×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 24 October 2017

တစ္ခုတည္းေျပာင္းလဲၾကည့္ပါ

တစ္ခုတည္းေျပာင္းလဲၾကည့္ပါ google.com

ျပႆနာတစ္ခုကိုခ်ည္းကပ္တဲ့အခါ လုပ္စရာႏွစ္ခုပဲရွိပါတယ္။“အျပစ္တင္မလား၊ အေျဖရွာမလား” ဆိုတာပါ။ဒီအတုိင္းၾကည့္ရင္ေတာ့ ဘယ္ဟာက ပိုေကာင္းတယ္၊ အက်ိဳးရွိႏုိင္တယ္ဆိုတာကို အၾကီးအက်ယ္ ေျဖရွင္းစရာေတာင္မလုိပါဘူး။

ဒါေပမယ့္ တကယ့္တကယ္ျဖစ္လာတဲ့အခ်ိန္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ အျပစ္တင္တဲ့နည္းလမ္းကိုပဲက်င့္သံုးတယ္။

ဥပမာ ကေလးတစ္ေယာက္စာေမးပြဲက်တဲ့အျဖစ္အပ်က္တစ္ခုဆုိပါစို႔။ မိဘေတြဘယ္လိုတံု႔ျပန္မယ္ထင္လဲ။ ကိုယ္တုိင္မိဘျဖစ္ေနတယ္ဆိုရင္ေရာ ဘယ္လိုတု႔ံျပန္ခဲ့ဖူးလဲဆိုတာကို ျပန္ေတြးေစခ်င္တယ္။

အမ်ားစုကေတာ့ “စာမွမက်က္တာကိုး” “တခ်ိန္လံုး ကစားပဲမက္ေနတာကိုး က်မွာေပါ့” “စာကိုစိတ္မ၀င္စားဘဲ တျခားအရာေတြပဲစိတ္၀င္စားေနတာ က်မွာေပါ့” ဆိုတာေတြပဲမ်ားပါတယ္။ ဒီထက္ပိုဆိုးမယ္ဆိုရင္ “ဘယ္ေတာ့မွ လူလူသူသူျဖစ္လာမယ့္ေကာင္မဟုတ္ဘူး” ဆိုတာေတြ “အသံုးကိုမက်တဲ့ေကာင္” ဆိုတာေတြထိေရာက္လာလိမ့္မယ္။ ဆူဆူပူပူလုပ္ၾကမယ့္သူမ်ားလိမ့္မယ္။

Recommended for you - ေျခာက္ျပစ္ကင္း သဲလဲစင္ အလုပ္ေခၚစာမ်ားႏွင့္ အလုပ္ရွာၾကသူမ်ား

စာေမးပြဲက ဘာေၾကာင့္က်ရတာလဲ၊ ဘာေတြအားနည္းခ်က္ေတြရွိေနတာလဲ၊ ေနာက္အၾကိမ္စာေမးပြဲမွာ မက်ေအာင္ဘယ္လို လုပ္ေပးရမလဲဆိုတာကို ေအးေအးေဆးေဆး အေျဖရွာျပီး လုပ္ေပးတဲ့သူနည္းပါတယ္။

အျပစ္တင္တဲ့ခ်ည္းကပ္မႈက အရမ္းသိသာထင္ရွားတဲ့အခ်က္အလက္ေတြကို ရွာေဖြေပးလိုက္တာပါပဲ။ What ကိုရွာေဖြတာေပါ့။ ဘာမလုပ္လို႔လဲ၊ ဘာကိုလုပ္လိုက္လို႔လဲ၊ ဘာကိုဂရုမစိုက္လိုက္လို႔လဲ စသျဖင့္ေပါ့။ What ကိုရွာေဖြမႈရဲ႕ေနာက္မွာ ဘာမွဆက္မျဖစ္လာေတာ့ဘူး။ လမ္းဆံုးသြားတယ္။ ဘာဖြံ႔ျဖိဳးတိုးတက္မႈကိုမွ မေရာက္လာေစဘူး။ ျပႆနာကိုမေျပလည္ေစဘူး။

တကယ္တမ္းလုပ္သင့္တာက Why ဆိုတဲ့ ဘာ့ေၾကာင့္ျဖစ္ရတယ္ဆိုတာကိုရွာေဖြရမွာ။ အဲဒီအရင္းခံကို ရွာေဖြမႈရဲ႕ေနာက္မွာမွ How ဆိုတဲ့ဘယ္လိုဆက္လုပ္ရင္ ဒီျပႆနာေျပလည္ သြားတယ္ဆုိတာကို သိလာႏုိင္မွာေလ။

ကေလးတစ္ေယာက္စာေမးပြဲက်တယ္ဆုိတာ စာမက်က္လို႔ စာကိုစိတ္မ၀င္စားလို႔ဆိုတဲ့အခ်က္ေတြက အရမ္းသိသာထင္ရွားတဲ့အခ်က္အလက္ေတြပဲ။ ဒီသိသာထင္ရွားတဲ့အခ်က္အလက္ေတြကို စာေမးပြဲက် တဲ့သူကိုယ္တိုင္လည္းသိျပီးသားပဲ။ ဒါကိုဆက္ျပီး ဘာမလုပ္လို႔ ညာမလုပ္လို႔ဆိုတာေတြကို စကားလံုး ၾကမ္းၾကမ္းတမ္းတမ္းေတြအသံုးျပဳျပီး ေထာက္ျပေနရံုနဲ႔လည္း ဒီကေလးက စာေမးပြဲေအာင္သြားမွာ မဟုတ္ဘူး။ အဲဒီထက္ဆိုးရင္ အငံု႔စိတ္၀င္သြားႏုိင္တယ္၊ သူ႔ကိုယ္သူအသံုးမက်ဘူးထင္သြားႏိုင္တယ္၊ ဒါမွမဟုတ္ရင္လည္း ဆူပူေပါက္ကြဲႏုိင္တယ္။

Recommended for you - သရဲေၾကာက္တတ္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား

Stephen Covey က 90/10 စည္းမ်ဥ္းဆိုတာကိုခ်ျပခဲ့တယ္။ အဓိပၸါယ္ကေတာ့ လူေတြရဲ႕ဘ၀မွာ အျဖစ္အပ်က္ေတြက ဆယ္ရာခုိင္ႏႈန္း အဲဒီအျဖစ္အပ်က္ေတြကို တံု႔ျပန္မႈက ကိုးဆယ္ရာခိုင္ႏႈန္း ဆိုျပီးေတာ့ပါ။ ဥပမာ အိမ္ေထာင္စုႏွစ္ခုမွာ မနက္ေစာေစာ အေဖကတိုက္မိသြားလို႔ စားပြဲေပၚမွာတင္ထားတဲ့ ဖန္ခြက္ကြဲသြားတယ္။

အိမ္ေထာင္စု ၁က ဖန္ခြက္ကိုတိုက္မိတဲ့အေဖကေန ေနာက္တစ္ေယာက္ကိုအျပစ္တင္တယ္။ အဲဒီလိုနဲ႔တစ္ေယာက္ျပီးတစ္ေယာက္က အျပစ္တင္သြားလုိက္တာ တစ္အိမ္လံုးကလူအကုန္လံုးပဲ။ မနက္ခင္းတစ္ခုရဲ႕အစကလည္း ဆူညံမႈေတြနဲ႔စတင္ရတယ္။ စိတ္မၾကည္မသာနဲ႔ေပါ့။

အိမ္ေထာင္စု ၂မွာက ဖန္ခြက္ကြဲသြားရတဲ့အေၾကာင္းနဲ႔ပတ္သက္ျပီး အဆင့္အလိုက္တာ၀န္ယူၾကတယ္။ ေနာက္မျဖစ္ေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာကို ေျပာၾကတယ္။ ဘယ္သူမွအျပစ္မတင္ၾကဘူး။ မနက္ခင္း ေစာေစာမွာ ဆူညံမႈေတြ စိတ္မၾကည္မႈေတြလည္းမျဖစ္လာေတာ့ဘူး။

ကၽြန္ေတာ္တို႔ပတ္၀န္းက်င္မွာျဖစ္ပ်က္ေနတဲ့အရာေတာ္ေတာ္မ်ားမ်ားက ကၽြန္ေတာ္တို႔ရဲ႕ ေရြးခ်ယ္မႈ ေၾကာင့္ပဲအဲဒီလိုျဖစ္ပ်က္ေနၾကရတာ။ အမ်ားအားျဖင့္ ျပန္ျပင္လို႔မရတာေတြအေပၚ ေထာက္ျပျပီးအျပစ္ တင္ရတာကို အားသန္လြန္းျပီး ဘယ္လိုဆက္လုပ္ၾကရမယ္ ဘာဆက္လုပ္ၾကရမယ္ဆိုတာကိုေတာ့ ဆက္မေတြးၾကေတာ့ဘူး။

Recommended for you - အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။

အဲဒီမွာတင္ပဲ ဆူညံပြက္ေလာရိုက္ေနတဲ့ ရန္တက်က္က်က္နဲ႔ အျပန္အလွန္ျငင္းခုန္မႈေတြနဲ႔ မသာယာတဲ့ ပတ္၀န္းက်င္ျဖစ္လာတာ။ တကယ္ေတာ့ အဲဒါ ကိုယ့္ေရြးခ်ယ္မႈဆိုတာကိုသတိမျပဳမိၾကဘူး။ ကားဘီး ေပါက္တဲ့အျပစ္အပ်က္တစ္ခုကို “ကားဘီးကိုေသခ်ာမစစ္ဘူး” “ေလ၀င္ထိုးပါဆိုတာကိုမထုိးလို႔ျဖစ္တာ” “လမ္းၾကမ္းတဲ့ေနရာကလာတာကိုးျဖစ္မွာေပါ့” ဆိုတာေတြကိုေျပာေနရံုနဲ႔လည္း ကားဘီးက အလိုလိုျပန္ဖာျပီးျဖစ္သြားမွာမွမဟုတ္တာ။

အခန္႔မသင့္ရင္ ရန္ေတြျဖစ္ မေခၚႏုိင္မေျပာႏုိင္ေတြျဖစ္ကုန္တာပဲ အဖတ္တင္လိမ့္မယ္။ အဲဒီလိုသိသာ လြန္းတဲ့အရာေတြကိုေထာက္ျပျပီး အျပစ္တင္ေနမယ့္အစား “အခုဘာဆက္လုပ္ရမလဲ” “ဘယ္လိုဆက္ လုပ္ရင္အေကာင္းဆံုးျဖစ္မလဲ” ဆိုတာေတြကိုေတြးျပီး အက်င့္လုပ္ေစခ်င္တယ္။ သိသိသာသာေျပာင္းလဲ သြားတဲ့ သာယာတဲ့အေျပာင္းအလဲပတ္၀န္းက်င္ကိုျမင္ေတြ႔ႏုိင္ပါလိမ့္မယ္။

နိဂံုးျပန္ခ်ဳပ္လိုက္ရင္ ကၽြန္ေတာ္တို႔ေန႔စဥ္ၾကံဳေတြ႔ေနရတဲ့ အရာရာတိုင္း၊ အခက္အခဲတုိင္း၊ ျပႆနာတုိင္းမွာ ေမးခြန္းႏွစ္ခုပဲရွိပါတယ္။ အျပစ္တင္မလား၊ အေျဖရွာမလားဆိုတာပါ။ ကိုယ့္ရဲ႕ေရြးခ်ယ္မႈေပၚမူတည္ျပီး ဆက္ျဖစ္လာမယ့္အျဖစ္အပ်က္ေတြက ေျပာင္းလဲသြားမယ္။

အျပစ္တင္မယ္ဆိုရင္ေတာ့ ဆူညံမႈေတြ၊ စိတ္အခန္႔မသင့္မႈေတြ၊ အျငင္းအခုန္ေတြစတဲ့ မသာယာမႈေတြ ဆက္ျဖစ္လာႏုိင္ျပီး အေျဖရွာမယ္ဆုိရင္ေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ တကယ္ကို ေျပလည္သြားႏုိင္မယ့္ အေျဖတစ္ခု၊ တိုးတက္သြားေစႏုိင္မယ့္နည္းလမ္းတစ္ခုကိုရႏုိင္ပါလိမ့္မယ္။ လူတုိင္းေသြးပူတတ္တယ္၊ ေဒါသထြက္တတ္တယ္။

အေျဖရွာတဲ့သူနဲ႔ အျပစ္တင္တဲ့သူၾကား ကြဲျပားမႈက အဲဒီေသြးပူတာကို ခဏထိန္းျပီး ဘာဆက္လုပ္ရင္ ေကာင္းမလဲဆိုတာကို ေတြးၾကည့္မိတာတစ္ခုပါပဲ။ ဒီတစ္ခုတည္းကေန စတင္ေျပာင္းလဲၾကည့္ပါ။ အစစ အရာရာေျပာင္းလဲသြားတာကို ျမင္ႏုိင္ပါလိမ့္မယ္။
Credit; Thurein Hlaing Win

[Unicode Version]

တစ်ခုတည်းပြောင်းလဲကြည့်ပါ
ပြဿနာတစ်ခုကိုချည်းကပ်တဲ့အခါ လုပ်စရာနှစ်ခုပဲရှိပါတယ်။“အပြစ်တင်မလား၊ အဖြေရှာမလား” ဆိုတာပါ။ဒီအတိုင်းကြည့်ရင်တော့ ဘယ်ဟာက ပိုကောင်းတယ်၊ အကျိုးရှိနိုင်တယ်ဆိုတာကို အကြီးအကျယ် ဖြေရှင်းစရာတောင်မလိုပါဘူး။ ဒါပေမယ့် တကယ့်တကယ်ဖြစ်လာတဲ့အချိန်မှာတော့ လူတော်တော်များများဟာ အပြစ်တင်တဲ့နည်းလမ်းကိုပဲကျင့်သုံးတယ်။
ဥပမာ ကလေးတစ်ယောက်စာမေးပွဲကျတဲ့အဖြစ်အပျက်တစ်ခုဆိုပါစို့။ မိဘတွေဘယ်လိုတုံ့ပြန်မယ်ထင်လဲ။ ကိုယ်တိုင်မိဘဖြစ်နေတယ်ဆိုရင်ရော ဘယ်လိုတု့ံပြန်ခဲ့ဖူးလဲဆိုတာကို ပြန်တွေးစေချင်တယ်။
အများစုကတော့ “စာမှမကျက်တာကိုး” “တချိန်လုံး ကစားပဲမက်နေတာကိုး ကျမှာပေါ့” “စာကိုစိတ်မဝင်စားဘဲ တခြားအရာတွေပဲစိတ်ဝင်စားနေတာ ကျမှာပေါ့” ဆိုတာတွေပဲများပါတယ်။ ဒီထက်ပိုဆိုးမယ်ဆိုရင် “ဘယ်တော့မှ လူလူသူသူဖြစ်လာမယ့်ကောင်မဟုတ်ဘူး” ဆိုတာတွေ “အသုံးကိုမကျတဲ့ကောင်” ဆိုတာတွေထိရောက်လာလိမ့်မယ်။ ဆူဆူပူပူလုပ်ကြမယ့်သူများလိမ့်မယ်။

Recommended for you - ခြောက်ပြစ်ကင်း သဲလဲစင် အလုပ်ခေါ်စာများနှင့် အလုပ်ရှာကြသူများ
စာမေးပွဲက ဘာကြောင့်ကျရတာလဲ၊ ဘာတွေအားနည်းချက်တွေရှိနေတာလဲ၊ နောက်အကြိမ်စာမေးပွဲမှာ မကျအောင်ဘယ်လို လုပ်ပေးရမလဲဆိုတာကို အေးအေးဆေးဆေး အဖြေရှာပြီး လုပ်ပေးတဲ့သူနည်းပါတယ်။
အပြစ်တင်တဲ့ချည်းကပ်မှုက အရမ်းသိသာထင်ရှားတဲ့အချက်အလက်တွေကို ရှာဖွေပေးလိုက်တာပါပဲ။ What ကိုရှာဖွေတာပေါ့။ ဘာမလုပ်လို့လဲ၊ ဘာကိုလုပ်လိုက်လို့လဲ၊ ဘာကိုဂရုမစိုက်လိုက်လို့လဲ စသဖြင့်ပေါ့။ What ကိုရှာဖွေမှုရဲ့နောက်မှာ ဘာမှဆက်မဖြစ်လာတော့ဘူး။ လမ်းဆုံးသွားတယ်။ ဘာဖွံ့ဖြိုးတိုးတက်မှုကိုမှ မရောက်လာစေဘူး။ ပြဿနာကိုမပြေလည်စေဘူး။
တကယ်တမ်းလုပ်သင့်တာက Why ဆိုတဲ့ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာကိုရှာဖွေရမှာ။ အဲဒီအရင်းခံကို ရှာဖွေမှုရဲ့နောက်မှာမှ How ဆိုတဲ့ဘယ်လိုဆက်လုပ်ရင် ဒီပြဿနာပြေလည် သွားတယ်ဆိုတာကို သိလာနိုင်မှာလေ။
ကလေးတစ်ယောက်စာမေးပွဲကျတယ်ဆိုတာ စာမကျက်လို့ စာကိုစိတ်မဝင်စားလို့ဆိုတဲ့အချက်တွေက အရမ်းသိသာထင်ရှားတဲ့အချက်အလက်တွေပဲ။ ဒီသိသာထင်ရှားတဲ့အချက်အလက်တွေကို စာမေးပွဲကျ တဲ့သူကိုယ်တိုင်လည်းသိပြီးသားပဲ။ ဒါကိုဆက်ပြီး ဘာမလုပ်လို့ ညာမလုပ်လို့ဆိုတာတွေကို စကားလုံး ကြမ်းကြမ်းတမ်းတမ်းတွေအသုံးပြုပြီး ထောက်ပြနေရုံနဲ့လည်း ဒီကလေးက စာမေးပွဲအောင်သွားမှာ မဟုတ်ဘူး။ အဲဒီထက်ဆိုးရင် အငုံ့စိတ်ဝင်သွားနိုင်တယ်၊ သူ့ကိုယ်သူအသုံးမကျဘူးထင်သွားနိုင်တယ်၊ ဒါမှမဟုတ်ရင်လည်း ဆူပူပေါက်ကွဲနိုင်တယ်။

Recommended for you - သရဲကြောက်တတ်သူများအတွက် နည်းလမ်းကောင်းများ
Stephen Covey က 90/10 စည်းမျဉ်းဆိုတာကိုချပြခဲ့တယ်။ အဓိပ္ပါယ်ကတော့ လူတွေရဲ့ဘဝမှာ အဖြစ်အပျက်တွေက ဆယ်ရာခိုင်နှုန်း အဲဒီအဖြစ်အပျက်တွေကို တုံ့ပြန်မှုက ကိုးဆယ်ရာခိုင်နှုန်း ဆိုပြီးတော့ပါ။ ဥပမာ အိမ်ထောင်စုနှစ်ခုမှာ မနက်စောစော အဖေကတိုက်မိသွားလို့ စားပွဲပေါ်မှာတင်ထားတဲ့ ဖန်ခွက်ကွဲသွားတယ်။
အိမ်ထောင်စု ၁က ဖန်ခွက်ကိုတိုက်မိတဲ့အဖေကနေ နောက်တစ်ယောက်ကိုအပြစ်တင်တယ်။ အဲဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်က အပြစ်တင်သွားလိုက်တာ တစ်အိမ်လုံးကလူအကုန်လုံးပဲ။ မနက်ခင်းတစ်ခုရဲ့အစကလည်း ဆူညံမှုတွေနဲ့စတင်ရတယ်။ စိတ်မကြည်မသာနဲ့ပေါ့။
အိမ်ထောင်စု ၂မှာက ဖန်ခွက်ကွဲသွားရတဲ့အကြောင်းနဲ့ပတ်သက်ပြီး အဆင့်အလိုက်တာဝန်ယူကြတယ်။ နောက်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ပြောကြတယ်။ ဘယ်သူမှအပြစ်မတင်ကြဘူး။ မနက်ခင်း စောစောမှာ ဆူညံမှုတွေ စိတ်မကြည်မှုတွေလည်းမဖြစ်လာတော့ဘူး။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတော်တော်များများက ကျွန်တော်တို့ရဲ့ ရွေးချယ်မှု ကြောင့်ပဲအဲဒီလိုဖြစ်ပျက်နေကြရတာ။ အများအားဖြင့် ပြန်ပြင်လို့မရတာတွေအပေါ် ထောက်ပြပြီးအပြစ် တင်ရတာကို အားသန်လွန်းပြီး ဘယ်လိုဆက်လုပ်ကြရမယ် ဘာဆက်လုပ်ကြရမယ်ဆိုတာကိုတော့ ဆက်မတွေးကြတော့ဘူး။
အဲဒီမှာတင်ပဲ ဆူညံပွက်လောရိုက်နေတဲ့ ရန်တကျက်ကျက်နဲ့ အပြန်အလှန်ငြင်းခုန်မှုတွေနဲ့ မသာယာတဲ့ ပတ်ဝန်းကျင်ဖြစ်လာတာ။ တကယ်တော့ အဲဒါ ကိုယ့်ရွေးချယ်မှုဆိုတာကိုသတိမပြုမိကြဘူး။ ကားဘီး ပေါက်တဲ့အပြစ်အပျက်တစ်ခုကို “ကားဘီးကိုသေချာမစစ်ဘူး” “လေဝင်ထိုးပါဆိုတာကိုမထိုးလို့ဖြစ်တာ” “လမ်းကြမ်းတဲ့နေရာကလာတာကိုးဖြစ်မှာပေါ့” ဆိုတာတွေကိုပြောနေရုံနဲ့လည်း ကားဘီးက အလိုလိုပြန်ဖာပြီးဖြစ်သွားမှာမှမဟုတ်တာ။

Recommended for you - အခက်အခဲဆိုတိုင်း ဒူးထောက်အရှုံးပေးရမှာလား။
အခန့်မသင့်ရင် ရန်တွေဖြစ် မခေါ်နိုင်မပြောနိုင်တွေဖြစ်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။ အဲဒီလိုသိသာ လွန်းတဲ့အရာတွေကိုထောက်ပြပြီး အပြစ်တင်နေမယ့်အစား “အခုဘာဆက်လုပ်ရမလဲ” “ဘယ်လိုဆက် လုပ်ရင်အကောင်းဆုံးဖြစ်မလဲ” ဆိုတာတွေကိုတွေးပြီး အကျင့်လုပ်စေချင်တယ်။ သိသိသာသာပြောင်းလဲ သွားတဲ့ သာယာတဲ့အပြောင်းအလဲပတ်ဝန်းကျင်ကိုမြင်တွေ့နိုင်ပါလိမ့်မယ်။
နိဂုံးပြန်ချုပ်လိုက်ရင် ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ အရာရာတိုင်း၊ အခက်အခဲတိုင်း၊ ပြဿနာတိုင်းမှာ မေးခွန်းနှစ်ခုပဲရှိပါတယ်။ အပြစ်တင်မလား၊ အဖြေရှာမလားဆိုတာပါ။ ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီး ဆက်ဖြစ်လာမယ့်အဖြစ်အပျက်တွေက ပြောင်းလဲသွားမယ်။
အပြစ်တင်မယ်ဆိုရင်တော့ ဆူညံမှုတွေ၊ စိတ်အခန့်မသင့်မှုတွေ၊ အငြင်းအခုန်တွေစတဲ့ မသာယာမှုတွေ ဆက်ဖြစ်လာနိုင်ပြီး အဖြေရှာမယ်ဆိုရင်တော့ အေးအေးချမ်းချမ်းနဲ့ တကယ်ကို ပြေလည်သွားနိုင်မယ့် အဖြေတစ်ခု၊ တိုးတက်သွားစေနိုင်မယ့်နည်းလမ်းတစ်ခုကိုရနိုင်ပါလိမ့်မယ်။ လူတိုင်းသွေးပူတတ်တယ်၊ ဒေါသထွက်တတ်တယ်။
အဖြေရှာတဲ့သူနဲ့ အပြစ်တင်တဲ့သူကြား ကွဲပြားမှုက အဲဒီသွေးပူတာကို ခဏထိန်းပြီး ဘာဆက်လုပ်ရင် ကောင်းမလဲဆိုတာကို တွေးကြည့်မိတာတစ်ခုပါပဲ။ ဒီတစ်ခုတည်းကနေ စတင်ပြောင်းလဲကြည့်ပါ။ အစစ အရာရာပြောင်းလဲသွားတာကို မြင်နိုင်ပါလိမ့်မယ်။
Credit; Thurein Hlaing Win

Read times Last modified on Monday, 30 December 2019 15:15
Rate this articles
(3 votes)