×

Warning

JUser: :_load: Unable to load user with ID: 723


Student

Print this page
Wednesday, 11 January 2017

အချိန်ကြာကြာ စာကျက်ဖို့ လိုလာတဲ့အခါ လုပ်ဆောင်ရမယ့် အချက် ၅ ချက်

စာပေလေ့လာခြင်း၊ စာကျက်ခြင်းဆိုတာ ကျောင်းသား၊ ကျောင်းသူတိုင်း မဖြစ်မနေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ စာမေးပွဲအရမ်းနီးလာတာမျိုး၊ Assignment တွေတင်ဖို့ များနေတာမျိုးဆို စာလုပ်ဖို့ အချိန်ကြာကြာလိုအပ်လာပါပြီ။ ဒီတော့ မငြီးမငွေ့ပဲ အချိန်ကြာကြာဆက်တိုက် ဘယ်လိုစာလုပ်ကြမလဲ။

၁. အကောင်းဆုံး အချိန်ကာလကို ရွေးချယ်ပါ။

- သင့်အတွက် အလန်းဆန်းဆုံးဖြစ်နေစေမယ့် အချိန်မျိုးကို ရွေးချယ်ရမှာဖြစ်ပြီး ညဘက်သန်းခေါင် စာကျက်ခြင်းမျိုးကို ရှောင်ရှားပါ။

- မနက်ဖြေရမယ့် စာမေးပွဲအတွက် ညမှအတင်းဖိကျက်ခြင်းက ဖိအားတွေသာ များစေသလို၊ သေချာလည်း ထိရောက်မှု ရှိမှာမဟုတ်ပါဘူး။

- တစ်နာရီဆက်တိုက် စာကျက်ပြီးတိုင်း ၁၀ မိနစ်ခန့် နားပေးသင့်သလို၊ ကြားထဲမှာလည်း မုန့်စားဖို့ ဘာညာအတွက်လည်း နည်းနည်းနားပေးပါ။

၂. မတူညီတဲ့စာကျက်နည်းများ။

- ဘာသာရပ်တစ်ခုပြီးမှ တစ်ခု ကျက်ခြင်းက အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပေမယ့် သိပ်ပြီး မထိရောက်လှပါဘူး။ ဒီအတွက် အချိန်ကြာကြာ စာကျက်နိုင်ဖို့ နည်းလမ်းပေါင်းစုံကို အသုံးချရပါမယ်။

- သူငယ်ချင်းနဲ့ အတူတူ စာကျက်တာမျိုး၊ ဖော်မြူလာတွေကို နှုတ်နဲ့ရော စာနဲ့ပါ ရေးပြီး လေ့ကျင့်တာမျိုး၊ သင်ခန်းစာတွေရဲ့ အခြေခံအတွေးအခေါ် (concepts) တွေကို သေချာသိအောင် ပြုလုပ်တာမျိုး၊ ၀ူးတူးဝူးတူးနဲ့ လျှောက်အော်ကျက်နေတာမျိုး မဟုတ်ပဲ အမှန်တကယ် အခြေခံကျကျ နားလည်အောင် မှတ်သားတာမျိုး စတဲ့နည်းစနစ်တွေကို အသုံးပြုသင့်ပါတယ်။

၃. အိပ်မငိုက်အောင်။

- အချိန်ကြာကြာ စာကျက်ရတော့မယ်ဆို အာရုံစူးစိုက်မှု အချိန်တိုင်းကောင်းနေစေဖို့ကလည်း အရေးကြီးပါတယ်။

- ဒီအတွက် အများကတော့ ကော်ဖီသောက်လေ့ရှိကြပေမယ့် ကော်ဖီသောက်ခြင်းထက် ပိုကောင်းတဲ့ နည်းလမ်းက ပန်းသီးစားခြင်းပါ။

- ပန်းသီးဟာ ကော်ဖီထက် လူကိုပိုမိုနိုးကြားတက်ကြွစေတယ်လို့ ဆိုပြီး အဆီအစိမ့်များတဲ့ သွားရည်စားများ စားသုံးခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။

၎. အနှောက်အယှက်တွေနဲ့ ကင်းအောင်နေပါ။

- စာကျက်ဖို့အတွက် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရွေးချယ်ရန် လိုအပ်ပြီး သင့်ရဲ့ စာကျက်လိုစိတ်ကို အနှောက်အယှက်ပေးမယ့် မိုဘိုင်းဖုန်း၊ တီဗွီ၊ အိမ်မွေးတိရိစ္ဆာန် စတာတွေနဲ့ ဝေးဝေးမှာ နေသင့်ပါတယ်။

- ထိုင်ခုံဟာလည်း အရမ်းဇိမ်ကျလွန်းတာ မသင့်တော်ပေမယ့် သက်တောင့်သက်သာ ရှိရမှာဖြစ်သလို၊ အလင်းရောင်လည်း လုံလောက်စွာရှိသင့်ပြီး အိပ်ရာပေါ်မှာ စာကျက်ခြင်းကိုတော့ အထူးရှောင်ပါ။

၅. လမ်းလျှောက်ပါ။

- အနားယူတဲ့ သဘောမျိုးမဟုတ်ပဲ အခန်းတွင်းမှာ စာအုပ်ကိုင်ရင်း ဟိုလျှောက်ဒီလျှောက်လုပ်ပေးတာကလည်း စိတ်ပြေလက်ပျောက် သဘောမျိုး ဖြစ်သလို အချိန်ကြာကြာ စာကျက်နိုင်စေဖို့ အထောက်အကူကောင်း တစ်ခုဖြစ်ပါတယ်။

- ဒါ့အပြင် ကြာကြာထိုင်ရလို့ ဖြစ်တတ်တဲ့ ညောင်းညာခြင်းမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်စေမှာပါ။

ဒီတော့ စနစ်တကျ စာကျက်မှတ်နိုင်ရန်အတွက် လမ်းညွှန်မှုလိုအပ်သော ကျောင်းသား၊ ကျောင်းသူများသည် sayar.com.mm တွင် ရှိသော ဆရာ၊ ဆရာမများနဲ့ ဆက်သွယ်နိုင်ပါတယ်။

Source: momolay

Read times Last modified on Friday, 27 December 2019 15:27
Rate this articles
(13 votes)