×

Warning

JUser: :_load: Unable to load user with ID: 723


Language

Monday, 23 October 2017

ကြ်န္ေတာ္ ကြ်န္မ သေဘာမတူပါဘူး(၁)

ကြ်န္ေတာ္ ကြ်န္မ သေဘာမတူပါဘူး(၁) google.com

လူေတြေလ… တခါတေလ ကိုယ္ေတာင္ တစ္စကၠန္႔အတြင္းကို စိတ္က အမ်ိဳးမ်ိဳးေျပာင္းေနတာ တျခားသူတစ္ေယာက္နဲ႕ သေဘာထားခ်င္းတိုက္ဆိုင္ဖို႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ့ကိစၥတစ္ခုပါ။

ကုိယ္ၾကိဳက္တဲ့ အရာကုိ ဘယ္သူ႔ခြင္ျပဳခ်က္မွ မလိုပဲ စိတ္ၾကိဳက္ႏွစ္သက္ခြင့္ရွိသလို ကိုယ္မၾကိဳက္တာကိုလည္း တျခားသူတစ္ေယာက္က ၾကိဳက္တာနဲ႔ပဲ အတင္းလိုက္ၾကိဳက္စရာမလိုပါဘူး။

ဒီလိုပါပဲ ကိစၥတစ္ခုအေပၚမွာ တျခားသူတစ္ေယာက္က မွန္တယ္ထင္ျပီး လက္ခံတိုင္း ကုိယ္ကလိုက္ျပီး လက္ခံစရာမလိုပါဘူး။ လူတိုင္းက ေလာကၾကီးကို ၾကည့္တဲ့အၾကည့္ေတြ မတူသလို ျမင္တဲ့ အျမင္ေတြ လည္း မတူပါဘူး။ ဒီလိုမ်ိဳး အျမင္ေတြ မတူတဲ့အခါမွာ တျခားသူေတြရဲ႕ တင္ျပခ်က္ကို သေဘာမတူတဲ့အခါ ရိုင္းျပတဲ့ ေလသံမ်ိဳး မျဖစ္ေစဘဲ ယဥ္ယဥ္ေက်းေက်းနဲ႕ ကုိယ္သေဘာမတူေၾကာင္းကို ဘယ္လိုေျပာရမလဲဆိုတာကုိ ေလ့လာၾကည့္လုိ႔ရေအာင္ ေဖာ္ျပေပးထားပါတယ္။

Recommended for you - သင္ဘာေၾကာင့္ ေအာင္ျမင္မွဳနဲ႕ ေဝးေနတာလဲ

I disagree with you. (ကြ်န္ုပ္သင္ႏွင့္ သေဘာထားမတူပါ။) ဟူ ေျပာဆိုျခင္းသည္ အဂၤလိပ္ဘာသာတြင္ အလြန္ျပင္းထန္သည့္ ေလသံေပါက္ျပီး လူအမ်ားက ၄င္းကို အသံုးမျပဳၾကပါဘူး။ ဒါေပမယ့္ တကယ္ကုိ ျပင္းျပင္းထန္ထန္ သေဘာမတူဘူးဆိုတာကို ေဖာ္ျပလိုျပီး၊ ဒီစကားစုကို အသံုးျပဳလိုေသာအခါတြင္ ပထမဆံုး ေတာင္းပန္ျခင္းအားျဖင့္ အနည္းငယ္ႏူးညံ့ေပ်ာ့ေပ်ာင္းမွဳ ျဖစ္ေစရန္ ျပဳလုပ္ေလ့ရွိပါတယ္။

I’m afraid I disagree with you there. / I’m sorry, I disagree with you there. (ေတာင္းပန္ပါတယ္၊ အဲဒီေနရာမွာ ငါမင္းနဲ႕ သေဘာထား မတူညီပါ။)

“I disagree with you” ကုိ အနည္းငယ္ေပ်ာ့ေပ်ာင္းေစေသာ ေနာက္ထပ္ နည္းလမ္းတစ္ခုမွာ ၄င္းကို “I have to say” (ကြ်န္ုပ္ေျပာရမယ္ဆိုရင္) ဆိုတဲ့စကားေလးေရွ႔က ခံျပီးေျပာတတ္ပါတယ္။

I have to say, I disagree with you, James. (ငါေျပာရမယ္ဆိုရင္ ငါ မင္းႏွင့္ သေဘာထားမတူနိုင္ဘူး၊ ဂ်ိမ္း(စ္))

Recommended for you - ခပ္စိမ္းစိမ္းပဲလား

သေဘာထားမကိုက္ညီေၾကာင္းကို ေဖာ္ျပသည့္အခါ ျပင္းထန္မွဳ ေလ်ာ့နည္းေသာစကားလံုးစုမ်ိဳးကို သံုးရန္ ပိုမို ႏွစ္သက္ၾကပါတယ္။ ဒီလိုျပဳလုပ္ဖို႔ အသံုးမ်ားတဲ့ နည္းလမ္းတစ္ခုမွာ “I’m not sure…” (ကြ်န္ုပ္မေသခ်ာပါ။) သို႔မဟုတ္ ၄င္းႏွင့္ အဓိပၸါယ္တူတဲ့ ေနာက္ထပ္စကားစုတစ္ခုကို ေရွ႕တြင္ခံ အသံုးျပဳရန္ ျဖစ္သည္။

I am not sure I agree with you there. (အဲ့ဒီမွာ ငါ မင္းနဲ႕ သေဘာထားတူတယ္ဆိုတာ မေသခ်ာဘူး)

I’m not sure that’s always true. (ဒါအျမဲတမ္း မွန္ကန္တယ္ဆိုတာ ငါမေသခ်ာဘူး)

I’m not convinced that’s the case. (ဒီဟာ အမွန္လုိ႔ ငါ ဘဝင္က်လက္မခံဘူး)

ဒီလိုေျပာဆိုခ်က္ေတြက တိက်မွုပိုမိုေလ်ာ့နည္းသည့္ တစ္စံုတစ္ခုကို ေျပာေနသည့္ ပံုစံေပါက္ေနေသာ္ျငား လည္း ပံုမွန္အားျဖင့္ “I don’t agree” (ကြ်န္ုပ္သေဘာမတူပါ) ဟုသာဆိုလိုပါသည္။ ၄င္းကဲ့သို႔ေျပာဆိုျခင္း သည္ ေယဘူယ်အားျဖင့္ သေဘာမတူျခင္းကို အနည္းငယ္ ပိုမိုႏူးညံစြာ ေျပာဆုိျခင္းပင္ ျဖစ္ပါတယ္။

မနက္ျဖန္က်ရင္ သေဘာမတူတဲ့အေၾကာင္းကို ေမးခြန္းေမးသလိုမ်ိဳး ေျပာတဲ့ပံုစံမ်ိဳးကို ေဖာ္ျပေပးသြားပါမယ္။

အျပင္မွာလည္း သင္တန္းေတြမတက္ခ်င္ဘူး ကိုယ့္အိမ္မွာပဲ သူငယ္ခ်င္းေတြနဲ႕ ေအးေအးေဆးေဆး အဂၤလိပ္စာကို သင္ခ်င္တယ္ဆိုရင္ sayar.com.mm မွာ ရွိတဲ့ အဂၤလိပ္စာ ဆရာနဲ႕ ဆက္သြယ္လိုက္ပါ။

Source; Myanmar-network.net

[Unicode Version]

လူတွေလေ… တခါတလေ ကိုယ်တောင် တစ်စက္ကန့်အတွင်းကို စိတ်က အမျိုးမျိုးပြောင်းနေတာ တခြားသူတစ်ယောက်နဲ့ သဘောထားချင်းတိုက်ဆိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စတစ်ခုပါ။ ကိုယ်ကြိုက်တဲ့ အရာကို ဘယ်သူ့ခွင်ပြုချက်မှ မလိုပဲ စိတ်ကြိုက်နှစ်သက်ခွင့်ရှိသလို ကိုယ်မကြိုက်တာကိုလည်း တခြားသူတစ်ယောက်က ကြိုက်တာနဲ့ပဲ အတင်းလိုက်ကြိုက်စရာမလိုပါဘူး။
ဒီလိုပါပဲ ကိစ္စတစ်ခုအပေါ်မှာ တခြားသူတစ်ယောက်က မှန်တယ်ထင်ပြီး လက်ခံတိုင်း ကိုယ်ကလိုက်ပြီး  လက်ခံစရာမလိုပါဘူး။ လူတိုင်းက လောကကြီးကို ကြည့်တဲ့အကြည့်တွေ မတူသလို မြင်တဲ့ အမြင်တွေ လည်း မတူပါဘူး။ ဒီလိုမျိုး အမြင်တွေ မတူတဲ့အခါမှာ တခြားသူတွေရဲ့ တင်ပြချက်ကို သဘောမတူတဲ့အခါ ရိုင်းပြတဲ့ လေသံမျိုး မဖြစ်စေဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ ကိုယ်သဘောမတူကြောင်းကို ဘယ်လိုပြောရမလဲဆိုတာကို လေ့လာကြည့်လို့ရအောင် ဖော်ပြပေးထားပါတယ်။

Recommended for you - သင်ဘာကြောင့် အောင်မြင်မှုနဲ့ ဝေးနေတာလဲ
I disagree with you. (ကျွန်ုပ်သင်နှင့် သဘောထားမတူပါ။) ဟူ၍ ပြောဆိုခြင်းသည် အင်္ဂလိပ်ဘာသာတွင် အလွန်ပြင်းထန်သည့် လေသံပေါက်ပြီး လူအများက ၄င်းကို အသုံးမပြုကြပါဘူး။ ဒါပေမယ့် တကယ်ကို ပြင်းပြင်းထန်ထန် သဘောမတူဘူးဆိုတာကို ဖော်ပြလိုပြီး၊ ဒီစကားစုကို အသုံးပြုလိုသောအခါတွင် ပထမဆုံး တောင်းပန်ခြင်းအားဖြင့် အနည်းငယ်နူးညံ့ပျော့ပျောင်းမှု ဖြစ်စေရန် ပြုလုပ်လေ့ရှိပါတယ်။
I’m afraid I disagree with you there. / I’m sorry, I disagree with you there. (တောင်းပန်ပါတယ်၊ အဲဒီနေရာမှာ ငါမင်းနဲ့ သဘောထား မတူညီပါ။)
“I disagree with you” ကို အနည်းငယ်ပျော့ပျောင်းစေသော နောက်ထပ် နည်းလမ်းတစ်ခုမှာ ၄င်းကို “I hate to say” (ကျွန်ုပ်ပြောရမယ်ဆိုရင်) ဆိုတဲ့စကားလေးရှေ့က ခံပြီးပြောတတ်ပါတယ်။
I have to say, I disagree with you, James. (ငါပြောရမယ်ဆိုရင် ငါ မင်းနှင့် သဘောထားမတူနိုင်ဘူး၊ ဂျိမ်း(စ်))

Recommended for you - ခပ်စိမ်းစိမ်းပဲလား
သဘောထားမကိုက်ညီကြောင်းကို ဖော်ပြသည့်အခါ ပြင်းထန်မှု လျော့နည်းသောစကားလုံးစုမျိုးကို သုံးရန် ပိုမို နှစ်သက်ကြပါတယ်။ ဒီလိုပြုလုပ်ဖို့ အသုံးများတဲ့ နည်းလမ်းတစ်ခုမှာ “I’m not sure…” (ကျွန်ုပ်မသေချာပါ။) သို့မဟုတ် ၄င်းနှင့် အဓိပ္ပါယ်တူတဲ့ နောက်ထပ်စကားစုတစ်ခုကို ရှေ့တွင်ခံ၍ အသုံးပြုရန် ဖြစ်သည်။
I am not sure I agree with you there. (အဲ့ဒီမှာ ငါ မင်းနဲ့ သဘောထားတူတယ်ဆိုတာ မသေချာဘူး)
I’m not sure that’s always true. (ဒါအမြဲတမ်း မှန်ကန်တယ်ဆိုတာ ငါမသေချာဘူး)
I’m not convinced that’s the case. (ဒီဟာ အမှန်လို့ ငါ ဘဝင်ကျလက်မခံဘူး)
ဒီလိုပြောဆိုချက်တွေက တိကျမှုပိုမိုလျော့နည်းသည့် တစ်စုံတစ်ခုကို ပြောနေသည့် ပုံစံပေါက်နေသော်ငြား လည်း ပုံမှန်အားဖြင့် “I don’t agree” (ကျွန်ုပ်သဘောမတူပါ) ဟုသာဆိုလိုပါသည်။ ၄င်းကဲ့သို့ပြောဆိုခြင်း သည် ယေဘူယျအားဖြင့် သဘောမတူခြင်းကို အနည်းငယ် ပိုမိုနူးညံစွာ ပြောဆိုခြင်းပင် ဖြစ်ပါတယ်။
မနက်ဖြန်ကျရင် သဘောမတူတဲ့အကြောင်းကို မေးခွန်းမေးသလိုမျိုး ပြောတဲ့ပုံစံမျိုးကို ဖော်ပြပေးသွားပါမယ်။
အပြင်မှာလည်း သင်တန်းတွေမတက်ချင်ဘူး ကိုယ့်အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး အင်္ဂလိပ်စာကို သင်ချင်တယ်ဆိုရင် sayar.com.mm မှာ ရှိတဲ့ အင်္ဂလိပ်စာ ဆရာနဲ့ ဆက်သွယ်လိုက်ပါ။
Source; Myanmar-network.net

Read times Last modified on Monday, 30 December 2019 15:14
Rate this articles
(1 Vote)