×

Warning

JUser: :_load: Unable to load user with ID: 723


Success

Thursday, 19 October 2017

သတင္းဆိုးေတြကို အရင္းခံၿပီး ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ခဲ့သူ

သတင္းဆိုးေတြကို အရင္းခံၿပီး ေအာင္ျမင္မႈရေအာင္ စြမ္းေဆာင္ခဲ့သူ google.com

အခင္ဆံုးသူငယ္ခ်င္း ကြယ္လြန္ျခင္းနဲ႔ က်န္းမာေရးယိုယြင္းျခင္းဆိုတဲ့ ကံၾကမၼာလိႈင္းႏွစ္ခုရဲ႕ ႐ိုက္ပုတ္မႈ ေၾကာင့္ ကာရန္လင့္ခ်္ဟာ အၿပိဳင္အဆိုင္မ်ားတဲ့ ေကာ္ပိုရိတ္ စီးပြားေရးေလာကထဲကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

‘ကြ်န္မ အခင္ဆံုးသူငယ္ခ်င္းကို ဆံုး႐ံႈးလိုက္ရေတာ့ ဘဝဆိုတာ တိုတိုေလးပါလားလို႔ ကြ်န္မ သိလာတယ္” လို႔ ကာရန္ က ေျပာပါတယ္။ သူဟာ အခုဆိုရင္ ဘီလူ ေရသန္႔လုပ္ငန္းရဲ႕ သူေဌးျဖစ္ေနပါၿပီ။ “ကြ်န္မအေနနဲ႔ ကိုယ့္စိတ္နဲ႔ ပိုကိုက္ညီတဲ့ အလုပ္တစ္ခုခုကို လုပ္ခ်င္လာတယ္”

ဒါနဲ႔ ၂၀ဝ၈ ခုႏွစ္မွာ အသက္ ၃၈ ႏွစ္အရြယ္ ကာရန္ဟာ ဘာကေလဘဏ္လုပ္ငန္း အႀကီးတန္းရာထူး တစ္ခုကေန ႏုတ္ထြက္ခဲ့ပါတယ္။ ဒါ့အျပင္ အဆင့္ – ၁ ဆီးခ်ိဳျဖစ္ေနတာကို သိရၿပီးေနာက္ သူနဲ႔ ခင္ပြန္း ျဖစ္သူဟာ ေျမထဲပင္လယ္၊ ဗီယက္နမ္နဲ႔ ထိုင္းကို ေျခာက္လေလာက္ ခရီးသြားပစ္လိုက္ပါတယ္။ ၿဗိတိန္ကို ျပန္ေရာက္တဲ့ေနာက္မွာေတာ့ ကာရန္ဟာ ဘီလူမွာ မားကက္တင္း ဒါ႐ိုက္တာရာထူးကို ေလွ်ာက္ထားၿပီး အလုပ္ရ ခဲ့ပါတယ္။ ဘီလူဆိုတာက ၿဗိတိန္မွာ ပထမဆံုး ကာဘြန္မွ်တသံုးစြဲတဲ့ ေရသန္႔လုပ္ငန္းျဖစ္ၿပီး သူ႕ရဲ႕အက်ိဳးအ ျမတ္အားလံုးကို ပရဟိတကို လွဴဒါန္းတဲ့ လူမႈေရးလုပ္ငန္းတစ္ခုျဖစ္ပါတယ္။

Recommended for you - ခပ္စိမ္းစိမ္းပဲလား

၂၀ဝ၄ ခုႏွစ္လန္ဒန္မွာ ထူေထာင္ခဲ့တဲ့ ကုမဏီဟာ ၂၀ဝ၈ ခုႏွစ္မွာ အေၾကြးေပါင္ ၁၉ သန္းတင္ေနပါတယ္။ ကာရန္အေနနဲ႔ ဘီလူ ေအာင္ျမင္ဖို႔ဆိုရင္ အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ရ မယ္လို႔ သတိထားမိပါတယ္။ အဲဒါေၾကာင့္ သူ႕အျမင္အတိုင္း ေဖာ္ေဆာင္ထားတဲ့ စီးပြားေရးပလန္တစ္ခုကို ခ်မွတ္ခဲ့ၿပီး အဲ သည္ေနာက္ ရွစ္လအၾကာ မွာသူဟာ ကုမဏီ အမႈေဆာင္ခ်ဳပ္အျဖစ္ ရာထူးတိုးခဲ့ပါ တယ္။

သူ႕စီးပြားေရးပလန္ကေတာ့ ေရသန္႔ဘူးေတြကို စူပါမားကက္ေတြမွာ တင္ၿပီး အျမတ္ပါးပါးစားမယ့္အစား ပိုၿပီးအက်ိဳး အျမတ္ရမယ့္ ဟိုတယ္၊ စားေသာက္ဆိုင္ နဲ႔ ႐ံုးခန္းေတြမွာ တင္ဖို႔ျဖစ္ပါတယ္။ ဘီလူကို ႐ုပ္ရွင္ဒါ႐ိုက္တာ ရိဒ္ပါဂက္က ထူေထာင္ခဲ့ၿပီး သူ႕အမႈေဆာင္ခ်ဳပ္ ေနရာကို ကာရန္ကို ေပးဖို႔အတြက္ ရာထူးက ဆင္းေပးခဲ့ပါတယ္။ “ရိဒ္ကလဲ ဘီလူ မွန္မွန္ေလးေအာင္ျမင္တာထက္ တျခားဘာမွ မလိုခ်င္ဘူး” လို႔ ကာရန္က ေျပာပါတယ္။

သူ႕စီးပြားေရးပလန္က သိပ္ေအာင္ျမင္တဲ့အတြက္ အဲသည္ေနာက္ပိုင္း ေရသန္႔ေရာင္းအား ျမင့္တက္လာၿပီး ၂၀၁၅ မွာ တစ္ႏွစ္တာ ေရာင္းအား ေပါင္ ၅.၉ သန္းအထိ ရရွိခဲ့ပါ တယ္။ ဒါ့အျပင္ ၂၀၁၁ ခုႏွစ္ကစၿပီး ဘီလူဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြကို ေရနဲ႔ သန္႔ရွင္းေရးအတြက္ ေထာက္ပံ့ေပးေနတဲ့ ဝါးတားအိပ္ပရဟိတ အဖြဲ႕ ကို ေပါင္ ၁၅ သန္းေက်ာ္ လွဴဒါန္းႏိုင္ခဲ့ပါတယ္။

Recommended for you - Y generation ေတြကို ဘာေၾကာင့္ အပ်င္းထူသူ ေတြအျဖစ္ ျမင္ေနရ တာလည္း

ဟိုတယ္နဲ႔ စားေသာက္ဆိုင္ေတြ ပါဝင္လာၾကတာက သူတို႔ဟာ သဘာဝပတ္ဝန္းက်င္အတြက္ ဘီလူက လုပ္ေနတဲ့ အေလ့အက်င့္ေကာင္းေတြကို သေဘာက်ၾကလို႔ လို႔ ကာရန္က ဆိုပါတယ္။ ကာဘြန္သံုးတာကို ျပန္ေထမိေအာင္လုပ္ေဆာင္တာ၊ ဝါးတားအိပ္ကို လွဴဒါန္းတာအျပင္ ကုမဏီရဲ႕ ေရသန္႔ဘူးေတြဟာ ရီဆိုက္ကယ္ဖန္နဲ႔ ပလတ္စတစ္ေတြကေန ျပဳလုပ္ထားတာျဖစ္ပါတယ္။ ဘီလူဟာ သဘာဝပတ္ဝန္းက်င္ မစ္ရွင္ကို သေဘာက်ႏွစ္လိုတဲ့ စားေသာက္ဆိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ႏိုင္ခဲ့သလို သူ႕ ကာစတမ္မာ ေတြဟာ ဘီလူက ဘာလုပ္ေနတယ္ဆိုတာ သိနားလည္တာေၾကာင့္ ဘီလူရဲ႕ နာမည္ကို ျမင္ရတာ ေက်နပ္တဲ့သူေတြ ျဖစ္တယ္လို႔ ကာရန္က ဆိုပါတယ္။

ဒါဟာ စူပါမားကက္မွာ ေဈးကြက္ ေဝစုရေအာင္ တိုက္ခိုက္၊ ေဈးဆိုင္တန္းမွာ ပစၥည္းေတြ ေရာင္းရေအာင္ ပ႐ိုမိုးရွင္းေတြ လုပ္ရတာထက္ ပိုေကာင္းတယ္လို႔ ကာ ရန္က ေျပာပါတယ္။ ဘီလူက ႀကီးထြားေနခ်ိန္မွာ ကာရန္ဟာ ၂၀၁၆ မွာ ေနာက္ထပ္ က်န္းမာေရး ျပႆနာတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

“မႏွစ္ကေတာ့ ငရဲက်တဲ့ႏွစ္ပဲ၊ ကြ်န္မ မွာ ရင္သားကင္ဆာရွိေနတယ္၊ ကံ ေကာင္းလို႔ ဓာတ္ကင္စရာ မလိုဘူး၊ ဆံပင္လဲ မကြ်တ္ဘဲ က်န္ခဲ့တယ္” လို႔ သူက ဆို ပါတယ္။ “တစ္ေႏြလံုး ကြ်န္မ ပင္ပန္း အားကုန္ ေနတယ္၊ ဒါေပမဲ့ ကြ်န္မအဖြဲ႕ကေတာ့ အားျပည့္အင္ျပည့္ဆက္လုပ္ေနလို႔ ေတာ္ေသးတယ္”။

Recommended for you - သင့္ကိုကူညီေပးေနတယ္ဆိုတိုင္း ကြ်န္ေတာ္အဆင္ေျပေနတယ္မထင္ပါနဲ႕

သူဟာ ကင္ဆာကို ေအာင္ျမင္စြာဖယ္ရွားႏိုင္ခဲ့ပါတယ္။ “ကြ်န္မ အိမ္မွာ သံုးေလး ရက္ေလာက္ နားဖို႔လိုတယ္၊ ဒါေပမဲ့ အလုပ္က ကိုယ့္စြဲလမ္းမႈ၊ကိုယ့္ရည္ရြယ္ခ်က္ ဆိုေတာ့ မနားႏိုင္ဘူး”လို႔ သူက ဆိုပါ တယ္။ အဲသည္လို ခက္ခဲတဲ့အခ်ိန္မွာ သူမလႈပ္ခ်င္ျဖစ္ေနေပမဲ့ “ေဝးလံေခါင္သီတဲ့ ေနရာတစ္ခုမွာ ေျခာက္ႏွစ္သားေလး တစ္ေယာက္ ေရရဖို႔ တစ္ေန႔ကို ရွစ္နာရီ ေလာက္ လမ္းေလွ်ာက္ရတဲ့အျဖစ္” က သူ႕ထက္ အဆိုးႀကီးဆိုးလိမ့္မယ္ လို႔ သူေတြးမိပါတယ္။ အဲဒါေၾကာင့္ သူ႕ရဲ႕အျဖစ္ဆိုး ေတြက ဒါနဲ႔ယွဥ္ရင္ ဘာဟုတ္ေသးလဲလို႔ သူသတိျပဳမိပါတယ္။

ဘီလူရဲ႕ ကာဘြန္ထုတ္လႊတ္မႈကို ေခ်ဖ်က္ဖို႔အတြက္ ကာရန္ဟာ သူ႕ရဲ႕အဖြဲ႕ဝင္ ၃၄ ေယာက္ကို ျဖစ္ႏိုင္ရင္ အိမ္ကေန အလုပ္လုပ္ဖို႔၊ ႐ံုးကိုမလာဖို႔ တိုက္တြန္းပါတယ္။ သူ ကိုယ္တိုင္က ေက်းလက္ ဝါးဝစ္႐ိႈင္းယားမွာ ေနထိုင္ၿပီး လန္ဒန္က ႐ံုးကို တစ္ပတ္ ႏွစ္ရက္၊ သံုးရက္ပဲ လာပါတယ္။

“ကြ်န္မရဲ႕ စည္းကမ္းက အိမ္ကေန အလုပ္လုပ္လို႔ရရင္ ႐ံုးကို မလာဖို႔ပဲ” အိုဘစ္ေဝါလ္သုေတသန လုပ္ငန္း က လုပ္ငန္းေလ့လာဆန္းစစ္သူ ႐ိုင္ယန္ဒို ဟာတီက “ဘီလူဟာ ေရသန္႔ထုတ္လုပ္တဲ့ လုပ္ငန္းေတြထဲမွာ သဘာဝပတ္ဝန္းက်င္နဲ႔ ကိုက္ညီတဲ့ ထိပ္တန္းဘရန္းတစ္ခု ဆိုတဲ့ ဂုဏ္သတင္းကို ရရွိထားတယ္” လို႔ ဆိုပါတယ္။ ဘီလူမွာ အလုပ္လုပ္ရင္း အားလပ္ခ်ိန္မွာ ကာရန္ဟာ လူမႈေရးေျပာင္းလဲမႈ ေတြ လုပ္ခ်င္တဲ့ လုပ္ငန္းသစ္ေတြကို ကူညီၿပီး လမ္းညႊန္ေနပါတယ္။

Source; kumudra

[Unicode Version]

အခင်ဆုံးသူငယ်ချင်း ကွယ်လွန်ခြင်းနဲ့ ကျန်းမာရေးယိုယွင်းခြင်းဆိုတဲ့ ကံကြမ္မာလှိုင်းနှစ်ခုရဲ့ ရိုက်ပုတ်မှု ကြောင့် ကာရန်လင့်ချ်ဟာ အပြိုင်အဆိုင်များတဲ့ ကော်ပိုရိတ် စီးပွားရေးလောကထဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
‘ကျွန်မ အခင်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတော့ ဘဝဆိုတာ တိုတိုလေးပါလားလို့ ကျွန်မ သိလာတယ်” လို့ ကာရန် က ပြောပါတယ်။ သူဟာ အခုဆိုရင် ဘီလူ ရေသန့်လုပ်ငန်းရဲ့ သူဌေးဖြစ်နေပါပြီ။ “ကျွန်မအနေနဲ့ ကိုယ့်စိတ်နဲ့ ပိုကိုက်ညီတဲ့ အလုပ်တစ်ခုခုကို လုပ်ချင်လာတယ်”
ဒါနဲ့ ၂၀ဝ၈ ခုနှစ်မှာ အသက် ၃၈ နှစ်အရွယ် ကာရန်ဟာ ဘာကလေဘဏ်လုပ်ငန်း အကြီးတန်းရာထူး တစ်ခုကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် အဆင့် – ၁ ဆီးချိုဖြစ်နေတာကို သိရပြီးနောက် သူနဲ့ ခင်ပွန်း ဖြစ်သူဟာ မြေထဲပင်လယ်၊ ဗီယက်နမ်နဲ့ ထိုင်းကို ခြောက်လလောက် ခရီးသွားပစ်လိုက်ပါတယ်။ ဗြိတိန်ကို ပြန်ရောက်တဲ့နောက်မှာတော့ ကာရန်ဟာ ဘီလူမှာ မားကက်တင်း ဒါရိုက်တာရာထူးကို လျှောက်ထားပြီး အလုပ်ရ ခဲ့ပါတယ်။ ဘီလူဆိုတာက ဗြိတိန်မှာ ပထမဆုံး ကာဘွန်မျှတသုံးစွဲတဲ့ ရေသန့်လုပ်ငန်းဖြစ်ပြီး သူ့ရဲ့အကျိုးအ မြတ်အားလုံးကို ပရဟိတကို လှူဒါန်းတဲ့ လူမှုရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

Recommended for you - ခပ်စိမ်းစိမ်းပဲလား
၂၀ဝ၄ ခုနှစ်လန်ဒန်မှာ ထူထောင်ခဲ့တဲ့ ကုမဏီဟာ ၂၀ဝ၈ ခုနှစ်မှာ အကြွေးပေါင် ၁၉ သန်းတင်နေပါတယ်။ ကာရန်အနေနဲ့ ဘီလူ အောင်မြင်ဖို့ဆိုရင် အပြောင်းအလဲကြီးကြီးမားမားလုပ်ရ မယ်လို့ သတိထားမိပါတယ်။ အဲဒါကြောင့် သူ့အမြင်အတိုင်း ဖော်ဆောင်ထားတဲ့ စီးပွားရေးပလန်တစ်ခုကို ချမှတ်ခဲ့ပြီး အဲ သည်နောက် ရှစ်လအကြာ မှာသူဟာ ကုမဏီ အမှုဆောင်ချုပ်အဖြစ် ရာထူးတိုးခဲ့ပါ တယ်။
သူ့စီးပွားရေးပလန်ကတော့ ရေသန့်ဘူးတွေကို စူပါမားကက်တွေမှာ တင်ပြီး အမြတ်ပါးပါးစားမယ့်အစား ပိုပြီးအကျိုး အမြတ်ရမယ့် ဟိုတယ်၊ စားသောက်ဆိုင် နဲ့ ရုံးခန်းတွေမှာ တင်ဖို့ဖြစ်ပါတယ်။ ဘီလူကို ရုပ်ရှင်ဒါရိုက်တာ ရိဒ်ပါဂက်က ထူထောင်ခဲ့ပြီး သူ့အမှုဆောင်ချုပ် နေရာကို ကာရန်ကို ပေးဖို့အတွက် ရာထူးက ဆင်းပေးခဲ့ပါတယ်။ “ရိဒ်ကလဲ ဘီလူ မှန်မှန်လေးအောင်မြင်တာထက် တခြားဘာမှ မလိုချင်ဘူး” လို့ ကာရန်က ပြောပါတယ်။
သူ့စီးပွားရေးပလန်က သိပ်အောင်မြင်တဲ့အတွက် အဲသည်နောက်ပိုင်း ရေသန့်ရောင်းအား မြင့်တက်လာပြီး ၂၀၁၅ မှာ တစ်နှစ်တာ ရောင်းအား ပေါင် ၅.၉ သန်းအထိ ရရှိခဲ့ပါ တယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်ကစပြီး ဘီလူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ရေနဲ့ သန့်ရှင်းရေးအတွက် ထောက်ပံ့ပေးနေတဲ့ ဝါးတားအိပ်ပရဟိတ အဖွဲ့ ကို ပေါင် ၁၅ သန်းကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။

Recommended for you - Y generation တွေကို ဘာကြောင့် အပျင်းထူသူ တွေအဖြစ် မြင်နေရ တာလည်း
ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ပါဝင်လာကြတာက သူတို့ဟာ သဘာဝပတ်ဝန်းကျင်အတွက် ဘီလူက လုပ်နေတဲ့ အလေ့အကျင့်ကောင်းတွေကို သဘောကျကြလို့ လို့ ကာရန်က ဆိုပါတယ်။ ကာဘွန်သုံးတာကို ပြန်ထေမိအောင်လုပ်ဆောင်တာ၊ ဝါးတားအိပ်ကို လှူဒါန်းတာအပြင် ကုမဏီရဲ့ ရေသန့်ဘူးတွေဟာ ရီဆိုက်ကယ်ဖန်နဲ့ ပလတ်စတစ်တွေကနေ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘီလူဟာ သဘာဝပတ်ဝန်းကျင် မစ်ရှင်ကို သဘောကျနှစ်လိုတဲ့ စားသောက်ဆိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သလို သူ့ ကာစတမ်မာ တွေဟာ ဘီလူက ဘာလုပ်နေတယ်ဆိုတာ သိနားလည်တာကြောင့် ဘီလူရဲ့ နာမည်ကို မြင်ရတာ ကျေနပ်တဲ့သူတွေ ဖြစ်တယ်လို့ ကာရန်က ဆိုပါတယ်။
ဒါဟာ စူပါမားကက်မှာ ဈေးကွက် ဝေစုရအောင် တိုက်ခိုက်၊ ဈေးဆိုင်တန်းမှာ ပစ္စည်းတွေ ရောင်းရအောင် ပရိုမိုးရှင်းတွေ လုပ်ရတာထက် ပိုကောင်းတယ်လို့ ကာ ရန်က ပြောပါတယ်။ ဘီလူက ကြီးထွားနေချိန်မှာ ကာရန်ဟာ ၂၀၁၆ မှာ နောက်ထပ် ကျန်းမာရေး ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“မနှစ်ကတော့ ငရဲကျတဲ့နှစ်ပဲ၊ ကျွန်မ မှာ ရင်သားကင်ဆာရှိနေတယ်၊ ကံ ကောင်းလို့ ဓာတ်ကင်စရာ မလိုဘူး၊ ဆံပင်လဲ မကျွတ်ဘဲ ကျန်ခဲ့တယ်” လို့ သူက ဆို ပါတယ်။ “တစ်နွေလုံး ကျွန်မ ပင်ပန်း အားကုန် နေတယ်၊ ဒါပေမဲ့ ကျွန်မအဖွဲ့ကတော့ အားပြည့်အင်ပြည့်ဆက်လုပ်နေလို့ တော်သေးတယ်”။

Recommended for you - သင့်ကိုကူညီပေးနေတယ်ဆိုတိုင်း ကျွန်တော်အဆင်ပြေနေတယ်မထင်ပါနဲ့
သူဟာ ကင်ဆာကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်။ “ကျွန်မ အိမ်မှာ သုံးလေး ရက်လောက် နားဖို့လိုတယ်၊ ဒါပေမဲ့ အလုပ်က ကိုယ့်စွဲလမ်းမှု၊ကိုယ့်ရည်ရွယ်ချက် ဆိုတော့ မနားနိုင်ဘူး”လို့ သူက ဆိုပါ တယ်။ အဲသည်လို ခက်ခဲတဲ့အချိန်မှာ သူမလှုပ်ချင်ဖြစ်နေပေမဲ့ “ဝေးလံခေါင်သီတဲ့ နေရာတစ်ခုမှာ ခြောက်နှစ်သားလေး တစ်ယောက် ရေရဖို့ တစ်နေ့ကို ရှစ်နာရီ လောက် လမ်းလျှောက်ရတဲ့အဖြစ်” က သူ့ထက် အဆိုးကြီးဆိုးလိမ့်မယ် လို့ သူတွေးမိပါတယ်။ အဲဒါကြောင့် သူ့ရဲ့အဖြစ်ဆိုး တွေက ဒါနဲ့ယှဉ်ရင် ဘာဟုတ်သေးလဲလို့ သူသတိပြုမိပါတယ်။
ဘီလူရဲ့ ကာဘွန်ထုတ်လွှတ်မှုကို ချေဖျက်ဖို့အတွက် ကာရန်ဟာ သူ့ရဲ့အဖွဲ့ဝင် ၃၄ ယောက်ကို ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့၊ ရုံးကိုမလာဖို့ တိုက်တွန်းပါတယ်။ သူ ကိုယ်တိုင်က ကျေးလက် ဝါးဝစ်ရှိုင်းယားမှာ နေထိုင်ပြီး လန်ဒန်က ရုံးကို တစ်ပတ် နှစ်ရက်၊ သုံးရက်ပဲ လာပါတယ်။
“ကျွန်မရဲ့ စည်းကမ်းက အိမ်ကနေ အလုပ်လုပ်လို့ရရင် ရုံးကို မလာဖို့ပဲ” အိုဘစ်ဝေါလ်သုတေသန လုပ်ငန်း က လုပ်ငန်းလေ့လာဆန်းစစ်သူ ရိုင်ယန်ဒို ဟာတီက “ဘီလူဟာ ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ထိပ်တန်းဘရန်းတစ်ခု ဆိုတဲ့ ဂုဏ်သတင်းကို ရရှိထားတယ်” လို့ ဆိုပါတယ်။ ဘီလူမှာ အလုပ်လုပ်ရင်း အားလပ်ချိန်မှာ ကာရန်ဟာ လူမှုရေးပြောင်းလဲမှု တွေ လုပ်ချင်တဲ့ လုပ်ငန်းသစ်တွေကို ကူညီပြီး လမ်းညွှန်နေပါတယ်။
Source; kumudra

Read times Last modified on Monday, 30 December 2019 14:47
Rate this articles
(0 votes)