×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 25 October 2017

ကြ်န္ေတာ္ဘာေခါင္းစဥ္ တပ္သင့္လဲ

ကြ်န္ေတာ္ဘာေခါင္းစဥ္ တပ္သင့္လဲ google.com

တခ်ိဳ႕ကေလးေတြ ေအာင္ျမင္ျပီး ထူးခြ်န္ၾကတယ္ တခ်ိဳ႕ကေလးေတြက ထင္သေလာက္မထူးခြ်န္ၾကဘူး။ ဘာျဖစ္လို႔လဲ… က်ဴရွင္ေတြထားတာ မတူလို႔လား၊ တစ္ခ်ိန္လံုးစာပဲ မက်က္ေနလို႔လား၊ ကစားပဲကစား ေနလို႔လား…မဟုတ္ပါဘူး။ ကေလးတစ္ေယာက္ ထူးခြ်န္ထက္ျမက္ဖို႔ဆိုတာ မိဘ ပတ္ဝန္းက်င္ေပၚမွာ အမ်ားၾကီး မူတည္ေနပါတယ္။

အခုေခတ္ကေလးေတြဆုိရင္ သနားဖို႕ပိုေကာင္းပါတယ္။ သူတို႔မွာ တစ္ေန႔တစ္ေန႔ မိုးလင္းတာနဲ႕ ေက်ာင္း ျပီးရင္ က်ဴရွင္ ျပီးရင္ သင္တန္း ျပီးရင္ အိမ္မွာ ဂိုက္ နားခ်ိန္ေတာင္မရွိေလာက္ေအာင္ စာေတြလုပ္ ေနရတာပါ။ သူတို႔ဘာေၾကာင့္ဒီေလာက္ၾကိဳးစားေနရတာလည္း သူတို႔ကိုယ္တိုင္ျဖစ္ခ်င္တဲ့စိတ္ ၾကိဳးစားခ်င္တဲ့စိတ္ေၾကာင့္လား ဒါဆိုရင္ေတာ့ သူတို႔ပင္ပန္းလို႔ ပင္ပန္းမွန္းေတာင္သိမွာ မဟုတ္ပါဘူး ေပ်ာ္ေနမွာပါ ကိုယ္လုပ္ခ်င္တာကို လုပ္ရတဲ့အတြက္။

တခ်ိဳ႕ကေလးေတြ ကြ်န္ေတာ္ေမးၾကည့္ဘူးပါတယ္ ၾကီးလာရင္ဘာလုပ္မလဲေပါ့။ အဲ့ဒီထက္တစ္ဆင့္နိမ့္ျပီး ေမးၾကည့္ရေအာင္။ သူတို႔က်ဴရွင္ေတြ မနားနိုင္ေအာင္တက္ရတယ္ စာေတြ အသည္းအသန္လုပ္ေနရတယ္ ဘာျဖစ္လုိ႔လဲေပါ့ သူတုိ႕အေျဖကတစ္ခုတည္းပဲ။ အတန္းထဲမွာ အဆင့္ တစ္ရဖို႔အတြက္တဲ့။ ဒါျဖင့္ အဆင့္တစ္ရရင္ ဘာလုပ္မလဲေပါ့။ သူတို႔မေျဖနိုင္ေတာ့ဘူးေလ သူတို႔ေခါင္းထဲမွာ မိဘေတြ ရိုက္သြင္းထား တဲ့ အဆင့္တစ္ရမွ ျဖစ္မယ္ဆိုတာ စြဲေနလို႔ေလ။ တကယ္ေတာ့ အဲ့လိုမျဖစ္သင့္ပါဘူး။

Recommended for you - တစ္ခုတည္းေျပာင္းလဲၾကည့္ပါ

မိဘေတြကိုယ္တုိင္ ကိုယ့္ကေလးေတြကုိ ပညာတတ္ၾကီးေတြ ျဖစ္ေစခ်င္တယ္ဆိုတာကေတာ့ ေျပာစရာေတာင္ လုိမယ္မထင္ပါဘူး။ ဒါေပမယ့္ မင္းအတန္းထဲမွာ အဆင့္တစ္ရမွ ျဖစ္မယ္ဆိုတာထက္ ဘာေၾကာင့္အဆင့္တစ္ရသင့္တယ္ အဆင့္တစ္ဆိုတာ ဘယ္လုိလူမ်ိဳးေတြမွရတာ အဲလိုေတာ္ရင္ ဘယ္လို အခြင့္အေရးေတြရနိုင္တယ္ဆိုတာမ်ိဳးကုိ ကေလးေတြနားလည္ေအာင္ ရွင္းျပေပးသင့္ပါတယ္။

ပညာေရးဆိုတာ ဗဟုသုသ ေပးျခင္းသက္သက္မဟုတ္သလို အရည္အခ်င္းရွိေအာင္ သင္ေပးျခင္း သက္သက္လည္း မဟုတ္ပါ။ အေရးႀကီးဆုံးမွာ ကေလးရဲ႕ အတြင္းစိတ္ကို ႏိူးထေစဖို႔အတြက္ ႏိူးဆြေပးဖို႔နဲ႔ အားေပးအားေျမာက္ျပဳဖို႔ ျဖစ္ပါတယ္။ ပညာေရးဆိုတာ ကေလးမ်ားကို ပညာဉာဏ္ ႐ိုက္သြင္းေပးျခင္းမဟုတ္ပါ။ ပညာဉာဏ္ ထြန္းညိေပးျခင္းျဖစ္ပါတယ္။

တခ်ိဳ႕ကေလးေတြကေတာ့ ေမြးရာပါ ပညာပါရမီရွိျပီး နည္းနည္းေလးသင္ေပး ရွင္းျပေပးရင္ေတာင္ လြယ္လြယ္ကူကူ နားလည္လြယ္သလို တခ်ိဳ႕ကေလးေတြကေတာ့ ဘယ္ေလာက္သင္သင္နားမလည္ တဲ့သူမ်ိဳးေတြလည္း ရွိပါတယ္။ တခါတေလမွာ ခရမ္းခ်ဥ္ အပင္ကိို ပန္းသီး သီးဖို႔ မေတာင္းဆိုသင့္သလို ခရမ္းခ်ဥ္အပင္ ခရမ္းခ်ဥ္သီးပဲ သီးပါေစ၊ ပန္းသီးပင္ ပန္းသီးပဲ သီးပါေစ။ အသီးတိုင္းဟာ သူ႔ေနရာနဲ႔သူ အသုံးတည့္သလို သူတန္ဖိုးနဲ႔သူ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္အားသန္ရာကို ေမြးျမဴပ်ိဳးေထာင္ေပးပါ။ ကေလးတိုင္းဟာ ထူးခြၽန္ပါတယ္။

Recommended for you - သားသမီးေတြ အမွားလုပ္တာ မိဘေတြေၾကာင့္လား

လူတိုင္းက တစ္ေယာက္နဲ႕တစ္ေယာက္ အားသာခ်က္ အားနည္းခ်က္ျခင္း မတူၾကပါဘူး။ ဥပမာ ျမင္းနဲ႔ကြၽဲ အေျပးၿပိဳင္ၾကပါတယ္။ ရာႏူန္းျပည့္ ကြၽဲ႐ူံးမွာပါ။ ၿပိဳင္ပြဲကို ၾကည့္ၿပီး ကြၽဲညံ့တယ္၊ ကြၽဲ အသုံးမက်ဘူးလို႔ ဆုံးျဖတ္လို႔ မရပါဘူး။ ၿပိဳင္ပြဲ စီစဥ္တဲ့လူေတြက အသိဉာဏ္မရွိဘူးလို႔ပဲ အျပစ္တင္ပါရေစ။ မိဘမ်ားအေနနဲ႔ မိမိကေလးမ်ားရဲ႕ အားသာခ်က္ေပၚ မူတည္ၿပီး ကေလးမ်ားရဲ႕ အနာဂတ္ကို ႀကိဳတင္စဥ္းစား ေပးသင့္ပါတယ္။

မိဘတိုင္းေတာ္ျပီး ထူးခြ်န္ထက္ျမက္တဲ့ သားေကာင္းရတနာ သမီးေကာင္းရတနာေလးမ်ားကို ပ်ိဳးေထာင္ေပးနိုင္တဲ့သူမ်ား ျဖစ္ပါေစခင္ဗ်ာ။

ေက်ာင္းသားမိဘမ်ားအေနျဖင့္ ကေလးေတြကုိ အိမ္မွာပဲ စိတ္ခ်ရျပီး စာသင္ေကာင္းတဲ့ ဆရာေတြနဲ႕သင္ခ်င္တယ္ဆိုရင္ sayar.com.mm ဆိုတဲ့ website ထဲမွာ ဝင္ေရာက္ၾကည့္ရွဳရွာေဖြနိင္ပါတယ္ခင္ဗ်ာ။

သင္ၾကားေပးမယ့္ ဘာသာရပ္နွင့္တကြ ေစ်းႏွဳန္းေလးေတြကိုပါ တခါတည္း ထည့္သြင္းေဖ္ာ္ျပေပးထားတဲ့အတြက္ ၾကိဳက္ႏွစ္သက္သည့္ ဆရာမ်ားဆီသို႔ ကိုယ္တိုင္ဖုန္းဆက္ျပီး စံုစမး္နိုင္ပါတယ္ခင္ဗ်ာ။

Scorpian

[Unicode Version]

တချို့ကလေးတွေ အောင်မြင်ပြီး ထူးချွန်ကြတယ် တချို့ကလေးတွေက ထင်သလောက်မထူးချွန်ကြဘူး။ ဘာဖြစ်လို့လဲ… ကျူရှင်တွေထားတာ မတူလို့လား၊ တစ်ချိန်လုံးစာပဲ မကျက်နေလို့လား၊ ကစားပဲကစား နေလို့လား…မဟုတ်ပါဘူး။ ကလေးတစ်ယောက် ထူးချွန်ထက်မြက်ဖို့ဆိုတာ မိဘ ပတ်ဝန်းကျင်ပေါ်မှာ အများကြီး မူတည်နေပါတယ်။
အခုခေတ်ကလေးတွေဆိုရင် သနားဖို့ပိုကောင်းပါတယ်။ သူတို့မှာ တစ်နေ့တစ်နေ့ မိုးလင်းတာနဲ့ ကျောင်း ပြီးရင် ကျူရှင် ပြီးရင် သင်တန်း ပြီးရင် အိမ်မှာ ဂိုက် နားချိန်တောင်မရှိလောက်အောင် စာတွေလုပ် နေရတာပါ။ သူတို့ဘာကြောင့်ဒီလောက်ကြိုးစားနေရတာလည်း သူတို့ကိုယ်တိုင်ဖြစ်ချင်တဲ့စိတ် ကြိုးစားချင်တဲ့စိတ်ကြောင့်လား ဒါဆိုရင်တော့ သူတို့ပင်ပန်းလို့ ပင်ပန်းမှန်းတောင်သိမှာ မဟုတ်ပါဘူး ပျော်နေမှာပါ ကိုယ်လုပ်ချင်တာကို လုပ်ရတဲ့အတွက်။
တချို့ကလေးတွေ ကျွန်တော်မေးကြည့်ဘူးပါတယ် ကြီးလာရင်ဘာလုပ်မလဲပေါ့။ အဲ့ဒီထက်တစ်ဆင့်နိမ့်ပြီး မေးကြည့်ရအောင်။ သူတို့ကျူရှင်တွေ မနားနိုင်အောင်တက်ရတယ် စာတွေ အသည်းအသန်လုပ်နေရတယ် ဘာဖြစ်လို့လဲပေါ့ သူတို့အဖြေကတစ်ခုတည်းပဲ။ အတန်းထဲမှာ အဆင့် တစ်ရဖို့အတွက်တဲ့။ ဒါဖြင့် အဆင့်တစ်ရရင် ဘာလုပ်မလဲပေါ့။ သူတို့မဖြေနိုင်တော့ဘူးလေ သူတို့ခေါင်းထဲမှာ မိဘတွေ ရိုက်သွင်းထား တဲ့ အဆင့်တစ်ရမှ ဖြစ်မယ်ဆိုတာ စွဲနေလို့လေ။ တကယ်တော့ အဲ့လိုမဖြစ်သင့်ပါဘူး။

Recommended for you - တစ်ခုတည်းပြောင်းလဲကြည့်ပါ
မိဘတွေကိုယ်တိုင် ကိုယ့်ကလေးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်ဆိုတာကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ ဒါပေမယ့် မင်းအတန်းထဲမှာ အဆင့်တစ်ရမှ ဖြစ်မယ်ဆိုတာထက် ဘာကြောင့်အဆင့်တစ်ရသင့်တယ် အဆင့်တစ်ဆိုတာ ဘယ်လိုလူမျိုးတွေမှရတာ အဲလိုတော်ရင် ဘယ်လို အခွင့်အရေးတွေရနိုင်တယ်ဆိုတာမျိုးကို ကလေးတွေနားလည်အောင် ရှင်းပြပေးသင့်ပါတယ်။
ပညာရေးဆိုတာ ဗဟုသုသ ပေးခြင်းသက်သက်မဟုတ်သလို အရည်အချင်းရှိအောင် သင်ပေးခြင်း သက်သက်လည်း မဟုတ်ပါ။ အရေးကြီးဆုံးမှာ ကလေးရဲ့ အတွင်းစိတ်ကို နိူးထစေဖို့အတွက် နိူးဆွပေးဖို့နဲ့ အားပေးအားမြောက်ပြုဖို့ ဖြစ်ပါတယ်။ ပညာရေးဆိုတာ ကလေးများကို ပညာဉာဏ် ရိုက်သွင်းပေးခြင်းမဟုတ်ပါ။ ပညာဉာဏ် ထွန်းညိပေးခြင်းဖြစ်ပါတယ်။
တချို့ကလေးတွေကတော့ မွေးရာပါ ပညာပါရမီရှိပြီး နည်းနည်းလေးသင်ပေး ရှင်းပြပေးရင်တောင် လွယ်လွယ်ကူကူ နားလည်လွယ်သလို တချို့ကလေးတွေကတော့ ဘယ်လောက်သင်သင်နားမလည် တဲ့သူမျိုးတွေလည်း ရှိပါတယ်။ တခါတလေမှာ ခရမ်းချဉ် အပင်ကိို ပန်းသီး သီးဖို့ မတောင်းဆိုသင့်သလို ခရမ်းချဉ်အပင် ခရမ်းချဉ်သီးပဲ သီးပါစေ၊ ပန်းသီးပင် ပန်းသီးပဲ သီးပါစေ။ အသီးတိုင်းဟာ သူ့နေရာနဲ့သူ အသုံးတည့်သလို သူတန်ဖိုးနဲ့သူ ရှိပါတယ်။ ဒါကြောင့် ကိုယ့်အားသန်ရာကို မွေးမြူပျိုးထောင်ပေးပါ။ ကလေးတိုင်းဟာ ထူးချွန်ပါတယ်။

Recommended for you - သားသမီးတွေ အမှားလုပ်တာ မိဘတွေကြောင့်လား
 လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အားသာချက် အားနည်းချက်ခြင်း မတူကြပါဘူး။ ဥပမာ မြင်းနဲ့ကျွဲ အပြေးပြိုင်ကြပါတယ်။ ရာနူန်းပြည့် ကျွဲရူံးမှာပါ။ ပြိုင်ပွဲကို ကြည့်ပြီး ကျွဲညံ့တယ်၊ ကျွဲ အသုံးမကျဘူးလို့ ဆုံးဖြတ်လို့ မရပါဘူး။ ပြိုင်ပွဲ စီစဉ်တဲ့လူတွေက အသိဉာဏ်မရှိဘူးလို့ပဲ အပြစ်တင်ပါရစေ။ မိဘများအနေနဲ့ မိမိကလေးများရဲ့ အားသာချက်ပေါ် မူတည်ပြီး ကလေးများရဲ့ အနာဂတ်ကို ကြိုတင်စဉ်းစား ပေးသင့်ပါတယ်။
မိဘတိုင်းတော်ပြီး ထူးချွန်ထက်မြက်တဲ့ သားကောင်းရတနာ သမီးကောင်းရတနာလေးများကို ပျိုးထောင်ပေးနိုင်တဲ့သူများ ဖြစ်ပါစေခင်ဗျာ။

ကျောင်းသားမိဘများအနေဖြင့် ကလေးတွေကို အိမ်မှာပဲ စိတ်ချရပြီး စာသင်ကောင်းတဲ့ ဆရာတွေနဲ့သင်ချင်တယ်ဆိုရင် sayar.com.mm ဆိုတဲ့ website ထဲမှာ ဝင်ရောက်ကြည့်ရှုရှာဖွေနိင်ပါတယ်ခင်ဗျာ။

သင်ကြားပေးမယ့် ဘာသာရပ်နှင့်တကွ စျေးနှုန်းလေးတွေကိုပါ တခါတည်း ထည့်သွင်းဖေ်ာ်ပြပေးထားတဲ့အတွက် ကြိုက်နှစ်သက်သည့် ဆရာများဆီသို့ ကိုယ်တိုင်ဖုန်းဆက်ပြီး စုံစမး်နိုင်ပါတယ်ခင်ဗျာ။


Scorpian

Read times Last modified on Monday, 30 December 2019 15:18
Rate this articles
(1 Vote)