×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 19 October 2017

ခပ္စိမ္းစိမ္းပဲလား

ခပ္စိမ္းစိမ္းပဲလား google.com

စိမ္းစိုေနတဲ့အေရာင္ဟာ ကြ်န္ေတာ္တို႔ သဘာဝပတ္ဝန္းက်င္မွာ ရွိရမယ့္ အေရးၾကီးတဲ့အေရာင္ပါ။ စိမ္းလန္းေနတဲ့ ျမက္ခင္းျပင္ေတြ၊ သစ္ပင္ေတြ၊ ပ်ိဳးပင္ေတြက ပတ္ဝန္းက်င္ကိုေရာ လူသားေတြကိုပါ ေကာင္းက်ိဳးေပးပါတယ္။ ဒါဆို ဒီေန႔အစိမ္းေရာင္အေၾကာင္းေလး ေဆြးေႏြးၾကည့္ရေအာင္။

အစိမ္းေရာင္ Green က တစ္ခါတေလ ငယ္ရြယ္နုပ်ိဳျခင္း၊ လတ္ဆတ္ျခင္း၊ ရွင္သန္ၾကီးထြားျခင္းကို ကိုယ္စားျပဳပါတယ္။ တစ္ခါတေလေတာ့ အခ်ိန္မတန္ေသး၊ မျပီးဆံုးေသး၊ မမွည့္ေသးတဲ့ အေျခအေနကို ေဖာ္ျပပါတယ္။ ျမန္မာစကားမွာလည္း မရင့္ႏွီးတာကို “စိမ္းေနတယ္” ၊ မမွည့္ေသးတာကို “အစိမ္း” စသျဖင့္ အစိမ္းေရာင္နဲ႕ တင္စားေျပာဆိုပါတယ္။ အသားစိမ္း ငါးစိမ္း ၊ မ်က္ႏွာစိမ္း၊ လူစိမ္း စသျဖင့္ အေျခအေနကို ေဖာ္ျပတဲ့အေနနဲ႕ သံုးပါတယ္။( အခ်ိန္မတန္ေသးဘဲ အေၾကာင္းတစ္ခုခုေၾကာင့္ ရုတ္တရက္ေသဆံုးသူကို ေတာင္ “အစိမ္းေသတယ္လို႔ ေျပာၾကေသးတယ္ မဟုတ္လား။”

အပင္ေတြကို ကိုယ္စားျပဳတဲ့ green ဆိုတဲ့အစိမ္းေရာင္ကုိ အပင္စိုက္ပ်ိဳးသူေတြအတြက္ေျပာတဲ့ စကားမွာ လည္း သံုးပါတယ္။ စိုက္ပ်ိဳးေရးမွာ ေတာ္တဲ့သူကုိ အဂၤလိပ္လို “ to have a green thumb” လို႔ ေျပာၾကပါတယ္။ Green thumb နဲ႕ အဓိပၸါယ္တူတဲ့ ေနာက္ထပ္စကားလံုး တစ္ခုကေတာ့ ၁၉၀၀ ခုႏွစ္ ေလာက္ကတည္းက ေပၚခဲ့တဲ့ green fingers ဆိုတဲ့ စကားလံုးပါဘဲ။ Green thumb ရွိတဲ့သူေတြက အပင္စိုက္ရာမွာ လက္ဆိပ္ရွိသလား ထင္ရေအာင္ သူတို႔စိုက္သမွ် အပင္ေတြက ျဖစ္ထြန္းရွင္သန္ လွပါတယ္။

Recommended for you - တည္ျငိမ္ရင့္က်က္သူတို႔ရဲ႕ အမူအက်င့္မ်ား

A person with a green thumb seems to have a magic touch that makes plants grow quickly and well.

They say Mary has a green thumb when her garden continues to produce long after her neighbour’s plants have died.

ဆန္စပါးစိုက္ပ်ိဳးေရးကို အေျခခံတဲ့ ျမန္မာနိုင္ငံမွာ အစိုးရအဆက္ဆက္ စပါးအမ်ိဳးအစား အသစ္ေတြနဲ႕ အျခား ေကာက္ပဲသီးႏွံ စိုက္ပ်ိဳးေရးကို စီမံကိန္းေတြခ်မွတ္ျပီး ေဆာင္ရြက္တာကို ၾကားဘူးၾကပါတယ္။ အဲ့ဒီလို စီမံကိန္းေတြကုိ green revolution လို႔ ေခၚပါတယ္။ ဆန္းစပါး ေကာက္ပဲသီးႏွံေတြမွာ အမ်ိဳးအစားကုိ လိုက္ျပီး အထြက္ႏွဳန္းလည္း ကြာတတ္ပါတယ္။ အဲ့ဒီေတာ့ green thumb ရွိတဲ့ agricultural scientist ပညာရွင္ေတြဟာ စမ္းသပ္စိုက္ကြင္းေတြမွာ သုေတသနေတြလုပ္ျပီး စီမံကိန္းေတြ အေကာင္အထည္ေဖာ္ေစကာ ေတာင္သူလယ္သမားေတြကို စိုက္ပ်ိဳးေစျခင္းျဖင့္ ဆန္ေရစပါးေတြ လုံေလာက္ရံုမွ်မက ပိုလွ်ံကာ အထြက္တိုးလို႔ ျပည္ပကုိလည္း တင္ပို႔လို႔ရတာေပါ့။

သင္ဟာ green thumb ရွိသူတစ္ေယာက္ ျဖစ္ခ်င္ေကာင္း ျဖစ္ခ်င္ေပမယ့္ “greenhorn” ေတာ့ ျဖစ္ခ်င္မွာ မဟုတ္ပါဘူး။ အလုပ္တစ္ခုမွာ အေတြ႔အၾကံဳလံုးဝမရွိသူကို “greenhorn” လို႔ေခၚပါတယ္။ horn ဆိုတဲ့ ခ်ိဳကုိ အစိမ္းဆိုတဲ့ green နဲ႕ဘယ္လိုေၾကာင့္ေပါင္းစပ္မိျပီး ဒီစကားေပၚလာသလဲဆိုေတာ့ လြန္ခဲ့တဲ့ ၁၅ရာစု တုန္းက လယ္ယာေျမေတြမွာ ခိုင္းတဲ့ကြ်ဲေပါက္ ၊ႏြားေပါက္ကေလးေတြကို (ခ်ိဳထြက္ခါစ အရြယ္ကို အေၾကာင္းျပဳျပီး) “greenhorn” လို႔ေခၚတယ္။ ေနာက္ထပ္ႏွစ္တရာေလာက္ၾကာေတာ့ “greenhorn” ကို စစ္ေျမျပင္က အေတြ႔အၾကံဳမရွိေသးတဲ့ တပ္သားသစ္ေတြကို ေခၚတယ္။ ၁၈ ရာစုေလာက္ကစျပီး ယေန႔တိုင္ “greenhorn” ကုိ အလုပ္ခြင္မွာ အသစ္ဝင္တဲ့ အေတြ႔အၾကံဳမရွိေသးတဲ့ ဝန္ထမ္းသစ္ေတြကို ေခၚပါတယ္။

Recommended for you - စကၠန္႔ ၆၀ အတြင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္း

လြန္ခဲ့တဲ့ႏွစ္တစ္ရာေလာက္က အေမရိကားက ေတာရြာမွာ အေျခခ်ေနထိုင္တဲ့ ျမိဳ႕ၾကီးသားေတြကို “greenhorn” လို႔ေခၚခဲ့ၾကတယ္။ ျပည့္စုံကုံလံုတဲ့ ျမိဳ႕ျပလူေနမွဳမွာ အၾကြမ္းဝင္ခဲ့တဲ့ ဒီျမိဳ႕ၾကီးသားေတြက ေတာရြာရဲ႕ၾကမ္းတမ္းခက္ထန္တဲ့ လူေနမွဳနဲ႕ အံမဝင္နိုင္ေသးလဲ အစိမ္းသက္သက္ျဖစ္ေနလို႔ ေခၚတာ ျဖစ္ပါတယ္။

Green ကို powerful emotion စိတ္ခံစားခ်က္ တစ္ခုျဖစ္တဲ့ မနာလိုဝန္တိုျခင္းကုိ ေဖာ္ျပရာမွာ သံုးပါတယ္။ “Green-eyed monster” ဆိုရင္ ျပင္ပကမၻာက ေၾကာက္မက္ဖြယ္ရ ျဂိဳလ္သားတစ္ေကာင္ကုိ ေျပာတာ မဟုတ္ပါဘူး။ Shakespeare ရဲ႕ Othello ျပဇာတ္ထဲမွာ jealousy ဆိုတဲ့ မနာလိုျခင္းကို တင္စားေခၚတြင္ခဲ့တာ ျဖစ္ပါတယ္။ အခ်စ္ေရးရာမွာ ကုိယ့္အခ်စ္က သူမ်ားဆီပါသြားတဲ့အခါ မနာလုိျခင္း ျဖစ္တာကို ေျပာတဲ့အခါ suffer from the green-eyed monster လို႔ေျပာပါတယ္။

John has been suffering from the green-eyed monster ever since his girl-friend began going out with someone else.

အိမ္မွာ ကုိယ့္သူငယ္ခ်င္းေတြနဲ႕ အဂၤလိပ္စာကို စနစ္တက် သင္ယူခ်င္တယ္ဆိုရင္ ကြ်န္ေတာ္တို႔ sayar.com.mm မွာ ရွိတဲ့ အဂၤလိပ္စာဆရာ ဆရာမေတြနဲ႕ ဆက္သြယ္လုိက္ပါ။

Source; Myanmar-network.net

[Unicode Version]

စိမ်းစိုနေတဲ့အရောင်ဟာ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်မှာ ရှိရမယ့် အရေးကြီးတဲ့အရောင်ပါ။ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်တွေ၊ သစ်ပင်တွေ၊ ပျိုးပင်တွေက ပတ်ဝန်းကျင်ကိုရော လူသားတွေကိုပါ ကောင်းကျိုးပေးပါတယ်။ ဒါဆို ဒီနေ့အစိမ်းရောင်အကြောင်းလေး ဆွေးနွေးကြည့်ရအောင်။
အစိမ်းရောင် Green က တစ်ခါတလေ ငယ်ရွယ်နုပျိုခြင်း၊ လတ်ဆတ်ခြင်း၊ ရှင်သန်ကြီးထွားခြင်းကို ကိုယ်စားပြုပါတယ်။ တစ်ခါတလေတော့ အချိန်မတန်သေး၊ မပြီးဆုံးသေး၊ မမှည့်သေးတဲ့ အခြေအနေကို ဖော်ပြပါတယ်။ မြန်မာစကားမှာလည်း မရင့်နှီးတာကို “စိမ်းနေတယ်” ၊ မမှည့်သေးတာကို “အစိမ်း” စသဖြင့် အစိမ်းရောင်နဲ့ တင်စားပြောဆိုပါတယ်။ အသားစိမ်း ငါးစိမ်း ၊ မျက်နှာစိမ်း၊ လူစိမ်း စသဖြင့် အခြေအနေကို ဖော်ပြတဲ့အနေနဲ့ သုံးပါတယ်။( အချိန်မတန်သေးဘဲ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက်သေဆုံးသူကို တောင် “အစိမ်းသေတယ်လို့ ပြောကြသေးတယ် မဟုတ်လား။”
အပင်တွေကို ကိုယ်စားပြုတဲ့ green ဆိုတဲ့အစိမ်းရောင်ကို အပင်စိုက်ပျိုးသူတွေအတွက်ပြောတဲ့ စကားမှာ လည်း သုံးပါတယ်။ စိုက်ပျိုးရေးမှာ တော်တဲ့သူကို အင်္ဂလိပ်လို “ to have a green thumb” လို့ ပြောကြပါတယ်။ Green thumb နဲ့ အဓိပ္ပါယ်တူတဲ့ နောက်ထပ်စကားလုံး တစ်ခုကတော့ ၁၉၀၀ ခုနှစ် လောက်ကတည်းက ပေါ်ခဲ့တဲ့ green fingers ဆိုတဲ့ စကားလုံးပါဘဲ။ Green thumb ရှိတဲ့သူတွေက အပင်စိုက်ရာမှာ လက်ဆိပ်ရှိသလား ထင်ရအောင် သူတို့စိုက်သမျှ အပင်တွေက ဖြစ်ထွန်းရှင်သန် လှပါတယ်။

Recommended for you - တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့်များ
A person with a green thumb seems to have a magic touch that makes plants grow quickly and well.
They say Mary has a green thumb when her garden continues to produce long after her neighbour’s plants have died.
ဆန်စပါးစိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် စပါးအမျိုးအစား အသစ်တွေနဲ့ အခြား ကောက်ပဲသီးနှံ စိုက်ပျိုးရေးကို စီမံကိန်းတွေချမှတ်ပြီး ဆောင်ရွက်တာကို ကြားဘူးကြပါတယ်။ အဲ့ဒီလို စီမံကိန်းတွေကို green revolution လို့ ခေါ်ပါတယ်။ ဆန်းစပါး ကောက်ပဲသီးနှံတွေမှာ အမျိုးအစားကို လိုက်ပြီး အထွက်နှုန်းလည်း ကွာတတ်ပါတယ်။ အဲ့ဒီတော့ green thumb ရှိတဲ့ agricultural scientist ပညာရှင်တွေဟာ စမ်းသပ်စိုက်ကွင်းတွေမှာ သုတေသနတွေလုပ်ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်စေကာ တောင်သူလယ်သမားတွေကို စိုက်ပျိုးစေခြင်းဖြင့် ဆန်ရေစပါးတွေ လုံလောက်ရုံမျှမက ပိုလျှံကာ အထွက်တိုးလို့ ပြည်ပကိုလည်း တင်ပို့လို့ရတာပေါ့။
သင်ဟာ green thumb ရှိသူတစ်ယောက် ဖြစ်ချင်ကောင်း ဖြစ်ချင်ပေမယ့် “greenhorn” တော့ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ အလုပ်တစ်ခုမှာ အတွေ့အကြုံလုံးဝမရှိသူကို “greenhorn” လို့ခေါ်ပါတယ်။ horn ဆိုတဲ့ ချိုကို အစိမ်းဆိုတဲ့ green နဲ့ဘယ်လိုကြောင့်ပေါင်းစပ်မိပြီး ဒီစကားပေါ်လာသလဲဆိုတော့ လွန်ခဲ့တဲ့ ၁၅ရာစု တုန်းက လယ်ယာမြေတွေမှာ ခိုင်းတဲ့ကျွဲပေါက် ၊နွားပေါက်ကလေးတွေကို (ချိုထွက်ခါစ အရွယ်ကို အကြောင်းပြုပြီး) “greenhorn” လို့ခေါ်တယ်။ နောက်ထပ်နှစ်တရာလောက်ကြာတော့ “greenhorn” ကို စစ်မြေပြင်က အတွေ့အကြံုမရှိသေးတဲ့ တပ်သားသစ်တွေကို ခေါ်တယ်။ ၁၈ ရာစုလောက်ကစပြီး ယနေ့တိုင် “greenhorn” ကို အလုပ်ခွင်မှာ အသစ်ဝင်တဲ့ အတွေ့အကြံုမရှိသေးတဲ့ ဝန်ထမ်းသစ်တွေကို ခေါ်ပါတယ်။

Recommended for you - စက္ကန့် ၆၀ အတွင်း အိပ်ပျော်စေမယ့် နည်းလမ်း
လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က အမေရိကားက တောရွာမှာ အခြေချနေထိုင်တဲ့ မြို့ကြီးသားတွေကို “greenhorn” လို့ခေါ်ခဲ့ကြတယ်။ ပြည့်စုံကုံလုံတဲ့ မြို့ပြလူနေမှုမှာ အကြွမ်းဝင်ခဲ့တဲ့ ဒီမြို့ကြီးသားတွေက တောရွာရဲ့ကြမ်းတမ်းခက်ထန်တဲ့ လူနေမှုနဲ့ အံမဝင်နိုင်သေးလဲ အစိမ်းသက်သက်ဖြစ်နေလို့ ခေါ်တာ ဖြစ်ပါတယ်။
Green ကို powerful emotion စိတ်ခံစားချက် တစ်ခုဖြစ်တဲ့ မနာလိုဝန်တိုခြင်းကို ဖော်ပြရာမှာ သုံးပါတယ်။ “Green-eyed monster” ဆိုရင် ပြင်ပကမ္ဘာက ကြောက်မက်ဖွယ်ရ ဂြိုလ်သားတစ်ကောင်ကို ပြောတာ မဟုတ်ပါဘူး။ Shakespeare ရဲ့ Othello ပြဇာတ်ထဲမှာ jealousy  ဆိုတဲ့ မနာလိုခြင်းကို တင်စားခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်။ အချစ်ရေးရာမှာ ကိုယ့်အချစ်က သူများဆီပါသွားတဲ့အခါ မနာလိုခြင်း ဖြစ်တာကို ပြောတဲ့အခါ suffer from the green-eyed monster လို့ပြောပါတယ်။
John has been suffering from the green-eyed monster ever since his girl-friend began going out with someone else.
အိမ်မှာ ကိုယ့်သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စာကို စနစ်တကျ သင်ယူချင်တယ်ဆိုရင် ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ အင်္ဂလိပ်စာဆရာ ဆရာမတွေနဲ့ ဆက်သွယ်လိုက်ပါ။
Source; Myanmar-network.net

Read times Last modified on Monday, 30 December 2019 15:02
Rate this articles
(1 Vote)