕ပါပဲ။

Recommended for you - လူငယ္ေတြၾကားထဲမွာ ေပၚျပဴလာျဖစ္တဲ့ ဗန္းစကားမ်ား

၇။ ေျဖရွင္းလို႕ရေသာ ျပႆနာမ်ားကို ေရွာင္ေျပးျခင္း

ေရွာင္ေျပးေနတာကို ရပ္လုိက္ပါ။ျပႆနာေတြကို ရင္ဆိုင္လုိက္ပါ။ ေျဖရွင္းပါ။ ဆက္သြယ္ေျပာဆိုပါ။ တန္ဖိုးထားပါ။ ခြင့္လႊတ္ပါ။သင့္ဘ၀အတြက္ ထိုက္တန္တဲ့သူေတြကို ခ်စ္ခင္ပါ။

၈။ ဆုံးျဖတ္ခ်က္မ်ားအစား ဆင္ေျခမ်ားကို ျပဳလုပ္ျခင္း

ေရရွည္ ရွဳံးနိမ့္မွဳ အမ်ားစုဟာ ဆင္ေျခေတြရဲ႕ ရလာဒ္ပဲျဖစ္ပါတယ္။ဆင္ေျခဆိုတာမလုပ္ခ်င္တာကိုအေၾကာင္းျပရတာအမွန္ကအဲ့လိုအေၾကာင္းျပရတာေတာင္အလုပ္လုပ္၇တာထက္ပိုေမာပါတယ္။

၉။ သင့္ဘ၀၏ ေကာင္းေသာအခ်က္မ်ားကို သတိမျပဳျခင္း

သင္ရွာတာကိုပဲ သင္ေတြ႕တာပါ။သင့္ရဲ႕ဘ၀မွာ ရွိေနတဲ့အရာေတြကို တန္ဖုိးမထားတတ္ဘူးဆိုရင္ သင္ဟာ ေပ်ာ္ရႊင္ဖို႕အတြက္ ခက္ခဲေနပါလိမ့္မယ္။

၁၀။ လက္ရွိအခ်ိန္ကို တန္ဖိုးမထားျခင္း

ဘ၀ရဲ႕ အႀကီးမားဆုံးအစိတ္အပိုင္းေတြဟာ အရာေသးေသးေလးေတြနဲ႕ အစျပဳတယ္ဆုိတာကို သတိမထားမိဘဲ က်ေနာ္တို႕ဟာ ႀကီးႀကီးမားမားတစ္ခုခုကို လုပ္ဖို႕ပဲ ႀကိဳးစားေနတတ္ၾကပါတယ္။

သင့္ဘဝတိုးတက္ဖို႔အတြက္ လိုအပ္တဲ့ပညာအရည္အခ်င္းေတြကို ျဖည့္တင္းဖို႔အတြက္ ကြ်န္ေတာ္တို႔ sayar.com.mm မွာ ရွိတဲ့ ဆရာ ဆရာမမ်ားႏ်ွင့္ ဆက္သြယ္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ရပါတယ္ခင္ဗ်ာ။

Credit; Jobs4u

 [Unicode Version]

ဘဝကို ရှေ့ဆက်သွားနိုင်ဖို့ စွန့်လွှတ်ရမယ့် အရာတွေ
တခါတလေမှာ ကိုယ်ဖြစ်ချင်တာ မဖြစ်နိုင်တဲ့အခါ ဖြစ်သင့်တာတွေလုပ်ရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့ အချိန်တွေ ကြုံရတတ်ပါတယ်။ ခြေကုန်လက်ပန်းကျပြီး ရှေ့တစ်လှမ်းလှမ်းဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အခါ ကိုယ်စွန့်လွှတ်သင့်တဲ့အရာတွေကို စွန့်လွှတ်ရပါမယ်။ ဒါမှ ရှေ့ဆက်သွားပြီး ကိုယ်မျှော်မှန်းထားတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
၁။ အခြားသူများ၏ အမြင်များဖြင့် သင့်ဘဝကို ထိန်းချုပ်ခွင့်ပြုခြင်း
အရေးကြီးတာက တခြားသူတွေ ဘယ်လိုထင်တယ်ဆိုတာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုထင်တယ်ဆိုတာကသာ အရေးကြီးပါတယ်။သင်ဟာ သင့်ကိုယ်တိုင်အတွက်၊ သင့်ဘဝအတွက် အကောင်းဆုံးအရာကို လုပ်ရပါမယ်။
၂။ အတိတ်ကအမှားများကို ရှက်ရွံ့နေခြင်း
သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။အရေးပါတာကတော့ သင် အခု လုပ်နေတဲ့အရာပဲဖြစ်ပါတယ်။
၃။ ကိုယ် ဘာလိုချင်တယ်ဆိုတာကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်း
သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင် ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

Recommended for you -သားသမီးတွေ အမှားလုပ်တာ မိဘတွေကြောင့်လား
၄။ သင့်အတွက် အရေးပါသော ရည်မှန်းချက်များကို အချိန်ဆွဲနေခြင်း
ဘဝမှာ အဓိက ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ (၁) အဖြစ်အပျက်တွေကို သူ့အရှိအတိုင်းပဲ လိုက်ခံလိုက်တာ (၂) သင်ဟာ အဲဒီအဖြစ်အပျက်တွေကို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်တာ။သစ်ပင်တစ်ပင်ကို စိုက်ခဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ လွန်ခဲ့တဲ့အနှစ် (၂၀)လောက်ကပေါ့။ ဒုတိယအကောင်းဆုံးအချိန်ကတော့ အခုအချိန်ပါ။
၅။ ဘာမှမလုပ်ဖို့ ရွေးချယ်လိုက်ခြင်း
သင် ဘယ်အချိန်မှာသေမယ်၊ ဘယ်လိုသေမယ်ဆိုတာကို ရွေးချယ်လို့မရပါဘူး။သင် ရွေးချယ်လို့ရတာကတော့ အခု ဘယ်လိုရှင်သန်မလဲဆိုတာပဲ ဖြစ်ပါတယ်။နေ့ရက်တိုင်းဟာ သင် ရွေးချယ်နိုင်တဲ့ အခွင့်အရေးပါပဲ။
၆။ သင့်လိုအပ်ချက် အမြဲမှန်ခြင်း
အောင်မြင်မှုကို ရည်မှန်းပါ။ ဒါပေမယ့် သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကိုလည်း လက်မလွှတ်ပါနဲ့။ဘာဖြစ်လို့လည်းဆိုတော့ သင့်ရဲ့ ရှုံးနိမ့်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရင် သင်ဟာ အကြောင်းအရာသစ်တွေ သင်ယူနိုင်ခွင့်ကိုပါ ဆုံးရှုံးသွားလို့ပါပဲ။

Recommended for you - လူငယ်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ဗန်းစကားများ
၇။ ဖြေရှင်းလို့ရသော ပြဿနာများကို ရှောင်ပြေးခြင်း
ရှောင်ပြေးနေတာကို ရပ်လိုက်ပါ။ပြဿနာတွေကို ရင်ဆိုင်လိုက်ပါ။ ဖြေရှင်းပါ။ ဆက်သွယ်ပြောဆိုပါ။ တန်ဖိုးထားပါ။ ခွင့်လွှတ်ပါ။သင့်ဘဝအတွက် ထိုက်တန်တဲ့သူတွေကို ချစ်ခင်ပါ။
၈။ ဆုံးဖြတ်ချက်များအစား ဆင်ခြေများကို ပြုလုပ်ခြင်း
ရေရှည် ရှုံးနိမ့်မှု အများစုဟာ ဆင်ခြေတွေရဲ့ ရလာဒ်ပဲဖြစ်ပါတယ်။ဆင်ခြေဆိုတာမလုပ်ချင်တာကိုအကြောင်းပြရတာအမှန်ကအဲ့လိုအကြောင်းပြရတာတောင်အလုပ်လုပ်ရတာထက်ပိုမောပါတယ်။
၉။ သင့်ဘဝ၏ ကောင်းသောအချက်များကို သတိမပြုခြင်း
သင်ရှာတာကိုပဲ သင်တွေ့တာပါ။သင့်ရဲ့ဘဝမှာ ရှိနေတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူးဆိုရင် သင်ဟာ ပျော်ရွှင်ဖို့အတွက် ခက်ခဲနေပါလိမ့်မယ်။
၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း
ဘဝရဲ့ အကြီးမားဆုံးအစိတ်အပိုင်းတွေဟာ အရာသေးသေးလေးတွေနဲ့ အစပြုတယ်ဆိုတာကို သတိမထားမိဘဲ ကျနော်တို့ဟာ ကြီးကြီးမားမားတစ်ခုခုကို လုပ်ဖို့ပဲ ကြိုးစားနေတတ်ကြပါတယ်။

သင့်ဘဝတိုးတက်ဖို့အတွက် လိုအပ်တဲ့ပညာအရည်အချင်းတွေကို ဖြည့်တင်းဖို့အတွက် ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနျှင့် ဆက်သွယ်လိုက်ပါ။

ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ရပါတယ်ခင်ဗျာ။


Credit; Jobs4u

Read times Last modified on Monday, 30 December 2019 15:00
Rate this articles
(2 votes)